ကိုယ်ဝန်ဆောင်ချိန်အတွင်း အကောင်းဆုံးနှိပ်နယ်နည်း (၄)မျိုး

0
33
- Advertisement -

ကိုယ်ဝန်ဆောင်ချိန်အတွင်း နှိပ်နယ်ပေးခြင်းက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် နေလို့ထိုင်လို့ ပိုကောင်းလာတာကို ခံစားရစေပြီး လရင့်လာတာနှင့်အမျှ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုအားလုံးကို ရင်ဆိုင်နိုင်စေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အလွန်အကျိုးရှိစေပါတယ်။

ကိုယ်ဝန်ဆောင်ခြင်းက အမျိုးသမီးတွေအတွက် အပြောင်းအလဲများစွာကို ဖြစ်စေပါတယ်။ မသက်မသာဖြစ်မှုကို လျှော့ချဖို့ နည်းလမ်းတစ်ခုက ကိုယ်ဝန်ဆောင်စဉ်အတွင်း ကောင်းမွန်စွာ နှိပ်နယ်ပေးခြင်းဖြစ်ပါတယ်။

၁။ ဦးခေါင်း၊ မျက်နှာနဲ့ လည်ပင်းတို့ကို နှိပ်နယ်ပေးပါ

ဒါတွေက ခန္ဓာကိုယ်တွင်း တင်းမာမှုကို လျှော့ချဖို့ အရမ်းကောင်းမွန်သော နှိပ်နယ်နည်းတွေ ဖြစ်ကြပါတယ်၊ လက်ချောင်းလေးတွေနဲ့ ဦးရေပြားကို ဖိအားအနည်းငယ်ပေးပါ။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာကို သက်သာစေပါတယ်။

မျက်နှာနဲ့ လည်ပင်းကြွက်သားတွေကလည်း နေ့စဉ်နှင့်အမျှ တင်းမာမှုများစွာကို ရရှိပါတယ်။ သူတို့က အရမ်းထိခိုက်လွယ်တဲ့ ကြွက်သားတွေ ဖြစ်တာကြောင့် ပေါ့ပါးသော နှိပ်နယ်မှုဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ တင်းမာမှုတွေကို လျှော့ချပေးပါတယ်။

၂။ ခြေသလုံး၊ ခြေကျင်းဝတ်နဲ့ ခြေထောက်တွေကို နှိပ်နယ်ပေးပါ

ကိုယ်ဝန်ဆောင်ကာလမှာ လက်လွတ်မခံနိုင်တဲ့ နှိပ်နယ်မှုအချို့က ခြေသလုံး၊ ခြေကျင်းဝတ်နဲ့ ခြေထောက်တွေကို နှိပ်နယ်ပေးတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်အောက်ပိုင်း နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ fluid retentionကို ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် ခြေထောက်အောက်ပိုင်းကို နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒီအနှိပ်အမျိုးအစားက ခြေထောက်ကြွက်တက်တာကိုလည်း လျှော့ချပေးပါတယ်။

၃။ နောက်ကျောကို နှိပ်နယ်ပေးခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာကို ခံစားရလေ့ရှိပါတယ်။ ဒါက ကိုယ်အလေးချိန် တိုးလာခြင်းကြောင့် ဖြစ်ပါတယ်။ specialist တစ်ယောက်နဲ့ ကျောအောက်ပိုင်း(ခါး)ကို နှိပ်နယ်ပေးရပါမယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း နောက်ကျောကို နှိပ်နယ်ခြင်းဖြင့် ကျောအောက်ပိုင်းရှိ တင်းမာမှုတွေကို လျှော့ချနိုင်ပါတယ်။ အာရုံကြောတွေနဲ့ ကြွက်သားတွေရောင်ရမ်းခြင်းကို လျော့ကျစေကာ ကြွက်တက်ခြင်းကို တားဆီးပေးပါတယ်။ ဒီနှိပ်နယ်မှုကို ကိုယ်အလေးချိန်တိုးလာတဲ့အခါ ပိုသိသာလာတဲ့ ကိုယ်ဝန် ဒုတိယသုံးလပတ်နဲ့ တတိယသုံးလပတ်တွေအတွက် အကြံပြုထားပါတယ်။

၄။ perineal area ကိုနှိပ်နယ်ပေးပါ

ဒီနှိပ်နယ်မှုက မွေးဖွားချိန်အတွက် ပြင်ဆင်ပေးပါတယ်။ အိမ်မှာပဲ အလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။ သားဖွားအထူးကုဆရာဝန်တွေက ကိုယ်ဝန်တတိယသုံးလပတ်အတွက် မိန်းမကိုယ်တဝိုက်ကို အနှိပ်ခံဖို့ အကြံပြုထားပါတယ်။ ဆီးအိမ်နံရံတွေရဲ့ ကျုံနိုင်၊ ဆန့်နိုင်စွမ်းတွေကို တိုးတက်စေတာကြောင့် ဒီဧရိယာတဝိုက်ကို ညင်သာစွာ နှိပ်နယ်ပေးပါ။ ဒီနည်းလမ်းက ကြွက်သားတွေကို ကောင်းမွန်စေတာကြောင့် မိန်းမကိုယ် စုတ်ပြဲတာတွေ သက်သာစေနိုင်ပါတယ်။ မမွေးဖွားခင် ၆ပတ်အလိုမှာ အဆိုပါနှိပ်နယ်မှုတွေကို နေ့စဉ် ၅မိနစ်ကြာ ပြုလုပ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန််အတွင်း ဘယ်အနှိပ်အမျိုးအစားကိုမဆို မလုပ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဘယ်ဟာက သင့်တော်တယ်၊ ဘယ်အချိန်မှာ စလုပ်လို့ရမလဲ၊ အကြိမ်ဘယ်လောက်လုပ်ရမယ်ဆိုတာကို သူပြောနိုင်ပါတယ်။

Chit_MayMay

Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here