ကိုယ်ဝန်ဆောင်စဉ် ရေဓါတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာများ

0
246
- Advertisement -

အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ရေဓါတ်ပြည့်ဝစွာ မရရှိတဲ့အခါ ခွဲခြားသိမြင်နိုင်မယ့် လက္ခဏာတွေ ပြလာပါတယ်။ ပထမဆုံး ခန္ဓာကိုယ်အပူချိန် အလွန်မြင့်မားတာ ခံစားရပါတယ်။ သင့်ခန္ဓာကိုယ်မှာ ရေအလုံအလောက် မရှိပါက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိဖို့ ခက်ခဲပါတယ်။ မျက်နှာနှင့် လည်ပင်းတို့မှာ ချွေးထွက်ခြင်း၊ နီမြန်းခြင်း အပါအဝင် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ထင်ရှားစွာပေါ်လာပါတယ်။

အခြားရောဂါလက္ခဏာများကတော့

ဆီးအရောင်ရင့်နေကြောင်း သတိပြုမိရင် သတိထားပါ- ဆီးအရောင်ဖျော့တာက သင့်ခန္ဓာကိုယ်မှာ ရေဓါတ်ကောင်းစွာပြည့်နေတဲ့ လက္ခဏာဖြစ်ပါတယ်။ ထို့အပြင် ဆီးသွားဖို့ လိုအပ်တဲ့ အကြိမ်ရေဟာ သင့်ခန္ဓာကိုယ်အတွင်းရှိ အရည်ပမာဏရဲ့ နောက်ထပ်ညွှန်ပြချက်တစ်ခုဖြစ်ပါတယ်။

လည်ချောင်း၊ ပါးစပ်နှင့် နှုတ်ခမ်းတွေ ခြောက်သွေ့မှုကို ခံစားရပါတယ်- ရေဓါတ်ခန်းခြောက်ခြင်းက အသားအရေအသွင်အပြင်ကိုလည်း ပြောင်းလဲစေပါတယ်။ ၎င်းက elasticity ကိုအနည်းငယ်ဆုံးရှုံးစေပြီး ပုံမှန်ထက် စိုပြေ၊ တောက်ပမှု နည်းလာပါတယ်။

digestive အဆင့်ပေါ်မှာ ကိုယ်ဝန်ဆောင်စဉ်အတွင်း ရေဓါ်ခန်းခြောက်ခြင်း လက္ခဏာတွေဖြစ်သော ပြဿနာများစွာ ရှိပါတယ်။ ဝမ်းချုပ်ခြင်းကဲ့သို့သော အခြေအနေများ နှင့် လိပ်ခေါင်းရောဂါဟာ အသေအချာ စောင့်ကြည့်ရမယ့် လက္ခဏာတွေ ဖြစ်ပါတယ်။ ဝမ်းသွားရခက်ပြီး နာကျင်မှု ခံစားရပါက သင့်ခန္ဓာကိုယ်မှာ ရေပိုမိုလိုအပ်နေတာ ဖြစ်ပါတယ်။

ကိုယ်ပူချိန်မြင့်မားပြီး ချွေးမထွက်ခြင်း

မူးဝေခြင်း၊ အားနည်းခြင်း နှင့် ရုပ်ပိုင်းဆိုင်ရာ အားစိုက်ထုတ်ခြင်းများမရှိဘဲ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုစတဲ့ ပြဿနာများ။ ဒါက သွေးလွှတ်ကြော ဖိအား ရုတ်တရက်ကျဆင်းခြင်းနှင့် ခန္ဓာကိုယ် မညီမမျှ ဖြစ်လာတဲ့ အချက်ကြောင့် ဖြစ်ပါတယ်။

အချို့အမျိုးသမီးတွေဟာ ရေဓါတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာအဖြစ် Braxton Hicks ကျုံခြင်းကို ခံစားရပါတယ်။ ဝမ်းဗိုက်ပိုင်း တင်းမာခြင်းက ဒီကြွက်သားတုံ့ပြန်မှု သွင်ပြင်လက္ခဏာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီကျုံ့ခြင်းက စက္ကန့် ၃၀အောက်သာ ကြာပါတယ်။ သူတို့က နာကျင်မှုကင်းမဲ့ပြီး ကိုယ်ဝန်ရင့်လာတာနှင့်အမျှ မကြာခဏ ဖြစ်လာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓါတ်ခန်းခြောက်ခြင်းရဲ့ အကြောင်းရင်းများ

ကိုယ်ဝန်ဆောင်မိခင်တွေမှာ ရေဓါတ်ခန်းခြောက်ခြင်းရဲ့ ပထမဦးဆုံး အကြောင်းရင်းကတော့ အရည်များများ မသောက်လို့ပါ။ မိခင်တွေ သောက်ဖို့ ရေပမာဏ အတိအကျ မရှိပါဘူး။ အဲ့ဒီအစား ခန္ဓာကိုယ် တစ်ခုစီမှာ ကိုယ်ပိုင်သီးခြားတောင်းဆိုမှုတွေရှိပြီး သူတို့ကို အာရုံစိုက်ဖို့ အရေးကြီးပါတယ်။

ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်းများကြောင့် အရည်တွေကို စုပ်ယူဖို့ ခက်ခဲခြင်း

ကျောက်ကပ်ပျက်စီးခြင်း။

ရေဓါတ်ခန်းခြောက်ခြင်းရဲ့ အကျိုးဆက်များ

အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ် ဝမ်းထဲမှာ သိုလှောင်ထားသောရေဟာ သူမရဲ့ ခန္ဓာကိုယ်မှ အာဟာရတွေကို ကလေးရဲ့ ခန္ဓာကိုယ်ထဲသို့ သယ်ဆောင်ပေးသော အချင်းကို ဖွဲ့စည်းဖို့ ကူညီပါတယ်။ ဒါ့ကြောင့် အရည်မရှိ (သို့) မလုံလောက်တဲ့အခါ ဒါက အောက်ပါပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ကလေးရဲ့ အာရုံကြော ပြွန်ဖွံ့ဖြိုးမှုမှာ ချို့ယွင်းခြင်း

ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားအတွက် ရှိသင့်တဲ့ amniotic အရည်ပမာဏ လျော့နည်းခြင်း
လမစေ့ခင် မွေးခြင်း

နို့တိုက်နေစဉ် မိခင်နို့ထွက်နည်းခြင်း

ပြင်းထန်သော ရေဓါတ်ခန်းခြောက်ခြင်းရဲ့ အကျိုးဆက်မှာ ထိတ်လန့်ခြင်း၊ ကိုယ်ခန္ဓာရှိ အချို့သော ကိုယ်တွင်းအင်္ဂါများရဲ့ အခြေခံလုပ်ငန်းဆောင်တာများကို မလုပ်ဆောင်နိုင်ခြင်း ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ရေဓါတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာတွေကို ကုသဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ကိုယ်ဝန်ဆောင်ကာလအတွင်း အရည်ပမာဏ များများကို အသုံးပြုရပါတယ်။ ဒါ့ကြောင့် ဆုံးရှုံးသွားတဲ့ အရည်အတွက် ရေဓါတ်လုံလောက်ဖို့ အရေးကြီးပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here