
ရုံးပတီသီးမှာ ခန္ဓာကိုယ်အတွက် အကျိုးများစွာဖြစ်ထွန်းစေတဲ့ အရာများစွာပါရှိပါတယ်။ ဒါကြောင့်မို့ ဘယ်လိုအရာတွေက ခန္ခာကိုယ်ကို ဘယ်လိုအကျိုးပြုစေသလည်းဆိုတာ သိစေနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
ကိုယ်ခံစွမ်းအားကို တိုးတက်စေပါတယ်

ရုံးပတီသီးတွင် ဗီတာမင်-စီ ပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားကို တိုးတက်စေပါတယ်။ ဒါ့အပြင် ဖိုင်ဘာဓါတ်ပါဝင်မှုများပြားတာကြောင့် ကိုလက်စထရောကို ကျဆင်းစေပြီး သွေးကြောကျဉ်းခြင်းကို ကာကွယ်ပေးပါတယ်။ ဖိုင်ဘာပါဝင်မှုများပြားတာကြောင့်မို့ အစားအစာများတွင်ပါဝင်တဲ့ အဆီနဲ့ ကိုယ်လက်စထရောပါဝင်မှုများကို အစာခြေစနစ်အတွင်းပြိုကွဲစေပြီး အညစ်အကြေးများမှတဆင့် စွန့်ထုတ်ပစ်စေတာကြောင့်မို့ ကိုယ်အလေးချိန်လျော့ချဖို့အတွက် ကောင်းစွာအထောက်အကူဖြစ်စေတဲ့ အစားအစာတမျိုးလည်းဖြစ်ပါတယ်။
ပန်းနာရင်ကြပ်ရောဂါကို သက်သာစေပါတယ်

ဗီတာမင်-စီ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးခြင်းသည် ပန်းနာရင်ကြပ်ရောဂါကို သက်သာစေပါတယ်။ ရုံးပတီသီးတွင် ဗီတာမင်-စီ ကြွယ်ဝစွာ ပါရှိတာကြောင့် ၎င်းကို စားသုံးပေးခြင်းသည် ပန်းနာရင်ကြပ်ရောဂါကို သက်သာစေပါတယ်။ ဒါ့အပြင် ၂၀၀၀ ခုနှစ်က လေ့လာမှုအရ ရုံးပတီးသီးကို တပတ်မှာ နှစ်ကြိမ်လောက်စားသုံးပေးတာက အူမကြီးကင်ဆာရောဂါဖြစ်ပွားမှုကို လျော့ကျစေဖို့ ကောင်းစွာအထောက်အကူဖြစ်စေတာကိုတွေ့ရှိခဲ့ပါတယ်။
ဆီးချိုရောဂါဖြစ်ပွားနိုင်မှုကို ထိန်းချုပ်ပေးပါတယ်

ရုံးပတီးသီးတွင်ပါဝင်တဲ့ ပျော်ဝင်နိုင်သောဖိုင်ဘာဓါတ်သည် သွေးထဲရှိသကြားဓါတ်ပမာဏကို တည်ငြိမ်အောင်ထိန်းချုပ်နိုင်တာကြောင့် ဆီးချိုရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ပေးပါတယ်။ ၎င်းသည် အူအတွင်းရှိသကြားဓါတ်များပြားစွာတည်ရှိနေမှုကိုလည်း စုပ်ယူနိုင်စွမ်းလည်းရှိတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။
ကျောက်ကပ်ရောဂါကို ကာကွယ်ပေးပါတယ်

ကျောက်ကပ်ပျက်စီးမှုဖြစ်ပွားခြင်းရဲ့ ထက်ဝက်နီးပါးသည် ဆီးချိုရောဂါဖြစ်ပွားခြင်းကြောင့်ဖြစ်ပြီး ရုံးပတီသီးကို ပုံမှန်စားသုံးပေးခြင်းသည် ဆီးချိုရောဂါကိုထိန်းချုပ်ပြီးသားဖြစ်တာကြောင့်မို့ ကျောက်ကပ်ရောဂါဖြစ်ပွားမှုကိုပါ ထိန်းချုပ်ပြီးသားဖြစ်စေပါတယ်။ ရုံးပတီသီးတွင် ဗီတာမင်-အေ၊ ဗီတာမင် ( B1,B2,B6 )၊ ဗီတာမင်- စီ၊ သွပ်နဲ့ ကယ်လစီယမ်တို့ ပါဝင်တာကြောင့်မို့ ကိုယ်ဝန်ဆောင်ကာလတွင် စားသုံးဖို့အသင့်တော်ဆုံးသော ဟင်းသီးဟင်းရွက်တမျိုးဘဲဖြစ်ပါတယ်။ ဒါ့အပြင် ရုံးပတီသီးသည် ဖိုင်ဘာနဲ့ ဖောလစ်အက်စစ်ဓါတ်ကို ကောင်းစွာဖြည့်စွတ်ပေးနိုင်တဲ့အစားအစာတမျိုးလည်းဖြစ်တာကြောင့်မို့ မီးဖွားစဉ်အတွင်း ချို့ယွင်းမှုဖြစ်ပေါ်ခြင်းနဲ့ ကိုယ်ဝန်ဆောင်နေချိန်အတွင်း ဝမ်းချုပ်ခြင်းတို့ကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
#Chit_May_May
#Dmo_aung
#Ref- medicaldaily
Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။