ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓါတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာနဲ့ ဆိုးကျိုးများ

0
74
- Advertisement -

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ရေများများသောက်ဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓါတ်ခမ်းခြောက်ခြင်းဟာ ကလေးရဲ့ ဖွံဖြိုးတိုးတက်မှုကို အခက်အခဲဖြစ်စေတဲ့အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေသည် ရေဓါတ်ခမ်းခြောက်ခြင်းမဖြစ်စေဖို့ကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ရေဓါတ်ခမ်းခြောက်ခြင်းသည် ဘယ်လိုလူမျိုးကိုမဆို အန္တရာယ်ဖြစ်နိုင်ချေရှိပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ပိုပြီး အန္တရာယ်ကြီးမားပါတယ်။ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓါတ်ခမ်းခြောက်ခြင်းလက္ခဏာတွေနဲ့ ဆိုးကျိုးတွေကို သိရှိစေနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်အပူချိန်မြင့်မားခြင်း၊ ဆီးအရောင်နက်မှောင်ခြင်း

ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်မှာ လိုအပ်တဲ့ရေဓါတ်ပမာဏကိုမရရှိပါက ခန္ဓာကိုယ်အပူချိန်အလွန်မြင့်မားပြီး အပူချိန်ကိုထိန်းညှိဖို့ခက်ခဲခြင်း၊ ချွေးထွက်ခြင်း၊ မျက်နှာနဲ့ လည်ပင်းတဝိုက်မှာ နီရဲနေခြင်း အစရှိတဲ့ လက္ခဏာတွေကို တွေ့ရှိနိုင်ပါတယ်။ အခြားသောလက္ခဏာတွေကတော့ ဆီးသွားတဲ့အခါ ဆီးအရောင် ဝါညစ်ညစ်(သို့) နက်မှောင်နေခြင်းဘဲဖြစ်ပါတယ်။ ဒီလို ဆီးအရောင်နက်မှောင်နေခြင်းဟာ အလွန်အန္တရာယ်ရှိနေပြီဆိုတဲ့ လက္ခဏာကို ပြသခြင်းလည်းဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ဆီးများများသွားလေ ရေများများသောက်ဖို့ လိုလေဘဲဖြစ်ပါတယ်။ ရေဓါတ်ခမ်းခြောက်တဲ့အခါမှာ လည်ချောင်း၊ ပါးစပ်နဲ့ နှုတ်ခမ်းများခြောက်သွေ့နေခြင်း၊ အသားအရမွဲခြောက်ခြောက်ဖြစ်ပေါ်နေခြင်း အစရှိတဲ့ လက္ခဏာတွေကိုပါ တွေ့ရှိရနိုင်ပါတယ်။

- Advertisement -

အစာချေခြင်းဆိုင်ရာ ပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ရေဓါတ်ခမ်းခြောက်ပါက ဝမ်းချုပ်ခြင်းနဲ့ သွေးလိပ်ခေါင်းရောဂါတို့ကို ခံစားရနိုင်ပါတယ်။ မူးဝေတာ၊ ပျို့အန်တာ အစရှိတာတွေလည်း ပိုပြီးဆိုးဝါးလာနိုင်ပါတယ်။ ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် အစာဟောင်းစွန့်ထုတ်ရာမှာလည်း ပြင်းထန်တဲ့နာကျင်ခြင်းတွေကို ခံစားရနိုင်ပါတယ်။ ချွေးမထွက်ဘဲ ကိုယ်ပူနေတာမျိုးကလည်း ရေဓါတ်ခမ်းခြောက်နေပြီဆိုတာကို ပြသနေတဲ့ လက္ခဏာဘဲဖြစ်ပါတယ်။ လှုပ်လှုပ်ရှားရှားမလုပ်ဘဲ ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း အစရှိတာတွေကလည်း ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် သွေးအားနည်းတဲ့ လက္ခဏာတွေဘဲဖြစ်ပါတယ်။

ဗိုက်နာခြင်း

အချို့သောကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာတော့ ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် Braxton Hicks contractions လို့ခေါ်တဲ့ ကလေးမွေးချင်လို့ ဗိုက်နာတာနဲ့ သဏ္ဍာန်တူတဲ့ ဗိုက်နာခြင်းကို
ခံစားရနိုင်ပါတယ်။ Braxton Hicks contractions ဆိုတာ ကိုယ်ဝန်ဆောင်တွေအတွက် စိတ်ညစ်စေရလောက်အောင် နာကျင်စေတဲ့ ဗိုက်နာခြင်းတမျိုးဖြစ်ပြီး တခါတလေမှာ ကလေးမွေးဖွားချင်လို့
နာကျင်တာမျိုးနဲ့ ခွဲခြားရခက်ခဲတာမျိုးဖြစ်စေပါတယ်။ ဗိုက်ကညှစ်နာနေပေမယ့် စာဖတ်တာ၊ အစာစားတာ၊ ရုပ်ရှင်ကြည့်တာ အစရှိတဲ့အရာတွေကိုတော့ အေးအေးဆေးဆေးလုပ်လို့ရနိုင်သေးရင်
Braxton Hicks contractions ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း သေချာစွာ ခွဲခြားသိနိုင်အောင် ဆရာဝန်နဲ့ ပြသပေးတာက အကောင်းဆုံးဘဲဖြစ်ပါတယ်။

ဆိုးကျိုးများ

ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓါတ်ခမ်းခြောက်ခြင်းပြဿနာဖြစ်ပေါ်နေပါက သန္ဓေသားရဲ့ အာရုံကြောဖွံ့ဖြိုးတိုးတက်မှုကို ချို့ယွင်းစေခြင်း၊ လမစေ့ဘဲမွေးဖွားခြင်း၊ နို့ထွက်နည်းခြင်း အစရှိတဲ့ ဆိုးကျိုးတွေကို ကြုံတွေ့လာရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ တနေ့ကို ရေအနည်းဆုံး ၂ လီတာ ဒါမှမဟုတ် ဖန်ခွက်အလတ်စား ၁၂ ခွက်သောက်သုံးပေးဖို့လိုပါတယ်။ သို့ပေမယ့်လည်း ရေဓါတ်ဆုံးရှုံးခြင်းကို ကာကွယ်စေဖို့အတွက်ဆိုပြီး အလွန်အကျွံသောက်သုံးတာမျိုးကိုလည်း ဂရုစိုက်ဖို့လိုအပ်ပြီး ကျန်းမာတဲ့စားသောက်နေထိုင်ဖြင့် လူနေမှုဘဝကို မြှင့်တင်တာက အကောင်းဆုံးဖြစ်ပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here