ကိုယ်ဝန်ဆောင်မေမေတို့ စားသုံးသင့်တဲ့အရာများ

0
201
- Advertisement -

ကိုယ်ဝန်ဆောင်ကာလဆိုတာက အနေအထိုင်၊ အသွားအလာနဲ့ အစားအသောက်အရာအားလုံးကို အသေးစိတ်ဂရုစိုက်ရတဲ့အချိန်ကာလဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလနုနယ်စဥ်မှာ ပိုမိုဂရုစိုက်ဖို့ လိုအပ်ပြီး ကိုယ်ဝန်ဆောင်စဥ်ကာလတစ်လျှောက်လုံးမှာလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘယ်လိုမျိုးအစားအသောက်တွေကို စားသုံးပေးသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။


၁။ နံနက်စာကို သေချာစားပါ။
နံနက်စာဆိုတာ တစ်နေ့တာအစပြုဖို့အတွက် အရေးကြီးတဲ့အရာဖြစ်ပြီး အသီးနဲ့အတူကယ်လ်ဆီယမ်ဓာတ်ပါဝင်တဲ့ အစားအသောက်တွေကို သေချာစားသုံးပေးသင့်ပါတယ်။ နေမကောင်းဖြစ်နေတဲ့အချိန်တွေမှာဆိုရင်လည်း ဂျုံပါဝင်တဲ့ အစားအစာတွေကို နံနက်စာအဖြစ်စားသုံးပေးသင့်ပြီး နံနက်စာကိုများများစားသုံးပေးဖို့ လိုအပ်ပါတယ်။

၂။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးပါ။
မုန်လာဥနီ၊ ငှက်ပျောသီးနဲ့ ဖရဲသီးတို့လို အသီးတွေနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံကို စားသုံးပေးသင့်ပြီး ပဲနဲ့ အစေ့အမျိုးမျိုး၊ ဆန်ညိုတို့ကို စားသုံးပေးသင့်ပါတယ်။

၃။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အဆာပြေမုန့်တွေကိုသာ စားသုံးပါ။
အဆီနည်းတဲ့ ဒါမှမဟုတ် အဆီမပါဝင်တဲ့ ဒိန်ချဥ်နဲ့ အဆီပါဝင်မှုနည်းပါးတဲ့ဘီစကစ်တို့ကိုပဲ အဆာပြေအဖြစ် စားသုံးသင့်ပါတယ်။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ လမ်းဘေးကအစားအစာတွေကိုတော့ ကိုယ်ဝန်ဆောင်ကာလမှာ မေမေတို့ကလုံးဝရှောင်ရှားသင့်ပါတယ်။

၄။ သံဓာတ်နဲ့ဖောလစ်အက်ဆစ်ပြည့်ဝအောင် စားသုံးပါ။
သံဓာတ်က သွေးလည်ပတ်မှုကို အားကောင်းစေပြီး ဖောလစ်အက်ဆစ်က မွေးရာပါကလေးကိုယ်ခန္ဓာချို့ယွင်းမှုတွေကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် သံဓာတ်နဲ့ဖောလစ်အက်ဆစ်ပါဝင်တဲ့ အစားအသောက်တွေနဲ့အားဆေးတို့ကိုလည်း စနစ်တကျစားသုံးပေးသင့်၊ သောက်သုံးပေးသင့်ပါတယ်။

၅။ ငါးနဲ့ပင်လယ်စာတွေကို စားသုံးပါ။
ပြဒါးဓာတ်ပါဝင်မှုမြင့်မားတဲ့ ငါးမန်းနဲ့ဓားရှည်တို့လိုငါးမျိုးတွေကိုတော့ မစားသုံးသင့်ဘဲ တူနာငါးကိုစားသုံးသင့်ပါတယ်။ ပုစွန်၊ ဆဲလ်မွန်နဲ့ငါးခူးတို့ကိုတော့ တစ်ပတ်ကိုပျမ်းမျှ (၂) ကြိမ်လောက် စားသုံးပေးသင့်ပြီး ကိုယ်ကပင်လယ်စာနဲ့ပတ်သက်လို့ အလက်ဂျစ်ရှိတယ်ဆိုရင်တော့ အခြားသောဘေးထွက်ဆိုးကျိုးတွေမရှိအောင်လို့ ပင်လယ်စာတွေမစားတာအကောင်းဆုံးပါပဲ။

၆။ မလတ်ဆတ်တဲ့အသားနဲ့ဒိန်ခဲတို့ကို စားသုံးခြင်းမှရှောင်ရှားပါ။
အချို့သောအစားအသောက်တွေက ကိုယ့်ဝမ်းထဲကရင်သွေးလေးကိုထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ပေါက်ဖွားစေတာကြောင့် မစားသုံးသင့်ပါဘူး။ ဘယ်လိုအစားအစာမျိုးတွေလဲဆိုရင်တော့ မလတ်ဆတ်တဲ့ မလတ်ဆတ်တဲ့ချိစ်တွေ၊ ဆူရှီမှာပါဝင်တဲ့ မကျက်တကျက်အသားတွေ၊ သေချာကျက်အောင် မကင်ထားတဲ့ အသားကင်တွေနဲ့ ဟော့ဒေါ့တွေမှာ ပါဝင်တဲ့အသားတွေကို မစားသုံးသင့်ပါဘူး။

၇။ ကဖိန်းဓာတ်ကိုလျှော့ချပြီး အရက်သေစာသောက်စားခြင်းကို လုံးဝရှောင်ရှားပါ။
ကိုယ်က ကော်ဖီတို့၊ လက်ဖက်ရည်တို့ ကြိုက်တတ်တယ်ဆိုရင်လည်း ကဖိန်းဓာတ်မပါဝင်တဲ့ ကော်ဖီနဲ့လက်ဖက်ရည်တို့ကိုသာ သောက်သုံးသင့်ပါတယ်။ ဂတ်စ်ပါဝင်တဲ့အအေးတွေ၊ ဆော်ဒါတွေကို လုံးဝရှောင်ရှားသင့်ပြီး ရေကိုသာများများသောက်သုံးသင့်ပါတယ်။ အရက်ဘီယာနဲ့ ဆေးလိပ်တွေကတော့ လုံးဝကိုရှောင်ရှားရမယ့်အရာတွေဖြစ်ပါတယ်ဆိုတာကို ကိုယ်ဝန်ဆောင်မေမေတို့အတွက် အကြံပေးလိုက်ရပါတယ်။

#HM
#ChitMayMay
Source: medicinenet
Chit May May မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးတွေကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here