ကိုယ်ဝန်ဆောင်သုံးလပတ်အလိုက် သင့်လျော်သော အိပ်စက်ခြင်းအနေအထားများ

0
56
- Advertisement -

ကိုယ်ဝန်ရှိနေစဉ်မှာ အိပ်ရေးမဝခြင်းက အကြောင်းအမျိုးမျိုးကြောင့် ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ထားစဉ် အမျိုးမျိုးသော အိပ်စက်ခြင်းအနေအထားတွေကို စူးစမ်းလေ့လာခြင်းက သင့်ကို လုံလုံလောက်လောက်အနားယူနိုင်ဖို့ သက်တောင့်သက်သာအရှိဆုံးနည်းကို ရှာဖွေဖို့ ကူညီပေးနိုင်ပါတယ်။ အမျိုးသမီးအများစုက ကိုယ်ဝန်အစောပိုင်းမှာ သူတို့ရဲ့ ပုံမှန်အိပ်စက်နိုင်သော အနေအထားမှာ အိပ်နိုင်ကြပေမယ့် ကိုယ်ဝန်လရင့်လာတာနဲ့အမျှ အိပ်စက်ခြင်းအနေအထားအသစ်တွေကို သတ်မှတ်ဖို့ လိုအပ်ပါတယ်။

သင့်အတွက် အသင့်တော်ဆုံးသော ကိုယ်ဝန်ဆောင်အိပ်စက်တဲ့ အနေအထားနှင့် ကောင်းမွန်သော အိပ်စက်မှုရရှိဖို့ အကြံပြုချက်တစ်ချို့ကို မျှဝေပေးမှာဖြစ်ပါတယ်။ ဥပမာ – ဘေးတစ်စောင်းအိပ်ခြင်း၊ ပက်လက်အိပ်ခြင်းနှင့် မှောက်အိပ်ခြင်းစတဲ့ အိပ်စက်ခြင်းအနေအထားတွေကို ကိုယ်ဝန်သုံးလပတ်တိုင်းမှာ ဘယ်အနေအထားက သင့်လျော်တယ်ဆိုတာ မျှဝေပေးမှာပါ။

၁။ ပထမသုံးလပတ်

ပထမသုံးလပတ်အတွင်းမှာ သင့်ရဲ့ အိပ်စက်ခြင်းအနေအထားအတွက် စိတ်ပူစရာမလိုသေးပါဘူး။ ဒါပေမယ့် ဒီပထမသုံးလပတ်ဆိုတာ နောက်ပိုင်းသုံးလပတတ်တွေမှာ ဘေးစောင်းအိပ်ရမယ့်အနေအထားအတွက် ကြိုတင်လေ့ကျင့်ရမယ့် အဆင့်ဖြစ်ပါတယ်။ ကိုယ်ဝန်စကတည်းက လေ့ကျင့်ထားခြင်းက နောက်ပိုင်းမှာ သက်တောင့်သက်သာ အိပ်ပျော်စေမှာဖြစ်ပါတယ်။

၂။ ဒုတိယသုံးလပတ်

ဒုတိယသုံးလပတ်နဲ့ ပတ်သက်ပြီး အိပ်စက်ခြင်းအနေအထားအကြောင်းတွေကို ပြောပြပေးပါ့မယ်။

မှောက်ခုံအိပ်ခြင်း – ဒုတိယသုံးလပတ်ကနေ စတင်ပြီး ဒီအနေအထားကို ရှောင်ရှားသင့်ပါပြီ။ မှောက်အိပ်ခြင်းကို ၁၆ ပတ်အထိ ပြုလုပ်နိုင်ပေမယ့် နောက်ပိုင်းမှာ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ရပ်တန့်သင့်ပါတယ်။ ၎င်းအနေအထားက သားအိမ်နှင့် သွေးကြောတွေကို ဖိသိပ်ထားနိုင်တာကြောင့် ဗိုက်ထွက်လာတာနဲ့အမျှ အဆင်မပြေဖြစ်လာပါလိမ့်မယ်။

ပက်လက်အိပ်ခြင်း – သားအိမ်ဟာ ခန္ဓာကိုယ်ဆီကို အောက်ဆီဂျင်ပို့ဆောင်ပေးသော အဓိကသွေးကြောဖြစ်တဲ့ aorta ကို ပိတ်ဆို့နိုင်ပါတယ်။ ဒီသွေးကြောတွေကို ညှစ်ထုတ်ခြင်းက အချင်းနှင့် ကလေးတွေဆီကို သွေးထောက်ပံ့မှုကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် နောက်ဆုံးမှာ မူးဝေခြင်း၊ ပျို့အန်ခြင်းနှင့် အသက်ရှူမဝခြင်းတွေဖြစ်နိုင်တာကြောင့် ပက်လက်အိပ်ခြင်းကိုလည်း ရှောင်ရှားနိုင်ပါတယ်။

ဘေးတစ်စောင်းအိပ်ခြင်း – ကိုယ်ဝန်ဆောင်ကာလမှာ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး အကောင်းဆုံးအနေအထားဖြစ်ပါတယ်။ သင့်အနေနဲ့ ဘေးတစ်စောင်းအိပ်ဖို့ အသင့်မဖြစ်သေးဘူးဆိုရင် ကိုယ်ဝန် (၅) လခန့်မှာ စတင်လုပ်ဆောင်သင့်ပါတယ်ရှင်။

၃။ တတိယသုံးလပတ်

တတိယသုံးလပတ်မှ စတင်ပြီး ဘေးစောင်းအိပ်ခြင်းဖြင့်သာ အိပ်သင့်ပြီး ဖြစ်နိုင်လျှင် ဘယ်ဘက်ခြမ်းကိုသာ စောင်းအိပ်သင့်ပါတယ်။ ဘယ်ဘက်ကို စောင်းအိပ်ခြင်းက ကျောက်ကပ်လိုမျိုး ခန္ဓ ကိုယ်ရဲ့ အချင်းနှင့် တစ်ခြားအင်္ဂါအစိတ်အပိုင်းတွေအတွက် လုံလောက်သော သွေးထောက်ပံ့မှုရရှိဖို့ သေချာစေပါတယ်။ သုတေသနပြုချက်တွေအရ ညာဘက်စောင်းအိပ်ခြင်းကလည်း ဘေးထွက်ဆိုးကျိုးတွေတော့ မရှိပါဘူး။

ကိုယ်ဝန်ဆောင်ကာလအတွင်း ဘယ်လိုသက်တောင့်သက်သာဖြစ်အောင် အိပ်မလဲ

ခေါင်းအုံးသုံးပါ – သင့်ခြေထောက်တွေနှင့် သင့်ဝမ်းဗိုက်အနီးတစ်ဝိုက်ကို ခေါင်းအုံးတစ်လုံးထောက်ထားပါ။ အိပ်စက်ချိန်အတွင်း အနေအထားကြီးကြီးမားမားပြောင်းလဲသွားတာမျိုးမဖြစ်စေဖို့ ခေါင်းအုံးများစွာ နောက်ကျောမှာ ထားပါ။ ဘယ်အရာအကောင်းဆုံးဖြစ်မလဲဆိုတာကို ရှာဖွေဖို့ အရွယ်အစားအမျိုးမျိုးရှိတဲ့ ခေါင်းအုံးပေါင်းများစွာနဲ့ စမ်းသပ်ပါ။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဘေးစောင်းအိပ်ခြင်းကို အထောက်အကူပြုနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ခေါင်းအုံးတွေကို အသုံးပြုခြင်းဖြစ်ပါတယ်။

သင့်အမျိုးသားရဲ့ အကူအညီကို ယူပါ – သင့်ရဲ့ အိပ်စက်ခြင်းအနေအထားနဲ့ ပတ်သက်ပြီး ညဘက်တွေမှာ သင့်အမျိုးသားကို စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။ အနေအထားနဲ့ ပတ်သက်ပြီး ပြန်ပြောင်းဖို့ သတိပေးဖို့ အကူအညီတောင်းပါ။

ခန္ဓာကိုယ်တစ်ပိုင်းအိပ်ခြင်းကို စမ်းကြည့်ပါ – သင်က ခေါင်းအုံးကြီးတစ်လုံးကို ချထားပြီး ဘေးစောင်းအိပ်နေသော အနေအထား (သို့) ခပ်မတ်မတ်တစ်ပိုင်း အိပ်ပါ။ ဒီအနေအထားက တစ်ချို့အမျိုးသမီးတွေအတွက် ပိုမိုသက်တောင့်သက်သာရှိပုံရနိုင်ပြီး သင့်နောက်ကျော လှန်နိုင်ခြေနည်းပါးစေပါတယ်။

Chit_May_May

Nyeinn_Thu

ref-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here