ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေရှောင်ရှားသင့်သလဲ?
0
23
အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများစွာကို ကြုံတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အနေအထိုင်အပြုအမှုများက သန္ဓေသားကို သက်ရောက်မှုရှိတာကြောင့် ကိုယ်ဝန်ဆောင်ရပြီဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ လုပ်ရမယ့်အရာ/ရှောင်ရှားရမယ့်အရာတွေနှင့် ပတ်သတ်ပြီး အရမ်းဂရုစိုက်ဖို့ လိုအပ်လာပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင် ၉လအတွင်းမှာ ရှောင်ရှားရမယ့် အရာလေးတွေကို ကိုယ်ဝန်ဆောင်မယ့် မေမေတို့အတွက် မျှဝေပေးလိုက်ပါတယ်။
ဘေဘီလေးရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးကောင်းဖို့အတွက် ကိုယ်ဝန်ရှိနေစဉ်မှာ မေမေတို့ ရှောင်ရှားရမယ့် အရာတွေ အများကြီးရှိပါတယ်နော်။
၁။ အသားစိမ်း၊ငါးစိမ်း၊ အပူပေးပိုးသတ်မထားတဲ့ နို့ထွက်ပစ္စည်းများ၊ အစားအစာအစိမ်းများ၊ ကြော်ထားတဲ့ အစားအစာများ စသဖြင့် မစားပါနဲ့။ သူတို့မှာ မိခင်နှင့် ကလေးရဲ့ ကျန်းမာကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိပိုးမွှားများပါဝင်နိုင်ပါတယ်။ ဒီလိုအစားအစာတွေက ကိုယ်အလေးချိန်ကို အလွန်အကျွံ တိုးစေပါတယ်။
၂။ ကဖိန်းဓါတ် အများကြီးမသောက်ပါနဲ့။ ၎င်းက သွေးတိုးနှင့် နှလုံးခုန်နှုန်းကို တိုးစေနိုင်သလို သင့်ကို ဆီးမကြာခဏသွားစေနိုင်ပါတယ်။ ကဖိန်းဓါတ်က အချင်းကို ဖြတ်သန်းသွားပြီး ကလေးမှာ ဆီးချိုရောဂါဖြစ်နိုင်ခြေကို တိုးပွားစေပါတယ်။
၃။ ဆရာဝန်မညွှန်ကြားတဲ့ဆေးကို မသောက်ပါနဲ့။ တချို့ဆေးတွေမှာ တိကျတဲ့ဆေးညွန်းရှိနိုင်ပြီး ဆရာဝန်ညွန်ကြားချက်မပါဘဲ မသောက်သင့်ပါဘူး။
၄။ ဒေါက်မြင့်ဖိနပ်တွေ၊ ခုံထူဖိနပ်တွေနဲ့ ဒေါက်သေးတဲ့ ဖိနပ်တွေ မစီးပါနဲ့။ ဒေါက်မြင့်တွေက ခန္ဓာကိုယ်ရဲ့ ဟန်ချက်ကို သက်တောင့်သက်သာ မဖြစ်စေပါဘူး။ ဒါ့အပြင် ခြေချင်းဝတ်ရောင်ရမ်းတာတွေ ဖြစ်စေတာကြောင့် သက်တောင့်သက်သာဖြစ်တဲ့ ဖိနပ်အပါးလေးတွေ စီးပါ။
၅။ ခွေး၊ ကြောင်မစင်တွေနဲ့ မထိတွေ့ပါနဲ့။ မစင်တွေမှာ ရှားပါးကပ်ပါးရောဂါ toxoplasmosisကို သယ်ဆောင်နိုင်တာကြောင့် ကြောင်မစင်တွေကို လဲလှယ်ပေးတာတွေ မပြုလုပ်ပါနဲ့နော်။ ပြုလုပ်ခဲ့ရင်တောင် လဲနေစဉ်မှာ လက်အိတ်ဝတ်ဆင်ပါ။ လက်ကို သေချာဆေးကြောပါ။
၆။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ မရှုရှိုက်ပါနဲ့။ ဆေးလိပ်ငွေ့တွေက ကင်ဆာ၊ ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲ မီးဖွားခြင်း၊ ပေါင်မပြည့်တဲ့ ကလေးမွေးဖွားခြင်း ၊ မွေးကင်းစကလေး ရုတ်တရက်သေဆုံးခြင်း၊ သင်ယူမှု သို့ ကလေးကြီးထွားမှုကဲ့သို့သော အပြုအမှုဆိုင်ရာ ကိစ္စရပ်များ စတာတွေနဲ့ ဆက်စပ်နေလို့ပါ။
၇။ ဝိုင်၊ အရက် နှင့် ဘီယာအပါအဝင် အယ်ကိုဟောတွေကို မသောက်သုံးပါနဲ့။ ဒါတွေက အချင်းနှင့် ချက်ကြိုးကတဆင့် မြန်မြန်ရောက်နိုင်ပြီး ကလေးရဲ့ ဖွံ့ဖြိုးဆဲဦးနှောက်၊ ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေပါတယ်။ အယ်ကိုဟောက လမစေ့ခင်ကလေးမွေးဖွားခြင်း၊ ဦးနှောက်ပျက်စီးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်းတို့ကိုလည်း ဦးတည်စေပါတယ်။
၈။ အနေအထားမပြောင်းဘဲ အချိန်ကြာကြာ မတ်တပ်ရပ်တာ၊ ထိုင်တာ မပြုလုပ်ပါနဲ့။ ဒါက ခြေဆစ်များနဲ့ သွေးပြန်ကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ မကြာခဏ အနားယူပါ။ တချို့အချိန်တွေမှာ မက်တပ်ရပ်နေရရင် သင့်ခြေထောက်ကို အမြင့်တစ်ခုခုပေါ်တင်ထားပါ။
၉။ မူးယစ်ဆေးဝါး မသုံးစွဲပါနဲ့။ မူးယစ်ဆေးဝါးက ပေါင်မပြည့်တဲ့ ကလေးမွေးဖွားမှု၊ ကိုယ်လက်ချို့ယွင်းတဲ့ ကလေးမွေးဖွားမှု အခွင့်အလမ်းကို တိုးစေသလို ကလေးမှာ neurobehavioral ဖွံ့ဖြိုးမှုကို သက်ရောက်ခြင်းနှင့် ဆက်စပ်လျက်ရှိပါတယ်။
၁၀။ ဟော့ဒေါ့များ၊ ဝက်အူချောင်း၊ ကြက်အူချောင်းများ၊ တာရှည်ခံအောင်ပြုလုပ်ထားသော အသားများ၊ ဒိန်ခဲပျော့များ မစားပါနဲ့။ သူတို့က သင့်နဲ့ သင့်ကလေးအတွက် အန္တရာယ်ဖြစ်စေတဲ့ listeria ဘက်တီးရီးယားများ သယ်ဆောင်လာနိုင်တာကြောင့်ပါ။
၁၁။ ဆရာဝန်ညွန်ကြားမှု မရှိဘဲ ဗီတာမင်A ဖြည့်စွက်သောက်တာကို ရှောင်ပါ။ ဗီတာမင် Aအလွန်အကျွံဖြစ်ခြင်းက ချို့ယွင်းချက်ရှိတဲ့ကလေးကို မွေးဖွားစေနိုင်ပါတယ်။
၁၂။ ဓါတ်မှန်မရိုက်ပါနဲ့။ အထူးသဖြင့် ဝမ်းဗိုက်ဓါတ်မှန်ရိုက်တာက ချို့ယွင်းချက်ရှိတဲ့ကလေးကို မွေးဖွားစေပြီး နောင်တစ်ချိန်ကလေးမှာ သွေးကင်ဆာကဲ့သို့သော ကင်ဆာဖြစ်နိုင်ခြေ ကိုတိုးစေပါတယ်။
၁၃။ မိုက်ခရိုဝေ့နားမှာ မနေပါနဲ့။ သူတို့က သန္ဓေသားကို ထိခိုက်စေနိုင်တဲ့ လျှပ်စစ်သံလိုက်ဓါတ်ရောင်ခြည်ကို ထုတ်လွတ်ပါတယ်။ ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်နော်။
၁၄။ လျှပ်စစ်စောင် အသုံးမပြုပါနဲ့။ သူတို့က သန္ဓေသားကြီးထွားခြင်းအတွက် အန္တရာယ်ရှိနိုင်သော လျှပ်စစ်သံလိုက်စက်ကွင်း အဆင့်နိမ့်ကို ထုတ်လွှတ်ပါတယ်။
၁၅။ အထူးသဖြင့် အလုပ်မှာ စိတ်ဖိစီးမှုကို ရှောင်ကြဉ်ပါ။ စိတ်ဖိစီးမှုက သင့်ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပြီး ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲ ကလေးမွေးဖွားတာ စတဲ့ အခွင့်အလမ်းတွေကို တိုးမြှင့်နိုင်ပါတယ်။
၁၆။ အိမ်သုတ်ဆေး၊ အိမ်သန့်ရှင်းရေးဆေး၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများနဲ့ မထိတွေ့ပါနဲ့။ သူတို့က ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်း အပါအဝင် သင့်ရဲ့ သန္ဓေသားအပေါ် သက်ရောက်မှု အမျိုးမျိုးရှိနိုင်ပါတယ်။
၁၇။ သင့်ခန္ဓာကိုယ်အပူချိန်က ၁၀၁ဒီဂရီဖာရင်ဟိုက် အထက်မှာ မရှိသင့်ပါဘူး။ သင့်ရဲ့ဖွံ့ဖြိုးဆဲ သန္ဓေသားအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ခန္ဓာကိုယ်အပူချိန်က တုပ်ကွေးဖြစ်နေချိန်၊ လေ့ကျင့်ခန်းလုပ်ထားတဲ့အချိန်၊ ဖျားနာချိန်တွေမျာ မြင့်တတ်ပါတယ်။
၁၈။ ရေယုန်ကဲ့သို့သော ရောဂါများမဖြစ်အောင် တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ရှားပါးကိစ္စတွေမှာ ၎င်းက ပထမသုံးလပတ်အတွင်းမှာ ကိုယ်ဝန်ပျက်ကျခြင်းကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။
Chit_MayMay
LM_Nandar
ZawGyi
Chit_MayMay
LM_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here