ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ကိုယ်ဝန်ပျက်ကျစေနိုင်တာကြောင့် ရှောင်ကြဉ်သင့်သော အချက်( ၅) ချက်

0
133
- Advertisement -

မေမေတို့အတွက် ဒီကနေ့မျှဝေပေးချင်တဲ့ အကြောင်းအရာက ကိုယ်ဝန်ပျက်ကျစေနိုင်သော အန္တာရယ်ရှိတာကြောင့် မလုပ်သင့်တဲ့ အရာတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

၁။ ဆက်သွယ်နေသော အားကစားနည်းများ

ကိုယ်ဝန်အစောပိုင်းမှစ၍ လက်ဝှေ့၊ နပန်းကစားခြင်း၊ ရေခဲပြင်ဟော်ကီနှင့် ဘတ်စကတ်ဘောကဲ့သို့ အားကစားတွေဆိုတာ ကိုယ်ဝန်ပျက်ကျစေနိုင်သော အားကစားနည်းတွေဖြစ်ပါတယ်။ သန္ဓေသားအတွက် ထိခိုက်ဒဏ်ရာရစေနိုင်ပါတယ်။ နပန်းသတ်ခြင်းနှင့် လက်ဝှေ့ထိုးခြင်းကဲ့သို့ လက်သီးကို အသုံးပြုရတဲ့ အားကစားတွေမှာ ကလေးငယ်ဟာ ထိခိုက်စေပြီး ဒဏ်ရာရစေရုံသာမက ဘောလုံးပွဲတွေမှာ သားအိမ်ပြိုကျခြင်း၊ သားအိမ်ထိခိုက်ခြင်းနှင့် လမစေ့ဘဲ မွေးဖွားခြင်း နောက်ဆုံးကိုယ်ဝန်ဆုံးရှုံးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

- Advertisement -

ဒီအားကစားနည်းတွေမှာ ကိုယ်ကာယလှုပ်ရှားမှုနှင့် ခွန်အားများစွာပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ရှောင်ကြဉ်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။

၂။ အမြင့်နဲ့ ဆိုင်သော အားကစားနည်းများ

သဘာဝအလျောက်အန္တရာယ်များပြီး ပြုတ်ကျခြင်း (သို့) ထိခိုက်ဒဏ်ရာရစေခြင်းတို့က ကိုယ်ဝန်ပျက်ကျစေနိုင်သော အရာတွေဖြစ်ပါတယ်။ သင်ဟာ bungee ပုံမှန်ခုန်တဲ့ ပညာရှင်တစ်ယောက်ဖြစ်မယ်ဆိုရင်တောင် သင့်ရဲ့ အသက်နှင့် ကလေးကို အန္တရာယ်ဖြစ်စေတာကြောင့် ဒီအချိန်မှာ ဒါတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ဝန်ရင့်ပြီး ရင်သားကြီးလာတာနဲ့အမျှ ဝမ်းဗိုက်ရဲ့ အနေအထားက အောက်ခြေကို ဆွဲငင်အားတိုးလာပါတယ်။ လမ်းလျှောက်နေဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

တစ်ခြားပြင်းထန်မြင့်မားသော လှုပ်ရှားမှုတွေကတော့ ကျောက်တောင်တက်ခြင်း၊ လှိုင်းစီးခြင်း၊ စက်ဘီးစီးခြင်းစတဲ့ ကျွမ်းကျင်မှုတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ၎င်းတို့က ဆွဲငင်အားပြောင်းလဲမှုမြန်ဆန်စေပြီး သင့်ဟန်ချက်ပျက်မှုကြောင့် ကလေးအတွက် အန္တရာယ်ရှိပါတယ်။

၃။ ဆေးလိပ်သောက်ခြင်း

ပုံမှန်လူတစ်ယောက်အရက်သောက်တဲ့အခါ သောက်တဲ့လူအတွက်ပဲ အန္တရာယ်ရှိပေမယ့် ကိုယ်ဝန်ဆောင်အတွက်ကတော့ သူမရဲ့ သန္ဓေသားအတွက် ပိုပြီး အန္တရာယ်များပါတယ်။ အမိဝမ်းတွင်းက ကလေးငယ်ဟာ အောက်စီဂျင်ကို မိခင်ကတဆင့်ယူရတာကြောင့် စီးကရက်မှာ ပါဝင်တဲ့ နီကိုတင်း၊ အာဆင်းနစ်နှင့် ကာဗွန်မိုနောက်ဆိုဒ်လို ဓာတုပစ္စည်းတွေဟာ ကလေးငယ်တွေအတွက် အင်မတန်ဆိုးရွားစေပါတယ်။

ဆေးလိပ်သောက်ခြင်းကြောင့် သန္ဓေသားဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ ကလေးရဲ့ အလေးချိန်နည်းခြင်း နောက်ဆုံးကိုယ်ဝန်ပျက်ကျခြင်းတို့အထိ ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်မသောက်ပါနဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အခိုးအငွေ့တွေကို ရှူရှိုက်မိတာက ကိုယ်ဝန်ပျက်ကျစေနိုင်သော အရာတစ်ခုဖြစ်ပါတယ်။

၄။ ကဖိန်းဓာတ်အလွန်အကျွံစားသုံးမှု

ဓာတုကဖိန်းဓာတ်ပါဝင်သော ဆေးဝါးများ၊ ဝိုင်များ၊ လက်ဖက်ရည်များ၊ အားဖြည့်အချိန်များ၊ ကော်ဖီကဲ့သို့ အစားအစာတွေကို တွေ့ရနိုင်ပါတယ်။ ကဖိန်းဓာတ်က စိတ်ကို လှုံ့ဆော်ပေးနိုင်တဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ ဦးနှောက်နှင့် ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးနိုင်ပြီး စိတ်ကို နိုးကြားစေဖို့ ကူညီပေးပါတယ်။ ဓာတုကဖိန်းဓာတ်အလွန်အကျွံစားသုံးခြင်းက ကလေးမွေးဖွားချိန်အလေးချိန်နည်းခြင်း၊ မွေးရာပါမသန်စွမ်းခြင်းနှင့် မွေးကင်းစကလေးငယ်အတွက် မွေးဖွားမှုဆိုင်ရာပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ မိခင်အတွက် ၎င်းက သွေးတိုးခြင်း၊ ခေါင်းမူးခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းဗိုက်နာခြင်းနှင့် ဂနာမငြိမ်ခြင်းတို့အပြင် တစ်ခြားအကျိုးသက်ရောက်မှုတွေလည်းဖြစ်စေနိုင်ပါတယ်။

၅။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အပူချိန်လွန်ကဲခြင်း

အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်အပူချိန်ဟာ ကိုယ်ဝန်ဆောင်ကာလမှာ 0.4ဒီဂရီဖာရင်ဟိုက် ခန့်မြင့်တက်လေ့ရှိပါတယ်။ အကယ်၍ ပထမသုံးလပတ်မှာ အပူချိန်က ၁၀၂.၂ ဒီဂရီဖာရင်ဟိုက်ထက် ၃၉.၂၀ ဒီဂရီစင်တီဂရိတ်ခန့်ရှိနေပြီဆိုရင် မိခင်နှင့် သူမရဲ့ ကလေးအတွက် အန္တရာယ်ရှိစေပါတယ်။ အပူချိန်မြင့်တက်ခြင်းဟာ သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးရာပါချို့ယွင်းခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုကို နှောင့်ယှက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

အပူလွန်ကဲစေသော ထူထဲသော အဝတ်တွေကို မဝတ်ပါနဲ့။ လေဝင်လေထွက်ကောင်းတဲ့ ပတ်ဝန်းကျင်မှာ နေပါ။ အနားယူပါ။ ရေနွေးနဲ့ ရေချိုးပါ။

Chit_May_May

Nyein_Thu

LEAVE A REPLY

Please enter your comment!
Please enter your name here