ကိုယ်ဝန်ဆောင်စဉ်အတွင်း သက်တောင့်သက်သာနေဖို့အတွက် အကြံပေးချက်များ
0
11
ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ ဂရုစိုက်ရမယ့်အရာတစ်ခုက သက်တောင့်သက်သာရှိဖို့ ဖြစ်ပါတယ်။ ပထမသုံးလပတ်ကာလအတွင်းမှာ မခံနိုင်အောင်ပျို့ခြင်းနှင့် အန်ခြင်းကနေ ကျောနာခြင်းနှင့် မွေးတဲ့အထိ အိပ်မရနိုင်ခြင်းကဲ့သို့သော သက်တောင့်သက်သာမရှိခြင်းတွေက ကိုယ်ဝန်ဆောင်မိခင်ရဲ့ တကယ်ကို ခက်ခဲတဲ့ ကာလတွေပါ။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ့်ကိုယ်ကို သက်တောင့်သက်သာဖြစ်စေဖို့ အောက်ပါအခြေခံအကြံပေးချက်လေးတွေကို လိုက်နာပြီး ပျော်ရွှင်စွာ နေထိုင်လိုက်ပါ။
၁။ နံနက်ခင်းတိုင်း ပျို့အန်ချင်တာတွေကို တိုက်ဖျက်ပါ
ပျို့အန်မှုက ပထမဆုံးသုံးလပတ်ကာလ တစ်နေ့တာအတွင်းမှာသာ ဖြစ်ပေါ်တာမဟုတ်ပါဘူး။ ဒါက ဘယ်အချိန်မဆို ဖြစ်ပေါ်နိုင်ပါတယ်၊ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ဟော်မုန်း အတတ်အကျကြောင့် ဖြစ်ပါတယ်။ morning sickness ကသင့်ရဲ့ အစာစားချင်စိတ်ကို ဆုံးရှုံးစေပါတယ်။ သို့သော် သင့်ရဲ့ ဖွံဖြိုးဆဲကလေးအတွက် စားပေးရပါမယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ အာဟာရ ရရှိစေဖို့ အောက်ပါရိုးရှင်းတဲ့ အဆင့်များကို လိုက်နာပါ။
၁။ စီရီရယ်, crackers သို့မဟုတ် အရသာရှိတဲ့ပေါင်မုန့် ကဲ့သို့သော သရေစာတွေ စားပေးပါ။ အိပ်ရာမဝင်ခင်မှာ ရေတစ်ဖန်ခွက်နဲ့အတူ ဖြည်းဖြည်းနဲ့ နည်းနည်းစီ စားပေးပါ။
၂။ တစ်နေ့လုံးကို ၅ကြိမ်၊ ၆ကြိမ်လောက် မနက်စာ၊ နေ့လယ်စာနှင့် ညစာအပါအဝင် ကြားထဲမှာ သရေစာမုန့်တွေကို စားပေးပါ။
၂။ ရေဓါတ်ပြည့်ဝအောင် နေထိုင်ပါ
ဝမ်းချုပ်တာ၊ ရေဓါတ်ခန်းခြောက်တာမဖြစ်အောင် ရေဓါတ်အပြည့်အဝ ထိန်းသိမ်းတာက ကိုယ်ဝန်ဆောင်စဉ်အတွင်း အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အစပိုင်းမှာ ခက်ခဲတယ်လို့ ထင်ရပေမယ့် နောက်ပိုင်းမှာ အကျင့်ရသွားပါမယ်။ ကိုယ်ဝန်တတိယသုံးလပတ်မှာ မကြာခဏ ဆီးသွားနိုင်ပါတယ်။ ဆီးခဏခဏသွားလို့ ရေမသောက်ဘဲ မနေပါနဲ့။ ရေအလုံအလောက် သောက်ပေးရပါမယ်။ လုံလောက်တဲ့ ရေဓါတ်ကို ထိန်းသိမ်းဖို့ ကိုယ်ဝန်ဆောင် တစ်လျှောက်လုံး အောက်ပါအကြံပေးချက်တွေကို လိုက်နာပါ။
၁။ တစ်နေ့လုံး ရေ(၈)ဖန်ခွက်မှ ( ၁၀)ဖန်ခွက်အထိ သောက်ပါ။ ကိုယ် ရေဘယ်နှစ်ခွက် သောက်လိုက်လဲဆိုတာ မမှတ်မိဘူးဆိုရင် ရေဘူးနှင့် တစ်နေ့ကို အနည်းဆုံး ၃လီတာ သောက်ပေးပါ။
၂။ ကဖိန်းအချိုရည်တွေ တာရှည်ခံ သကြားအသုံးပြုထားတဲ့ အသီးဖျော်ရည်တွေ ရှောင်ပါ။
၃။ အစာနှင့်အတူ အချိုရည်၊ ဖျော်ရည်တွေကို တွဲမသောက်ပါနဲ့ ။အဲ့ဒီအစား acidity ကိုတိုက်ဖျက်ဖို့ အစာစားပြီး ကြားကာလမှာ သောက်သုံးပါ။
၄။ ရေနွေးနွေးလေးက ဝမ်းချုပ်တာတွေကို သက်သာစေနိုင်တာကြောင့် သောက်သင့်ပါတယ်၊ ဒါပေမယ့် ရေပူတော့ မသောက်ပါနဲ့။
၃။ အိပ်ရေးဝဝအိပ်ပါ
ဘေဘီလေး အပြင်ကိုရောက်မလာသေးခင်မှာ တတ်နိုင်သလောက် အိပ်ရေးဝဝအိပ်ဖို့ အကြံပေးချင်ပါတယ်။ ကလေးမွေးပြီးသွားရင် ၃လလောက်က ကောင်းကောင်းအိပ်ရမှာ မဟုတ်တာကြောင့် ဖြစ်ပါတယ်။
၁။ သင့်ခန္ဓာကိုယ်ကနေ အချက်ပြတွေကို နားထောင်ပါ။ အိပ်ချင်တယ်၊ ပင်ပန်းနွမ်းနယ်တယ်လို့ ခံစားရလျှင် တတ်နိုင်သလောက် မြန်မြန်အိပ်ပါ။
၂။ အိပ်အလုပ်တွေ၊ ရုံးအလုပ်တာဝန်တွေ လုပ်ခြင်းဖြင့် အိပ်ချင်တဲ့စိတ်ကို တွန်းလှန်ဖို့ မကြိုးစားပါနဲ့။
၃။ အိပ်ရာစောစော ဝင်သလို၊ အိပ်ရာစောစော ထတဲ့နည်းလမ်းကိုလည်း ပြုလုပ်နိုင်ပြီး နေ့လယ်ခင်း တစ်ရေးတစ်မော အိပ်ပေးနိုင်ပါတယ်။
၄။ ညဘက်မှာ အလုပ်လုပ်တာကို ရှောင်ပါ။
၄။ နောက်ကျောနာကျင်မှုနှင့် ရောင်ရမ်းခြင်းကို လျော့ပါးသက်သာစေဖို့
ကိုယ်ဝန်ဆောင်စဉ်မှာ ခန္ဓာကိုယ်အလေးချိန်ကြောင့် ခြေလက်ရောင်ရမ်းတာတွေ၊ ကျောနာတာတွေ အများစုဖြစ်နိုင်ပါတယ်။ အိပ်ချင်စိတ်မရှိတဲ့အခါ၊ ထမင်းအများကြီးစားမိတဲ့အခါ သင့်ခန္ဓာကိုယ်ကို ဒီလိုအနားပေးပါ
၁။ အိပ်ရာပေါ်မှာ သို့မဟုတ် ဆိုဖာပေါ်မှာ ၂မိနစ်လောက် ခြေထောက်တွေကို ဆင်းထားပြီး ထိုင်ပါ။
၂။ ခြေထောက်နင့် နောက်ကျောပေါ်မှာ ဖိအားများလွန်းနိုင်တာကြောင့် ကြာကြာမတ်တပ်ရပ်တာ ရှောင်ပါ။
၃။ တတ်နိုင်သလောက် ဒေါက်မြင့်ဖိနပ်နှင့် ဖိနပ်အမြင့်တွေ စီးတာရှောင်ပါ။
၄။ နောက်ကျောအတွက် လုံလောက်တဲ့ ထောက်ပံ့မှုပေးသော မွေ့ရာကောင်းကောင်းနှင့် အိပ်ပါ။ သက်တောင့်သက်သာဖြစ်စေဖို့ ခေါင်းအုံးတွေသုံးပါ။ ဘေးစောင်းအိပ်ပါ။
၅။ ကြမ်းပြင်ပေါ်က တစ်ခုခုကောက်ယူတော့မယ်ဆိုရင် ခါးကုန်းပြီး ကောက်ယူတာ ရှောင်ကြဉ့်ပါ။ အဲ့ဒီအစား ဖြည်းဖြည်းချင်း ဒူးကွေးပြီး ကောက်ယူပါ။
ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ လူနေမှုပုံစံ သေးသေးလေးကအစ ပြောင်းလဲပေးမှသာလျှင် ကိုယ်ဝန်ဆောင်နှင့် ဆက်စပ်နေတဲ့ အဆင်မပြေမှုတွေကို ဖြေလျှော့နိုင်ပါလိမ့်မယ်။ ဒီအကြံပြုချက်များက သင့်ကို အထောက်အကူပြုမယ်လို့ မျှော်လင့်မိပါတယ်။
Chit_MayMay
LM_Nandar
Source-momjunction
ZawGyi
၃။ အိပ်ရေးဝဝအိပ်ပါ
Chit_MayMay
LM_Nandar
Source-momjunction
LEAVE A REPLY
Please enter your comment!
Please enter your name here