ဒါကမယုံနိုင်စရာကောင်းပေမယ့် အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ နောက်ထပ် ကိုယ်ဝန်ရလာနိုင်ပါတယ်။ ဒါဟာ သိပ္ပံဝတ္တုရုပ်ရှင်တွေထဲက သဘာဝလွန်ဖြစ်ရပ်ဆန်းများလို့ ထင်ရပေမယ့် ဒါကအမှန်ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ နောက်ထပ် ပဋိသန္ဓေတည်နိုင်ပါတယ်။ ဒီစိတ်ဝင်စားဖို့ကောင်းသော အကြောင်းအရာကို Bright Sideမှာ ယခုလိုဖော်ပြပေးထားပါတယ်။

ဒါက သာမန်အားဖြင့် ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပေမယ့် ရှားပါးအခြေအနေတွေမှာ ဖြစ်နိုင်တယ်လို့ သိပ္ပံပညာမှာ ဖော်ပြထားပါတယ်။ ဒီရှားပါးအခြေအနေကို (superfetation)စူပါဖတ်တေးရှင်း လို့ခေါ်ပါတယ်။ ကိုယ်ဝန်ရှိနေပါရက်နဲ့ နောက်ထပ်သန္ဓေသားကိုယ်ဝန်တစ်ခု ထပ်ရခြင်းမျိုးပါ။ happy mother တစ်ယောက်ဟာ မတူညီတဲ့ ကိုယ်ဝန်ဆောင်ကာလနှင့်အတူ အမွှာနှစ်ယောက် ရရှိသွားတာဖြစ်ပါတယ်။ တခါတရံ ကလေးနှစ်ယောက်ဟာ မွေးတဲ့ရက်တောင် မတူပါဘူး။

Superfetation က superfecundation နဲ့မတူပါဘူး။ superfecundationဆိုတာ (menstrual period)သားဥကြွေချိန်ကာလတစ်ခု အတွင်းမှာ တစ်ယောက်ထက်ပိုတဲ့ လိင်ဆက်ဆံမှုကနေ လွှတ်ထုတ်လိုက်တဲ့ မျိုးဥ ၂ခု မျိုးအောင်သွားခြင်းကို ဆိုလိုပါတယ်။ ဒီကိစ္စမှာ အမျိုးသမီးတစ်ယောက်ဟာ ဖအေမတူ ကလေးအမွှာရရှိခြင်းဖြင့် အဆုံးသတ်ပါလိမ့်မယ်။ Superfetation ကတော့ အမျိုးသမီးတစ်ယောက်ဟာ မတူညီတဲ့ သားဥကြွေချိန်အတွင်းမှာ သန္ဓေတည်တာဖြစ်ပြီး ကိုယ်ဝန်ဆောင်ကာလက ကွာခြားပါတယ်။ မွေးလာတဲ့အမွှာက ကိုယ်အလေးချိန်၊ အရပ်နှင့် သွေးအမျိုးအစားတောင် ကွာခြားပါလိမ့်မယ်။

ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်တဲ့အခါ သူမရဲ့သားအိမ်ဟာ ကလေးတစ်ယောက် ကြီးထွားလာဖို့အတွက် ခန္ဓာကိုယ်ကို ပြင်ဆင်ပေးဖို့ အချက်ပြတစ်ခုအဖြစ် ဟော်မုန်းတွေ ပေးပို့ပါတယ်။ ထိုဟော်မုန်းများက သားအိမ်ကို မျိုးဥထုတ်လွှတ်ပေးခြင်းကို ရပ်တန့်စေပါတယ်။ သို့သော် ပထမသန္ဓေသားဟာ ဖွံ့ဖြိုးမှု နှေးကွေးနေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်ထွက်တဲ့ ဟော်မုန်းတွေ မထွက်ဘဲ မမျိုးဥတွေ ထွက်နေသေးတာကြောင့် ဒီအခြေအနေဖြစ်ရတယ်လို့ မှတ်ယူကြပါတယ်။

ဒီသဘာဝလွန် ရှားပါးဖြစ်စဉ်ကို တရားဝင် စာရင်းပြုစုထားခဲ့တာဟာ (၁၀) ခုလောက်ပဲ ရှိတယ်လို့ဆိုပါတယ်။ နောက်ဆုံးတစ်ယောက်က ကိတ်ဟေးလို့ခေါ်တဲ့ သြစတြေးလျ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ၁၀ ရက်အတွင်းမှာ အမွှာကိုယ်ဝန်ရလာတာ ဖြစ်ပါတယ်။ သူမဟာ အမွှာတွေအဖြစ် သတ်မှတ်ခံရသူ Charlotte နဲ့ Olivia ဆိုတဲ့ မိန်းကလေးနှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ သို့သော် သူတို့သန္ဓေတည်တဲ့ အချိန်ကွာခြားမှုက ၁၀ရက်သာရှိပါတယ်။ သူတို့ဟာ တစ်နေ့တည့် မွေးဖွားခဲ့ကြပြီး ကိုယ်အလေးချိန်၊ သွေးအမျိုးအစားတွေ ကွဲပြားခြားနားခဲ့ပါတယ်။

Superfetation က တိရိစ္ဆာန်တွေကြားမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ကြွက်၊ သားပိုက်ကောင်၊ ယုန်၊ ကြောင်နှင့် သိုးတွေမှာ superfetation အကြောင်းကိစ္စတွေ ဖြစ်နိုင်တယ်လို့ အခိုင်အမာပြောဆိုထားတာ ရှိပါတယ်။ ငါးမှာလည်း ဒီထူးခြားတဲ့ စွမ်းရည်ရှိကြောင်းပြသခဲ့ပါတယ်။
ဒီဖြစ်ရပ်ဆန်းကို ယုန်တွေမှာ ပထမဆုံးသတိပြုမိခဲ့သူက အရစ္စတိုတယ် ဖြစ်ပါတယ်။ သူက ယုန်လေးတွေမှာ အရွယ်အစားမတူသော ကလေးလေးတွေ မွေးဖွားခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ အငယ်ဆုံး တစ်ကောင်က အရွယ်အစား သိသိသာသာ သေးငယ်တာကို တွေ့ခဲ့ကြပါတယ်။ အငယ်ဆုံးသားပေါက်လေးက ဒုတိယကိုယ်ဝန် ဖြစ်တည်မှုကြောင့် ပိုသေးသွားတဲ့ superfetation ရလဒ်ကြောင့် ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဆန်းနှင့် ပတ်သတ်ပြီး အရင်က သင်ကြားဘူးပါသလား?မှတ်ချက်လေးတွေပေးသွားပါဦးနော်။
Lifestyle_Myanmar
LM_Nandar
Source-brightside
ZawGyi
ကိုယ္ဝန္ေဆာင္ေနစဥ္မွာ ေနာက္ထပ္သေႏၶသား ကိုယ္ဝန္ရႏိုင္သလား?
ဒါကမယုံႏိုင္စရာေကာင္းေပမယ့္ အမ်ိဳးသမီးတစ္ေယာက္ဟာ ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္းမွာ ေနာက္ထပ္ ကိုယ္ဝန္ရလာႏိုင္ပါတယ္။ ဒါဟာ သိပၸံဝတၱဳ႐ုပ္ရွင္ေတြထဲက သဘာဝလြန္ျဖစ္ရပ္ဆန္းမ်ားလို႔ ထင္ရေပမယ့္ ဒါကအမွန္ျဖစ္ပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ဟာ ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္းမွာ ေနာက္ထပ္ ပဋိသေႏၶတည္ႏိုင္ပါတယ္။ ဒီစိတ္ဝင္စားဖို႔ေကာင္းေသာ အေၾကာင္းအရာကို Bright Sideမွာ ယခုလိုေဖာ္ျပေပးထားပါတယ္။
ဒါက သာမန္အားျဖင့္ ဘယ္လိုမွ မျဖစ္ႏိုင္တဲ့ ကိစၥတစ္ခုျဖစ္ေပမယ့္ ရွားပါးအေျခအေနေတြမွာ ျဖစ္ႏိုင္တယ္လို႔ သိပၸံပညာမွာ ေဖာ္ျပထားပါတယ္။ ဒီရွားပါးအေျခအေနကို (superfetation)စူပါဖတ္ေတးရွင္း လို႔ေခၚပါတယ္။ ကိုယ္ဝန္ရွိေနပါရက္နဲ႔ ေနာက္ထပ္သေႏၶသားကိုယ္ဝန္တစ္ခု ထပ္ရျခင္းမ်ိဳးပါ။ happy mother တစ္ေယာက္ဟာ မတူညီတဲ့ ကိုယ္ဝန္ေဆာင္ကာလႏွင့္အတူ အမႊာႏွစ္ေယာက္ ရရွိသြားတာျဖစ္ပါတယ္။ တခါတရံ ကေလးႏွစ္ေယာက္ဟာ ေမြးတဲ့ရက္ေတာင္ မတူပါဘူး။
Superfetation က superfecundation နဲ႔မတူပါဘူး။ superfecundationဆိုတာ (menstrual period)သားဥေႂကြခ်ိန္ကာလတစ္ခု အတြင္းမွာ တစ္ေယာက္ထက္ပိုတဲ့ လိင္ဆက္ဆံမႈကေန လႊတ္ထုတ္လိုက္တဲ့ မ်ိဳးဥ ၂ခု မ်ိဳးေအာင္သြားျခင္းကို ဆိုလိုပါတယ္။ ဒီကိစၥမွာ အမ်ိဳးသမီးတစ္ေယာက္ဟာ ဖေအမတူ ကေလးအမႊာရရွိျခင္းျဖင့္ အဆုံးသတ္ပါလိမ့္မယ္။ Superfetation ကေတာ့ အမ်ိဳးသမီးတစ္ေယာက္ဟာ မတူညီတဲ့ သားဥေႂကြခ်ိန္အတြင္းမွာ သေႏၶတည္တာျဖစ္ၿပီး ကိုယ္ဝန္ေဆာင္ကာလက ကြာျခားပါတယ္။ ေမြးလာတဲ့အမႊာက ကိုယ္အေလးခ်ိန္၊ အရပ္ႏွင့္ ေသြးအမ်ိဳးအစားေတာင္ ကြာျခားပါလိမ့္မယ္။
ပုံမွန္အားျဖင့္ အမ်ိဳးသမီးတစ္ေယာက္ ကိုယ္ဝန္ေဆာင္တဲ့အခါ သူမရဲ႕သားအိမ္ဟာ ကေလးတစ္ေယာက္ ႀကီးထြားလာဖို႔အတြက္ ခႏၶာကိုယ္ကို ျပင္ဆင္ေပးဖို႔ အခ်က္ျပတစ္ခုအျဖစ္ ေဟာ္မုန္းေတြ ေပးပို႔ပါတယ္။ ထိုေဟာ္မုန္းမ်ားက သားအိမ္ကို မ်ိဳးဥထုတ္လႊတ္ေပးျခင္းကို ရပ္တန္႔ေစပါတယ္။ သို႔ေသာ္ ပထမသေႏၶသားဟာ ဖြံ႕ၿဖိဳးမႈ ေႏွးေကြးေနတာေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္ထြက္တဲ့ ေဟာ္မုန္းေတြ မထြက္ဘဲ မမ်ိဳးဥေတြ ထြက္ေနေသးတာေၾကာင့္ ဒီအေျခအေနျဖစ္ရတယ္လို႔ မွတ္ယူၾကပါတယ္။
ဒီသဘာဝလြန္ ရွားပါးျဖစ္စဥ္ကို တရားဝင္ စာရင္းျပဳစုထားခဲ့တာဟာ (၁၀) ခုေလာက္ပဲ ရွိတယ္လို႔ဆိုပါတယ္။ ေနာက္ဆုံးတစ္ေယာက္က ကိတ္ေဟးလို႔ေခၚတဲ့ ၾသစေၾတးလ် အမ်ိဳးသမီးတစ္ေယာက္ျဖစ္ၿပီး ၁၀ ရက္အတြင္းမွာ အမႊာကိုယ္ဝန္ရလာတာ ျဖစ္ပါတယ္။ သူမဟာ အမႊာေတြအျဖစ္ သတ္မွတ္ခံရသူ Charlotte နဲ႔ Olivia ဆိုတဲ့ မိန္းကေလးႏွစ္ေယာက္ကို ေမြးဖြားခဲ့ပါတယ္။ သို႔ေသာ္ သူတို႔သေႏၶတည္တဲ့ အခ်ိန္ကြာျခားမႈက ၁၀ရက္သာရွိပါတယ္။ သူတို႔ဟာ တစ္ေန႔တည့္ ေမြးဖြားခဲ့ၾကၿပီး ကိုယ္အေလးခ်ိန္၊ ေသြးအမ်ိဳးအစားေတြ ကြဲျပားျခားနားခဲ့ပါတယ္။
Superfetation က တိရိစာၦန္ေတြၾကားမွာလည္း ျဖစ္ပြားႏိုင္ပါတယ္။ ႂကြက္၊ သားပိုက္ေကာင္၊ ယုန္၊ ေၾကာင္ႏွင့္ သိုးေတြမွာ superfetation အေၾကာင္းကိစၥေတြ ျဖစ္ႏိုင္တယ္လို႔ အခိုင္အမာေျပာဆိုထားတာ ရွိပါတယ္။ ငါးမွာလည္း ဒီထူးျခားတဲ့ စြမ္းရည္ရွိေၾကာင္းျပသခဲ့ပါတယ္။
ဒီျဖစ္ရပ္ဆန္းကို ယုန္ေတြမွာ ပထမဆုံးသတိျပဳမိခဲ့သူက အရစၥတိုတယ္ ျဖစ္ပါတယ္။ သူက ယုန္ေလးေတြမွာ အ႐ြယ္အစားမတူေသာ ကေလးေလးေတြ ေမြးဖြားခဲ့ေၾကာင္း ေလ့လာေတြ႕ရွိခဲ့ပါတယ္။ အငယ္ဆုံး တစ္ေကာင္က အ႐ြယ္အစား သိသိသာသာ ေသးငယ္တာကို ေတြ႕ခဲ့ၾကပါတယ္။ အငယ္ဆုံးသားေပါက္ေလးက ဒုတိယကိုယ္ဝန္ ျဖစ္တည္မႈေၾကာင့္ ပိုေသးသြားတဲ့ superfetation ရလဒ္ေၾကာင့္ ျဖစ္ပါတယ္။
ဒီျဖစ္ရပ္ဆန္းႏွင့္ ပတ္သတ္ၿပီး အရင္က သင္ၾကားဘူးပါသလား?မွတ္ခ်က္ေလးေတြေပးသြားပါဦးေနာ္။
Lifestyle_Myanmar
LM_Nandar
Source-brightside
သိပၸံပညာမွာေတာ့ ရွိတယ္လို႔ဆိုပါတယ္၊ ကမာၻတစ္ဝွမ္းမွာ စာရင္းျပဳစုထားခဲ့တာ (၁၀) ခုရွိတယ္လို႔ဆိုပါတယ္။