ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အကောင်းဆုံး အစားအစာများ

0
10

စားသောက်ခြင်းက သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပေမယ့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အရှုပ်ထွေးဆုံးအရာက သင့်ကလေး ဖွံဖြိုးမှုရှိလိမ့်မယ့် ကျန်းမာပြီး အာဟာရရှိသော အစားအစာများကို စားသုံးခြင်းဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင် ဖြစ်လာပြီ ဆိုလျှင် ယခင် ထက် အာဟာရဓါတ် ပိုမို လိုအပ် လာပါတယ် ။ သန္ဓေသား ဖွံ့ဖြိုးမှု အတွက် လုံလောက် သော အာဟာရ ဓါတ်ကို ရရှိဖို့ စားသုံးရမှာ ဖြစ်ပါတယ် ။ ကိုယ်ဝန် ဆောင်စဉ်နဲ့ ကလေး မီးဖွားပြီး နို့တိုက်စဉ် ကာလအတွင်း အစားအသောက် များကို အလွန်အမင်း ရှောင်ကြဉ်ပါက မိခင် အနေနဲ့ လည်း ဗိုက်တာမင်ဓါတ် လိုအပ်ပြီး ကျန်းမာရေး ထိခိုက်နိုင်သလို ကလေးမှာလည်း ဗိုက်တာမင်ချို့တဲ့ တတ်ပါတယ် ။

၁။ စားသုံးပေးသင့်တဲ့ အစားအစာများ
– အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ
ကိုယ်ဝန်ဆောင်ရဲ့ ဒုတိယနှင့် တတိယလကို အရေးအပါဆုံးအဆင့်အဖြစ် ထည့်သွင်းစဉ်းစားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အနေဖြင့် ဒီအဆင့်ကာလအတွင်း အလွန်သတိထားသင့်ပါတယ်။ ဖိုင်ဘာနှင့် ဗီတာမင်ဓါတ် ကြွယ်ဝတဲ့ သစ်သီးများ နှင့် ဟင်းသီးဟင်းရွက်များကို ပိုပြီး စားသင့်ပါတယ်။
– နှံစားပင် သီးနှံများ
ဆန်၊ ပေါင်မုန့်၊ ဂျုံမှုန့်စသကဲ့သို့ နှံစားပင် သီးနှံများက ဖိုင်ဘာနှင့် သံဓါတ်ရဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ရဲ့ အစားအစာ တစ်ဝက်မှာ နှံစားပင် သီးနှံများနှင့် ပြုလုပ်ထားတဲ့ အစားအစာပစ္စည်းများ ပါဝင်သင့်ပါတယ်။
– နို့ထွက်ပစ္စည်းများ
နို့ထွက်ပစ္စည်းများက မွေးဖွားပြီးနောက် ကလေးဖွံဖြိုးမှုအတွက်ပါ အလွန်အရေးကြီးတဲ့ ပရိုတင်း၊ ဗီတာမင် ဒီနှင့် ကယ်လစီယမ်တို့ အများအပြား ပါဝင်ပါတယ်။ ဒါ့ကြောင့် ဒိန်ချဉ်၊နို့ကဲ့သို့ အစားအစာများကို နေ့တိုင်း ၃ကြိမ်မှ ၄ကြိမ် စားသုံးသင့်ပါတယ်။ ဒါက အာရုံကြောများရဲ့လုပ်ငန်းဆောင်တာများကို ကူညီပေးပြီး သွေးလဲစနစ်နှင့် အရိုးများကို ကောင်းစွာ ခိုင်မာစေပါတယ်။
– ပရိုတိန်းကြွယ်ဝသော အစားအစာများ
အသား၊ ကြက် ဘဲများနှင့် ဥများကဲ့သို့ အစားအစာများက ပရိုတိန်းနှင့် သံဓါတ်ကြွယ်ဝပါတယ်။ ပရိုတိန်းက ကလေးရဲ့ဖွံဖြိုးမှုကို ကူညီပေးပြီး သံဓါတ်က ကလေးဆီကို အောင်ဆီဂျင်သယ်ဆောင်ပေးတာကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း နှစ်မျိုးစလုံး လိုအပ်ပါတယ်။
အထက်ပါအစားအစာများက ကလေးရဲ့ ကျန်းမာတိုးတတ်မှုကို ထိန်းသိမ်းယုံသာမက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ်အတွင်း အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်အပြောင်းအလဲဖြစ်ခြင်းကဲ့သို့ အလွန်အဖြစ်များတဲ့ လက္ခဏာများကို တားဆီးပေးပါတယ်။

၂။ စားသုံးခြင်းကို ကန့်သတ်ဖို့ လိုအပ်တဲ့ အစားအစာများ
– ကဖိန်းဓါတ်
လက်ဖက်ရည် သို့မဟုတ် ကော်ဖီကို စွဲနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ပုံမှန်ထက်လျော့ချပြီး အတိုင်းအတာ တချို့ထိ စားသောက်မှုကို ကန့်သတ်သင့်ပါတယ်။ ကဖိန်းဓါတ် များပြားစွာ သောက်သုံးခြင်းက ကနဦး ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်ပေါ်စေနိုင်ခြင်း သို့မဟုတ် လမစေ့ဘဲ ကလေးမွေးဖွားခြင်းကို ဖြစ်စေနိုင်ပါတယ်။
– ငါး
ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအနေဖြင့် ကလေးကြီးထွားမှုအတွက် မရှိမဖြစ်ဖြစ်သော ပရိုတိန်းဓါတ်ကြွယ်ဝတဲ့ ငါးကို စားသုံးသင့်သော်လည်း ဘယ်အရာမဆို ပမာဏများများ စားသုံးခြင်းက ကျန်းမာရးကို ဆိုးရွားစေနိုင်ပါတယ်။ဆေးဘက်ဆိုင်ရာ သိပ္ပံပညာရဲ့အဆိုအရ အများဆုံး ငါး၁၂အောင်စက တစ်နေ့လျှင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အတွက် လုံလောက်တာထက် ပိုပါတယ်။ ဒါက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတတ်ရေးကို အတားအဆီး ဖြစ်စေနိုင်ပါတယ်။

၃။ ရှောင်ကြဉ်သင့်တဲ့ အစားအစာများ
– အသားစိမ်းများနှင့် မကျက်သေးတဲ့ အစားအစာများ
ကလေးမှာ မျက်စိကွယ်ခြင်း သို့မဟုတ် စိတ်ရောဂါကဲ့သို့ ဆိုးရွားတဲ့ ကိစ္စအချို့ ရှိနိုင်တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း အသားစိမ်း၊ ငါးစိမ်း၊ ကြက်ဥအစိမ်းများကို မစားသုံးသင့်ပါဘူး။
– အရက်နှင့် ဆေးလိပ်သောက်ခြင်းအလေ့အထများ
ကိုယ်ဝန်ဆောင်တစ်ယောက်သည် အရက်သောက်သုံးခြင်းနှင့် ဆေးလိပ်သောက်သုံးခြင်းကို လုံး၀ ရှောင်ရှားသင့်ပါတယ်။ ဒီအလေ့အထများရှိပါက သင့်ကလေးအတွက် ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာများ ရှိလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း သွေးအတွင်းသို့ အရက်ရောက်သွားတဲ့အခါ ကလေးရဲ့ အမှုအကျင့်မသန်စွမ်းမှုနှင့် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု ကဲ့သို့ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါက ကိုယ်ဝန်ကိုလည်း ပျက်ကျစေနိုင်ပါတယ်။

Chit_MayMay

Lifestyle_Myanmar

LM_Nandar

Zawgyi Font

ကိုယ္၀န္ေဆာင္အမ်ိဳးသမီးမ်ားအတြက္ အေကာင္းဆံုး အစားအစာမ်ား

စားေသာက္ျခင္းက သဘာ၀ျဖစ္စဥ္တစ္ခုျဖစ္ေပမယ့္ ကိုယ္၀န္ေဆာင္ေနစဥ္အတြင္း အရႈပ္ေထြးဆံုးအရာက သင့္ကေလး ဖြံၿဖိဳးမႈရွိလိမ့္မယ့္ က်န္းမာၿပီး အာဟာရရွိေသာ အစားအစာမ်ားကို စားသံုးျခင္းျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ မိခင္ ျဖစ္လာျပီ ဆိုလွ်င္ ယခင္ ထက္ အာဟာရဓါတ္ ပိုမို လိုအပ္ လာပါတယ္ ။ သေႏၶသား ဖြံ႔ျဖိဳးမႈ အတြက္ လံုေလာက္ ေသာ အာဟာရ ဓါတ္ကို ရ႐ွိဖို႔ စားသံုးရမွာ ျဖစ္ပါတယ္ ။ ကိုယ္ဝန္ ေဆာင္စဥ္နဲ႔ ကေလး မီးဖြားျပီး ႏို႔တိုက္စဥ္ ကာလအတြင္း အစားအေသာက္ မ်ားကို အလြန္အမင္း ေ႐ွာင္ၾကဥ္ပါက မိခင္ အေနနဲ႔ လည္း ဗိုက္တာမင္ဓါတ္ လိုအပ္ျပီး က်န္းမာေရး ထိခိုက္ႏိုင္သလို ကေလးမွာလည္း ဗိုက္တာမင္ခ်ဳိ႕တဲ့ တတ္ပါတယ္ ။

၁။ စားသံုးေပးသင့္တဲ့ အစားအစာမ်ား
– အသီးအႏွံမ်ားႏွင့္ ဟင္းသီးဟင္းရြက္မ်ား
ကိုယ္၀န္ေဆာင္ရဲ႕ ဒုတိယႏွင့္ တတိယလကို အေရးအပါဆံုးအဆင့္အျဖစ္ ထည့္သြင္းစဥ္းစားၿပီး ကိုယ္၀န္ေဆာင္အမ်ိဳးသမီးတစ္ေယာက္အေနျဖင့္ ဒီအဆင့့္ကာလအတြင္း အလြန္သတိထားသင့္ပါတယ္။ ဖိုင္ဘာႏွင့္ ဗီတာမင္ဓါတ္ ၾကြယ္၀တဲ့ သစ္သီးမ်ား ႏွင့္ ဟင္းသီးဟင္းရြက္မ်ားကို ပိုၿပီး စားသင့္ပါတယ္။
– ႏွံစားပင္ သီးႏွံမ်ား
ဆန္၊ ေပါင္မုန္႔၊ ဂ်ံဳမႈန္႔စသကဲ့သို႔ ႏွံစားပင္ သီးႏွံမ်ားက ဖိုင္ဘာႏွင့္ သံဓါတ္ရဲ႕ အရင္းအျမစ္တစ္ခုျဖစ္ပါတယ္။ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အစားအစာ တစ္၀က္မွာ ႏွံစားပင္ သီးႏွံမ်ားႏွင့္ ျပဳလုပ္ထားတဲ့ အစားအစာပစၥည္းမ်ား ပါ၀င္သင့္ပါတယ္။
– ႏို႔ထြက္ပစၥည္းမ်ား
ႏို႔ထြက္ပစၥည္းမ်ားက ေမြးဖြားၿပီးေနာက္ ကေလးဖြံၿဖိဳးမႈအတြက္ပါ အလြန္အေရးႀကီးတဲ့ ပရိုတင္း၊ ဗီတာမင္ ဒီႏွင့္ ကယ္လစီယမ္တို႔ အမ်ားအျပား ပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ ဒိန္ခ်ဥ္၊ႏို႔ကဲ့သို႔ အစားအစာမ်ားကို ေန႔တိုင္း ၃ႀကိမ္မွ ၄ႀကိမ္ စားသံုးသင့္ပါတယ္။ ဒါက အာရံုေၾကာမ်ားရဲ႕လုပ္ငန္းေဆာင္တာမ်ားကို ကူညီေပးၿပီး ေသြးလဲစနစ္ႏွင့္ အရိုးမ်ားကို ေကာင္းစြာ ခိုင္မာေစပါတယ္။
– ပရိုတိန္းၾကြယ္၀ေသာ အစားအစာမ်ား
အသား၊ ၾကက္ ဘဲမ်ားႏွင့္ ဥမ်ားကဲ့သို႔ အစားအစာမ်ားက ပရိုတိန္းႏွင့္ သံဓါတ္ၾကြယ္၀ပါတယ္။ ပရိုတိန္းက ကေလးရဲ႕ဖြံၿဖိဳးမႈကို ကူညီေပးၿပီး သံဓါတ္က ကေလးဆီကို ေအာင္ဆီဂ်င္သယ္ေဆာင္ေပးတာေၾကာင့္ ကိုယ္၀န္ေဆာင္စဥ္အတြင္း ႏွစ္မ်ိဳးစလံုး လုိအပ္ပါတယ္။
အထက္ပါအစားအစာမ်ားက ကေလးရဲ႕ က်န္းမာတိုးတတ္မႈကို ထိန္းသိမ္းယံုသာမက ကိုယ္၀န္ေဆာင္အမ်ိဳးသမီးေတြ ကိုယ္၀န္ေဆာင္စဥ္အတြင္း အားနည္းျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ စိတ္အေျပာင္းအလဲျဖစ္ျခင္းကဲ့သို႔ အလြန္အျဖစ္မ်ားတဲ့ လကၡဏာမ်ားကို တားဆီးေပးပါတယ္။

၂။ စားသံုးျခင္းကို ကန္႔သတ္ဖို႔ လိုအပ္တဲ့ အစားအစာမ်ား
– ကဖိန္းဓါတ္
လက္ဖက္ရည္ သို႔မဟုတ္ ေကာ္ဖီကို စြဲေနတဲ့ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးမ်ားအေနျဖင့္ ပံုမွန္ထက္ေလ်ာ့ခ်ၿပီး အတိုင္းအတာ တခ်ိဳ႕ထိ စားေသာက္မႈကို ကန္႔သတ္သင့္ပါတယ္။ ကဖိန္းဓါတ္ မ်ားျပားစြာ ေသာက္သံုးျခင္းက ကနဦး ကိုယ္၀န္ပ်က္က်ျခင္းကို ျဖစ္ေပၚေစႏို္င္ျခင္း သို႔မဟုတ္ လမေစ့ဘဲ ကေလးေမြးဖြားျခင္းကို ျဖစ္ေစႏိုင္ပါတယ္။
– ငါး
ကိုယ္၀န္ေဆာင္မိခင္တစ္ဦးအေနျဖင့္ ကေလးႀကီးထြားမႈအတြက္ မရွိမျဖစ္ျဖစ္ေသာ ပရိုတိန္းဓါတ္ၾကြယ္၀တဲ့ ငါးကို စားသံုးသင့္ေသာ္လည္း ဘယ္အရာမဆို ပမာဏမ်ားမ်ား စားသံုးျခင္းက က်န္းမာရးကို ဆိုးရြားေစႏိုင္ပါတယ္။ေဆးဘက္ဆိုင္ရာ သိပၸံပညာရဲ႕အဆိုအရ အမ်ားဆံုး ငါး၁၂ေအာင္စက တစ္ေန႔လွ်င္ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးတစ္ေယာက္အတြက္ လံုေလာက္တာထက္ ပိုပါတယ္။ ဒါက ကေလးရဲ႕ ဦးေႏွာက္ဖြံ႔ၿဖိဳးတိုးတတ္ေရးကို အတားအဆီး ျဖစ္ေစႏိုင္ပါတယ္။

၃။ ေရွာင္ၾကဥ္သင့္တဲ့ အစားအစာမ်ား
– အသားစိမ္းမ်ားႏွင့္ မက်က္ေသးတဲ့ အစားအစာမ်ား
ကေလးမွာ မ်က္စိကြယ္ျခင္း သို႔မဟုတ္ စိတ္ေရာဂါကဲ့သို႔ ဆိုးရြားတဲ့ ကိစၥအခ်ိဳ႕ ရွိႏိုင္တာေၾကာင့္ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးတစ္ဦးသည္ ကိုယ္၀န္ေဆာင္စဥ္အတြင္း အသားစိမ္း၊ ငါးစိမ္း၊ ၾကက္ဥအစိမ္းမ်ားကို မစားသံုးသင့္ပါဘူး။
– အရက္ႏွင့္ ေဆးလိပ္ေသာက္ျခင္းအေလ့အထမ်ား
ကိုယ္၀န္ေဆာင္တစ္ေယာက္သည္ အရက္ေသာက္သံုးျခင္းႏွင့္ ေဆးလိပ္ေသာက္သံုးျခင္းကို လံုး၀ ေရွာင္ရွားသင့္ပါတယ္။ ဒီအေလ့အထမ်ားရွိပါက သင့္ကေလးအတြက္ ဆိုးရြားတဲ့ က်န္းမာေရး ျပႆနာမ်ား ရွိလာႏိုင္ပါတယ္။ ကိုယ္၀န္ေဆာင္စဥ္အတြင္း ေသြးအတြင္းသို႔ အရက္ေရာက္သြားတဲ့အခါ ကေလးရဲ႕ အမႈအက်င့္မသန္စြမ္းမႈႏွင့္ စိတ္ပိုင္းဆိုင္ရာ မသန္စြမ္းမႈ ကဲ့သို႔ ျပႆနာမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါက ကိုယ္၀န္ကိုလည္း ပ်က္က်ေစႏိုင္ပါတယ္။

Chit_MayMay

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here