ကိုယ်ဝန်ဆောင်ကာလအတွင်း ဘေဘီလေးကို စကားပြောခြင်းရဲ့ အရေးပါမှု

0
100
- Advertisement -

အမျိုးသမီးအများစုဟာ ကိုယ်ဝန်ဆောင်ထားစဉ်အတွင်း ဘေဘီလေးကို စကားပြောတယ်ဆိုတာ အရေးမပါဘူးလို့ထင်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သန္ဓေသားလေးဟာ ဘယ်အရာမှ မကြားနိုင်တာကြောင့်လို့ ထင်တတ်ကြပါတယ်။ သို့ပေမယ့် အမှန်တရားက အဲဒီလိုမဟုတ်ပါဘူး။ တကယ်တော့ ကိုယ်ဝန်ဆောင်ကာလအတွင်း ဘေဘီလေးကို စကားပြောပေးခြင်းက အံ့ဩဖို့ကောင်းလောက်အောင် အကျိုးကျေးဇူးတွေရှိပြီး ဘေဘီလေးတို့အတွက်လည်း ဝမ်းဗိုက်ထဲမှာ ရှိနေစဉ် မိသားစုရဲ့ အသံကို ကြားရဖို့ အင်မတန်အရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ ဘေဘီလေးတွေကို စကားပြောပေးခြင်းက ဘေဘီလေးရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေကို ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဘေဘီလေးတို့ကို စကားပြောရတာဟာ အင်မတန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့စကားလုံးတွေကို ဘေဘီလေးတို့က တုန့်ပြန်တတ်တာကြောင့်ပါ။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဘေဘီလေးကို စကားပြောခြင်းရဲ့ အရေးပါမှု

- Advertisement -

ဝမ်းဗိုက်ထဲမှာ ရှိနေစဉ်အတွင်း ဘေဘီလေးတို့ဟာ မေမေတို့ရဲ့ စကားသံတွေကို အမှန်တကယ်ကြားချင်ကြပါတယ်။ သူတို့လေးတွေဟာ သူတို့ရဲ့ ဒူးတွေကို ကွေးဆန့်ခြင်း၊ သူတို့ရဲ့ ခန္ဓာကိုယ်လေးတွေကို ရွေ့လျားခြင်းနှင့် ကစားခြင်းတွေ စတင်လုပ်ဆောင်ပါတယ်။ ဒါ့အပြင် သူတို့ဟာ မိခင်ရဲ့ အသံစည်းချက်နဲ့အတတူ ကန်နိုင်သလို ခုန်လည်းခုန်နိုင်ပါတယ်။

သူတို့မိခင်ရဲ့ အသံဟာ ဘေဘီလေးတွေရဲ့ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလရဲ့ နောက်ဆုံးအဆင့်မှာ ဒီအနေအထားတွေပိုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလရဲ့ (၉) လလောက်မှာ ဘေဘီလေးတွေဟာ သူတို့မိခင်ရဲ့ အသံနှင့် တစ်ခြားအသံတွေကို ခွဲခြားနိုင်နေပါပြီ။ သူတို့ဟာ ကျယ်လောင်သောအသံတွေကို ပိုပြီးအထိအခိုက်မခံဖြစ်နေတတ်ပါတယ်။ ဥပမားအနေနဲ့ တံခါးသံတွေ၊ သီချင်းသံတွေနှင့် သားအိမ်အပြင်ဘက် အသံတွေ…စသဖြင့်။

ဘေဘီလေးတွေဟာ ဝမ်းဗိုက်ထဲမှာရှိနေစည် ညဘက်တွေမှာ ပိုတက်ကြွတတ်ပြီး လှုံ့ဆော်မှုတွေကို လက်ခံဖို့ အသင့်ဖြစ်နေတတ်ပါတယ်။ ညဘက်မှာ သူတို့ကို စကားပြောပေးခြင်းက ပိုပြီး သက်တောင့်သက်သာဖြစ်စေနိုင်ပြီး ပိုချစ်မြတ်နိုးတဲ့ ခံစားချက်တွေကို ခံစားရစေဖို့ ကူညီပေးပါလိမ့်မယ်။

ဘာစကားတွေပြောကြမလဲ

တစ်ခါတလေမှာ မေမေတို့ဟာ ဘေဘီလေးတို့ကို စကားပြောကြမယ်ဆိုတော့ ဘာစကားပြောရမှန်းမသိတာမျိုးတွေဖြစ်တတ်ပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ သင်ဒီနေ့ဘယ်တွေ သွားခဲ့တယ်ဆိုတာမျိုးတွေ၊ ဘာတွေလုပ်ခဲ့တယ်ဆိုတာတွေ ပြီးတော့ ဘယ်လိုပစ္စည်းတွေ ဝယ်ခဲ့တယ်ဆိုတာမျိုးတွေ မျှဝေပေးနိုင်ပါတယ်။ နောက်ပြီး သူ့ရဲ့ အိပ်ခန်းက အရောင်တွေ (သို့) သင် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဘယ်လိုခံစားရတယ်ဆိုတာတွေကို ပြောပြပေးပါ။

ပုံပြင်လေးတွေကို ပြောပြနိုင်သလို သီချင်းတွေလည်း သီဆိုပြနိုင်ပါတယ်။ ဒါ့အပြင် ဖခင်နှင့်အတူ လှုပ်ရှားမှုတွေကိုလည်း မျှဝေသင့်ပါတယ်။ သန္ဓေသားလေးဟာ မေမေနှင့် ဖေဖေတို့ ကြားက စိတ်ခံစားမှုဆိုင်ရာ ဆက်ဆံရေးတွေကို ခံစားနိုင်ပါတယ်။

တစ်ခြားတစ်ဖက်မှာလည်း သီချင်းတွေကို နားထောင်ခြင်းဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ဒီကိစ္စမှာတော့ ဘေဘီလေးအတွက် သင့်လျော်တဲ့သံစဉ်တွေကို ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။ ဘေဘီလေးတို့ရဲ့နားတွေကို ဖွံ့ဖြိုးစေနိုင်တာကြောင့် ဘေဘီလေး ငါးလလောက်မှာ သီချင်းတွေကိုစပြီးဖွင့်ပေးလို့ ရပါပြီ။

Chit_May_May

Nyein_Thu

Ref-yam

LEAVE A REPLY

Please enter your comment!
Please enter your name here