ကိုယ်ဝန်ဆောင်တုန်း ရင်ပူဝေဒနာခံစားရတဲ့ဒုက္ခကို သက်သာစေမယ့် နည်းလမ်းများ

0
330
- Advertisement -

ရင်ပူရင်ဆာဖြစ်ခြင်းက ကိုယ်ဝန်ဆောင်သည်တိုင်း တစ်ကြိမ်မဟုတ် တစ်ကြိမ်လောက်တော့ ကြုံတွေ့ရတတ်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ရင်ပူတာက နှလုံးနဲ့တော့ဘာမှမဆိုင်ပေမယ့်လည်း ရင်ညွန့်နေရာကနေ ပူပူလောင်လောင်အနေအထားကို ခံစားရခြင်းပါ။ သတင်းကောင်းကတော့ ဒီလိုအခြေအနေကို ကြုံတွေ့လာရတဲ့အတွက် သက်သာစေဖို့အတွက် လွယ်ကူစိတ်ချရတဲ့နည်းလမ်းကောင်းလေးတွေရှိတယ်ဆိုတာပါပဲ။

ကိုယ်ဝန်ဆောင်ချိန် ဘာလို့ရင်ပူရတာလဲ

ကိုယ်ဝန်ဆောင်ချိန် သုံးလပိုင်းခြားလောက်ရောက်တဲ့အခါ ရင်ပူခြင်း၊ အစာမကြေခြင်းတို့ကို ကြုံတွေ့ရတယ်ဆိုတာဟာ ဖြစ်လေ့ဖြစ်ထ ကိစ္စတစ်ခုပါ။ သားအိမ်ကျယ်လာသည့်အခါ အစာအိမ်ကိုကျဥ်းကျပ်သွားစေလို့ အစာပြွန်အတွင်းရှိအရာတွေကို အပေါ်သို့တွန်းညှစ်လိုက်ရာ ရောက်သွားသည့်အတွက်ကြောင့်ဖြစ်ပါတယ်။

- Advertisement -

သက်သာအောင်ပြုလုပ်နိုင်မယ့် နည်းလမ်းများ

နည်းနည်းချင်းနဲ့ မကြာမကြာစားပါ

တစ်ခါတည်းနဲ့ အများကြီးစားခြင်းက ရင်ပူခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်ဆိုရင် အစာအိမ်က ကျယ်ပြန်ဖို့အတွက် နေရာမရှိတော့တာကြောင့် နည်းနည်းချင်းစီစားပေးမယ်ဆိုရင် ရင်ပူတာကို သက်သာစေပါလိမ့်မယ်။ ဒါကြောင့် တစ်နေ့ သုံးကြိမ်လောက်စားမယ့်အစား နည်းနည်းချင်းစီကို ခြောက်ကြိမ်လောက်စားပေးပါ။ ဒါဆိုရင် အစာခြေဖျက်ရတာလည်း လွယ်ကူသွားမှာဖြစ်ပါတယ်။

မကောင်းတဲ့အစားအစာတွေကိုဖယ်ရှားပါ

ရင်ပူခြင်းကိုဖြစ်စေမယ့် အစားအသောက်တွေက ဘာတွေလဲဆိုတာကို သေချာသိအောင်လို့ပါ။ ခရမ်းချဥ်သီး၊ ဆီကြော်စာများ၊ ပူစပ်တဲ့အစားအစာများ၊ ကော်ဖီ၊ ချောကလက်၊ အရက်သေစာတို့ကို ရင်ပူခြင်းကိုဖြစ်စေလို့ ရှောင်ရှားရပါမယ်။

အရည်များများသောက်ပါ

အစိုင်အခဲအစားအစာတွေနဲ့ယှဥ်ရင် အရည်တွေက အစာအိမ်အတွင်း မြန်မြန်ဆန်ဆန် သွားလာနိုင်သည့်အတွက် ပြဿနာဖြစ်နိုင်ခြေ နည်းပါးပါတယ်။ ဒါကြောင့် စွပ်ပြုတ်၊ သစ်သီးဖျော်ရည်၊ မစ်ရှိတ်၊ ပရိုတင်းရှိတ်နှင့် ဒိန်ချဥ်တို့ကို များများသောက်ပေးပါ။

မာတဲ့အစားအစာတွေကို သေချာညက်အောင်ဝါးစားပြီးမှ မျိုချပါ။ အစားစားနေချိန်အတွင်း အရည်အများကြီးသောက်သုံးခြင်းမှ ရှောင်ကြဥ်ပါ။

ထမင်းစားပြီး ထိုင်ပါ သို့မဟုတ် မတ်တပ်ရပ်နေပါ

စားပြီးပြီဆိုတာနဲ့ ချက်ချင်းတုံးလုံးမလှဲလိုက်ပါနဲ့။ အေးအေးဆေးဆေး လမ်းလျှောက်ထွက်တာဖြစ်ဖြစ် အိမ်အလုပ်နည်းနည်းလုပ်ပေးတာဖြစ်ဖြစ် ဒါမှမဟုတ် ထိုင်ပြီးစာအုပ်ဖတ်တာဖြစ်ဖြစ် ပြုလုပ်ပါ။ ပြီးရင် ကုန်းတာကိုင်းတာမျိုး မလုပ်ရပါဘူး။ အခုလိုလုပ်ခြင်းက အက်စစ်တွေကို အစာပြွန်အတွင်းသို့ ရောက်သွားစေနိုင်တဲ့အတွက်ဖြစ်ပါတယ်။

အိပ်ရာမဝင်ခင် အစားမစားပါနဲ့

အိပ်ရာမဝင်ခင် အစားအများကြီးစားသောက်ခြင်းက ရင်ပူခြင်းကို သေချာပေါက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူများအနေနှင့် အိပ်ရာမဝင်ခင် သုံးနာရီအလိုမှာ စားပြီးမှ အိပ်သင့်ကြောင်းကို ပြောပြထားခြင်းဖြစ်ပါတယ်။

#Chit_May_May

#Thinzar

Ref- timesofindia

LEAVE A REPLY

Please enter your comment!
Please enter your name here