ကိုယ်ဝန်ဆောင်ချိန်အတွင်း အသည်းစားသုံးတာက အန္တရာယ်ကင်းသလား?

0
45
- Advertisement -

ကိုယ်ဝန်ဆောင်ချိန်မှာ သင်စားတဲ့အစားအစာက သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို တိုက်ရိုက်သက်ရောက်နိုင်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်က သင့်အား အာဟာရကြွယ်ဝသော အစားအစာအချို့ကို များများစားဖို့ အကြံပြုနိုင်ပါတယ်။ သို့သော် တစ်ချို့သော အစားအစာတွေက သတိထားဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း အသည်းကို စားသုံးခြင်းက သင်မမွေးသေးတဲ့ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကောင်းကျိုးနဲ့ ဆိုးကျိုး နှစ်မျိုးလုံးဖြစ်နိုင်ပါတယ်။

အသည်းက မရှိမဖြစ်လိုအပ်သော အာဟာရများစွာရဲ့ အရင်းအမြစ်ကောင်းတစ်ခု ဖြစ်ပေမယ့် အလွန်အကျွံစားသုံးခြင်းက ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ကြက်အသည်း၊ အမဲအသည်း၊ ဝက်အသည်း စသဖြင့် အသည်းအမျိုးမျိုးကို ကမ္ဘာ့နေရာအနှံ့အပြားမှာ ပုံစံအမျိုးမျိုးဖြင့် စားသုံးကြပါတယ်။ ဒီဆောင်းပါးမှာ ကိုယ်ဝန်ဆောင်စဉ်အတွင်း အသည်းစားသုံးခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့ ဆိုးကျိုးတွေကို မျှဝေပေးထားပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း အသည်းစားသုံးခြင်းရဲ့ အကျိုးကျေးဇူးများ

- Advertisement -

အသည်းမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာဟာရဓါတ်တွေ အများကြီးရှိပါတယ်။ ပါဝင်တဲ့ အာဟာရဓါတ်တွေက-

  • သံဓါတ်
  • ဗီတာမင် အေ
  • ပရိုတင်း
  • ဖောလစ်အက်ဆစ် တို့ဖြစ်ပါတယ်။

ပရိုတင်းနဲ့ ဖောလစ်အက်ဆစ်က သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါပြီး သံဓါတ်က သွေးထဲမှာ လုံလောက်တဲ့ ဟေမိုဂလိုဘင်ဖွဲ့စည်းမှုကို သေချာစေပါတယ်။ ပြဿနာဖြစ်စေနိုင်တာက ဗီတာမင်A အပိုင်းပါ။

ကိုယ်ဝန်ဆောင်စဉ် အသည်းစားသုံးခြင်းရဲ့ ဆိုးကျိုးများ

အသည်းမှာ ဗီတာမင်အေရဲ့ အစုစည်းဆုံးပုံစံ ပါဝင်ပါတယ်။ ရင်းမြစ်အမျိုးမျိုးမှာ တွေ့ရှိရတဲ့ ပမာဏအတိအကျတော့ ကွဲပြားပါလိမ့်မယ်။ ဥပမာအားဖြင့် အမဲအသည်းက ကြက်အသည်းထက် ဗီတာမင်A ပမာဏ ပိုများပါတယ်။ ဒါပေမယ့် အသည်းမှာရှိတဲ့ ဗီတာမင်Aက Retinol form ဖြစ်တာကြောင့် ပမာဏ အနည်းငယ်နဲ့တောင် ထိခိုက်နိုင်ပါတယ်။ ဒီပုံစံမှာ ဗီတာမင်A လွန်ကဲစွာ စားသုံးခြင်းက မွေးရာပါ မသန်စွမ်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Royal College of Obstetricians and Gynecologists (RCOG) ရဲ့အဆိုအရ ဖွံ့ဖြိုးပြီးနိုင်ငံတွေက အမျိုးသမီးတွေဟာ ဗီတာမင်A ချို့တဲ့မှု မရှိသလောက်နည်းပါးတာကြောင့် အသည်းနဲ့ အသည်းထုတ်ကုန်တွေ အများအပြားစားသုံးခြင်းက ဗီတာမင်အေ ပမာဏကို တိုးမြင့်လာစေပြီး သန္ဓေသားအာရုံကြောစနစ် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် အသည်းမှာ ကိုလက်စထရောဓါတ်မြင့်မားတာကြောင့် ကိုယ်ဝန်ဆောင်နဲ့ ကိုယ်ဝန်ဆောင်မဟုတ်သူတွေအတွက် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

ဘယ်လောက်စားသုံးရမလဲ?

ကိုယ်ဝန်ရှိချိန်အတွင်း စားသုံးနိုင်တဲ့ အသည်းပမာဏကို အတိအကျ သတ်မှတ်ပေးထားတာမျိုး မရှိပါဘူး.။ ဒါကြောင့် အားလုံးက သင့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပါတယ်။ သို့သော်လည်း အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်A မြင့်မားစွာပါဝင်ပြီး ပိုလျှံတာတွေက လွယ်လွယ်နဲ့ မထွက်သွားတာကြောင့် ရှောင်ကြဉ်တာက အကောင်းဆုံးနည်းလမ်း ဖြစ်ပါလိမ့်မယ်။ ပိုမိုဘေးကင်းတဲ့တခြား ဗီတာမင်A အမျိုးအစားတွေ ရရှိနိုင်ပါတယ်။

ဘာတွေကို ရှောင်မလဲ?

အသည်းကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ဆော့စ်တွေ

  • ငါးကြီး အသည်းဆီ (သို့) ငါးမန်းအသည်းဆီပါဝင်တဲ့ ဖြည့်စွက်စာတွေ
  • Retinol form မှာ ဗီတာမင်အေ မြင့်မားစွာ ပါဝင်တဲ့ ဆေးဝါးတွေ (သို့) ဖြည့်စွက်စာတွေ
  • Retinol ပါဝင်သော အသားအရေထိန်းသိမ်းပစ္စည်းတွေ

ဗီတာမင် A ရဲ့အခြားအရင်းအမြစ်များ

အသည်းစားခြင်းရဲ့ ဆိုးကျိုးတွေအကြောင်း သိပြီးတြ့အခါ သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် ကောင်းမွန်တဲ့ ဗီတာမင် A အစားထိုးအရင်းအမြစ်အချို့ကို ရှာဖွေဖို့ လိုအပ်ပါတယ်။

  • မုန်လာဥနီ
  • ကန်စွန်းဥ
  • ရွှေဖရုံသီး
  • ဟင်းနုနွယ်ရွက်
  • ကိုက်လန်
  • မုန်လာစိမ်း
  • သကြားမုန်လာ
  • ငရုတ်သီးအနီ
  • သရက်သီး
  • သင်္ဘောသီး
  • ဒိန်ခဲ
  • ကြက်ဥ
  • အဆီငါး

ဒီအရင်းအမြစ်တွေက ကောင်းမွန်တဲ့ အမြင်အာရုံနဲ့ ကိုယ်ခံစွမ်းအားကို တည်ဆောက်ဖို့အတွက် ထိရောက်သော အင်တီအောက်ဆီဒင့်တွေအဖြစ် လုပ်ဆောင်ပါတယ်။ ဒီဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ဗီတာမင်အေက သင့်ခန္ဓာကိုယ်အတွက် ကောင်းမွန်သော beta carotene ပုံစံဖြစ်ပါတယ်။
သံဓါတ်၊ ပရိုတင်းနဲ့ ဖောလစ်အက်ဆစ်တို့ ကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်စဉ် အသည်းစားသုံးခြင်းက အကျိုးပြုနိုင်ပေမယ့် အသည်းမှာ Retinol form ဖြင့် ဗီတာမင် အေ မြင့်မားစွာ ပါဝင်တာကြောင့် မွေးရာပါမူမမှန်ခြင်း အန္တရာယ် တိုးလာစေပါတယ်။ ဒါ့ကြောင့်အချို့သော ဆရာဝန်တွေက ငါးကြီးဆီ ဖြည့်စွက်စာ ကဲ့သို့သော အသည်းနဲ့ အသည်းထုတ်ကုန်တွေကို စားသုံးခြင်းမှ ရှောင်ကြဉ်ဖို့ အကြံပြုထားပါတယ်။ အဲဒီအစား မုန်လာဥနီ၊ ရွှေဖရုံသီး၊ ဟင်းနုနွယ်ရွက် စတာတွေကို ကိုယ်ဝန်ဆောင်အစားသောက်မှာ ထည့်သွင်းနိုင်ပါတယ်။

Chit_MayMay

Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here