ကိုယ်ဝန်ဆောင်နေချိန်မှာ စိုးရိမ်ပူပန်မှုကိုလျော့ချနိုင်ဖို့ နည်းလမ်းများ

0
306
- Advertisement -

ကိုယ်ဝန်ဆောင်နေစဉ်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေသာမက စိတ်ပိုင်းဆိုင်ရာတွေကိုပါထိခိုက်စေနိုင်တဲ့ ပြောင်းလဲမှုတွေရှိလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အဆင့်တွင်စိုးရိမ်ပူပန်မှု၏လက္ခဏာများသည်အလွန်ကွဲပြားခြားနားပြီး အမျိုးသမီးတစ်ဦးချင်းရဲ့ ဝိသေသလက္ခဏာများပေါ်တွင်မူတည်ပါတယ်။ ဒါပေမယ့် အဲဒီလိုစိုးရိမ်စိတ်တွေကို လျော့ချပေးနိုင်ဖို့အတွက် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ခြင်း

စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ကိုယ်ဝန်ဆောင်ခြင်းအတွက် စိုးရိမ်စိတ်ကို လျော့နည်းစေပြီး ကလေးမွေးဖွားပြီးနောက်မှာလည်း ဒီလို ရောဂါလက္ခဏာတွေကို ထပ်မံမဖြစ်ပွားစေဖို့ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ခြင်းသည် မှန်ကန်စွာ အသက်ရှူတတ်စေရန်နဲ့ တည်ငြိမ်အေးဆေးမှုရှိရန် အထောက်အကူဖြစ်စေပါတယ်။ ဒီလေ့ကျင့်ခန်းပြုလုပ်ပေးခြင်းအားဖြင့် သွေးပေါင်ချိန်ကိုလျော့ကျစေခြင်း၊ အသက်ရှုခြင်းနဲ့ နှလုံးခုန်နှုန်းတိုးတက်ခြင်း၊ ကြွက်သားတင်းမာမှုလျော့ကျကာ ကိုယ်ခံအားစနစ်ကို အားကောင်းလာစေဖို့ကိုလည်း အကျိုးသက်ရောက်စေပါတယ်။

- Advertisement -

ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ခြင်း

ကိုယ်ဝန်ဆောင်နေစဉ်မှာ ခန္ဓာကိုယ်လှုပ်ရှားမှုများကို သင့်တင့်လျောက်ပတ်စွာ လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မိခင်ရဲ့ ကျန်းမာရေးကိုသာမက ကလေးငယ်ရဲ့ကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေပြီး ကလေးမွေးဖွားချိန်မှာလည်း လွယ်ကူစွာမွေးဖွားနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

ခံစားချက်တွေကို မြိုသိပ်မထားပါနဲ့

ခံစားချက်တွေကို ရင်ဖွင့်ပြောကြားဖို့ တယောက်ယောက်ရှိနေတာဟာ လူတိုင်းအတွက် အလွန်အကျိုးရှိပါတယ်။ကိုယ်ဝန်ဆောင်တဲ့ ကာလမျိုးမှာဆို ကြုံတွေ့ရတဲ့ အပြောင်းအလဲများစွာအတွက် ပိုပြီးတော့ လိုအပ်ပါလိမ့်မယ်။ ဒီလို ရင်ဖွင့်ပြောဆိုလိုက်တာက သင့်ရဲ့ ခံစားချက်တွေနဲ့ စိုးရိမ်မှုတွေကို သက်သာစေပါလိမ့်မယ်။

ပညာရှင်များရဲ့ အကူအညီကို ရယူပါ

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မိခင်ရဲ့ စိတ်ဖိစီးတွေနဲ့ စိုးရိမ်ပူပန်မှုတွေဟာ ကလေးငယ်ရဲ့ စိတ်ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ပြီး သိသာတဲ့ သက်ရောက်မှုတွေရှိနေတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေဟာ နေ့စဉ်လှုပ်ရှားမှုတွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး စိတ်ဓါတ်ကျဆင်းမှုတွေကိုပါဖြစ်ပေါ်လာစေနိုင်တာမို့ ဒီလိုဝေဒနာတွေကိုခံစားနေရပြီဆိုရင်တော့ မိခင်ရဲ့ကျန်းမာရေးအတွက်သာမက ကလေးငယ်ရဲ့ ကျန်းမာရေးကိုပါ လုံခြုံစေဖို့အတွက် ကျွမ်းကျင်တဲ့ ပညာရှင်တွေဆီကနေ အကူအညီကိုရယူသင့်ပါတယ်ဆိုတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here