အမျိုးသမီးတစ်ယောက်အတွက် ကိုယ်ဝန်ဆောင်ရတာ မလွယ်ကူပါဘူးနော်။ ကလေးမျက်နှာကို မမြင်ရခင်၊ ဝမ်းမသာနိုင်သေးခင်မှာ အတားအဆီးများစွာကို ရင်ဆိုင်ရပါတယ်၊ ဥပမာ- ပထမသုံးလပတ်မှာဆိုရင် morning sickness ခံစားရခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အတွက် အစာစားဖို့ ခက်ခဲစေပါတယ်။ ဒါပေမယ့် သူမစားရပါမယ်။ ထိုသို့သောအချိန်မျိုးမှာ ပျို့တတ်တာကို ထိန်းထားနိုင်တဲ့ အစားအစာမျိုးကို စားသုံးတာက ပိုကောင်းပါတယ်။ စွပ်ပြုတ် ၊ လတ်ဆတ်တဲ့ အသုတ်တွေ (သို့) အရသာရှိတဲ့ဖျော်ရည်တွေပါပဲ။ ဟုတ်ပါတယ်။ ဖျော်ရည်တွေက အရသာရှိပြီး ကောင်းရုံသာမက အစာကြေဖို့လည်း လွယ်ကူပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်နေတဲ့ မေမေတို့အတွက် လွယ်ကူတဲ့ဖျော်ရည်လုပ်နည်းတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။
၁။ လန်းဆန်းစေတဲ့ အစိမ်းရောင်ဖျော်ရည်
- ဟင်းနုနွယ်ရွက်ပေါက် – အစည်းသေးတစ်စည်း
- ထောပတ်သီး -အချပ်အနည်းငယ်
- သခွားသီး- အသေးတစ်လုံး
ပါဝင်ပစ္စည်းအားလုံးကို တုံးတစ်ပြီး blender တစ်ခုထဲထည့်မွှေပါ၊ အရသာအတွက် ဆားနည်းနည်း၊အနက်ရောင် ငရုတ်ကောင်းနည်းနည်း ထည့်နိုင်ပါတယ်။ အချိုထည့်လိုပါက ပျားရည်ထည့်နိုင်ပါတယ်။ ရေခဲသေတ္တာထဲ ခဏအေးအောင်ထားပြီး သောက်သုံးနိုင်ပါတယ်။

၂။ အနီရောင်ကတ္တီပါဖျော်ရည်
ဒါကတော့ သံဓါတ်ကြွယ်ဝတဲ့ သကြားမုန်လာ- မုန်လာဥနီဖျော်ရည်ပါ။
- ပျားရည်- စားပွဲတင်ဇွန်း ၁ဇွန်း
- သကြားမုန်လာအသေး (တုံးထားပြီး)-ခွက်တစ်ဝက်
- မုန်လာဥနီ (တုံးထားပြီး)- ခွက်တစ်ဝက်
- ရောမွှေဖို့ ရေနည်းနည်း
ပါဝင်ပစ္စည်းတွေအားလုံးကို ခပ်ပျစ်ပျစ်ဖြစ်သွားအောင် ရောမွှေပါ၊ သကြားမုန်လာက သဘာဝအချိုဓါတ်တွေရှိတာကြောင့် စွန်ပလွံသီးအရေအတွက် အတိုး၊အလျှော့နဲ့ အချိုဓါတ်လယ်ဗယ်ကို ချိန်ညှိနိုင်ပါတယ်။

၃။ ပန်းသီး-ဗနီလာ ဒိန်ချဉ်ဖျော်ရည်
ပန်းသီးက အမျှင်ဓါတ်တွေ ကြွယ်ဝပါတယ်။ ဒိန်ချဉ်က ပထမသုံးလပတ်အတွင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အစာကြေခြင်းအတွက် ကူညီပေးပါတယ်။
- အခွံပါတဲ့ ပန်းသီးတစ်လုံး- စိတ်ထားပါ
- ဗနီလာအရသာ ဒိန်ချဉ်-၂ခွက် (၉၀/၁၀၀ဂရမ်)
- အုန်းနို့
ပန်းသီးစိတ်တွေထည့်ပြီး အုန်းနို့အရင်ထည့်ပါ။ ပန်းသီးစိတ်တွေ smooth ဖြစ်သွားတဲ့အထိ blender နဲ့မွှေပါ။ နောက်ဆုံးမှာ ကိုယ်ကြိုက်တဲ့အရသာနဲ့ ကိုက်ညီစေဖို့ ဒိန်ချဉ်ကို တဖြည်းဖြည်း ထည့်နိုင်ပါတယ်။

၄။ ဂျင်းအရသာဖျော်ရည်
ဒီဖျော်ရည်က ဂျင်းအရသာနဲ့ အနံ့အရသာစူးရှတဲ့ အသီးအနံ့အရသာတွေ ပေါင်းစပ်ထားတာပါ။ ဒီပါဝင်ပစ္စည်းအားလုံးက ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်းလက္ခဏာတွေကို ကျော်လွှားဖို့ အကောင်းဆုံးဖျော်ရည်ဖြစ်ပါတယ်။
- သရက်သီးမှည့်အနှစ်- ၂၅၀ ဂရမ် (ဖြစ်နိုင်ရင် အအေးခံထားပါ)
- သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ပန်းသီး- အလတ်စားအရွယ် တစ်ခြမ်းခန့်
- ရေ- လိုအပ်သလောက်
- ၁လက်မခန့်ဂျင်းကို ခြစ်ထားပါ
အအေးခံထားတဲ့ သရက်သီးကို ပန်းသီး၊ သံပုရာရည်နဲ့ သမအောင် ရောမွှေပါ။ ခပ်ပျစ်ပျစ် အနေအထားရအောင် ရေလိုသလောက်ထည့်ပါ၊ အရသာပေါ်မူတည်ပြီး ခြစ်ထားတဲ့ ဂျင်းကို ဖြူးပါ။

Chit_MayMay
LM_Nandar
Source-momjunction
Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။