ရင်သွေးလေးကို လွယ်ထားရတဲ့အချိန်ဟာ အားလုံးထက်ကိုပိုပြီးတော့ အစစအရာရာ ဂရုတစိုက်နေရထိုင်ရတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ စားချင်တာမစားရ၊ သောက်ချင်တာမသောက်ရ၊ နေချင်သလိုမနေရနဲ့ သိပ်ကို ဂရုစိုက်ရတဲ့အချိန်ပါ။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပြောင်းလဲမှုတွေရှိပြီး စားသောက်နေထိုင်မှုပုံစံတွေပါ ပြောင်းလဲသွားတတ်ပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ ရင်သွေးလေး ကျန်းမာရေးအတွက် ဘယ်လိုအခြေအနေတွေကို အထူးရှောင်ကြဥ်ရမလဲဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။

၁။ သန့်ရှင်းရေးလုပ်ခြင်း
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အိမ်သန့်ရှင်းရေးလုပ်ခြင်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အရေပြား ဓာတ်မတည့်တာတွေဖြစ်စေနိုင်သလို ဓာတုပစ္စည်းတွေ ထိတွေ့နိုင်တာကြောင့်လည်း သင့်ကလေး ကျန်းမာရေးအတွက်မကောင်းပါဘူး။
၂။ အဝတ်လျှော်ခြင်း
အချိန်အကြာကြီး ထိုင်ကာ အဝတ်လျှော်တာမျိုးက သင့်ကိုအအေးမိစေပါတယ်။ ဒါ့ကြောင့် အဝတ်လျှော်ပေးတာဟာ သင့်ကလေးကျန်းမာရေးအတွက်မကောင်းတာမို့ ရှောင်ပေးပါ။
၃။ အမှိုက်များကို သန့်ရှင်းရေးလုပ်ခြင်း
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အမှိုက်သရိုက်တွေကို သန့်ရှင်းရေးလုပ်ခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။ အမှိုက်သရိုက်တွေက အသက်ရှုလမ်းကြောင်းအတွက်မကောင်းလို့ သင့်ကလေးအတွက်ရော သင့်ကျန်းမာရေးအတွက်ပါ မလုပ်သင့်ပါဘူး။
၄။ ရေချိုးခန်းသန့်ရှင်းရေးလုပ်ခြင်း
ရေချိုးခန်းတွေကို သန့်ရှင်းရေးလုပ်တဲ့ ပစ္စည်းတွေမှာ ဓာတုပစ္စည်းတွေပါဝင်နေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါ့ကြောင့် သင့်ကလေး ကျန်းမာရေးအတွက် ရှောင်ကြဉ်သင့်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။
၅။ လှေကားထစ်တွေတက်ခြင်း
လိုက်ကာတွေလှမ်းစရာ၊ ချိတ်စရာရှိတာ သို့မဟုတ် လှေကားကိုအသုံးပြုပြီးလုပ်ရမယ့် ကိစ္စတွေဆိုရင် လုံးဝမလုပ်ပါနဲ့။ ပြုတ်ကျနိုင်ခြေက အင်မတန်များပြားလွန်းတာကြောင့် အထူးသတိထားရမှာဖြစ်ပါတယ်။
Chit_MayMay
Thinzar
Source-topthingy