ကိုယ်ဝန်ဆောင်စဉ်အတွင်း ရှောင်ကြည်ရမယ့် ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများ

0
18

ကေလးတစ္ေယာက္ကို ေမွ်ာ္လင့္ထားျခင္းက အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ဘဝမွာ အလွဆုံးေသာ အခ်ိန္ေလးတစ္ခုျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္ဟာ မိခင္ႏွင့္ ကေလးႏွစ္ေယာက္စလုံး အႏၲရာယ္ကင္း၊ က်န္းမာေနေအာင္ သတိထားရမယ့္အခ်ိန္ ျဖစ္ပါတယ္။ သင္ကိုယ္ဝန္ေဆာင္ေနတယ္ဆိုရင္ သင္နဲ႔ ဗိုက္ထဲက ကေလးေလးကို အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ တခ်ိဳ႕လႈပ္ရွားမႈေတြ လုပ္ေနျခင္းကို ရပ္တန္႔ထားဖို႔လိုပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေရွာင္ရွားရမယ့္ ႐ုပ္ပိုင္းဆိုင္ရာလႈပ္ရွားမႈေတြကို ကိုယ္ဝန္ေဆာင္ေမေမတို႔ သိရွိေစဖို႔ မွ်ေဝေပးလိုက္ပါတယ္။

ကိုယ္ဝန္ေဆာင္စဥ္အတြင္း ေရွာင္ၾကဥ္ရမယ့္ ႐ုပ္ပိုင္းဆိုင္ရာ လႈပ္ရွားမႈမ်ား

ေလ့က်င့္ခန္းမ်ားႏွင့္ ေပါ့ေပါ့ပါးပါးလႈပ္ရွားမႈမ်ားက ကေလးေမြးဖြားဖို႔အတြက္ သင့္ခႏၶာကိုယ္ကို အသင့္ျဖစ္ေစပါတယ္။ သို႔ေသာ္ ကိုယ္ဝန္ေဆာင္ေနခ်ိန္မွာ သင့္ကေလး ေဘးကင္းလုံၿခဳံေရးအတြက္ ေရွာင္ၾကဥ္ရမယ့္ လႈပ္ရွားမႈအခ်ိဳ႕ရွိပါတယ္။

၁။ အေလးမ ေလ့က်င့္ခန္း

ေလးလံတဲ့ ဝိတ္တုံးေတြမျခင္းဟာ သင့္ေက်ာႏွင့္ တင္ပါးဆုံ႐ိုးကို တင္းမာမႈေတြ ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါက သားအိမ္ေခါင္း မိန္းမကိုယ္အတြင္းသို႔ကြၽံျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ေလးလံတာ ဘယ္ဟာျဖစ္ျဖစ္ မမယ္ဆိုရင္ အရင္ဆုံး အနီးကပ္ ထိုင္ခ်လိုက္ပါ။ ဒူးကို တျဖည္းျဖည္းေကြးၿပီးမွ မဖို႔ႀကိဳးစားပါ။ ပစၥည္းကို အေဝးႀကီးကေန လွမ္းမယူပါနဲ႔။ မေနစဥ္ ခါး သို႔ေနာက္ေက်ာကို ႐ုတ္တရက္ မလွည့္ပါနဲ႔။ အရင္က ကိုယ္ဝန္ပ်က္က်ဖူးသူျဖစ္လွ်င္ အေလးမေလ့က်င့္ခန္းလုပ္ျခင္းကို ေရွာင္ၾကဥ္ ရပါမယ္။

၂။ တခ်ိဳ႕ေယာဂေလ့က်င့္ခန္း ပုံစံမ်ား

ေယာဂဟာ အံ့ၾသစရာေကာင္းတဲ့ အေလ့အက်င့္တစ္ခုျဖစ္ေပမယ့္ တခ်ိဳ႕ေယာဂအေနအထားေတြက ခႏၶာကိုယ္ကို ဆန္႔ထုတ္ဖို႔၊ လွည့္ဖို႔လိုအပ္တဲ့ အေနအထားေတြ ျဖစ္တာေၾကာင့္ ေရွာင္ၾကဥ္သင့္ပါတယ္။ ထိုင္ၿပီး ခါးလွည့္တဲ့ Closed twists ပုံစံ၊ ေမွာက္ခုံေမွာက္ရတဲ့ အေနအထား belly down postures၊ ေဇာက္ထိုးအေနအထား၊ ခါးေကာ့ရတဲ့ backbends ပုံစံေတြက ေရွာင္ၾကဥ္ရမယ့္ ပုံစံေတြ ျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္အတြင္း ေယာဂက်င့္မယ္ဆိုရင္ အရင္ဆုံး ဆရာဝန္နဲ႔ တိုင္ပင္ပါ။ ကိုယ္ဝန္ေဆာင္သီးသန္႔ ေယာဂ သင္တန္းေတြ ရွိပါတယ္။

၃။ ေမွာက္ခုံေမွာက္ရတဲ့ ေလ့က်င့္ခန္းမလုပ္ပါနဲ႔

ကိုယ္ဝန္မေပါ့မပါးနဲ႔ ေမွာက္ခုံေမွာက္တာဟာ အထူးသျဖင့္ ပထမသုံးလပတ္ေနာက္ပိုင္းမွာ ကေလးကို ထိခိုက္ေစႏိုင္ပါတယ္။ ထိခိုက္ဒဏ္ရာေလ်ာ့နည္းရင္ေတာင္ သိသိသာသာ အက်ိဳးဆက္ရွိႏိုင္ပါတယ္။

၄။ ေခြၽးထုတ္ခန္းသြားတာ၊ ေရပူခ်ိဳးတာ

ေရပူကန္ထဲမွာ အပန္းေျဖတာက ေရ ဒါမွမဟုတ္ ကန္မသန္႔ရင္ ကူးစက္ေရာဂါျဖစ္လာႏိုင္တာ၊ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ပါတဲ့ ကေလးကို ေမြးလာႏိုင္တာေၾကာင့္ အႏၲရာယ္ရွိႏိုင္ပါတယ္။ ေရခ်ိဳးဖို႔အတြက္ သုံးတဲ့ ေရအပူခ်ိန္က သင့္ခႏၶာကိုဘ္အပူခ်ိန္ႏွင့္ နီးစပ္သင့္ပါတယ္။

၅။ ႐ိုလာကိုစတာ စီးတာ

အပန္းေျဖဥယ်ာဥ္သြားၿပီး ႐ိုလာကိုစတာလိုမ်ိဳးစီးတာက ကိုယ္ဝန္ေဆာင္စဥ္အတြင္းမွာ ေရွာင္ၾကဥ္ရပါမယ္။ ေလထဲမွာ လႈပ္ရွားရတဲ့ ႐ိုလာကိုစတာ၊ ပင္လယ္ဓါးျမေလွ၊ ရဟတ္ စတာေတြကို စီးတာက ကေလးကိုထိခိုက္ေစႏိုင္ပါတယ္။

၆။ ေျပးျခင္း

အေျပးေလ့က်င့္ခန္းလုပ္တာ၊ ႐ြ႐ြေလးေျပးတာဟာ အရင္တုန္းက အေလ့အက်င့္ရွိခဲ့ရင္ သင့္အတြက္ေကာင္းေပမယ့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ကိုယ့္ရဲ႕ speed ကို မထိန္းခ်ဳပ္ႏိုင္တာေၾကာင့္ ဒီလိုအေျပးေလ့က်င့္ခန္းေတြထက္ လမ္းေလွ်ာက္တာ ပိုေကာင္းပါတယ္။

၇။ စက္ဘီး/ဆိုင္ကယ္စီးျခင္း

စက္ဘီး/ဆိုင္ကယ္ စီးတာက မိခင္ေတြအတြက္ စိတ္ကူးေကာင္းတစ္ခု မဟုတ္ပါဘူး။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ကိုယ့္ရဲ႕ ဟန္ခ်က္ကို မထိန္းႏိုင္တာေၾကာင့္ ေရွာင္ၾကဥ္သင့္ပါတယ္။ ဒါ့အျပင္လူစည္းကားတဲ့ေနရာေတြ၊ ကားလမ္းေတြမွာလည္း အႏၲရာယ္မကင္းႏိုင္ပါဘူး။ အႏၲရာယ္ကင္းတဲ့ အျခားေ႐ြးခ်ယ္စရာတစ္ခုက ေလ့က်င့္ခန္းစက္ဘီး stationary bike စီးလို႔ရပါတယ္။ ဒါေပမယ့္ ဒုတိယသုံးလပတ္အထိသာ ျဖစ္ပါတယ္။

၈။ အျမင့္သက္ေရာက္မႈရွိတဲ့ ေအ႐ိုးဗစ္ေလ့က်င့္ခန္း

ခႏၶာကိုယ္ ဟန္ခ်က္မွ်ေအာင္ ျပဳလုပ္ေပးတဲ့ အ႐ြတ္မ်ားႏွင့္ အဆစ္မ်ားမွာ ဒဏ္ရာရျခင္း၊ လဲက်ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ေလ့က်င့္ခန္းမွာ အေတြ႕အႀကဳံရွိရင္ေတာင္ ဒုတိယႏွင့္ တတိယ သုံးလပတ္အတြင္းမွာ ေရွာင္ၾကဥ္သင့္ပါတယ္။ အ႐ြတ္ေတြ ေခ်ာင္လာေစၿပီး ဒဏ္ရာပိုမို ျဖစ္ေပၚႏိုင္ပါတယ္။

၉။ တင္းနစ္

ပုံမွန္တင္းနစ္သမားတစ္ေယာက္ျဖစ္လွ်င္ ပထမသုံးလပတ္မွာသာ ကစားႏိုင္ပါတယ္။ ဒုတိယ သုံးလပတ္ေရာက္ရင္ သင့္ခႏၶာကိုယ္ရဲ႕ ဟန္ခ်က္ညီမႈက ေျပာင္းလဲၿပီး လဲက်တာ ၊ဒဏ္ရာရတာ ျဖစ္ႏိုင္ပါတယ္။

LM_Nandar

Chit_MayMay

Unicode

ကိုယ်ဝန်ဆောင်စဉ်အတွင်း ရှောင်ကြည်ရမယ့် ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများ
ကလေးတစ်ယောက်ကို မျှော်လင့်ထားခြင်းက အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ အလှဆုံးသော အချိန်လေးတစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်နှင့် ကလေးနှစ်ယောက်စလုံး အန္တရာယ်ကင်း၊ ကျန်းမာနေအောင် သတိထားရမယ့်အချိန် ဖြစ်ပါတယ်။ သင်ကိုယ်ဝန်ဆောင်နေတယ်ဆိုရင် သင်နဲ့ ဗိုက်ထဲက ကလေးလေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ တချို့လှုပ်ရှားမှုတွေ လုပ်နေခြင်းကို ရပ်တန့်ထားဖို့လိုပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားရမယ့် ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေကို ကိုယ်ဝန်ဆောင်မေမေတို့ သိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ရှောင်ကြဉ်ရမယ့် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ

လေ့ကျင့်ခန်းများနှင့် ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုများက ကလေးမွေးဖွားဖို့အတွက် သင့်ခန္ဓာကိုယ်ကို အသင့်ဖြစ်စေပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်နေချိန်မှာ သင့်ကလေး ဘေးကင်းလုံခြုံရေးအတွက် ရှောင်ကြဉ်ရမယ့် လှုပ်ရှားမှုအချို့ရှိပါတယ်။

၁။ အလေးမ လေ့ကျင့်ခန်း

လေးလံတဲ့ ဝိတ်တုံးတွေမခြင်းဟာ သင့်ကျောနှင့် တင်ပါးဆုံရိုးကို တင်းမာမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါက သားအိမ်ခေါင်း မိန်းမကိုယ်အတွင်းသို့ကျွံခြင်းကို ဖြစ်စေနိုင်ပါတယ်။ လေးလံတာ ဘယ်ဟာဖြစ်ဖြစ် မမယ်ဆိုရင် အရင်ဆုံး အနီးကပ် ထိုင်ချလိုက်ပါ။ ဒူးကို တဖြည်းဖြည်းကွေးပြီးမှ မဖို့ကြိုးစားပါ။ ပစ္စည်းကို အဝေးကြီးကနေ လှမ်းမယူပါနဲ့။ မနေစဉ် ခါး သို့နောက်ကျောကို ရုတ်တရက် မလှည့်ပါနဲ့။ အရင်က ကိုယ်ဝန်ပျက်ကျဖူးသူဖြစ်လျှင် အလေးမလေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကြဉ် ရပါမယ်။

၂။ တချို့ယောဂလေ့ကျင့်ခန်း ပုံစံများ

ယောဂဟာ အံ့သြစရာကောင်းတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပေမယ့် တချို့ယောဂအနေအထားတွေက ခန္ဓာကိုယ်ကို ဆန့်ထုတ်ဖို့၊ လှည့်ဖို့လိုအပ်တဲ့ အနေအထားတွေ ဖြစ်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ ထိုင်ပြီး ခါးလှည့်တဲ့ Closed twists ပုံစံ၊ မှောက်ခုံမှောက်ရတဲ့ အနေအထား belly down postures၊ ဇောက်ထိုးအနေအထား၊ ခါးကော့ရတဲ့ backbends ပုံစံတွေက ရှောင်ကြဉ်ရမယ့် ပုံစံတွေ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ယောဂကျင့်မယ်ဆိုရင် အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်သီးသန့် ယောဂ သင်တန်းတွေ ရှိပါတယ်။

၃။ မှောက်ခုံမှောက်ရတဲ့ လေ့ကျင့်ခန်းမလုပ်ပါနဲ့

ကိုယ်ဝန်မပေါ့မပါးနဲ့ မှောက်ခုံမှောက်တာဟာ အထူးသဖြင့် ပထမသုံးလပတ်နောက်ပိုင်းမှာ ကလေးကို ထိခိုက်စေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာလျော့နည်းရင်တောင် သိသိသာသာ အကျိုးဆက်ရှိနိုင်ပါတယ်။

၄။ ချွေးထုတ်ခန်းသွားတာ၊ ရေပူချိုးတာ

ရေပူကန်ထဲမှာ အပန်းဖြေတာက ရေ ဒါမှမဟုတ် ကန်မသန့်ရင် ကူးစက်ရောဂါဖြစ်လာနိုင်တာ၊ မွေးရာပါချို့ယွင်းချက်ပါတဲ့ ကလေးကို မွေးလာနိုင်တာကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။ ရေချိုးဖို့အတွက် သုံးတဲ့ ရေအပူချိန်က သင့်ခန္ဓာကိုဘ်အပူချိန်နှင့် နီးစပ်သင့်ပါတယ်။

၅။ ရိုလာကိုစတာ စီးတာ

အပန်းဖြေဥယျာဉ်သွားပြီး ရိုလာကိုစတာလိုမျိုးစီးတာက ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ ရှောင်ကြဉ်ရပါမယ်။ လေထဲမှာ လှုပ်ရှားရတဲ့ ရိုလာကိုစတာ၊ ပင်လယ်ဓါးမြလှေ၊ ရဟတ် စတာတွေကို စီးတာက ကလေးကိုထိခိုက်စေနိုင်ပါတယ်။

၆။ ပြေးခြင်း

အပြေးလေ့ကျင့်ခန်းလုပ်တာ၊ ရွရွလေးပြေးတာဟာ အရင်တုန်းက အလေ့အကျင့်ရှိခဲ့ရင် သင့်အတွက်ကောင်းပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ့်ရဲ့ speed ကို မထိန်းချုပ်နိုင်တာကြောင့် ဒီလိုအပြေးလေ့ကျင့်ခန်းတွေထက် လမ်းလျှောက်တာ ပိုကောင်းပါတယ်။

၇။ စက်ဘီး/ဆိုင်ကယ်စီးခြင်း

စက်ဘီး/ဆိုင်ကယ် စီးတာက မိခင်တွေအတွက် စိတ်ကူးကောင်းတစ်ခု မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ့်ရဲ့ ဟန်ချက်ကို မထိန်းနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင်လူစည်းကားတဲ့နေရာတွေ၊ ကားလမ်းတွေမှာလည်း အန္တရာယ်မကင်းနိုင်ပါဘူး။ အန္တရာယ်ကင်းတဲ့ အခြားရွေးချယ်စရာတစ်ခုက လေ့ကျင့်ခန်းစက်ဘီး stationary bike စီးလို့ရပါတယ်။ ဒါပေမယ့် ဒုတိယသုံးလပတ်အထိသာ ဖြစ်ပါတယ်။

၈။ အမြင့်သက်ရောက်မှုရှိတဲ့ အေရိုးဗစ်လေ့ကျင့်ခန်း

ခန္ဓာကိုယ် ဟန်ချက်မျှအောင် ပြုလုပ်ပေးတဲ့ အရွတ်များနှင့် အဆစ်များမှာ ဒဏ်ရာရခြင်း၊ လဲကျခြင်းကို ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းမှာ အတွေ့အကြုံရှိရင်တောင် ဒုတိယနှင့် တတိယ သုံးလပတ်အတွင်းမှာ ရှောင်ကြဉ်သင့်ပါတယ်။ အရွတ်တွေ ချောင်လာစေပြီး ဒဏ်ရာပိုမို ဖြစ်ပေါ်နိုင်ပါတယ်။

၉။ တင်းနစ်

ပုံမှန်တင်းနစ်သမားတစ်ယောက်ဖြစ်လျှင် ပထမသုံးလပတ်မှာသာ ကစားနိုင်ပါတယ်။ ဒုတိယ သုံးလပတ်ရောက်ရင် သင့်ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီမှုက ပြောင်းလဲပြီး လဲကျတာ ၊ဒဏ်ရာရတာ ဖြစ်နိုင်ပါတယ်။

LM_Nandar

Chit_MayMay

LEAVE A REPLY

Please enter your comment!
Please enter your name here