ကိုယ်ဝန်ဆောင်စဉ်အတွင်း သင့်ရဲ့ အနံ့ခံအာရုံ ပြောင်းလဲရတဲ့ အကြောင်းရင်းများ

0
178
- Advertisement -

ကိုယ္ဝန္ေဆာင္စဥ္အတြင္းမွာ အမ်ိဳးသမီးအေတာ္မ်ားမ်ားဟာ သူတို႔ရဲ႕ အနံ႔ခံအာ႐ုံေျပာင္းလဲလာတာကို သတိထားမိၾကပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္မွာ တခ်ိဳ႕အစားအစာေတြဆို အနံ႔အသက္ မခံႏိုင္တာ၊ ခႏၶာကိုယ္အနံ႔ေတြ၊ ဆံပင္အလွကုန္ေတြကို အနံ႔မခံႏိုင္တာေတြ ျဖစ္လာပါတယ္။ တကယ္ေတာ့ ၎က ပ်ိဳ႕ခ်င္အန္ခ်င္တာ၊ ေဒါသထြက္တာႏွင့္ စိတ္က်ေရာဂါကိုေတာင္ လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။

အနံႏွင့္ အရသာအၾကား ခ်ိတ္ဆက္မႈေတြေၾကာင့္ တခ်ိဳ႕အစားအစာေတြကို မႏွစ္သက္တာဟာ ကိုယ္ဝန္ေဆာင္စဥ္အတြင္း အနံ႔ခံအာ႐ုံ ေျပာင္းလဲမႈတစ္ခုႏွင့္အတူ ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။ ဒီလို အနံ႔အသက္ေတြ မခံႏိုင္တာက သဘာဝျဖစ္တာမို႔ စိုးရိမ္စရာမလိုပါဘူး။ ဒါက ကိုယ္ဝန္ ပထမသုံးလပတ္အတြင္းမွာ ပုံမွန္အားျဖင့္ ျဖစ္ေပၚၿပီး morning sickness ကို အႀကိမ္ႀကိမ္ ျဖစ္ေပၚေစပါတယ္။
အလားတူပင္ မ်ားစြာေသာေလ့လာမႈေတြမွာ ကိုယ္ဝန္ေဆာင္စဥ္အတြင္း အနံ႔ခံအာ႐ုံ ျမင့္တတ္မႈဟာ အျဖစ္မ်ားတယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးအမ်ားစုဟာ တစ္ခ်ိန္ခ်ိန္မွာ အနံ႔ႏွင့္ပတ္သတ္ၿပီး ထိခိုက္လြယ္မႈ ႀကီးႀကီးမားမား ျဖစ္တာကို သတိထားမိၾကပါတယ္။

သို႔ေသာ္ တခ်ိဳ႕အမ်ိဳးသမီးေတြက သူတို႔ရဲ႕ အနံ႔ခံအာ႐ုံ မသိမသာေလး ေျပာင္းလဲတာကိုသာ သတိထားမိၾကပါတယ္။ တျခားသူေတြမွာ တခ်ိဳ႕အနံ႔အသက္ေတြ လႊမ္းမိုးလာေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ အမ်ားစုကေတာ့ ကေလးေမြးၿပီးတာနဲ႔ ပုံမွန္အတိုင္း ျပန္ျဖစ္သြားပါတယ္။

- Advertisement -

ကိုယ္ဝန္ေဆာင္စဥ္အတြင္း အနံ႔အသက္မခံႏိုင္တာ

ကိုယ္ဝန္ေဆာင္တာဟာ တစ္ေယာက္နဲ႔ တစ္ေယာက္က မတူပါဘူး။ ဒါ့ေၾကာင့္ မိခင္တစ္ေယာက္စီဟာ ဘယ္လိုအနံ႔အသက္ကို respond ျဖစ္မယ္ဆိုတာ အတိအက် ေျပာလို႔မရပါဘူး။ အႀကံျပဳခ်က္ကေတာ့ အခ်ိဳ႕ေသာ အစားအစာနဲ႔ အခ်ိဳရည္ေတြကို ေရွာင္ၾကဥ္ျခင္းျဖင့္ ဒီျပႆနာေတြကို ျဖစ္ေပၚေစေသာ အနံ႔ႏွင့္ ထိေတြ႕ႏိုင္ေျခကို ေလွ်ာ့ခ်ႏိုင္ပါတယ္။

ကိုယ္ဝန္ေဆာင္စဥ္အတြင္း သင့္ရဲ႕အနံ႔ခံအာ႐ုံ ေျပာင္းလဲရတဲ့ အေၾကာင္းရင္းမ်ား

အမ်ိဳးသမီးေတြ ကိုယ္ဝန္ေဆာင္စဥ္မွာ တခ်ိဳ႕အနံ႔ေတြကို ဘာ့ေၾကာင့္ မတူညီစြာ တုံ႔ျပန္ရသလဲဆိုတာ ရွင္းရွင္းလင္းလင္းမသိၾကေသးပါဘူး။ သို႔ေသာ္လည္း ေအာက္ပါအခ်က္ေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

၁။ ေသြးစီးဆင္းမႈ တိုးျမႇင့္လာတာေၾကာင့္

ခႏၶာကိုယ္ထဲမွာ ပလာစမာရဲ႕ အတိုးအေလွ်ာ့က ကိုယ္ဝန္ေဆာင္စဥ္အတြင္း ႏွစ္ဆနီးပါးတိုးပါတယ္။ ဒီအေျပာင္းအလဲမွာ သင့္ကို အနံ႔အသက္ေတြနဲ႔ ပတ္သတ္ၿပီး ပိုၿပီး sensitive ျဖစ္ေစပါတယ္။

၂။ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္

ပထမသုံးလပတ္အတြင္းမွာ အီစ႐ိုဂ်င္နဲ႔ ေဟာ္မုန္းေတြ တိုးလာျခင္းက ပ်ိဳ႕အန္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ အနံ႔ျပင္းျပင္းေတြက ဒီျပႆနာကို ပိုမိုဆိုးဝါးလာေစပါတယ္။ ဒါ့ေၾကာင့္ အနံ႔ခံအာ႐ုံျမင့္မားမႈက morning sickness ႏွင့္ အနီးကပ္ ဆက္စပ္ေနေၾကာင္း စိတ္ထဲမွာ မွတ္ထားေပးပါ။

၃။ ကာကြယ္ေရး ယႏၲရား

သင့္ရဲ႕အနံ႔ထံအာ႐ုံက ကေလးရဲ႕ ဖြံ႕ၿဖိဳးမႈကို ထိခိုက္ေစႏိုင္တဲ့ အဆိပ္အေတာက္ေတြကေန ကင္းေဝးေအာင္ ေစာင့္ေရွာက္ဖို႔ ကာကြယ္ေရးယႏၲရား တစ္ခုေတာင္ ျဖစ္ႏိုင္ပါတယ္။

ကိုယ္ဝန္ေဆာင္စဥ္အတြင္း သင့္ရဲ႕ အနံ႔ခံအာ႐ုံကို ဘယ္လိုတိုးတတ္ေစႏိုင္သလဲ?

ကိုယ္ဝန္ေဆာင္စဥ္အတြင္း အနံ႔ခံအာ႐ုံကို တိုးတတ္ေကာင္းမြန္ဖို႔ သင္လိုက္နာႏိုင္မယ့္ အႀကံျပဳခ်က္တစ္ခ်ိဳ႕ရွိပါတယ္။ ဒီအေျပာင္းအလဲမ်ားက သင့္ကို အကူအညီမျဖစ္လွ်င္၊ တခ်ိဳ႕အနံ႔ေတြက သင့္ကိုပ်ိဳ႕ခ်င္အန္ခ်င္ဆဲပဲဆိုရင္ သင့္ရဲ႕ ေရာဂါကို သက္သာေစမႏိုင္မယ့္ သဘာဝကုထုံးေတြကို ေလ့လာၾကည့္ပါ။
သင္သည္းခံႏိုင္တဲ့ အနံ႔အသက္ေကာင္းေသာ ဟင္းေတြ ခ်က္စားပါ။ အနံ႔မခံႏိုင္တဲ့ ဟင္းေတြကို ဒီအခ်ိန္မွာ ေရွာင္ရွားပါ။ အနံ႔မခံႏိုင္တဲ့ အစားအစာကို ႀကိတ္မွိတ္စားရင္ မစားခ်င္တာေတြ၊ မစားႏိုင္တာေတြ ျဖစ္လာႏိုင္ပါတယ္။
ဟင္းခ်က္တဲ့အခါ အခန္းတြင္းမွာ အနံ႔ေတြမက်န္ေအာင္ တတ္ႏိုင္သေလာက္ ျပတင္းေပါက္ေတြကို ဖြင့္ထားပါ။
အနံ႔အသက္ေတြက အဝတ္အထည္ေတြမွာ စြဲႏိုင္တာေၾကာင့္ သင့္အဝတ္အစားေတြ ၊လက္သုတ္ပုဝါေတြနဲ႔ ညအိပ္အဝတ္အစားေတြကို ပုံမွန္ထက္ မၾကာခဏေလွ်ာ္ေပးပါ။
အနံ႔မရွိတဲ့ သန္႔ရွင္းေရးထုတ္ကုန္ေတြကို ေျပာင္းသုံးပါ။
ပိုေကာင္းတယ္လို႔ ခံစားရတဲ့ အနံ႔ေတြေျပာင္းသုံးပါ။ ပူစီနံအနံ႔၊ သံပုရာနံ႔ ေတြက ပ်ိဳ႕အန္မႈကို သက္သာေစတဲ့ အနံ႔ေကာင္းေတြ ျဖစ္ပါတယ္။
လက္ကိုင္ပုဝါတစ္ခုေပၚမွာ သင္ႏွစ္သက္တဲ့ အေမႊးရနံ႔ဆီအစက္အနည္းငယ္ထည့္ၿပီး သင့္အိတ္ထဲမွာ ထည့္ထားပါ။ ေရွာင္ရွားလို႔မရတဲ့ အနံ႔ျပင္းျပင္းေတြ ႀကဳံလာတဲ့အခါ လက္ကိုင္ပုဝါနဲ႔ ႏွာေခါင္းကို အုပ္ထားလို႔ရပါတယ္။
ေနာက္ဆုံးအေနနဲ႔ ကိုယ္ဝန္ေဆာင္စဥ္အတြင္း အနံခံအာ႐ုံေျပာင္းလဲတာဟာ ပုံမွန္ျဖစ္တယ္ဆိုတာ သတိရပါ။ ဒါက စိတ္ပူစရာမလိုပါဘူး။ ကေလးေမြးၿပီးေနာက္မွာ ပုံမွန္ျပန္ျဖစ္သြားပါလိမ့္မယ္။

Chit_MayMay

LM_Nandar

Source-youaremom.

Unicode

ကိုယ်ဝန်ဆောင်စဉ်အတွင်း သင့်ရဲ့ အနံ့ခံအာရုံ ပြောင်းလဲရတဲ့ အကြောင်းရင်းများ
ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ အမျိုးသမီးအတော်များများဟာ သူတို့ရဲ့ အနံ့ခံအာရုံပြောင်းလဲလာတာကို သတိထားမိကြပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ တချို့အစားအစာတွေဆို အနံ့အသက် မခံနိုင်တာ၊ ခန္ဓာကိုယ်အနံ့တွေ၊ ဆံပင်အလှကုန်တွေကို အနံ့မခံနိုင်တာတွေ ဖြစ်လာပါတယ်။ တကယ်တော့ ၎င်းက ပျို့ချင်အန်ချင်တာ၊ ဒေါသထွက်တာနှင့် စိတ်ကျရောဂါကိုတောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

အနံနှင့် အရသာအကြား ချိတ်ဆက်မှုတွေကြောင့် တချို့အစားအစာတွေကို မနှစ်သက်တာဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်း အနံ့ခံအာရုံ ပြောင်းလဲမှုတစ်ခုနှင့်အတူ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီလို အနံ့အသက်တွေ မခံနိုင်တာက သဘာဝဖြစ်တာမို့ စိုးရိမ်စရာမလိုပါဘူး။ ဒါက ကိုယ်ဝန် ပထမသုံးလပတ်အတွင်းမှာ ပုံမှန်အားဖြင့် ဖြစ်ပေါ်ပြီး morning sickness ကို အကြိမ်ကြိမ် ဖြစ်ပေါ်စေပါတယ်။
အလားတူပင် များစွာသောလေ့လာမှုတွေမှာ ကိုယ်ဝန်ဆောင်စဉ်အတွင်း အနံ့ခံအာရုံ မြင့်တတ်မှုဟာ အဖြစ်များတယ်လို့ အတည်ပြုခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုဟာ တစ်ချိန်ချိန်မှာ အနံ့နှင့်ပတ်သတ်ပြီး ထိခိုက်လွယ်မှု ကြီးကြီးမားမား ဖြစ်တာကို သတိထားမိကြပါတယ်။

သို့သော် တချို့အမျိုးသမီးတွေက သူတို့ရဲ့ အနံ့ခံအာရုံ မသိမသာလေး ပြောင်းလဲတာကိုသာ သတိထားမိကြပါတယ်။ တခြားသူတွေမှာ တချို့အနံ့အသက်တွေ လွှမ်းမိုးလာကြောင်း တွေ့ရှိခဲ့ပါတယ်။ အများစုကတော့ ကလေးမွေးပြီးတာနဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း အနံ့အသက်မခံနိုင်တာ

ကိုယ်ဝန်ဆောင်တာဟာ တစ်ယောက်နဲ့ တစ်ယောက်က မတူပါဘူး။ ဒါ့ကြောင့် မိခင်တစ်ယောက်စီဟာ ဘယ်လိုအနံ့အသက်ကို respond ဖြစ်မယ်ဆိုတာ အတိအကျ ပြောလို့မရပါဘူး။ အကြံပြုချက်ကတော့ အချို့သော အစားအစာနဲ့ အချိုရည်တွေကို ရှောင်ကြဉ်ခြင်းဖြင့် ဒီပြဿနာတွေကို ဖြစ်ပေါ်စေသော အနံ့နှင့် ထိတွေ့နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း သင့်ရဲ့အနံ့ခံအာရုံ ပြောင်းလဲရတဲ့ အကြောင်းရင်းများ

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ်မှာ တချို့အနံ့တွေကို ဘာ့ကြောင့် မတူညီစွာ တုံ့ပြန်ရသလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိကြသေးပါဘူး။ သို့သော်လည်း အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

၁။ သွေးစီးဆင်းမှု တိုးမြှင့်လာတာကြောင့်

ခန္ဓာကိုယ်ထဲမှာ ပလာစမာရဲ့ အတိုးအလျှော့က ကိုယ်ဝန်ဆောင်စဉ်အတွင်း နှစ်ဆနီးပါးတိုးပါတယ်။ ဒီအပြောင်းအလဲမှာ သင့်ကို အနံ့အသက်တွေနဲ့ ပတ်သတ်ပြီး ပိုပြီး sensitive ဖြစ်စေပါတယ်။

၂။ ဟော်မုန်းအပြောင်းအလဲကြောင့်

ပထမသုံးလပတ်အတွင်းမှာ အီစရိုဂျင်နဲ့ ဟော်မုန်းတွေ တိုးလာခြင်းက ပျို့အန်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အနံ့ပြင်းပြင်းတွေက ဒီပြဿနာကို ပိုမိုဆိုးဝါးလာစေပါတယ်။ ဒါ့ကြောင့် အနံ့ခံအာရုံမြင့်မားမှုက morning sickness နှင့် အနီးကပ် ဆက်စပ်နေကြောင်း စိတ်ထဲမှာ မှတ်ထားပေးပါ။

၃။ ကာကွယ်ရေး ယန္တရား

သင့်ရဲ့အနံ့ထံအာရုံက ကလေးရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့ အဆိပ်အတောက်တွေကနေ ကင်းဝေးအောင် စောင့်ရှောက်ဖို့ ကာကွယ်ရေးယန္တရား တစ်ခုတောင် ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း သင့်ရဲ့ အနံ့ခံအာရုံကို ဘယ်လိုတိုးတတ်စေနိုင်သလဲ?

ကိုယ်ဝန်ဆောင်စဉ်အတွင်း အနံ့ခံအာရုံကို တိုးတတ်ကောင်းမွန်ဖို့ သင်လိုက်နာနိုင်မယ့် အကြံပြုချက်တစ်ချို့ရှိပါတယ်။ ဒီအပြောင်းအလဲများက သင့်ကို အကူအညီမဖြစ်လျှင်၊ တချို့အနံ့တွေက သင့်ကိုပျို့ချင်အန်ချင်ဆဲပဲဆိုရင် သင့်ရဲ့ ရောဂါကို သက်သာစေမနိုင်မယ့် သဘာဝကုထုံးတွေကို လေ့လာကြည့်ပါ။
သင်သည်းခံနိုင်တဲ့ အနံ့အသက်ကောင်းသော ဟင်းတွေ ချက်စားပါ။ အနံ့မခံနိုင်တဲ့ ဟင်းတွေကို ဒီအချိန်မှာ ရှောင်ရှားပါ။ အနံ့မခံနိုင်တဲ့ အစားအစာကို ကြိတ်မှိတ်စားရင် မစားချင်တာတွေ၊ မစားနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဟင်းချက်တဲ့အခါ အခန်းတွင်းမှာ အနံ့တွေမကျန်အောင် တတ်နိုင်သလောက် ပြတင်းပေါက်တွေကို ဖွင့်ထားပါ။
အနံ့အသက်တွေက အဝတ်အထည်တွေမှာ စွဲနိုင်တာကြောင့် သင့်အဝတ်အစားတွေ ၊လက်သုတ်ပုဝါတွေနဲ့ ညအိပ်အဝတ်အစားတွေကို ပုံမှန်ထက် မကြာခဏလျှော်ပေးပါ။
အနံ့မရှိတဲ့ သန့်ရှင်းရေးထုတ်ကုန်တွေကို ပြောင်းသုံးပါ။
ပိုကောင်းတယ်လို့ ခံစားရတဲ့ အနံ့တွေပြောင်းသုံးပါ။ ပူစီနံအနံ့၊ သံပုရာနံ့ တွေက ပျို့အန်မှုကို သက်သာစေတဲ့ အနံ့ကောင်းတွေ ဖြစ်ပါတယ်။
လက်ကိုင်ပုဝါတစ်ခုပေါ်မှာ သင်နှစ်သက်တဲ့ အမွှေးရနံ့ဆီအစက်အနည်းငယ်ထည့်ပြီး သင့်အိတ်ထဲမှာ ထည့်ထားပါ။ ရှောင်ရှားလို့မရတဲ့ အနံ့ပြင်းပြင်းတွေ ကြုံလာတဲ့အခါ လက်ကိုင်ပုဝါနဲ့ နှာခေါင်းကို အုပ်ထားလို့ရပါတယ်။
နောက်ဆုံးအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်အတွင်း အနံခံအာရုံပြောင်းလဲတာဟာ ပုံမှန်ဖြစ်တယ်ဆိုတာ သတိရပါ။ ဒါက စိတ်ပူစရာမလိုပါဘူး။ ကလေးမွေးပြီးနောက်မှာ ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-youaremom.

LEAVE A REPLY

Please enter your comment!
Please enter your name here