စိတ်ဖိစီးမှုက ကျွန်မတို့နေ့စဉ်ဘဝရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာလည်း ကြုံရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့စိတ်ဖိစီးမှုဟာ အနာဂတ်ကလေးငယ်ရဲ့အိုင်ကျူနှင့် ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကလေးရဲ့ဘဝမှာ တခြားပြဿနာများကို ဖြစ်ပေါ်စေနိုင်တယ်လို့ သိပ္ပံပညာရှင်များက ဖော်ပြထားပါတယ်။ ဒီစိတ်ဖိစီးမှုအားလုံးက အန္တရာယ်ရှိပါသလား? သန္ဓေသားကို အမှန်တကယ် ဘယ်လိုလွှမ်းမိုးနိုင်ပါသလဲ?
ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်ပေါ်နိုင်တဲ့ စိတ်ဖိစီးမှုပြဿနာများနှင့် ထိုစိတ်ဖိစီးမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို သိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။
၁။ စိတ်ဖိစီးမှုက အချိန်မတိုင်မီ ကလေးမီးဖွားတာ၊ ပေါင်မပြည့်ဘဲမွေးတာတို့ ဖြစ်ပေါ်နိုင်ပါတယ်
အနာဂတ်ဘေဘီလေးရဲ့ ကျန်းမာပျော်ရွင်မှုက မိခင်တိုင်းရဲ့ စိုးရိမ်ပူပန်မှု နှင့် သက်ဆိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ခံစားမှုတွေလည်း ပြောင်းလဲပါတယ်။ မမွေးဖွားသေးတဲ့ ကလေးလေးအတွက် မေမေတို့မှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ရပါတယ်။ ဒီအဆုံးစွန် စိုးရိမ်ပူပန်မှုတွေက စိတ်ဖိစီးမှုအဖြစ် ပြောင်းလဲနိုင်ပါတယ်။ စိတ်ဖိစီးမှု များလွန်းတာက ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ ကျန်းမာရေးထိခိုက်စေပါတယ်။

ကျန်းမာတဲ့ ကလေးရရှိဖို့ဆိုရင် ပထမဆုံးအရာက စိတ်ချမ်းသာစွာ နေဖို့လိုပါတယ်။ စိတ်ဖိစီးမှုအခြေအနေကို ရင်ဆိုင်နိုင်စွမ်း မရှိခြင်းက ပေါင်မပြည့်တဲ့ကလေးမွေးဖွားတာ၊ ကလေးစောစောမီးဖွားတာ စတဲ့အခြေအနေတွေနဲ့ ဆက်စပ်နေတယ်လို့ သားဖွားမီးယပ်ဆရာဝန်တစ်ဦးက ဆိုပါတယ်။
စိတ်ဖိစီးမှုက corticotropin-releasing ဟော်မုန်း ( CRH) ၏ထုတ်လုပ်မှုကို တိုးပွားစေပါတယ်။ မိခင်မှာ ဒီဟော်မုန်းတိုးရင် ကိုယ်ဝန်ဆောင်နဲ့ သန္ဓေသားကို လွှမ်းမိုးနိုင်ပါတယ်။ CRH အဆင့်မြင့်မားမှုက အချိန်မတိုင်မီ ကလေးမွေးဖွားပါတယ်။ ဒီအံသြစရာကောင်းတဲ့အချက်က ပထမဆုံး သုံးလပတ်မှာ အများစုဖြစ်ပါတယ်။ အချိန်မတန်မီ ကလေးမွေးဖွားခြင်းမှ တားဆီးဖို့ မိခင်တွေဟာ နောက်ဆုံး သုံးလပတ်မှာ စိတ်ဖိစီးမှုတွေကို ရှောင်ရှားသင့်တယ်လို့ အများအားဖြင့် ထင်ရပေမယ့် အဖြစ်မှန်က ဆန့်ကျင်ဘက်ပါပဲ။ အချိန်မတိုင်ခင် ကလေးမီးဖွားမှုက ကိုယ်ဝန်ဆောင်ရဲ ပထမအပတ်တွေ အတွင်းမှာ ကြုံတွေ့သော စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ CRH မြင့်တတ်မှုကြောင့် ဖြစ်ပါတယ်။
၂။ ကလေးရဲ့ အိုင်ကျူနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို လွှမ်းမိုးပါတယ်
သိပ္ပံပညာရှင်များက cortisol Levels မြင့်မားမှုက ကလေးရဲ့ အိုင်ကျူကို လျော့ကျစေတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ ပုံမှန်အားဖြင့် အချင်းက cortisol ကို ဖြိုဖျက်ပေးတဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေမယ့် စိတ်ဖိစီးမှု များလွန်း (or) ကြာရှည်လွန်းရင် အလုံအလောက် ရင်ဆိုင်မဖြေရှင်းနိုင်ပါဘူး။
ကိုယ်ဝန်ဆောင်စဉ်အတွင်း ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိစေတယ်လို့ အတည်ပြုခဲ့ကြပါတယ်။ အထူးသဖြင့် Wayne ပြည်နယ်တက္ကသိုလ်အသင်းတစ်ခုက ကောက်ယူတဲ့ လေ့လာမှုတစ်ခုမှာ မိခင်ရဲ့စိတ်ဖိစီးမှုက ဦးနှောက်ဆက်သွယ်မှုနှင့် အာရုံကြော အလုပ်လုပ်တဲ့ စနစ်တွေကို ထိရောက်မှုလျော့နည်းအောင် သြဇာလွှမ်းမိုးကြောင်း တွေ့ရှိခဲ့ပါတယ်။
၃။ အိပ်စက်ခြင်းဆိုင်ရာကိစ္စရပ်များကို လှုံ့ဆော်နိုင်ပါတယ်
အံသြစရာကောင်းတာက မိခင်ရဲ့စိတ်ခံစားမှုက သန္ဓေသားဖွံ့ဖြိုးမှုသာမက အိပ်စက်မှုကိုလည်းပဲ သြဇာလွှမ်းမိုးပါတယ်။ ၂၀၀၇ခုနှစ် လေ့လာမှုတစ်ခုမှာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ စိတ်ဖိစီးမှုက ကလေးရဲ့အိပ်စက်မှုအချိန်ကို သြဇာလွှမ်းမိုးကြောင်း တွေ့ရှိခဲ့ပါတယ်။
အဆိုပါ သိပ္ပံပညာရှင်များက အသက် ၆လ၊ ၁၈လနှင့် ၃၀လ ကလေးတွေကို သူတို့အိပ်ချိန်နှင့် ပတ်သတ်ပြီး တိုင်းတာခဲ့ကြပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း စိုးရိမ်စိတ်ကြံုရတဲ့ မိခင်ရဲ့ကလေးဟာ ၁၈လနဲ့ လ၃၀ မှာ အိပ်စက်မှုပြဿနာများ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်ပျက်မှုက ကလေးရဲ့ circadian rhythm ကိုတာဝန်ယူပေးရတဲ့ ဦးနှောက်ဧရိယာကို ထိခိုက်စေသော အချင်းမှတဆင့်သွားတဲ့ cortisol ကြောင့် ဖြစ်ပါတယ်။
၄။ ကိုယ်ဝန်ဆောင် စိတ်ဖိစီးမှုက ကလေးရဲ့ကျန်းမာရေးကို ပြဿနာများ ဖြစ်ပေါ်စေနိုင်ပါတယ်
2011ခုနှစ် လေ့လာမှုတစ်ခုမှာ ကိုယ်ဝန်ဆောင်မိခင်ရဲ့စိတ်ဖိစီးမှုက ကလေးရဲ့ကျန်းမာရေးကို ယေဘုယျအားဖြင့် လွှမ်းမိုးမှုရှိတယ််လို့ အတည်ပြုခဲ့ကြပါတယ်။။ ရလဒ်က အမိဝမ်းထဲမှာ စိတ်ဖိစီးမှုကို ခံစားရတဲ့ကလေးမှာ စိတ်ရောဂါများနဲ့ အစောပိုင်း ရောဂါကူးစက်မှု အန္တရာယ်မြင့်မားတယ်လို့ ပြသခဲ့ပါတယ်။ မျက်စိ၊ နား၊ အစာခြေစနစ်၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ၊ အရေပြား၊ သွေးလည်ပတ်မှုတွေကဲ့သို့ ပြဿနာများလည်း ကြံုရနိုင်ပါတယ်။ စိတ်ဖိစီးမှုနှင့် အာရုံစူးစိုက်မှုအားနည်းတဲ့ရောဂါ( ADHD )အကြား ချိတ်ဆက်မှုတစ်ခုကိုလညး် တွေ့ရှိခဲ့ပါတယ်။ စိတ်ဖိစီးမှုရဲ့ လွှမ်းမိုးမှုက ဆေးလိပ်သောက်တဲ့ ကိုယ်ဝန်ဆောင်မိခင်ထက် ပိုပြီးအားကောင်းပါတယ်။

၅။ ကလေးရဲ့ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှု အဆင့်ဆင့်ကို တိုးမြှင့်စေပါတယ်
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်မှာ cortisol level မြင့်မားခြင်းဟာ ကလေးကို အနာဂတ်မှာ စိတ်ဖိစီးတဲ့ ခံစားမှု ပိုပြီး ကျရောက်စေတယ်လို့Denver တက္ကသိုလ်မှ ဒေါက်တာ Elysia Davis ကပြောပါတယ်။ စိတ်ဖိစီးမှုများတဲ့ မိခင်ကနေ မွေးလာတဲ့ ကလေးဟာ သူတို့ဆီကို ဘောလုံးလှိမ့်လာတာ၊ လူစိမ်းမြင်တာနဲ့ ကြောက်တာ ၊မူကြို၊ ကျောင်းနေအရွယ်မှာ ကျောင်းသွားရမှာကို ကြောက်တာ စသဖြင့် ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေ ဖြစ်လာစေပါတယ်။
စိတ်ဖိစီးမှု အားလုံးက အတူတူပဲ မဟုတ်ပါဘူး။
ကာလတို စိတ်ဖိစီးမှုက ကလေးကိုမထိခိုက်စေဘူးလို့ သုတေသနက ပြသထားပါတယ်။ ဒါကိုသိဖို့ သူတို့ဟာ စိတ်ဖိစီးမှုကြုံခဲ့ရတဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့တံတွေးနဲ့ ရေမွှာရည်မှာပါတဲ့ cortisol ဟော်မုန်းအဆင့်တွေကို တိုင်းတာခဲ့ကြပါတယ်။ ကာလတိုစိတ်ဖိစီးမှုက သန္ဓေသားကို လွှမ်းမိုးမှု မရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ရေရှည်စိတ်ဖိစီးမှုက အထက်မှာဖော်ပြထားတဲ့ အကျိုးဆက်များရဲ့ အန္တရာယ်ကို ဦးတည်နေတဲ့ amniotic အရည်မှာ CRH Level များကို တိုးစေပါတယ်။
စိတ်ဖိစီးမှုကို ဘယ်လိုကုသမလဲ
မနက်စာစားဖို့ မမေ့ပါနဲ့- သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ငါး၊ အစေ့အဆန်များကို ပိုစားပါ။ နေ့တိုင်း အချိန်မှန်စားဖို့ ကြိုးစားပါ။
လေ့ကျင့်ခန်း- ကိုယ်ဝန်ဆောင်သည်ဟာ အိပ်ရာထဲမှာပဲ မနေသင့်ပါဘူး။ ရေကူးကန်သွားတာတို့ လမ်းလျှောက်တာတို့ ထိခိုက်မှုနညး်တဲ့ လေ့ကျင့်ခန်းလုပ်တာတို့ ပြုလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုအကြောင်းကို မေ့လျော့စေပြီး ပျော်ရွင်မှုဟော်မုန်းကို တိုးစေပါလိမ့်မယ်။
တရားထိုင်ပါ- တရားထိုင်ခြင်းက စိုးရိမ်စိတ်တွေကို လျော့ကျစေပါတယ်။
သင့်ကိုပျော်ရွင်စေတဲ့ သူတွေနားမှာနေပါ- မိသားစုနဲ့အူ စကားပြောခြင်း၊ သင့်ကို ပံ့ပိုးကူညီပေးနိုင်မယ့် သူငယ်ချင်းတွေနဲ့ တွေ့ဆုံခြင်းက သင့်ရဲ့တစ်နေ့တာကို ကျိန်းသေပိုကောင်းစေပါလိမ့်မယ်။
သင်ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို ချရေးပါ- ဒီရိုးရှင်းတဲ့ အလေ့အကျင့်က သင့်မှာ တွေ့ကြံုခံစားနေရတဲ့ မကောင်းတဲ့ စိတ်ခံစားမှုတွေကို လျော့ကျစေပါတယ်။
သင့်ရဲ့ဝါသနာတွေကို ခံစားကြည့်ပါ- ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အချိန်အများကြီး အားလပ်နေမှာပါ။ အဲ့ဒီအချိန်မှာ စိတ်ဖိစီးစေမယ့် အတွေးတွေ မတွေးမိအောင် အလုပ်ရှုပ်နေဖို့ လိုပါတယ်။ သိုးမွှေးထိုးဝါသနာပါရင် မွေးလာမယ့် သားသားမီးမီးအတွက် အကျင်္ီလေးတွေ၊ ခြေအိတ်လေးတွေ ထိုးနေတာက စိတ်အေးချမ်းမှုကို ဖြစ်စေမှာပါ။
ပိုပြီးအိပ်ပါ- ဒါက ပြဿနာအားလုံးကို ဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့် သင်နှင့် သင့်ကလေးကျန်းမာရေးကို ထိန်းသိမ်းဖို့ လိုအပ်တဲ့ ခန္ဓာကိုယ်အနားပေးမှုကို ရရှိပါလိမ့်မယ်။
ကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ- သင်စိုးရိမ်နေတဲ့ ပြဿနာကို မဖြေရှင်းနိုင်ရင် ကျွမ်းကျင်သူများရဲ့ အကူအညီကို ရှာပါ။ သင့်ရဲ့စိတ်အပြောင်းအလဲက စိတ်ကျရောဂါ သို့မဟုတ် စိတ်ဖိစီးမှု ဖြစ်နိုင်ပါတယ်။ သင်လိုအပ်တယ်ဆိုရင် အကူအညီတောင်းရမှာကို မကြောက်ပါနဲ့။
စိတ်ဖိစီးမှုရဲ့ အကျိုးသက်ရောက်မှုက ပြောင်းပြန်ဖြစ်နိုင်ပါတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှု ကြံုတွေ့ရပေမယ့် မွေးဖွားပြီးနောက် မိခင်နှင့်ကလေးအကြား ခိုင်ခံတဲ့မေတ္တာနှောင်ကြိုးက အမိဝမ်းထဲမှာ ကြံုတွေ့ရတဲ့ စိတ်ဖိစီးမှုကို တွန်းလှန်ခဲ့ကြောင်း ပြသခဲ့ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှု အရမ်းများခဲ့လို့ စိတ်မပူပါနဲ့။ သင့်ရဲ့ချစ်ခြင်းမေတ္တာက ကလေးအဓိကလိုအပ်တဲ့ အရာဖြစ်ပါတယ်။
Chit_MayMay
LM_Nandar
Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။