ကိုယ်ဝန်ဆောင်စဉ်အတွင်း မိသားစုပြဿနာတွေရဲ့ အန္တရာယ်ရှိသော သက်ရောက်မှုများ

0
47
- Advertisement -

ကိုယ်ဝန်ကိုးလဟာ မျက်စိတစ်မှိတ်အတွင်းမှာ ကုန်ဆုံးသွားနိုင်ပါတယ်။ သို့သော်လည်း ဒီကာလအတွင်းမှာ မိခင်အတွက် စိတ်ဖိစီးစေနိုင်မယ့် အချက်တွေများစွာရှိပါတယ်။ မိသားစုရန်ပွဲတွေနဲ့ ငြင်းခုံမှုတွေက အမာရွတ်တွေ မကျန်ရစ်ဘဲ အမြဲတမ်းပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ဝန်နဲ့ ပတ်သတ်လာတဲ့အခါ ဒီလိုသဘောထားကွဲလွဲမှုမျိုးတွေက အထူးသဖြင့် ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အမြဲတစေ ပြဿနာတွေကို ရှောင်ရှားတာက အကောင်းဆုံးဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အခြေအနေတွေကို ရှောင်ကြဉ်ခြင်းက ကလေးအတွက်ရော မိခင်အတွက်ပါ အကျိုးရှိစေပါတယ်။ အဆင်မပြေတဲ့ အခြေအနေတွေကို မကြာခဏ ရှောင်ရှားနိုင်ပါတယ်။ သို့သော် တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ ကိုယ်ဝန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရမ်းလွှမ်းမိုးနေနိုင်တဲ့ ပြဿနာတွေ ရှိပါတယ်။ ကိုယ်ဝန်ကို ထိခိုက်စေနိုင်တဲ့ အရာတွေကို ဝေးဝေးရှောင်ခြင်းက အကောင်းဆုံးဖြစ်ပေမယ့် အမြဲတမ်းတော့ ရှောင်နိုင်မှာ မဟုတ်ပါဘူး။

တစ်ခါတစ်ရံ ငွေရေးကြေးရေးခက်ခဲတဲ့အခြေအနေတွေ (သို့) လင်မယား သဘောထားကွဲလွဲမှုတွေက ဆက်တိုက်ဖြစ်ပွားတတ်တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒီအဆက်မပြတ်ဖိစီးမှုက ထင်ထားတာထက် ပိုပြီးအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေရပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို တတ်နိုင်သမျှ ထိန်းထားတာက အကောင်းဆုံးပါပဲ။

ကိုယ်ဝန်ဆောင်စဉ်အတွင်း မိသားစုပြဿနာတွေက ဘယ်လိုအန္တရာယ်ဖြစ်လာနိုင်သလဲ?

မိသားစုပြဿနာတွေကြောင့် ဝန်ထုပ်ဝန်ပိုး ခံစားရတာဟာ လူတစ်ယောက်ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဟုတ်ပါတယ်။ တစ်ခါတလေမှာ ကြီးကြီးမားမား အပျက်သဘောသက်ရောက်မှုမရှိတဲ့ ရိုးရိုးစိတ်အနှောက်အယှက်လေးတွေ ရှိပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရလာတဲ့အခါ ရေရှည်မှာ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ တကယ်တော့ ကလေးရဲ့ ကျန်းမာရေးနဲ့ တည်ငြိမ်မှုဟာ မိခင်ရဲ့ စိတ်ချမ်းသာမှုပေါ် မူတည်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အဆက်မပြတ် သဘောထားကွဲလွဲမှုတွေ (ဒါမှမဟုတ်) စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုက ဟော်မုန်းအပြောင်းအလဲကို ဖြစ်စေနိုင်ပါတယ်။ ဟော်မုန်းမညီမျှခြင်းက ဖွံ့ဖြိုးဆဲသန္ဓေသားကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပို်ငးဆိုင်ရာပါ ထိခိုက်စေနိုင်ပါတယ်။

ဒီသက်ရောက်မှုတွေက နည်းလမ်းများစွာဖြင့် သူ့ဘာသာသူ ထင်ရှားစေနိုင်ပါတယ် ဥပမာအားဖြင့် လမစေ့မီ မွေးဖွားတဲ့ပြဿနာတွေ ယူလာနိုင်ပါတယ်။ ပြီးတော့ သင့်ကလေးမွေးဖွားပြီးနောက်နဲ့ သူ့ရဲ့အနာဂတ်မှာ ထင်သာမြင်သာရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ထားခဲ့နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ မိသားစုပြဿနာတွေတ ဖြစ်ပေါ်စေတဲ့ အဖြစ်များသော နောက်ဆက်တွဲဆိုးကျိုးတွေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ဟော်မုန်းပမာဏ မညီမျှခြင်းနဲ့ လမစေ့မီ မွေးဖွားခြင်း၊ တစ်ချိန်တည်းမှာပဲ ဒါက ကလေးရဲ့ဖွံ့ဖြိုးမှုအအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
  • စိတ်ဖိစီးမှုအခြေအနေတွေက မိခင်လောင်းတွေကို စိတ်ဓါတ်ကျခြင်း ဖြစ်စေနိုင်ပြီး ရလဒ်အနေဖြင့် သန္ဓေသားရဲ့ဖွံ့ဖြိုးမှုကို နှေးကွေးသွားစေနိုင်ပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ စိတ်ဓါတ်ကျခြင်းနဲ့ ဆက်စပ်တဲ့ အဖြစ်များသော ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်ပါတယ်။
  • မွေးလာတဲ့ကလေးဟာ ကိုယ်အလေးချိန်နည်းနိုင်ပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ပါတယ်။
  • ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရုတ်ခြည်း စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အချို့သော ကိစ္စတွေမှာ ကလေးရဲ့ အပြုအမှုဆိုင်ရာ ပြဿနာတွေက ကိုယ်ဝန်ဆောင်တဲ့ကာလအတွင်း ဖြစ်ပေါ်လာတဲ့ ပြဿနာတွေမှာ အမြစ်တွယ်နေပါတယ်။ ကလေးရဲ့ အပြုအမှုက အနာဂတ်မိခင်ရဲ့ စိတ်ပိုင်းဆိင်ရာ အတက်အကျကြောင့် ထိခိုက်နိုင်ပါတယ်။ ဒီအချက်ကို ကလေးရဲ့ ပထမနှစ် အနည်းငယ်အတွင်းမှာ သတိပြုမိနိုင်ပါတယ်။
  • စိတ်ဖိစီးမှု များလွန်းခြင်း (သို့) နာတာရှည် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရပါက မိခင်ဟာ ကိုယ်ဝန်ပျက်ကျခြင်းတောင် ဖြစ်လာနိုင်ပါတယ်။ သန္ဓေသား သေဆုံးမှုက အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ် အဆက်မပြတ် ပြဿနာတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အဆိုးရွားဆုံး အကျိုးဆက်တွေထဲမှ တစ်ခုဖြစ်ပါတယ်။
  • စိတ်ဖိစီးမှု မြင့်မားခြင်းနဲ့ ကိုယ်ဝန်ဆောင်စဉ် စိတ်အနှောက်အယှက်ဖြစ်ရတဲ့ အခြေအနေတွေကြောင့် ဖြစ်ပေါ်တဲ့ ဟော်မုန်းမညီမျှမှုက ကလေးဘဝမှာ အဝလွန်ခြင်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးဘဝမှာ အဝလွန်ခြင်းက အရွယ်ရောက်ပြီးချိန်မှာ အဝလွန်ခြင်းရဲ့ ရှေ့ပြေးဖြစ်နိုင်တဲ့အပြင် အခြားသော အစားအသောက် ပုံမမှန်မှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်စဉ် ဖွံ့ဖြိုးမှု နှေးကွေးခြင်းကြောင့် ကလေးတွေဟာ ပန်းနာရင်ကျပ် (သို့) အခြားသော အဆုတ်ဆိုင်ရာ ပြဿနာတွေ ရှိနေနိုင်ပါတယ်။

Chit_MayMay

Nandar

ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here