ကိုယ်ဝန်ဆောင်နေစဉ်ဖောယောင်ခြင်းဆိုတာ အရည်တွေကို ထိန်းသိမ်းထားခြင်းကြောင်းဖြစ်လာတတ်သော ကိုယ်ဝန်ဆောင်အများစုကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ၎င်းရဲ့ အကျိုးဆက်တွေကို လျော့ပါးစေဖို့ ဘယ်လိုတွေလုပ်ရမလဲ?
ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ခြေထောက်တွေနှင့် ခြေဖဝါးတွေဟာ ဖောင်းမို့ပြီး ရောင်ရမ်းတာတွေ ဖြစ်လေ့ရှိပါတယ်။ အထူးသဖြင့် ပိုပြီး ပူနွေးနေတဲ့လတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ အချိန်တွေအကြာကြီး မတ်တပ်ရပ်နေတဲ့ နေ့မျိုးတွေမှာ ညဘက်တွေဆို ရောင်ရမ်းတတ်ပါတယ်။ အရည်တွေ စုဆောင်းထားခြင်းကို ဖောင်ယောင်ခြင်းလို့ ခေါ်ပြီး ဒါဟာ တော်တော်မသက်မသာဖြစ်စေပါတယ်။ တစ်ခါတရံမှာတော့ ဒီအရာတွေဟာ လက်တွေနဲ့ လက်မောင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။
နောက်ထပ်ဖြစ်နိုင်ချေအကျိုးဆက်တစ်ခုက အငြိမ်မနေနိုင်ဘဲ လှုပ်လှုပ်ရွရွဖြစ်နေခြင်း၊ သက်တောင့်သက်သာမရှိခြင်း (သို့) နာကျင်မှုတွေအထိ ဖြစ်နိုင်ပါတယ်။ နောက်ဆုံး ဖိနပ်အရွယ်အစား နှစ်ဆအထိတိုးလာနိုင်ပါသေးတယ်။ ဒါ့ကြောင့် ဒီအခြေအနေတွေကို အတတ်နိုင်ဆုံးဖြေရှင်းနိုင်မယ့် အကြံဉာဏ်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။

သင့်ခြေထောက်တွေရောင်ရမ်းလာရင် ဘယ်လိုလုပ်မလဲ
ဝမ်းဗိုက်အရွယ်အစားနှင့် အလေးချိန် ကြီးထွားတိုးပွားလာတဲ့အခါ ခြေထောက်ကနေ နှလုံးကို စီးဆင်းနေတဲ့ သွေးကြောတွေအပေါ်မှာ ဖိအားပေးသလိုဖြစ်နေပါတယ်။ ဒီလိုနည်းနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နေစဉ်ကာလတစ်လျှောက်မှာ ဖောရောင်တဲ့ဝေဒနာကို ခံစားရနိုင်ပါတယ်။ ဖောယောင်ခြင်းဆိုတာ ကိုယ်ဝန်ရဲ့ တတိယသုံးလပတ်ကာလမှာ ပေါ်ပေါက်လာနိုင်ပါတယ်။ သို့ပေမယ့် သွေးလည်ပတ်မှုနည်းပါးမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်အစောပိုင်းမှာကတည်းက ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ Lymphedema လို့ခေါ်တဲ့ အခြေအနေတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ ဒီအချက်ကတော့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မွေးရာပါမူမမှန်မှုကြောင့် lymphatic အရည်တွေကို ထိန်းသိမ်းထားတာကြောင့်ဖြစ်ပါတယ်။ ဟော်မုန်းတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။

ဘယ်လိုသက်သာအောင် လုပ်မလဲ
၎င်းက မကြာခဏဖြစ်ပွားလေ့ရှိသောဖြစ်စဉ်တစ်ခုဖြစ်တဲ့အပြင် ကိုယ်ဝန်ဆောင််ရဲ့ နေ့စဉ်ဘဝမှာ ဒီပြဿနာတွေကြောင့် မထိခိုက်စေဖို့ တစ်ချို့သော ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်ပါတယ်။
- သင့်ခြေထောက်တွေကို လေ့ကျင့်ခန်းလုပ်ပြီးမှ နေ့တစ်နေ့ကို ကုန်ဆုံးစေပါ။ ခြေထောက်နဲ့ ခြေကျင်းလှုပ်ရှားမှုလေ့ကျင့်ခန်းတွေကို ပြုလုပ်ပါ။
- ဘယ်ဘက်ခြမ်းကို စောင်းပြီးအိပ်ပါ။ ၎င်းက သွေးဖိအားတွေကို လွှတ်ပးပြီး သွေးပြန်ကြောတွေကို ပြန်လည် လည်ပတ်စေနိုင်ပါတယ်။
-ရေများများသောက်ပါ။ ၎င်းက လွဲမှားနေသလိုဖြစ်နေပေမယ့် သွေးလည်ပတ်မှုကို ကောင်းမွန်စေသော ရေဓာတ်ကို ထိန်းသိမ်းခြင်းဖြစ်ပြီး Fluid retention ကို လျော့နည်းစေပါတယ်။ - သင့်ခြေထောက်တွေကို နှိပ်နယ်ပေးပါ။
- သင့်အိမ်ပတ်ဝန်းကျင်မှာ ရေကူးကန် (သို့) ပင်လယ်ရှိတယ်ဆိုရင် ရေထဲမှာ ညင်သာသောခြေထောက်လေ့ကျင့်ခန်းလုပ်ပေးပါ။
-အချိန်အကြာကြီး မတ်တပ်ရပ်နေရသူဆိုရင် အလယ်အလတ်အားပြင်းသော သိုသိပ်တဲ့ အဝတ်အစားကို ဝတ်ဆင်ပါ။
Chit_May_May
Nyein_Thu
Ref- youaremom