ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်နှင့် သန္ဓေသားအပေါ် ကဖိန်းဓါတ်ရဲ့ သက်ရောက်မှုများ

0
11

ကဖိန်းဓါတ်ဟာ ကျွန်မတို့လူ့အဖွဲ့အစည်းမှာ တော်တော်လေးစားသုံးလေ့ရှိတဲ့ အရာဝတ္တုတစ်ခုဖြစ်ပါတယ်။ ဥပမာ- ကဖိန်းဟာ ကော်ဖီမှာလိုပဲ ချောကလက်၊ အချိုရည်များနှင့် လက်ဖက်ရည်တွေမှာ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ ကဖိန်းဓါတ် စားသုံးသင့်/မသုံးသင့်ဆိုတာ အငြင်းပွားဖွယ်ရာ ခေါင်းစဉ်တစ်ခု ဖြစ်လာပါတယ်။ ဒါ့ကြောင့်ယနေ့ မှာ ဒီပြဿနာကို နက်ရှိုင်းစွာ အဖြေရှာရင်း ကိုယ်ဝန်ဆောင်စဉ် ကဖိန်းဓါတ် စားသုံးခြင်းကို မျှဝေပေးသွားပါမယ်။

ကဖိန်းဆိုတာ ဘာလဲ?

ကဖိန်းဓါတ်ဆိုတာ ဓါတုဗေဒအားဖြင့် methylxanthine အုပ်စုကို ပိုင်ဆိုင်ထားတဲ့ အယ်ကာလိုက်တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ ကဖိန်းဓါတ်ဟာ စိတ်လှုံ့ဆော်မှု တစ်ခုအဖြစ် ဦးနှောက်ဗဟို အာရုံကြောစနစ်မှာ ဆောင်ရွက်ပါတယ်။
ကဖိန်းဓါတ် ဟာ adenosine receptors တွေဖြစ်တဲ့ A1, A2A ရဲ့ ရန်ဖက်တွေ ဖြစ်ပါတယ်။ ဒီ receptors တွေက neurotransmitters အများအပြား ထုတ်လွင့်တာကို ဟန့်တားဖို့အတွက် တာဝန်ယူရပါတယ်။ ဒါ့ကြောင့် ကဖိန်းရဲ့ သက်ရောက်မှုက ဒီတူညီတဲ့ transmitters တွေကို ထုတ်လွှတ်ပေးဖို့ ဖြစ်ပါတယ်။

ကဖိန်းရဲ့ ဂုဏ်သတ္တိတွေက ဘာတွေလဲ?

ကဖိန်းဓါတ်ဟာ ကျွန်တော်တို့ရဲ့ ဗဟိုအာရုံကြောစနစ်အတွက် စိတ်ကိုလှုံဆော်ပေးပြီး စိတ်တတ်ကြွစေတဲ့ အရာဝတ္တုဖြစ်ပါတယ်။ ကဖိန်းဓါတ်ဟာ တတ်ကြွအောင်လှုံဆော်ပေးတဲ့ ဂုဏ်သတ္တိတွေရှိတာကြောင့် မူးယစ်ဆေးတစ်ခုဆိုလည်း မမှားပါဘူး၊ ကဖိန်းဓါတ်ဟာ အောက်ဖော်ပြပါ အပါအဝင် ကျွန်တော်တို့ခန္ဓာကိုယ်ပေါ်မှာ တခြားသက်ရောက်မှုတွေ ရှိပါတယ်။

ကဖိန်းဟာ အင်တီအောက်ဆီဒင့်တစ်ခုဖြစ်ပြီး free radicals တွေကို တိုက်ခိုက်ပေးပါတယ်၊
သွေးလွှတ်ကြောဖိအားကို တိုးပွားစေပါတယ်။
နှလုံးခုန်နှုန်းကို တိုးစေပါတယ်။
ဆီးသွားစေတဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။
သွေးလည်ပတ်မှုကို မြင့်တတ်စေပါတယ်။
ရေဓါတ်ခန်းခြောက်မှုအဆင့်ကို ထုတ်လုပ်နိုင်ပါတယ်။
ခေါင်းကိုက်မှုကို ဖြစ်စေနိုင်ပါတယ်၊
အသက်ရှုလမ်းကြောင်းဆိုင်ရာ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ကဖိန်းဓါတ်ရဲ့ ဆိုးကျိုးများ

ကဖိန်းဓါတ်ကို မျိုးပွားမှုနှင့် ပတ်သတ်လာတဲ့အခါ ဆေးရွက်ကြီးနှင့် တခြားမူးယစ်ဆေးလို အန္တရာယ်ရှိတဲ့ အချက်ကို ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ သို့သော် အသင့်အတင့်သောက်သုံးရင် အန္တရာယ် မရှိပါဘူး။ ကိုယ်ဝန်ဆောင်စဉ်မှာ ကဖိန်းဓါတ်ကို အလယ်အလတ် စားသုံးခြင်းက ဆိုးဝါးတဲ့ သက်ရောက်မှုတွေကို မဖြစ်ပေါ်စေပါဘူး။ ကဖိန်းဓါတ် မြင့်မားမှသာ ကိုယ်ဝန်ပျက်ကျတာ၊ သန္ဓေသားကြီးထွားမှု နည်းစေနိုင်ပါတယ်။

မိခင်သောက်သုံးတဲ့ ကဖိန်းဓါတ်က သန္ဓေသားဆီကို ရောက်ရှိတာကြောင့် ဖြစ်ပါတယ်။ အချင်းထဲကိုရောက်သွားတဲ့ ကဖိန်းဓါတ်ဟာ ကိုယ်ဝန် ၈လရောက်ရှိတဲ့အထိ သန္ဓေသားမှာ အသည်းအတွက် လိုအပ်တဲ့ အင်ဇိုင်းတွေ ကင်းမဲ့စေပါတယ်။ ကဖိန်းဓါတ်ရဲ့ ဂုဏ်သတ္တိများကြောင့် သန္ဓေသားဆီ ရောက်ရှိတဲ့ သွေးပမာဏကို လျော့နည်းစေပါတယ်။ ကလေးက အာဟာရနည်းနည်းနဲ့ အောက်ဆီဂျင်နည်းနည်းပဲ ရရှိပါတော့တယ်။ ဒါ့ကြောင့် ကဖိန်းဓါတ် မြင့်မားစွာ စားသုံးခြင်းက သန္ဓေသားဖွံ့ဖြိုးမှုကို ပြောင်းလဲပစ်နိုင်ပါတယ်။

နောက်တစ်ခုက ကဖိန်းဓါတ်ဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် ပထမသုံးလပတ်ကာလအတွင်းမှာ ဖြစ်ပါတယ်။ ကဖိန်းဓါတ်ပိုလျှံမှုက သွေးတိုးရောဂါကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ သွေးတိုးနဲ့ နှလုံးရောဂါကို ထိန်းချုပ်ဖို့ အရေးကြီးတာကြောင့် ကဖိန်းကို လျှော့သောက်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် မိခင်နှင့် ကလေးအတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
နို့တိုက်နေတဲ့ ကာလအတွင်းမှာလည်း ကဖိန်းဓါတ်က မိခင်နို့ကနေ ကလေးဆီကိုး ရောက်နိုင်ပါတယ်။ မိခင်နို့ထဲမှာ ကဖိန်းဓါတ်များပြားခြင်းက ကလေးရဲ့ အိပ်စက်မှုအပြောင်းအလဲတွေ ဖြစ်စေပြီး စိတ်တိုတာတွေ ဖြစ်စေနိုင်ပါတယ်။ အလယ်အလတ်စားသုံးမယ်ဆိုရင် အန္တရာယ် မရှိပါဘူး။

Chit_MayMay

LM_Nandar

ZawGyi

ကိုယ္ဝန္ေဆာင္စဥ္အတြင္း မိခင္ႏွင့္ သေႏၶသားအေပၚ ကဖိန္းဓါတ္ရဲ႕ သက္ေရာက္မႈမ်ား
ကဖိန္းဓါတ္ဟာ ကြၽန္မတို႔လူ႔အဖြဲ႕အစည္းမွာ ေတာ္ေတာ္ေလးစားသုံးေလ့ရွိတဲ့ အရာဝတၱဳတစ္ခုျဖစ္ပါတယ္။ ဥပမာ- ကဖိန္းဟာ ေကာ္ဖီမွာလိုပဲ ေခ်ာကလက္၊ အခ်ိဳရည္မ်ားႏွင့္ လက္ဖက္ရည္ေတြမွာ ပါဝင္ပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္အတြင္းမွာ ကဖိန္းဓါတ္ စားသုံးသင့္/မသုံးသင့္ဆိုတာ အျငင္းပြားဖြယ္ရာ ေခါင္းစဥ္တစ္ခု ျဖစ္လာပါတယ္။ ဒါ့ေၾကာင့္ယေန႔ မွာ ဒီျပႆနာကို နက္ရႈိင္းစြာ အေျဖရွာရင္း ကိုယ္ဝန္ေဆာင္စဥ္ ကဖိန္းဓါတ္ စားသုံးျခင္းကို မွ်ေဝေပးသြားပါမယ္။

ကဖိန္းဆိုတာ ဘာလဲ?

ကဖိန္းဓါတ္ဆိုတာ ဓါတုေဗဒအားျဖင့္ methylxanthine အုပ္စုကို ပိုင္ဆိုင္ထားတဲ့ အယ္ကာလိုက္တစ္ခုျဖစ္ပါတယ္။ ကြၽန္မတို႔ ခႏၶာကိုယ္ထဲမွာ ကဖိန္းဓါတ္ဟာ စိတ္လႈံ႕ေဆာ္မႈ တစ္ခုအျဖစ္ ဦးေႏွာက္ဗဟို အာ႐ုံေၾကာစနစ္မွာ ေဆာင္႐ြက္ပါတယ္။
ကဖိန္းဓါတ္ ဟာ adenosine receptors ေတြျဖစ္တဲ့ A1, A2A ရဲ႕ ရန္ဖက္ေတြ ျဖစ္ပါတယ္။ ဒီ receptors ေတြက neurotransmitters အမ်ားအျပား ထုတ္လြင့္တာကို ဟန္႔တားဖို႔အတြက္ တာဝန္ယူရပါတယ္။ ဒါ့ေၾကာင့္ ကဖိန္းရဲ႕ သက္ေရာက္မႈက ဒီတူညီတဲ့ transmitters ေတြကို ထုတ္လႊတ္ေပးဖို႔ ျဖစ္ပါတယ္။

ကဖိန္းရဲ႕ ဂုဏ္သတၱိေတြက ဘာေတြလဲ?

ကဖိန္းဓါတ္ဟာ ကြၽန္ေတာ္တို႔ရဲ႕ ဗဟိုအာ႐ုံေၾကာစနစ္အတြက္ စိတ္ကိုလႈံေဆာ္ေပးၿပီး စိတ္တတ္ႂကြေစတဲ့ အရာဝတၱဳျဖစ္ပါတယ္။ ကဖိန္းဓါတ္ဟာ တတ္ႂကြေအာင္လႈံေဆာ္ေပးတဲ့ ဂုဏ္သတၱိေတြရွိတာေၾကာင့္ မူးယစ္ေဆးတစ္ခုဆိုလည္း မမွားပါဘူး၊ ကဖိန္းဓါတ္ဟာ ေအာက္ေဖာ္ျပပါ အပါအဝင္ ကြၽန္ေတာ္တို႔ခႏၶာကိုယ္ေပၚမွာ တျခားသက္ေရာက္မႈေတြ ရွိပါတယ္။

ကဖိန္းဟာ အင္တီေအာက္ဆီဒင့္တစ္ခုျဖစ္ၿပီး free radicals ေတြကို တိုက္ခိုက္ေပးပါတယ္၊
ေသြးလႊတ္ေၾကာဖိအားကို တိုးပြားေစပါတယ္။
ႏွလုံးခုန္ႏႈန္းကို တိုးေစပါတယ္။
ဆီးသြားေစတဲ့ ဂုဏ္သတၱိေတြ ရွိပါတယ္။
ေသြးလည္ပတ္မႈကို ျမင့္တတ္ေစပါတယ္။
ေရဓါတ္ခန္းေျခာက္မႈအဆင့္ကို ထုတ္လုပ္ႏိုင္ပါတယ္။
ေခါင္းကိုက္မႈကို ျဖစ္ေစႏိုင္ပါတယ္၊
အသက္ရႈလမ္းေၾကာင္းဆိုင္ရာ လုပ္ငန္းေဆာင္တာမ်ားကို ပိုမိုေကာင္းမြန္ေစပါတယ္။

ကိုယ္ဝန္ေဆာင္စဥ္အတြင္း ကဖိန္းဓါတ္ရဲ႕ ဆိုးက်ိဳးမ်ား

ကဖိန္းဓါတ္ကို မ်ိဳးပြားမႈႏွင့္ ပတ္သတ္လာတဲ့အခါ ေဆး႐ြက္ႀကီးႏွင့္ တျခားမူးယစ္ေဆးလို အႏၲရာယ္ရွိတဲ့ အခ်က္ကို ထည့္သြင္းစဥ္းစားခဲ့ပါတယ္။ သို႔ေသာ္ အသင့္အတင့္ေသာက္သုံးရင္ အႏၲရာယ္ မရွိပါဘူး။ ကိုယ္ဝန္ေဆာင္စဥ္မွာ ကဖိန္းဓါတ္ကို အလယ္အလတ္ စားသုံးျခင္းက ဆိုးဝါးတဲ့ သက္ေရာက္မႈေတြကို မျဖစ္ေပၚေစပါဘူး။ ကဖိန္းဓါတ္ ျမင့္မားမွသာ ကိုယ္ဝန္ပ်က္က်တာ၊ သေႏၶသားႀကီးထြားမႈ နည္းေစႏိုင္ပါတယ္။

မိခင္ေသာက္သုံးတဲ့ ကဖိန္းဓါတ္က သေႏၶသားဆီကို ေရာက္ရွိတာေၾကာင့္ ျဖစ္ပါတယ္။ အခ်င္းထဲကိုေရာက္သြားတဲ့ ကဖိန္းဓါတ္ဟာ ကိုယ္ဝန္ ၈လေရာက္ရွိတဲ့အထိ သေႏၶသားမွာ အသည္းအတြက္ လိုအပ္တဲ့ အင္ဇိုင္းေတြ ကင္းမဲ့ေစပါတယ္။ ကဖိန္းဓါတ္ရဲ႕ ဂုဏ္သတၱိမ်ားေၾကာင့္ သေႏၶသားဆီ ေရာက္ရွိတဲ့ ေသြးပမာဏကို ေလ်ာ့နည္းေစပါတယ္။ ကေလးက အာဟာရနည္းနည္းနဲ႔ ေအာက္ဆီဂ်င္နည္းနည္းပဲ ရရွိပါေတာ့တယ္။ ဒါ့ေၾကာင့္ ကဖိန္းဓါတ္ ျမင့္မားစြာ စားသုံးျခင္းက သေႏၶသားဖြံ႕ၿဖိဳးမႈကို ေျပာင္းလဲပစ္ႏိုင္ပါတယ္။

ေနာက္တစ္ခုက ကဖိန္းဓါတ္ဟာ ကိုယ္ဝန္ေဆာင္စဥ္အတြင္း ကိုယ္ဝန္ပ်က္က်ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ အထူးသျဖင့္ ပထမသုံးလပတ္ကာလအတြင္းမွာ ျဖစ္ပါတယ္။ ကဖိန္းဓါတ္ပိုလွ်ံမႈက ေသြးတိုးေရာဂါကိုပါ ျဖစ္ေပၚေစႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္အတြင္းမွာ ေသြးတိုးနဲ႔ ႏွလုံးေရာဂါကို ထိန္းခ်ဳပ္ဖို႔ အေရးႀကီးတာေၾကာင့္ ကဖိန္းကို ေလွ်ာ့ေသာက္ဖို႔ လိုအပ္ပါတယ္။ ဒီလိုမွမဟုတ္ရင္ မိခင္ႏွင့္ ကေလးအတြက္ မလိုလားအပ္တဲ့ ဆိုးက်ိဳးေတြ ျဖစ္ေပၚေစႏိုင္ပါတယ္။
ႏို႔တိုက္ေနတဲ့ ကာလအတြင္းမွာလည္း ကဖိန္းဓါတ္က မိခင္ႏို႔ကေန ကေလးဆီကိုး ေရာက္ႏိုင္ပါတယ္။ မိခင္ႏို႔ထဲမွာ ကဖိန္းဓါတ္မ်ားျပားျခင္းက ကေလးရဲ႕ အိပ္စက္မႈအေျပာင္းအလဲေတြ ျဖစ္ေစၿပီး စိတ္တိုတာေတြ ျဖစ္ေစႏိုင္ပါတယ္။ အလယ္အလတ္စားသုံးမယ္ဆိုရင္ အႏၲရာယ္ မရွိပါဘူး။

Chit_MayMay

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here