ကိုယ်ဝန်ဆောင်မိခင်လောင်းတို့ သိထားသင့်တဲ့ ‌ရှေးအယူအဆဆိုင်ရာ ‌ဆောင်ရန်ရှောင်ရန်များ

0
155
- Advertisement -

ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင် ဘေးကလူတွေ၊ ပတ်ဝန်းကျင်ကလူတွေ၊ မိတ်ဆွေတွေ၊ မိဘဆွေမျိုးတွေက ဖူးဖူးမှုတ်ချစ်ကြပြီး ဆောင်ရန်ရှောင်ရန်လေးတွေ အကြံပေးကြပါတယ်။

၁။ လှေကားထစ်မှာမထိုင်ကောင်းဘူး

တကယ်တော့ ပြုတ်ကျမှာစိုးလို့ ပြောတာပါ။ ဒါပေမယ့် တချို့လူကြီးတွေက မကောင်းဆိုးရွား လာခေါ်သွားမယ်လို့ ပြောကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဟာ သွေးနုသားနုမို့ စိတ်မခိုင်ပါဘူး။ တစ်ခုခုဆို လန့်တတ်ပါတယ်။

- Advertisement -

၂။ အနီရောင်အသီးစားရင် ကလေးက ပါးနီနီလေး ဖြစ်မယ်

အနီရောင်အဆင်းရှိတဲ့ အသီးကိုစားတာဟာ သင့်ကလေးရဲ့ ပါးမို့မို့လေးက နီနီလေးဖြစ်နေမယ်လို့ အယူအဆရှိကြပါတယ်။

၃။ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကြည့်ရင် သင့်ကလေးကရုပ်ဆိုးလိမ့်မယ်

ကိုယ်ဝန်ဆောင်မိခင်တွေကို မိဘတွေ ကန့်သတ်ကြတဲ့ အရာတစ်ခုထဲမှာ သရဲကားတို့၊ သည်းထိတ်ရင်ဖိုဇာတ်ကားကို မကြည့်ရဘူးဆိုတာလည်း ပါပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲဖြစ်ချိန်ဖြစ်ပြီး တချို့အမျိုးသမီးတွေက စိတ်ဆိုးလွယ်တယ်၊ ဆတ်ဆတ်ထိမခံဖြစ်ကြသလို၊ စိတ်ဖိစီးမှုလည်း များကြပါတယ်။ ဒါ့ကြောင့် သည်းထိတ်ရင်ဖိုကားမကြည့်တာ ပိုကောင်းပါတယ်တဲ့။

၄။ ခြေချိတ်ပြီးထိုင်ရင် ကလေးခြေထောက်ခွင်တတ်တယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ခြေချိတ်မထိုင်တာအကောင်းဆုံးပါပဲ။ ခြေချိတ်ထိုင်တာဟာ သွေးလည်ပတ်မှုကို နှေးကွေးစေပြီး ကြာရင်မကောင်းပါဘူး။ရှေးဆိုရိုးစကားအရတော့ ခြေချိတ်ထိုင်ရင် ကလေး ခြေခွင်တတ်တယ်တဲ့။

၅။ ပက်လက်အိပ်တာဟာ ကလေးကို အသက်ရှုကျပ်စေတယ်

ပက်လက်အိပ်မယ့်အစား ခေါင်းအုံး (သို့) ဖက်လုံးကို ပေါင်ကြားထဲထည့်ပြီး အိပ်ပေးပါနော်။

၆။ ယောကျ်ားလေးလား မိန်းကလေးလား

ယောကျ်ားလေးဆိုရင် ဗိုက်က အရှေ့ပိုချွန်ထွက်ပြီး ဘဲဥပုံစံလေး ရှိတယ်လို့ ဆိုကြတယ်။ မိန်းကလေးဆိုရင် ဗိုက်ဝိုင်းဝိုင်းလုံးလုံးလေးလို့ ဆိုကြပါတယ်။

#Chit_May_May

#Thinzar

Ref-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here