ကိုယ်ဝန်ဆောင်စဉ်အတွင်း အိပ်စက်ခြင်းနှင့်ပတ်သတ်တဲ့ အရေးကြီးအရာ ၇ခု

0
445
- Advertisement -

အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ရှိလာတဲ့အခါ သူမခန္ဓာကိုယ်မှာ ကြီးမားတဲ့အပြောင်းအလဲများ တွေ့ကြုံရပါတယ်။ မတ်တပ်ရပ်တဲ့အခါ၊ ထိုင်တဲ့အခါ အဆင်မပြေမှုကို ခံစားရနိုင်ပြီး အထူးသဖြင့် အိပ်စက်တဲ့အခါမှာ အခက်အခဲဖြစ်ရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကိုယ်ဝန်ရှိတဲ့ ၃လမှာ ပထမဆုံး အိပ်စက်ခြင်းနှင့်အတူ ပြဿနာများကို စတင်တွေ့ကြုံရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် (Third trimester) နောက်ဆုံးသုံးလပတ်အထိ သူမဝမ်းဗိုက်က ကြီးမားစွာ တိုးလာတာနှင့်အမျှ နောက်ကျောနာကျင်မှု၊ မကြာခဏ ဆီးသွားခြင်းနှင့် အသက်ရှုမဝခြင်းကဲ့သို့သော ပြဿနာများကို တွေ့ကြုံရပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ညဘက်အိပ်စက်တဲ့အခါ ဒီအကြံပြုချက် ၇ခုကို လိုက်နာဖို့ လိုအပ်ပါတယ်။


– ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အိပ်တဲ့အခါ အကောင်းဆုံးအနေအထားကတော့ ဘယ်ဘက်ခြမ်းကို စောင်းအိပ်ခြင်းဖြစ်ပါတယ်။

– ကိုယ်ဝန်ဆောင်အမျိုးသမီးတွေသည် မှောက်ခုံအိပ်ခြင်း၊ ပက်လက်အိပ်ခြင်းကို ရှောင်ကြဉ်ရပါမယ်။

- Advertisement -

– ပက်လက်အိပ်တဲ့အခါ သက်တောင့်သက်သာဖြစ်တဲ့အနေအထားနဲ့ အိပ်စက်ပါ။
– အိပ်တဲ့အခါ သင့်လျော်သော အနေအထားအတွက် ကိုယ်ဝန်ဆောင်ခေါင်းအုံးကို ဦးစားပေးအသုံးပြုပါ။
– အိပ်ရာမဝင်ခင် အနည်းဆုံးနှစ်နာရီ ရေမသောက်ပါနဲ့။
– ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် သူတို့အိပ်စက်တဲ့အနေအထားမှာ အပြောင်းအလဲအတော်များများကို ပြုလုပ်သင့်ပါတယ်။
– ချည်သားဖြင့်ပြုလုပ်ထားတဲ့ ခပ်ပွပွ ညဝတ်အကျီ ၤ၊ဘောင်းဘီများကို ဝတ်ဆင်သင့်ပါတယ်။
– ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အရေးအပါဆုံးက စိုးရိမ်စိတ်များအားလုံးကို မေ့လျော့ထားပြီး အနားယူဖို့ ကြိုးစားရန် ဖြစ်ပါတယ်။ ဒါမှသာလျှင် ညဘက်အိပ်စက်တဲ့အခါ ငြိမ်းငြိမ်းချမ်းချမ်းနှင့် နှစ်ခြိုက်စွာ အိပ်ပျော်စေမှာပါ။

Lifestyle_Myanmar

LM_Nandar

Zawgyi Font

ကိုယ္၀န္ေဆာင္စဥ္အတြင္း အိပ္စက္ျခင္းႏွင့္ပတ္သတ္တဲ့ အေရးႀကီးအရာ ၇ခု

အမ်ိဳးသမီးတစ္ေယာက္ဟာ ကိုယ္၀န္ရွိလာတဲ့အခါ သူမခႏၶာကုိယ္မွာ ႀကီးမားတဲ့အေျပာင္းအလဲမ်ား ေတြ႕ႀကံဳရပါတယ္။ မတ္တပ္ရပ္တဲ့အခါ၊ ထိုင္တဲ့အခါ အဆင္မေျပမႈကို ခံစားရႏိုင္ၿပီး အထူးသျဖင့္ အိပ္စက္တဲ့အခါမွာ အခက္အခဲျဖစ္ရပါတယ္။ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးေတြဟာ ကိုယ္၀န္ရွိတဲ့ ၃လမွာ ပထမဆံုး အိပ္စက္ျခင္းႏွင့္အတူ ျပႆနာမ်ားကို စတင္ေတြ႕ႀကံဳရပါတယ္။ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးမ်ားသည္ (Third trimester) ေနာက္ဆံုးသံုးလပတ္အထိ သူမ၀မ္းဗိုက္က ႀကီးမားစြာ တုိးလာတာႏွင့္အမွ် ေနာက္ေက်ာနာက်င္မႈ၊ မၾကာခဏ ဆီးသြားျခင္းႏွင့္ အသက္ရႈမ၀ျခင္းကဲ့သို႔ေသာ ျပႆနာမ်ားကို ေတြ႕ႀကံဳရပါတယ္။
ကိုယ္၀န္ေဆာင္အမ်ိဳးသမီးမ်ားသည္ ညဘက္အိပ္စက္တဲ့အခါ ဒီအႀကံျပဳခ်က္ ၇ခုကို လိုက္နာဖို႔ လိုိအပ္ပါတယ္။
– ကိုယ္၀န္ေဆာင္အမ်ိဳးသမီးမ်ားအတြက္ အိပ္တဲ့အခါ အေကာင္းဆံုးအေနအထားကေတာ့ ဘယ္ဘက္ျခမ္းကို ေစာင္းအိပ္ျခင္းျဖစ္ပါတယ္။

– ကိုယ္၀န္ေဆာင္အမ်ိဳးသမီးေတြသည္ ေမွာက္ခံုအိပ္ျခင္း၊ ပက္လက္အိပ္ျခင္းကို ေရွာင္ၾကဥ္ရပါမယ္။

– ပက္လက္အိပ္တဲ့အခါ သက္ေတာင့္သက္သာျဖစ္တဲ့အေနအထားနဲ႔ အိပ္စက္ပါ။
– အိပ္တဲ့အခါ သင့္ေလ်ာ္ေသာ အေနအထားအတြက္ ကိုယ္၀န္ေဆာင္ေခါင္းအံုးကို ဦးစားေပးအသံုးျပဳပါ။
– အိပ္ရာမ၀င္ခင္ အနညး္ဆံုးႏွစ္နာရီ ေရမေသာက္ပါနဲ႔။
– ကိုယ္၀န္ေဆာင္အမ်ိဳးသမီးမ်ားသည္ သူတို႔အိပ္စက္တဲ့အေနအထားမွာ အေျပာင္းအလဲအေတာ္မ်ားမ်ားကို ျပဳလုပ္သင့္ပါတယ္။
– ခ်ည္သားျဖင့္ျပဳလုပ္ထားတဲ့ ခပ္ပြပြ ည၀တ္အက်ီ ၤ၊ေဘာင္းဘီမ်ားကို ၀တ္ဆင္သင့္ပါတယ္။
– ကိုယ္၀န္ေဆာင္အမ်ိဳးသမီးမ်ားအတြက္ အေရးအပါဆံုးက စိုးရိမ္စိတ္မ်ားအားလံုးကို ေမ့ေလ်ာ့ထားၿပီး အနားယူဖို႔ ႀကိဳးစားရန္ ျဖစ္ပါတယ္။ ဒါမွသာလွ်င္ ညဘက္အိပ္စက္တဲ့အခါ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းႏွင့္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစမွာပါ။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here