ကိုယ်ဝန်ဆောင် အမျိုးသမီး အများစုဟာ ၉လအတွင်းမှာ သူတို့ရဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုတွေနှင့် ပတ်သတ်ပြီး စိုးရိမ်ခဲ့ကြပါတယ်။ ဒီကာလအတွင်းမှာ ခန္ဓာကိုယ်ဟာ ဝမ်းဗိုက်ထဲမှာ ဖွဲ့စည်းနေတဲ့ ကလေးငယ်လေးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ပြောင်းလဲမှုတွေ ပြုလုပ်ရပါတယ်။ ခန္ဓာကိုယ်ဟာ ကလေးရဲ့ လိုအပ်ချက်နှင့်အညီ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲပြီး မွေးဖွားမယ့်အချိန်အတွက်လည်း ပြင်ဆင်ရပါတယ်။ ဒါက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများစွာကို မသက်မသာ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ခန္ဓာကိုယ်ကို ပြောင်းလဲစေတဲ့ နည်းလမ်းအများစုကတော့
၁။ လိင်ပိုင်းဆိုင်ရာ အလိုဆန္ဒတွေမှာ တိုးလာတာ
ကိုယ်ဝန်ဆောင် ၉လအတွင်းမှာ ဟော်မုန်းအဆင့်ဆင့် ပြောင်းလဲမှုရှိပါလိမ့်မယ်၊ ဒီအရာက သင့်ကို ပိုဆွဲဆောင်မှုရှိစေပြီး လိင်ဆက်ဆံတဲ့အခါ မိန်းမအင်္ဂါ ချောဆီပိုများလာကြောင်း သတိပြုမိပါလိမ့်မယ်။ လိင်ပိုင်းဆိုင််ရာ တတ်ကြွစွာနေထိုင်ခြင်းရဲ့ အားသာချက်က မွေးဖွားချိန်အတွက် ပြင်ဆင်ဖို့ လေ့ကျင့်ခန်းပုံစံတစ်မျိုးဖြစ်ပါတယ်။

၂။ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်လာတာ
ကိုယ်ဝန်ဆောင်စဉ်အတွင်း ဟော်မုန်းပြောင်းလဲမှုတွေက သူ့ဘာသာမျိုးဥသန္ဓေတည်ခြင်းကနေ စတင်ပါတယ်။ အီစရိုဂျင်တိုးလာခြင်းက mornig sickness လို့ခေါ်တဲ့ မအီမသာဖြစ်မှုတွေကို ဖြစ်စေပါတယ်။ progesterone တိုးလာတာက ခန္ဓာကိုယ်ရဲ့ အရွတ်များကို ပြောင်းလွယ်ပြင်လွယ်စေပါတယ်။ prolactin ထုတ်လုပ်မှုက မင်မရီဂလင်းတွေကိုဖွံ့ဖြိုးစေဖို့ ကူညီပေးပါတယ်။
၃။ ကိုယ်အလေးချိန်တိုးလာတာ
ဒါက ကိုယ်ဝန်ဆောင်စဉ်အတွင်း အပြောင်းအလဲများစွာရဲ့ အသိသာဆုံးဖြစ်ပါတယ်။ သင့်ဝမ်းဗိုက်ဟာ တစ်ပတ်ပြီးတစ်ပတ် ကြီးထွားလာပြီး သင့်ကိုယ်အလေးချိန်ဟာ ၁၂ကီလိုနှင့် ၁၆ ကီလိုအကြားမှာ တိုးလာပါလိမ့်မယ်။ ဒါက ကိုယ်ဝန်မဆောင်မီ ကိုယ်အလေးချိန်နှင့် သင့်အစာစားခြင်း အလေ့အထသာမက နေ့ထိုင်မှုပုံကိုပါ များစွာလွှမ်းမိုးနိုင်ပါတယ်။

၄။ ရင်သားကြီးလာတာ
ကိုယ်ဝန်ဆောင်စဉ်အတွင်း ခန္ဓာကိုယ်ကို ပြောင်းလဲစေတဲ့ ပထမဆုံးနည်းလမ်းတစ်ခုက ရင်သားအရွယ်အစား တိုးလာခြင််း၊ ရက်သတ္တပတ်အနည်းငယ်နောက်ပိုင်းမှာ ရင်သားနို့သီးခေါင်းမည်းလာတာကို သတိထားမိပါလိမ့်မယ်။ စတုတ္ထလမှစပြီး သင့်ရင်သားများဟာ colostrum လို့ခေါ်တဲ့ အဝါရောင်ပျစ်ပျစ် အရည််ကို ထုတ်လွှတ်ပေးနိုင်ပါတယ်။ ပထမဆုံး မိခင်နို့ဖြစ်ပါတယ်။
၅။ အရေပြား ပြောင်းလဲလာတာ
အက်စရိုဂျင်နှင့် ပရိုဂျက်စတုန်းကဲ့သို့သော ဟော်မုန်းထုတ်လုပ်မှု တိုးလာခြင်းက အရေပြားကို ပြောင်းလဲစေပါတယ်။ ဒီဟော်မုန်းက မယ်လနင်(အရေပြားရောင်ခြယ်ပစ္စည်း) ထုတ်လုပ်ဖို့ တာဝန်ရှိတာကြောင့် အရေပြားပေါ်မှာ အစက်အပြောက်တွေ မကြာခဏ ပေါ်လာတတ်ပါတယ်။
ထို့အပြင် ကိုယ်အလေးချိန်တိုးခြင်းဟာ သင့်အသားအရေကို တင်းကျပ်စေပြီး ၎င်းရဲ့ elasticity ကိုဆုံးရှုံးစေပါတယ်။ ဒါက အသားအရေပေါ်မှာ အကြောပြတ်ရာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၆။ သားအိမ်ပြောင်းလဲမှု
သားအိမ်ဟာ ကလေးငယ်ကို နေရာချဖို့ စတင်ပြီး အရွယ်အစားတိုးလာပါလိမ့်မယ်။ ၎င်းရဲ့ ပြောင်းလွယ်ပြင်လွယ်မှုကြောင့် ဝမ်းဗိုက်အရွယ်အစားဟာ ၆စင်တီမီတာမှ ၃၃ စင်တီမီတာအထိ တိုးလာမှာ ဖြစ်ပါတဘ်။ သူ့ အရွယ်အစားနှင့် အလေးချိန်ဟာ ကိုယ်တွင်းအင်္ဂါများကို ဖိအားပေးနိုင််တာကြောင့် ကလေးကြီးလာသည်နှင့်အမျှ သင့်မှာ အဆင်မပြေဖြစ်နိုင်ပါတယ်။
၇။ အစာခြေစနစ်ပြောင်းလဲမှု
hCG ကဲ့သို့သော ဟော်မုန်းတွေကြောင့် ဖြစ်လာတဲ့ မအီမသာဖြစ်ခြင်းက တခါတရံမှာ အော့အန််ခြင်း(သို့) ခေါင်းကိုက်ခြင်းတို့ကို ဖြစ်ပွားစေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်နေစဉ် ကိုယ်ခန္ဓာပြောင်းလဲခြင်းရဲ့ နောက်ဆက်တွဲရောဂါကတော့ ဝမ်းချုပ်တာပဲ ဖြစ်ပါတယ်။ ကလေးရဲ့ ကြီးထွားမှုက အူနှင့် အစာခြေစနစ်ရဲ့ အခြားအင်္ဂါများကို ဖိအားပေးပါလိမ့်မယ်။ ရလဒ်အနေဖြင့် အစာစားပြီးနောက် အနည်းငယ် မအီမသာဖြစ်တာကို ခံစားရနိုင်ပါတယ်။

၈။ ဆံပင်အပြောင်းအလဲများ
ကိုယ်ဝန်ဆောင်နေစဉ်အတွင််း ဟော်မုန်းပြောင်းလဲမှုရဲ့ နောက်ထပ်အကျိုးသက်ရောက်မှုက ဆံပင်ပမာဏကို တိုးလာစေခြင်းဖြစ်ပါတယ်။ သင့်ဆံပင်ဟာ ပုံမှန်ထက်ပိုမိုခြောက်သွေ့လာပြီး ကြွပ်ဆတ်လာပါလိမ့်မယ်။ ခြေထောက်၊ လက်နှင့်မျက်နှာတွေမှာ အမွှေးအမျှင် များလာတာကို သတိပြုမိပါလိမ့်မယ်။
၉။ ခြေထောက်မှာ အပြောင်းအလဲများ
သားအိမ်ကြီးထွားမှုနှင့် သွေးလည်ပတ်မှု တိုးလာခြင်းက သွေးလည်ပတ်မှုကို ခက်ခဲစေပါတယ်။ ဒီအကြောင်းကြောင့် ခြေထောက်တွေ ရောင်ရမ်းလာပြီး သွတေးပြန်ကြောတွေတ ပေါ်လာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ကိုယ်ခန္ဓာမှာ အဆိုးရွားဆုံး ပြောင်းလဲမှုတစ်ခုက အရည်ဓါတ်တချို့ကို ထိန်းထားတဲ့ (fluid retention) ပဲဖြစ်ပါတယ်။ ဒီအရာက သင့်ခြေထောက်တွေကို ရောင်ရမ်းစေတာကြောင့် ဖိနပ်စီးတဲ့အခါ အနည်းငယ်တင်းလာပါတယ်။
ကိုယ်ဝန်ဟာ သင့်ဘဝမှာ ပိုမိုသိသော ပြောင်းလဲမှုများရဲ့ အစကို မှတ်သားသော ယာယီအဆင့်တစ်ခုသာဖြစ်ပါတယ်။ ကိုယ်ဝန်ရလာတာနှင့်အမျှ ဒီထူးကဲသော အတွေ့အကြုံတွေကို အပြည့်အဝ ခံစားဖို့ ကြိုးစားပါ။ ထိုအပြောင်းအလဲများနှင့် မွေးဖွားလာပြီးရင် နောက်လာမယ့် အပြောင်းအလဲများကို ရင်ဆိုင်ဖို့ သင့်ကိုယ်သင် ပြင်ဆင်ပါ။
Chit_MayMay
LM_Nandar
Source-youaremom