ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ ခရီးသွားဖို့ပေါ်လာပြီး ဘာတွေထုပ်ပိုးလို့ ထုပ်ပိုးရမှန်းမသိ ဖြစ်နေပါသလား။ ရင်သွေးလေးလွယ်ထားရတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်အတွက် ဘာကအဆင်ပြေမလဲ၊ အဆင်မပြေဘူးလဲဆိုတာကို တွေးတောစဥ်းစားရတာဟာ မထူးဆန်းပါဘူး။ ဒါကြောင့် ခရီးတစ်လျှောက်လုံး အဆင်ပြေပြေ သွားလာနိုင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းလေးတွေကို ပြောပြပေးချင်ပါတယ်။
ခေါင်းအုံး

ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ ဘယ်လိုအဆင့်ရောက်နေပြီပဲဖြစ်ဖြစ် လေယာဥ်စီးတဲ့အခါ ခေါင်းအုံးအသေးလေးသယ်သွားခြင်းက သင့်ကိုပိုပြီး သက်သောင့်သက်သာရှိစေပါလိမ့်မယ်။ ကိုယ်ဝန်ဆောင် ပထမလအစောပိုင်းတွေမှာတောင် ခန္ဓာကိုယ်က မြန်မြန်ဆန်ဆန် ပြောင်းလဲနေတာဖြစ်လို့ ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်းကို ဖြစ်စေနိုင်ပါတယ်။
အသားကပ်ဘောင်းဘီများ

ထုပ်ပိုးရလွယ်ကူသလို ဘယ်လိုဖက်ရှင်မျိုးနဲ့ဖြစ်ဖြစ် တွဲဝတ်နိုင်ပြီး ဝတ်ရချွတ်ရလွယ်ကူတဲ့ အသားကပ်ဘောင်းဘီတွေဟာဆိုရင် ကိုယ်ဝန်ဆောင်သည်တွေအတွက် အထူးသင့်တော်ပါတယ်။
ဂါဝန်ရှည်တွေနဲ့ စကပ်ရှည်များ

ပူနေတဲ့ဗိုက်ကလေးနဲ့ ဟိုဟိုဒီဒီ သွားလာလှုပ်ရှားရတဲ့အခါ အဆင်ပြေပြီး သက်သောင့်သက်သာရှိစေဖို့အတွက် အသားကပ်ဘောင်းဘီတွေလိုပဲ ဂါဝန်ရှည်တွေနဲ့ စကပ်ရှည်တွေကလည်း လိုကိုလိုအပ်ပါတယ်။
ပေါ့ပေါ့ပါးပါးရှိတဲ့ ရှူးဖိနပ်များ

ကိုယ်ဝန်ဆောင်နေစဥ် ဘယ်အချိန်ဖြစ်ဖြစ် သက်သောင့်သက်သာရှိမယ့် ဖိနပ်တွေကို ထုပ်ပိုးသွားဖို့က အထူးလိုအပ်ပြီး နေ့စေ့လစေ့အချိန်ဆိုရင် ပိုပြီးတော့တောင် တောင့်တမိပါလိမ့်မယ်။ စီးရတာအဆင်ပြေပြီး ဒေါက်မရှိတဲ့ ဖိနပ်တွေကို စီးလို့ရပါတယ်။
ပုဝါများ

ကိုယ်ဝန်ဆောင်ချိန်အစောပိုင်းမှာ နေမကောင်းမဖြစ်စေဖို့အတွက်ရယ်၊ ပူခါစဗိုက်ကလေးကို ဖုံးဖိထားဖို့အတွက် ပုဝါလေးတစ်ထည်လောက်တော့ ဆောင်ထားသင့်ပါတယ်။
#Chit_May_May
#Thinzar
Ref-travelfashiongirl