ထောပတ်သီးမှာ သန္ဓေသား ဖွံ့ဖြိုးကြီးထွားမှုအတွက် အရေးပါသော ပိုတတ်စီယမ်၊ ဖောလိတ်နှင့် အဓိကအာဟာရတွေ ပိုမိုမြင့်မားစွာ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင် အစားအစာတွေထဲမှာ ထည့်သွင်းဖို့ စိတ်ချရပါတယ်။ ထောပတ်သီးမှာ ကိုယ်ဝန်ဆောင်အတွက် ကောင်းကျိုးသက်ရောက်မှုရှိတဲ့ သတ္တုဓါတ်များ၊ ဗီတာမင်များနှင့် ကောင်းတဲ့အဆီတွေ အပြည့်အဝ ပါရှိပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ထောပတ်သီးစားတာက ဘာအကျိုးကျေးဇူးတွေ ရသလဲ?
ထောပတ်သီးစားခြင်းရဲ့ အကျိုးကျေးဇူးအမျိုးမျိုးကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။
၁။ ဖောလစ်အက်ဆစ် အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါတယ်
ဖောလစ်အက်ဆစ် ချို့တဲ့တာက ကလေးတွေမှာ ချို့ယွင်းချက်ဖြင့် မွေးဖွားမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သန္ဓေသားလေးရဲ့ ကိုယ်အင်္ဂါ ကြီးထွား ဖွံ့ဖြိုးဖို့အတွက် ဖောလစ်အက်ဆစ် အလုံအလောက် လိုအပ်ပါတယ်။ ထောပတ်သီး ခွက်တစ်ဝက်လျှင် ဖောလစ်အက်ဆစ် (5microgram)ခန့် ပေးစွမ်းပါတယ်။
၂။ သွေးအားနည်းခြင်းကို ကုသပေးပါတယ်
ကိုယ်ဝန်ဆောင်စဉ်အတွင်း သံဓါတ်ချို့တဲ့တာက ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ သွေးအားနည်းရောဂါဖြစ်ပေါ်စေနိုင်ပါတယ်။ ထောပတ်သီးမှာ ကိုယ်ဝန်ဆောင်စဉ်အတါင်း လိုအပ်တဲ့ သံဓါတ်ပမာဏ ပေါကြွယ်ဝပါတယ်။
၃။ အစာခြေစနစ်ကို အထောက်အကူပြုပါတယ်
အစာအိမ်ဝေဒနာနှင့် ဝမ်းချုပ်ခြင်းက ကိုယ်ဝန်ဆောင်စဉ်အတွင်း အဖြစ်အများဆုံး ဖြစ်ပါတယ်။ ထောပတ်သီးမှာ အမျှင်ဓါတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်နှင့် အူလမ်းကြောင်းလှုပ်ရှားမှုများကို ကူညီပေးပါတယ်။
၄။ ဗီတာမင်တွေ အပြည့်ပါဝင်ပါတယ်
ထောပတ်သီးမှာ ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင် B1, B2, B5, B6, C, E, နှင့် K တို့ပါရှိပါတယ်။
၅။ morning sickness ကိုတိုက်ဖျက်ပေးပါတယ်
မနက်ခင်းတိုင်း ပျို့အန်တာက ကိုယ်ဝန်ပထမ သုံးလမှာ အလွန်ပင်ပန်းနွမ်းနယ်စေတဲ့ ကိုယ်ဝန်ဆောင် အစောပိုင်းလက္ခဏာတွေ ဖြစ်ပါတယ်။ ထောပတ်သီးမှာ ဗီတာမင်စီ ကြွယ်ဝတာကြောင့် ဒီအခြေအနေကို သက်သာစေဖို့ အသုံးဝင်ပါတယ်။
၆။ ကိုလက်စထရောနှင့် သကြား levels ကိုထိန်းသိမ်းပေးပါတယ်
ထောပတ်သီးပုံမှန်စားသုံးခြင်းက ကိုလက်စထရောကို ထိန်းသိမ်းပေးပြီး ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ သကြား level ကိုထိန်းချုပ်ပေးပါတယ်။
၇။ ခြေထောက်ကြွက်တတ်တာကို သက်သာစေပါတယ်
ခြေထောက်ကြွက်တတ်တာက ကိုယ်ဝန်ဆောင်အတွင်းမှာ အဖြစ်များပါတယ်။ ထောပတ်သီးက ခြေထောက်ကြွက်တတ်တာကို သက်သာစေနိုင်ပါတယ်။ ထောပတ်သီးမှာ ငှက်ပျောသီးထက် ပိုတတ်စီယမ် ပိုမိုရှိပါတယ်။ ကယ်လစီယမ်နှင့်အတူ ပိုတတ်စီယမ်က ကြွက်တတ်ခြင်းကို လျှောချပေးပါတယ်။
၈။ သန္ဓေသား ဦးနှောက်ဖွံ့ဖြိုးမှုကို တိုးမြှင့်ပေးပါတယ်
ထောပတ်သီးတစ်ခွက်မှာ သန္ဓေသား၏ ဦးနှောက်နှင့် အာရုံကြောဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ကလိုရင်းပမာဏ 22mg ပါဝင်ပါတယ်။
၉။ သတ္တုဓါတ်ကြွယ်ဝပါတယ်
ထောပတ်သီးက ကိုယ်ဝန်ဆောင်စဉ်အတွင်း မရှိမဖြစ်လိုအပ်တဲ့ မန်းဂနိစ်၊ သွပ်၊ ကြေးနီ၊ ဖော့စဖောရပ်၊ မဂ္ဂနီဆီယမ်၊ ပိုတတ်စီယမ်နှင့် ကယ်စီယမ်တို့ကို ပေးစွမ်းပါတယ်။
၁၀။ အာဟာရစုပ်ယူမှုမှာ ကူညီပေးပါတယ်
ထောပတ်သီးဟာ အာဟာရများစွာ ရရှိယုံသာမက တခြားအစားအစာတွေကနေ သင့်ရဲ့ အာဟာရစုပ်ယူမှုစနစ်ကိုလည်း ကူညီပေးပါတယ်။ ဥပမာ- ထောပတ်သီးက မုန်လာဥနီ၊ အစိမ်းရောင်အရွက်များနှင့် ကန်စွန်းဥတို့ကနေ antioxidant carotenoids ကိုစုပ်ယူပေးပါတယ်။
၁၁။ ကျန်းမာသော အဆီများပြည့်ဝပါတယ်
သန္ဓေသားကြီးထွားမှုအတွက် ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ ကယ်လိုရီအပို လိုအပ်ပါတယ်။ ထောပတ်သီးမှာ မိခင်နှင့် မမွေးသေးတဲ့ ကလေးအတွက် အကျိုးရှိသော အိုမီဂါ-3နှင့် အိုမီဂါ -6 ဖက်တီးအက်ဆစ်တို့ ပါဝင်ပါတယ်။
၁၂။ ကိုယ်အလေးချိန်တိုးခြင်း အန္တရာယ်ကို လျော့နည်းစေပါတယ်
ထောပတ်သီးမှာ အမျှင်ဓါတ်မြင့်မားတာကြောင့် ဝိတ်တတ်မယ့် အခွင့်အလမ်းကို လျော့နည်းစေပါတယ်။ အမျှင်ဓါတ် ၂၅ ရာခိုင်နှုန်းနီးပါး ပါဝင်ပါတယ်။
၁၃။ ကိုယ်ဝန်ဆောင် သွေးဆိပ်တတ်ခြင်းရဲ့ အန္တရာယ်ကို လျော့နည်းစေပါတယ်
အသီးမှာ ပိုတတ်စီယမ်အဆင့် ကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင် သွေးဆိပ်တတ်မယ့် အခွင့်အလမ်းကို လျော့နည်းစေပါတယ်။ အနာဂတ်မှာ နှလုံးရောဂါဆိုင်ရာ ကိစ္စရပ်များကို အန္တရာယ်လျော့နည်းစေနိုင်ပါတယ်။
ထောပတ်သီးက အံ့သြဖွယ်အကျိုးကျေးဇူးများကို ပေးစွမ်းတာကြောင့် ဒီအသီးမှာ ပါဝင်တဲ့ အာဟာရအချက်အလက်များကို ကျိန်းသေ သိထားသင့်ပါတယ်။
ထောပတ်သီးရဲ့ အာဟာရတန်ဖိုး

USDA နှုန်းဖြင့် ထောပတ်သီးတစ်လုံးမှာ အောက်ပါအာဟာရတန်ဖိုးတွေ ပါဝင်ပါတယ်။
တစ်နေ့ကို ထောပတ်သီး ဘယ်လောက်စားသင့်သလဲ?
ထောပတ်သီးကို တစ်နေ့ တခြမ်း စားသုံးပေးတာက ပိုကောင်းပါတယ်။ ထောပတ်သီး အများကြီး စားသုံးလို့ ဘေးထွက်ဆိုးကျိုးဖြစ်တာ နည်းပေမယ့် ကန့်သတ်ပြီး စားသုံးတာက အကောင်းဆုံးဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ထောပတ်သီးရဲ့ ဘေးထွက်ဆိုးကျိုးများ
သင်ဟာ ဒီအခြေအနေမှာ ရှိနေရင် ထောပတ်သီး မစားဖို့၊ ကန့်သတ်ဖို့လိုပါတယ်။
ကိုယ်အလေးချိန် အရမ်းမတတ်အောင် ကြိုးစားနေရင် ထောပတ်သီး အများကြီးစားခြင်းကို ရှောင်ကြဉ်ပါ။
အစေးနှင့် ဓါတ်မတည့်ရင် ထောပတ်သီးကဲ့သို့သော အစားအစာများ စားသုံးခြင်းကို ကန့်သတ်ရပါမယ်။ ငှက်ပျောသီးကလည်း အစေးဓါတ်မတည့်မှုနှင့် ဆက်စပ်နေပါတယ်။
ကိုယ်ဝန်ဆောင်စဉ်အတွင်း ထောပတ်သီး စားဖို့ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ?
ထောပတ်သီးမှာ ဖောလိတ်ပါဝင်မှု မြင့်မားတာကြောင့် ကိုယ်ဝန်ဆောင် အစောပိုင်းကာလအတွင်းမှာ စားသုံးတာက အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အစောပိုင်းမှာ ဖောလိတ်အဆင့်နိမ့်တာက အာရုံကြောပြွန် ချို့ယွင်းမှုနှင့် ဆက်စပ်လျက်ရှိပါတယ်။ ဒါ့ကြောင့် တစ်နေ့ ထောပတ်သီးတစ်လုံးစားရင် သင့်ကလေးမှာ အာရုံကြောနှင့် ပတ်သတ်တဲ့ ရောဂါ မဖြစ်တော့ပါဘူး။
Lifestyle_Myanmar
LM_Nandar
Source-momjunction