ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းမှာ ညညအိပ်မပျော်တာတွေအတွက် နည်းလမ်းကောင်းများ

0
89
- Advertisement -

ဦးဆုံးအနေနဲ့ ရင်သွေးလေးလွယ်ထားရတဲ့ မိခင်လောင်းများကို ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်နော်။ သားသမီးလေး ထွန်းကားလာတော့မှာမို့လို့ ပျော်ရွှင်နေရပေမယ့်လည်း ကိုးလလွယ်ထားရတဲ့အချိန်မှာ မေမေတို့ကတော့ ပြဿနာမျိုးစုံကို အရင်ဆုံး ကြုံတွေ့ခံစားကြရပါတယ်။ အဆိုးဆုံးကတော့ ညဖက်တွေမှာ အိပ်မရတာပါပဲ။ ကိုယ်ဝန်ဆောင်ချိန်အစောပိုင်းမှာ ညဖက်အိပ်မပျော်တဲ့ပြဿနာကို ကြုံတွေ့ရနိုင်ပြီး ဒီလိုကိစ္စက ကိုယ်ဝန်ဆောင်သည်အမျိုးသမီး အားလုံးမှာဖြစ်တတ်ပါတယ်။

ဒီလိုပြဿနာကို မဖြေရှင်းခင်မှာ တစ်ခုသိထားရမှာကတော့ ကိုယ့်ကလေးအပေါ် သက်ရောက်မှုမရှိဘူးဆိုတာပါပဲ။ ဒါ့အပြင် ညညတွေမှာ အိပ်မပျော်လို့ဆိုပြီးတော့ ကိုယ့်ကိုယ်ကို တအားစိတ်ညစ်ခံနေစရာလည်း မလိုပါဘူး။ အခုလိုပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းလေးတစ်ချို့ကို သိထားဖို့တော့ လိုပါမယ်။

၁။ ဘယ်လိုပြဿနာတွေကြောင့် ညညအိပ်မပျော်တာလဲ

- Advertisement -

အခုမှကိုယ်ဝန်စလွယ်ကြတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ အသစ်ဖြစ်နေတဲ့ ကိစ္စတွေအားလုံးကို ရင်းနှီးကျွမ်းဝင်မှုရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အိပ်ဖို့ကြိုးစားနေချိန်မှာ ကြုံတွေ့ရတဲ့ ပြဿနာအကုန်လုံးကို စာအုပ်ထဲမှာ ချရေးထားလိုက်ပါ။ အိပ်ရာသက်သောင့်သက်သာမရှိတာ၊ ခေါင်းအုံးအဆင်မပြေတာ ဒါမှမဟုတ် ခါးနာတာ စတဲ့ ပြဿနာပေါင်းစုံကို ချရေးထားပြီးတော့ တစ်ခုချင်းစီကို ဖြေရှင်းသွားလိုက်ပါ။

၂။ နေ့စဥ်လုပ်ငန်းဆောင်တာလေးတွေ ချမှတ်ထားပါ

ရင်သွေးလေးကို စပြီးလွယ်ထားရတဲ့အချိန်မှာ မိခင်လောင်းအများစုက မနက်ခင်းမူးဝေအော့အန်ခြင်းကို ကြုံတွေ့ရတတ်လို့ တစ်နေ့လုံး အိပ်ရာထဲမှာပဲ ခွေခေါက်ပြီး နေတတ်ကြပါတယ်။ ဒါကြောင့် မနက်အိပ်ရာထချိန်ကို တသမတ်ထားပြီး သောကဖိစီးမှုကင်းဝေးတဲ့ မနက်ခင်းလေးကို ဖန်တီးရယူလိုက်ပါ။ တစ်နေကုန်ခွေခေါက်ပြီး အိပ်ပဲအိပ်နေတာက ညဖက်မှာမျက်စိကြောင်နေစေပါတယ်။

၃။ လေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ

အကြောဆန့်ခြင်း၊ လေ့ကျင့်ခန်းလုပ်ပေးခြင်းတို့က ကိုယ်ဝန်ဆောင်သည်အမျိုးသမီးကို အားရှိစေမှာဖြစ်ပါတယ်။ ယောဂလုပ်ပေးခြင်း၊ လမ်းလျှောက်ပေးခြင်းတွေက ကိုယ်ဝန်ဆောင်နေစဥ်မှာ အကျိုးပေါင်းမြောက်များစွာကို ဖြစ်စေပြီး မူးဝေအော့အန်ခြင်း၊ ညဖက်အိပ်မပျော်ခြင်းတို့လို့ ပြဿနာတွေကိုပါ ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

၄။ စာအုပ်ဖတ်ပါ

ကိုယ်ဝန်ဆောင်နေစဥ်အတွင်း စာအုပ်ဖတ်ပေးခြင်းက စိတ်အစုံချမ်းမြေ့ခြင်းကို ဖြစ်စေပါတယ်။ ကလေးအတွက်၊ မိခင်အတွက် ဗဟုသုတဖြစ်ပြီး အကျိုးရှိစေမယ့် စာအုပ်လေးတွေကို ရွေးချယ်ဖတ်ပေးပါ။ အိပ်ရာမဝင်ခင် စာအုပ်ဖတ်ပေးခြင်းကလည်း ညဖက်အိပ်မပျော်တာအတွက် ကောင်းတဲ့နည်းလမ်းတစ်ခုပါပဲ။

၅။ ရေဓာတ်ဖြည့်တင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားပါ

ဘယ်လောက်ပဲ နေ့တဓူဝ အလုပ်တွေရှုပ်နေပါစေ ရေလုံလုံလောက်လောက်သောက်ပေးဖို့ကိုတော့ မေ့လျော့ထားလို့မဖြစ်ပါဘူး။ အိပ်ရာနိုးနိုးချင်း ဖန်ခွက်အပြည့် ရေတစ်ခွက်ကို အရင်သောက်ပေးပြီး တစ်နေ့လုံးလည်း ရေသောက်ပေးဖို့မမေ့ပါနဲ့။ နောက်တစ်ခုကတော့ ညစာစားပြီးတာနဲ့ အိပ်ယာတန်းဝင်လို့လည်း မဖြစ်ပါဘူး။ အတတ်နိုင်ဆုံး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ပြီး အိပ်ချင်စိတ်ဖြစ်အောင်လို့ အိပ်ရာမဝင်ခင် နွားနို့ပူပူလေးတစ်ခွက် သောက်ပေးပါ။

၆။ အတင်းအိပ်ဖို့မကြိုးစားပါနဲ့

အိပ်ရာထဲပက်လက်လှန်ပြီး အတင်းအိပ်ပျော်ဖို့ကြိုးစားခြင်းကလည်း ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီလောက်ကြိုးစားပြီးအိပ်တာတောင် အိပ်မပျော်တဲ့အတွက် ပိုပြီးဒေါသပဲ ထွက်လာပါလိမ့်မယ်။ ဒီ့အစား အိပ်ချင်စိတ်ဖြစ်လာမှသာ အိပ်ရာဝင်လိုက်ပါ။

ညဖက်တွေမှာ ကောင်းကောင်းအိပ်ပျော်ဖို့အတွက် သီချင်းအေးအေးလေးတွေ နားထောင်ပေးတာ၊ ကိုယ်ကြိုက်တဲ့ရုပ်ရှင်ကြည့်တာ ဒါမှမဟုတ် စာအုပ်ကောင်းကောင်းလေးတွေ ဖတ်ပေးတာလိုမျိုး နည်းလမ်းလေးတွေကိုလည်း လုပ်ပေးနိုင်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-feedfond

Zawgyi

ကိုယ္ဝန္ေဆာင္ကာလ အေစာပိုင္းမွာ ညညအိပ္မေပ်ာ္တာေတြအတြက္ နည္းလမ္းေကာင္းမ်ား

ဦးဆုံးအေနနဲ႔ ရင္ေသြးေလးလြယ္ထားရတဲ့ မိခင္ေလာင္းမ်ားကို ဂုဏ္ယူပါတယ္လို႔ ေျပာခ်င္ပါတယ္ေနာ္။ သားသမီးေလး ထြန္းကားလာေတာ့မွာမို႔လို႔ ေပ်ာ္႐ႊင္ေနရေပမယ့္လည္း ကိုးလလြယ္ထားရတဲ့အခ်ိန္မွာ ေမေမတို႔ကေတာ့ ျပႆနာမ်ိဳးစုံကို အရင္ဆုံး ႀကဳံေတြ႕ခံစားၾကရပါတယ္။ အဆိုးဆုံးကေတာ့ ညဖက္ေတြမွာ အိပ္မရတာပါပဲ။ ကိုယ္ဝန္ေဆာင္ခ်ိန္အေစာပိုင္းမွာ ညဖက္အိပ္မေပ်ာ္တဲ့ျပႆနာကို ႀကဳံေတြ႕ရႏိုင္ၿပီး ဒီလိုကိစၥက ကိုယ္ဝန္ေဆာင္သည္အမ်ိဳးသမီး အားလုံးမွာျဖစ္တတ္ပါတယ္။

ဒီလိုျပႆနာကို မေျဖရွင္းခင္မွာ တစ္ခုသိထားရမွာကေတာ့ ကိုယ့္ကေလးအေပၚ သက္ေရာက္မႈမရွိဘူးဆိုတာပါပဲ။ ဒါ့အျပင္ ညညေတြမွာ အိပ္မေပ်ာ္လို႔ဆိုၿပီးေတာ့ ကိုယ့္ကိုယ္ကို တအားစိတ္ညစ္ခံေနစရာလည္း မလိုပါဘူး။ အခုလိုျပႆနာကို ေျဖရွင္းႏိုင္ဖို႔အတြက္ နည္းလမ္းေလးတစ္ခ်ိဳ႕ကို သိထားဖို႔ေတာ့ လိုပါမယ္။

၁။ ဘယ္လိုျပႆနာေတြေၾကာင့္ ညညအိပ္မေပ်ာ္တာလဲ

အခုမွကိုယ္ဝန္စလြယ္ၾကတဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားအေနနဲ႔ အသစ္ျဖစ္ေနတဲ့ ကိစၥေတြအားလုံးကို ရင္းႏွီးကြၽမ္းဝင္မႈရွိဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ အိပ္ဖို႔ႀကိဳးစားေနခ်ိန္မွာ ႀကဳံေတြ႕ရတဲ့ ျပႆနာအကုန္လုံးကို စာအုပ္ထဲမွာ ခ်ေရးထားလိုက္ပါ။ အိပ္ရာသက္ေသာင့္သက္သာမရွိတာ၊ ေခါင္းအုံးအဆင္မေျပတာ ဒါမွမဟုတ္ ခါးနာတာ စတဲ့ ျပႆနာေပါင္းစုံကို ခ်ေရးထားၿပီးေတာ့ တစ္ခုခ်င္းစီကို ေျဖရွင္းသြားလိုက္ပါ။

၂။ ေန႔စဥ္လုပ္ငန္းေဆာင္တာေလးေတြ ခ်မွတ္ထားပါ

ရင္ေသြးေလးကို စၿပီးလြယ္ထားရတဲ့အခ်ိန္မွာ မိခင္ေလာင္းအမ်ားစုက မနက္ခင္းမူးေဝေအာ့အန္ျခင္းကို ႀကဳံေတြ႕ရတတ္လို႔ တစ္ေန႔လုံး အိပ္ရာထဲမွာပဲ ေခြေခါက္ၿပီး ေနတတ္ၾကပါတယ္။ ဒါေၾကာင့္ မနက္အိပ္ရာထခ်ိန္ကို တသမတ္ထားၿပီး ေသာကဖိစီးမႈကင္းေဝးတဲ့ မနက္ခင္းေလးကို ဖန္တီးရယူလိုက္ပါ။ တစ္ေနကုန္ေခြေခါက္ၿပီး အိပ္ပဲအိပ္ေနတာက ညဖက္မွာမ်က္စိေၾကာင္ေနေစပါတယ္။

၃။ ေလ့က်င့္ခန္းေလးေတြလုပ္ေပးပါ

အေၾကာဆန႔္ျခင္း၊ ေလ့က်င့္ခန္းလုပ္ေပးျခင္းတို႔က ကိုယ္ဝန္ေဆာင္သည္အမ်ိဳးသမီးကို အားရွိေစမွာျဖစ္ပါတယ္။ ေယာဂလုပ္ေပးျခင္း၊ လမ္းေလွ်ာက္ေပးျခင္းေတြက ကိုယ္ဝန္ေဆာင္ေနစဥ္မွာ အက်ိဳးေပါင္းေျမာက္မ်ားစြာကို ျဖစ္ေစၿပီး မူးေဝေအာ့အန္ျခင္း၊ ညဖက္အိပ္မေပ်ာ္ျခင္းတို႔လို႔ ျပႆနာေတြကိုပါ ေျဖရွင္းၿပီးသား ျဖစ္သြားပါလိမ့္မယ္။

၄။ စာအုပ္ဖတ္ပါ

ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္း စာအုပ္ဖတ္ေပးျခင္းက စိတ္အစုံခ်မ္းေျမ့ျခင္းကို ျဖစ္ေစပါတယ္။ ကေလးအတြက္၊ မိခင္အတြက္ ဗဟုသုတျဖစ္ၿပီး အက်ိဳးရွိေစမယ့္ စာအုပ္ေလးေတြကို ေ႐ြးခ်ယ္ဖတ္ေပးပါ။ အိပ္ရာမဝင္ခင္ စာအုပ္ဖတ္ေပးျခင္းကလည္း ညဖက္အိပ္မေပ်ာ္တာအတြက္ ေကာင္းတဲ့နည္းလမ္းတစ္ခုပါပဲ။

၅။ ေရဓာတ္ျဖည့္တင္းၿပီး က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအေသာက္ေတြ စားပါ

ဘယ္ေလာက္ပဲ ေန႔တဓူဝ အလုပ္ေတြရႈပ္ေနပါေစ ေရလုံလုံေလာက္ေလာက္ေသာက္ေပးဖို႔ကိုေတာ့ ေမ့ေလ်ာ့ထားလို႔မျဖစ္ပါဘူး။ အိပ္ရာႏိုးႏိုးခ်င္း ဖန္ခြက္အျပည့္ ေရတစ္ခြက္ကို အရင္ေသာက္ေပးၿပီး တစ္ေန႔လုံးလည္း ေရေသာက္ေပးဖို႔မေမ့ပါနဲ႔။ ေနာက္တစ္ခုကေတာ့ ညစာစားၿပီးတာနဲ႔ အိပ္ယာတန္းဝင္လို႔လည္း မျဖစ္ပါဘူး။ အတတ္ႏိုင္ဆုံး က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအစာေတြကို ေ႐ြးခ်ယ္စားေသာက္ၿပီး အိပ္ခ်င္စိတ္ျဖစ္ေအာင္လို႔ အိပ္ရာမဝင္ခင္ ႏြားႏို႔ပူပူေလးတစ္ခြက္ ေသာက္ေပးပါ။

၆။ အတင္းအိပ္ဖို႔မႀကိဳးစားပါနဲ႔

အိပ္ရာထဲပက္လက္လွန္ၿပီး အတင္းအိပ္ေပ်ာ္ဖို႔ႀကိဳးစားျခင္းကလည္း ေကာင္းတဲ့ကိစၥမဟုတ္ပါဘူး။ ဒီေလာက္ႀကိဳးစားၿပီးအိပ္တာေတာင္ အိပ္မေပ်ာ္တဲ့အတြက္ ပိုၿပီးေဒါသပဲ ထြက္လာပါလိမ့္မယ္။ ဒီ့အစား အိပ္ခ်င္စိတ္ျဖစ္လာမွသာ အိပ္ရာဝင္လိုက္ပါ။

ညဖက္ေတြမွာ ေကာင္းေကာင္းအိပ္ေပ်ာ္ဖို႔အတြက္ သီခ်င္းေအးေအးေလးေတြ နားေထာင္ေပးတာ၊ ကိုယ္ႀကိဳက္တဲ့႐ုပ္ရွင္ၾကည့္တာ ဒါမွမဟုတ္ စာအုပ္ေကာင္းေကာင္းေလးေတြ ဖတ္ေပးတာလိုမ်ိဳး နည္းလမ္းေလးေတြကိုလည္း လုပ္ေပးႏိုင္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here