ကိုယ်ဝန်ဆောင်စဉ်အတွင်း မာလကာသီးစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

0
1593
- Advertisement -

မာလကာသီးမှာ ဗီတာမင်စီ၊ ဗီတာမင် အေ၊ သံဓါတ်၊ ပိုတတ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်တို့ပါဝင်ပြီး ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရရှိစေပါတယ်။ မာလကာသီးက ကိုယ်ဝန်ဆောင်တွေအတွက် အန္တရာယ်ကင်းတဲ့ အစားအစာများထဲမှာ ပါဝင်ပါတယ်။ မာလကာသီးက အာဟာရကြွယ်ဝတဲ့အပြင် ကျန်းမာရေး အကျိုးကျေးဇူး အတော်များများကို ပေးစွမ်းပါတယ်။ ဒါပေမယ့် တခြား ကျန်းမာရေးနှင့်ပတ်သတ်တဲ့ အန္တရာယ်များကို ရှောင်ရှားဖို့ မာလကာသီးအမှည့်နှင့် အခွံခွာထားတဲ့အသီးကိုသာ စားသုံးဖို့ အကြံပြုလိုပါတယ်။ စားသုံးတဲ့အခါမှာလည်း အများကြီးမစားဘဲ အနည်းငယ်သာစားဖို့လိုပါတယ်။

ကိုယ်ဝန်ဆောင်စဥ်အတွင်း မာလကာသီးစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကတော့

၁။ ကိုယ်ခံစွမ်းအားစနစ်ကို ပိုကောင်းစေပါတယ်

- Advertisement -

မာလကာသီးမှာ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေတဲ့ ဗီတာမင်စီ ကြွယ်ဝပါတယ်။ ခန္ဓာကိုယ်ကို ရောဂါအမျိုးမျိုးကနေ ကာကွယ်ပေးပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားနှင့် ဇီဝကမ္မဖြစ်စဥ်ကို တိုးပွားစေပါတယ်။

၂။ သွေးတိုးကို ကျစေနိုင်ပါတယ်

မာလကာသီးမှာပါဝင်တဲ့ ပိုတတ်စီယမ်နဲ့ အင်တီအောက်ဆီဒင်က သွေးဖိအားကို ကျစေတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ရှိိပါတယ်၊ကိုယ်ဝန်ဆောင်စဥ်အတွင်းမှာ သွေးတိုးတာတွေ ဖြစ်ပေါ်နိုင်ပါတယ်၊ မာလကာသီးက သွေးတိုးကို ထိန်းညှိပေးနိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်းနှင့် လမစေ့ခင်ကလေးမွေးဖွားခြင်း အန္တရာယ်များကို ရှောင်ရှားနိုင်ပါတယ်။

၃။ သွေးတွင်းသကြားဓါတ်အဆင့်ကို ထိန်းညှိပေးပါတယ်

ကိုယ်ဝန်ဆီးချိုရောဂါဟာ အထူးသဖြင့် ကိုယ်ဝန် ၂၄ပတ်မှာ အဖြစ်များပါတယ်။ မာလကာသီးစားသုံးခြင်းက သွေးတွင်းသကြားအဆင့်ကို ထိန်းချုပ်ပေးပြီး ကိုယ်ဝန်ဆီးချိုရောဂါမဖြစ်အောင် စောင့်ရှောက်ပေးပါတယ်။

၄။ ဝမ်းချုပ်ခြင်းနှင့် လိပ်ခေါင်းကို တားဆီးပေးပါတယ်

ဝမ်းချုပ်ခြင်းနှင့် လိပ်ခေါင်းရောဂါဟာ ဟော်မုန်းနှေးကွေးမှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး အများစု ရင်ဆိုင်ရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ မာလကာသီးမှာ အမျှင်ဓါတ်ကြွယ်ဝတာကြောင့် ဒီအခြေအနေများကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ အစာခြေစနစ်ကို တိုးတတ်စေပါတယ်

ကိုယ်ဝန်ဆောင်စဥ်အတွင်း မာလကာသီး စားသုံးခြင်းက အစာခြေစနစ်ကို ကျန်းမာစွာ ထိန်းသိမ်းဖို့ ကူညီပေးပါတယ်။ ရင်ပူတာ၊ ပျို့တာ စတဲ့ အစာခြေပြဿနာများကို ကာကွယ်ပေးပါတယ်။

၆။ ကင်ဆာအန္တရာယ်ကို လျော့နည်းစေပါတယ်

ကင်ဆာဟာ ၁၀၀၀မှာ ၁ယောက်ဖြစ်ပွားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ဖြစ်ခဲပါတယ်၊ သို့သော် ကာကွယ်ခြင်း ကုသခြင်းထက် ပိုကောင်းပါတယ်၊ မာလကာသီးမှာ ကင်ဆာကိုဆန့်ကျင်တိုက်ဖျက်ပေးတဲ့ အင်တီအောက်ဆီဒင့်များ ပါဝင်ပါတယ်။ မာလကာသီးမှာ ခန္ဓာကိုယ်ကနေ အဆိပ်အတောက်များကို ဖယ်ရှားနိုင်တဲ့ lycopene နှင့် ဗီတာမင်စီလည်း ကြွယ်ဝပါတယ်။

၇။ အမြင်အာရုံကို တိုးတတ်ကောင်းမွန်စေပါတယ်

မာလကာသီးမှာ ဗီတာမင် အေ ကြွယ်ဝပြီး မျက်စိကွယ်ခြင်းမှ တားဆီးပေးပါတယ်။ မိခင်နှင့် သန္ဓေသားရဲ့ အမြင်အာရုံကို ပိုမိုကောင်းမွန်စေပါတယ်။

၈။ ကလေးတွေမှာ အာရုံကြောစနစ်ကို ကောင်းစေပါတယ်

မာလကာသီးက ကလေးတွေမှာ ဦးနှောက်နှင့် အာရုံကြောစနစ်ကို ဖွံ့ဖြိုးစေဖို့အကူအညီပေးတဲ့ ဗီတာမင် B9 နှင့် ဖောလစ်အက်ဆစ်တို့ ပါဝင်ပါတယ်။

၉။ ပိုးမွှားများနှင့် ရောဂါကူးစက်မှုကို တိုက်ဖျက်ပေးပါတယ်

မာလကာသီးမှာ အင်တီအောက်ဆီဒင့် ဂုဏ်သတ္တိတွေဖြစ်တဲ့ ဗီတာမင် C ,E, carotenoids, isoflavonoids, နှင့် polyphenols တို့ကြွယ်ဝပါတယ်။ သူတို့က ပိုးမွှားများနှင့် ရောဂါပိုးကူးစက်မှုကို တိုက်ဖျက်ပေးပြီး နေမကောင်းမှုဖြစ်စေတဲ့ အခွင့်အလမ်းကို လျှော့ချပေးပါတယ်။

၁၀။ စိတ်ကိုတည်ငြိမ်စေပါတယ်

ကိုယ်ဝန်ဆောင်စဥ်အတွင်း စိတ်ဖိစီးမှုက သင့်ရဲ့အခြေအနေကို ဆိုးရွားစွာသက်ရောက်စေနိုင်တဲ့ ကော်တီဆုန်တွေ ထုတ်လွှတ်ပါတယ်။ မာလကာသီးမှာ အာရုံကြောနှင့် ကြွက်သားများကို ပြေလျော့စေတဲ့ မဂ္ဂနီဆီယမ်အရင်းအမြစ်ကြွယ်ဝပါတယ်။ စိတ်ဖိစီးမှုကို သက်သာစေပါတယ်။

၁၁။ သွေးတွင်း ကိုလက်စထရောကို ထိန်းချုပ်ပေးပါတယ်

မာလကာသီးမှာပါဝင်တဲ့ အမျှင်ဓါတ်က သင့်နှလုံးအတွက် ကောင်းမွန်စေပါတယ်။ ၎င်းက နှလုံးသွေးကြောဆိုင်ရာရောဂါများကို ဖြစ်စေတဲ့ သွေးတွင်း ကိုလက်စထရောအဆင့်ကို ထိန်းချုပ်ပေးပါတယ်။

၁၂။ သွေးအားနည်းခြင်းကို ကုသပေးပါတယ်

ကိုယ်ဝန်ဆောင်စဥ်အတွင်းမှာ သံဓါတ်လိုအပ်ချက်ကို တိုးပွားစေပါတယ်၊ မာလကာသီးမှာ ဟေမိုဂလိုဘင်အဆင့်ကို ထိန်းသိမ်းပေးတဲ့ မရှိမဖြစ်လိုအပ်သော သံဓါတ်ပါဝင်မှု ရှိပါတယ်။

ကိုယ်ဝန်ဆောင်စဥ်အတွင်း မာလကာသီးစားခြင်းရဲ့ အန္တရာယ်များ

မာလကာသီးမှာ ကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ မာလကာသီးစားခြင်းကြောင့် တခြားဆိုးကျိုးလေးတွေ ဖြစ်ပေါ်နိုင်ပါတယ်။
မာလကာသီးက အမျှင်ဓါတ်ကြွယ်ဝာာကြောင့် ပိုစားလျှင် ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်ပါတယ်။
သွားပြဿနာတွေ၊ သွားကိုက်တာတွေ ဖြစ်စေတာကြောင့် ကိုယ်ဝန်ဆောင်စဥ်အတ္ငင်း မမှည့်သေးတဲ့ မာလကာသီးကို စားသုံးခြင်းမှ ရှောင်ကြဉ်ရပါမယ်။
မဆေးကြောထားတဲ့၊ အခွံမခွာထားတဲ့ မာလကာသီးမှာ ရောဂါပိုးတွေ ပါလာနိုင်တာကြောင့် သန့်စင်စွာဆေးကြောပြီးမှ စားသုံးရပါမယ်။
မာလကာသီးကို ဂရုတစိုက်စားမယ်ဆိုရင် ဒီအန္တရာယ်များကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် မာလကာသီးစားတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေမဖြစ်အောင် ရှောင်ရှားနိုင်ဖို့ အကြံပြုချက်တစ်ချို့ကိုမျှဝေပေးလိုက်ပါတယ်။
မာလကာအူဖြူသီးဟာ မာလကာ အူနီသီးထက်အာဟာရတွေ များစွာ ပါဝင်ပါတယ်။ မာလကာသီးကို မနက်စာစားပြီး စားပေးနိုင်သလို ညနေခင်းသရေစာအဖြစ် စားပေးနိုင်ပါတယ်။ မာလကာသီးနှင့် မတည့်လျှင် နာနတ်သီး၊ စတော်ဘယ်ရီသီးတွေနှင့် အစားထိုးစားသုံးလို့ရပါတယ်။
ကိုယ်ဝန်ဆောင်စဥ်အတွင်း မာလကာသီးကို စားတဲ့အခါ အန္တရာယ်ကင်းအောင် အကန့်အသတ်ဖြင့်သာစားပါ။

Chit_MayMay

LM_Nandar

ZawGyi

ကိုယ္ဝန္ေဆာင္စဥ္အတြင္း မာလကာသီးစားျခင္းရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား
မာလကာသီးမွာ ဗီတာမင္စီ၊ ဗီတာမင္ ေအ၊ သံဓါတ္၊ ပိုတတ္စီယမ္၊ မဂၢနီဆီယမ္၊ ကယ္လ္စီယမ္တို႔ပါဝင္ၿပီး က်န္းမာေရးအတြက္ ေကာင္းက်ိဳးမ်ားစြာ ရရွိေစပါတယ္။ မာလကာသီးက ကိုယ္ဝန္ေဆာင္ေတြအတြက္ အႏၲရာယ္ကင္းတဲ့ အစားအစာမ်ားထဲမွာ ပါဝင္ပါတယ္။ မာလကာသီးက အာဟာရႂကြယ္ဝတဲ့အျပင္ က်န္းမာေရး အက်ိဳးေက်းဇူး အေတာ္မ်ားမ်ားကို ေပးစြမ္းပါတယ္။ ဒါေပမယ့္ တျခား က်န္းမာေရးႏွင့္ပတ္သတ္တဲ့ အႏၲရာယ္မ်ားကို ေရွာင္ရွားဖို႔ မာလကာသီးအမွည့္ႏွင့္ အခြံခြာထားတဲ့အသီးကိုသာ စားသုံးဖို႔ အႀကံျပဳလိုပါတယ္။ စားသုံးတဲ့အခါမွာလည္း အမ်ားႀကီးမစားဘဲ အနည္းငယ္သာစားဖို႔လိုပါတယ္။

ကိုယ္ဝန္ေဆာင္စဥ္အတြင္း မာလကာသီးစားျခင္းရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားကေတာ့

၁။ ကိုယ္ခံစြမ္းအားစနစ္ကို ပိုေကာင္းေစပါတယ္

မာလကာသီးမွာ ကိုယ္ခံစြမ္းအားစနစ္ကို အားေကာင္းေစတဲ့ ဗီတာမင္စီ ႂကြယ္ဝပါတယ္။ ခႏၶာကိုယ္ကို ေရာဂါအမ်ိဳးမ်ိဳးကေန ကာကြယ္ေပးၿပီး ခႏၶာကိုယ္ရဲ႕ ကိုယ္ခံစြမ္းအားႏွင့္ ဇီဝကမၼျဖစ္စဥ္ကို တိုးပြားေစပါတယ္။

၂။ ေသြးတိုးကို က်ေစႏိုင္ပါတယ္

မာလကာသီးမွာပါဝင္တဲ့ ပိုတတ္စီယမ္နဲ႔ အင္တီေအာက္ဆီဒင္က ေသြးဖိအားကို က်ေစတဲ့ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား ရွိိပါတယ္၊ကိုယ္ဝန္ေဆာင္စဥ္အတြင္းမွာ ေသြးတိုးတာေတြ ျဖစ္ေပၚႏိုင္ပါတယ္၊ မာလကာသီးက ေသြးတိုးကို ထိန္းညႇိေပးႏိုင္ၿပီး ကိုယ္ဝန္ပ်က္က်ျခင္းႏွင့္ လမေစ့ခင္ကေလးေမြးဖြားျခင္း အႏၲရာယ္မ်ားကို ေရွာင္ရွားႏိုင္ပါတယ္။

၃။ ေသြးတြင္းသၾကားဓါတ္အဆင့္ကို ထိန္းညႇိေပးပါတယ္

ကိုယ္ဝန္ဆီးခ်ိဳေရာဂါဟာ အထူးသျဖင့္ ကိုယ္ဝန္ ၂၄ပတ္မွာ အျဖစ္မ်ားပါတယ္။ မာလကာသီးစားသုံးျခင္းက ေသြးတြင္းသၾကားအဆင့္ကို ထိန္းခ်ဳပ္ေပးၿပီး ကိုယ္ဝန္ဆီးခ်ိဳေရာဂါမျဖစ္ေအာင္ ေစာင့္ေရွာက္ေပးပါတယ္။

၄။ ဝမ္းခ်ဳပ္ျခင္းႏွင့္ လိပ္ေခါင္းကို တားဆီးေပးပါတယ္

ဝမ္းခ်ဳပ္ျခင္းႏွင့္ လိပ္ေခါင္းေရာဂါဟာ ေဟာ္မုန္းေႏွးေကြးမႈေၾကာင့္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး အမ်ားစု ရင္ဆိုင္ရတဲ့ ျပႆနာတစ္ခုျဖစ္ပါတယ္။ မာလကာသီးမွာ အမွ်င္ဓါတ္ႂကြယ္ဝတာေၾကာင့္ ဒီအေျခအေနမ်ားကို ကာကြယ္ေပးႏိုင္ပါတယ္။

၅။ အစာေျခစနစ္ကို တိုးတတ္ေစပါတယ္

ကိုယ္ဝန္ေဆာင္စဥ္အတြင္း မာလကာသီး စားသုံးျခင္းက အစာေျခစနစ္ကို က်န္းမာစြာ ထိန္းသိမ္းဖို႔ ကူညီေပးပါတယ္။ ရင္ပူတာ၊ ပ်ိဳ႕တာ စတဲ့ အစာေျချပႆနာမ်ားကို ကာကြယ္ေပးပါတယ္။

၆။ ကင္ဆာအႏၲရာယ္ကို ေလ်ာ့နည္းေစပါတယ္

ကင္ဆာဟာ ၁၀၀၀မွာ ၁ေယာက္ျဖစ္ပြားၿပီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြမွာ ျဖစ္ခဲပါတယ္၊ သို႔ေသာ္ ကာကြယ္ျခင္း ကုသျခင္းထက္ ပိုေကာင္းပါတယ္၊ မာလကာသီးမွာ ကင္ဆာကိုဆန္႔က်င္တိုက္ဖ်က္ေပးတဲ့ အင္တီေအာက္ဆီဒင့္မ်ား ပါဝင္ပါတယ္။ မာလကာသီးမွာ ခႏၶာကိုယ္ကေန အဆိပ္အေတာက္မ်ားကို ဖယ္ရွားႏိုင္တဲ့ lycopene ႏွင့္ ဗီတာမင္စီလည္း ႂကြယ္ဝပါတယ္။

၇။ အျမင္အာ႐ုံကို တိုးတတ္ေကာင္းမြန္ေစပါတယ္

မာလကာသီးမွာ ဗီတာမင္ ေအ ႂကြယ္ဝၿပီး မ်က္စိကြယ္ျခင္းမွ တားဆီးေပးပါတယ္။ မိခင္ႏွင့္ သေႏၶသားရဲ႕ အျမင္အာ႐ုံကို ပိုမိုေကာင္းမြန္ေစပါတယ္။

၈။ ကေလးေတြမွာ အာ႐ုံေၾကာစနစ္ကို ေကာင္းေစပါတယ္

မာလကာသီးက ကေလးေတြမွာ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာစနစ္ကို ဖြံ႕ၿဖိဳးေစဖို႔အကူအညီေပးတဲ့ ဗီတာမင္ B9 ႏွင့္ ေဖာလစ္အက္ဆစ္တို႔ ပါဝင္ပါတယ္။

၉။ ပိုးမႊားမ်ားႏွင့္ ေရာဂါကူးစက္မႈကို တိုက္ဖ်က္ေပးပါတယ္

မာလကာသီးမွာ အင္တီေအာက္ဆီဒင့္ ဂုဏ္သတၱိေတြျဖစ္တဲ့ ဗီတာမင္ C ,E, carotenoids, isoflavonoids, ႏွင့္ polyphenols တို႔ႂကြယ္ဝပါတယ္။ သူတို႔က ပိုးမႊားမ်ားႏွင့္ ေရာဂါပိုးကူးစက္မႈကို တိုက္ဖ်က္ေပးၿပီး ေနမေကာင္းမႈျဖစ္ေစတဲ့ အခြင့္အလမ္းကို ေလွ်ာ့ခ်ေပးပါတယ္။

၁၀။ စိတ္ကိုတည္ၿငိမ္ေစပါတယ္

ကိုယ္ဝန္ေဆာင္စဥ္အတြင္း စိတ္ဖိစီးမႈက သင့္ရဲ႕အေျခအေနကို ဆိုး႐ြားစြာသက္ေရာက္ေစႏိုင္တဲ့ ေကာ္တီဆုန္ေတြ ထုတ္လႊတ္ပါတယ္။ မာလကာသီးမွာ အာ႐ုံေၾကာႏွင့္ ႂကြက္သားမ်ားကို ေျပေလ်ာ့ေစတဲ့ မဂၢနီဆီယမ္အရင္းအျမစ္ႂကြယ္ဝပါတယ္။ စိတ္ဖိစီးမႈကို သက္သာေစပါတယ္။

၁၁။ ေသြးတြင္း ကိုလက္စထေရာကို ထိန္းခ်ဳပ္ေပးပါတယ္

မာလကာသီးမွာပါဝင္တဲ့ အမွ်င္ဓါတ္က သင့္ႏွလုံးအတြက္ ေကာင္းမြန္ေစပါတယ္။ ၎က ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါမ်ားကို ျဖစ္ေစတဲ့ ေသြးတြင္း ကိုလက္စထေရာအဆင့္ကို ထိန္းခ်ဳပ္ေပးပါတယ္။

၁၂။ ေသြးအားနည္းျခင္းကို ကုသေပးပါတယ္

ကိုယ္ဝန္ေဆာင္စဥ္အတြင္းမွာ သံဓါတ္လိုအပ္ခ်က္ကို တိုးပြားေစပါတယ္၊ မာလကာသီးမွာ ေဟမိုဂလိုဘင္အဆင့္ကို ထိန္းသိမ္းေပးတဲ့ မရွိမျဖစ္လိုအပ္ေသာ သံဓါတ္ပါဝင္မႈ ရွိပါတယ္။

ကိုယ္ဝန္ေဆာင္စဥ္အတြင္း မာလကာသီးစားျခင္းရဲ႕ အႏၲရာယ္မ်ား

မာလကာသီးမွာ ေကာင္းက်ိဳးရွိသလို ဆိုးက်ိဳးေတြလည္း ရွိပါတယ္။ မာလကာသီးစားျခင္းေၾကာင့္ တျခားဆိုးက်ိဳးေလးေတြ ျဖစ္ေပၚႏိုင္ပါတယ္။
မာလကာသီးက အမွ်င္ဓါတ္ႂကြယ္ဝာာေၾကာင့္ ပိုစားလွ်င္ ဝမ္းေလွ်ာျခင္းကို ျဖစ္ေစႏိုင္ပါတယ္။
သြားျပႆနာေတြ၊ သြားကိုက္တာေတြ ျဖစ္ေစတာေၾကာင့္ ကိုယ္ဝန္ေဆာင္စဥ္အတ္ငင္း မမွည့္ေသးတဲ့ မာလကာသီးကို စားသုံးျခင္းမွ ေရွာင္ၾကဥ္ရပါမယ္။
မေဆးေၾကာထားတဲ့၊ အခြံမခြာထားတဲ့ မာလကာသီးမွာ ေရာဂါပိုးေတြ ပါလာႏိုင္တာေၾကာင့္ သန္႔စင္စြာေဆးေၾကာၿပီးမွ စားသုံးရပါမယ္။
မာလကာသီးကို ဂ႐ုတစိုက္စားမယ္ဆိုရင္ ဒီအႏၲရာယ္မ်ားကို ေရွာင္ရွားႏိုင္မွာ ျဖစ္ပါတယ္။
ဒါ့ေၾကာင့္ မာလကာသီးစားတဲ့အခါ ေဘးထြက္ဆိုးက်ိဳးေတြမျဖစ္ေအာင္ ေရွာင္ရွားႏိုင္ဖို႔ အႀကံျပဳခ်က္တစ္ခ်ိဳ႕ကိုမွ်ေဝေပးလိုက္ပါတယ္။
မာလကာအူျဖဴသီးဟာ မာလကာ အူနီသီးထက္အာဟာရေတြ မ်ားစြာ ပါဝင္ပါတယ္။ မာလကာသီးကို မနက္စာစားၿပီး စားေပးႏိုင္သလို ညေနခင္းသေရစာအျဖစ္ စားေပးႏိုင္ပါတယ္။ မာလကာသီးႏွင့္ မတည့္လွ်င္ နာနတ္သီး၊ စေတာ္ဘယ္ရီသီးေတြႏွင့္ အစားထိုးစားသုံးလို႔ရပါတယ္။
ကိုယ္ဝန္ေဆာင္စဥ္အတြင္း မာလကာသီးကို စားတဲ့အခါ အႏၲရာယ္ကင္းေအာင္ အကန္႔အသတ္ျဖင့္သာစားပါ။

Chit_MayMay

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here