ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေတဲ့ မိခင်လောင်းတွေနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကိုယ်ဝန် ပထမလအတွင်းမှာ ထည့်သွင်းစားသုံးရမယ့်အစားအစာနဲ့ ရှောင်ရှားရမယ့် အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်။

အောက်ပါအုပ်စုများထဲက အစားအစာတွေဟာ ကိုယ်ဝန်ဆောင် ပထမလမှာ စားသုံးရမယ့် အစားအစာများဖြစ်ပါတယ်။
ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာ
အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ပဲပင်၊ ထောပတ်သီး၊ ပဲနီလေး၊ လိမ္မော်ဖျော်ရည်၊ ပဲနှင့် စီရီရယ်အစားအစာတွက ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာများ ဖြစ်ပါတယ်။ ဖောလစ်အက်ဆစ်က သန္ဓေသား၏ ဦးနှောက်နှင့် ကျောရိုး ဖွံ့ဖြိုးတိုးတတ်မှုအတွက် မရှိမဖြစ်အာဟာရဓါတ်ဖြစ်ပါတယ်။ ဒါက ကိုယ်ဝန်ဆောင်စဉ်အတွင်း သွေးဖွဲ့စည်းခြင်းမှာ ကူညီပေးပြီး ကလေးတွေမှာ အာရုံကြောပြွန်ချို့ယွင်းမှုကို တားဆီးပေးပါတယ်။
နို့နှင့် နို့ထွက်ပစ္စည်းများ
ဒိန်ချဥ်နှင့် ချိစ်ကဲ့သို့သော နို့နှင့် နို့ထွက်ပစ္စည်းများဟာ ကယ်လစီယမ်ရဲ့ အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါတယ်။ ကယ်လစီယမ်က သန္ဓေသားနှလုံးနှင့် အာရုံကြောလုပ်ဆောင်ချက်များအတွက် မရှိမဖြစ် အရေးပါပြီး အရိုး၊ သွားနှင့် ကြွက်သားများ သန်မာဖွံ့ဖြိုးခြင်းမှာ အကူအညီပေးပါတယ်။
သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီ၊ citrusနှင့် ဘရပ်ဆဲလ်ပင်ပေါက်များမှာ ကလေးရဲ့ သွားနှင့်အရိုး ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်စီကြွယ်ဝပါတယ်။ ဝမ်းချုပ်ခြင်းကိုသက်သာစေဖို့နှင့် အူလှုပ်ရှားမှုကို ပုံမှန်ဖြစ်စေဖို့ သင့်အစားအစာထဲမှာ အုတ်ဂျုံ၊ ပေါင်မုန့်ညို၊ ပဲတောင့်ရှည်များ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ကဲ့သို့အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာများကို ထည့်သွင်းပါ။
အဆီနည်းတဲ့ အသားများ
ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ သွေးအားနည်းတာက သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ သွေးအားနည်းတဲ့အခါ သန္ဓေသားဆီကို ပို့နေကျဖြစ်တဲ့ အောက်စီဂျင်တွေကို သွေးနီဆဲလ်က သယ်ပို့နိုင်ခြင်း နည်းသွားပါတယ်။ အဆီနည်းတဲ့ အသားများက ဟေမိုဂလိုဘင် အားကောင်းစေခြင်းမှာ အကူအညီပေးတဲ့ သံဓါတ်နှင့် ပရိုတိန်းကြွယ်ဝသော အစားအစာများဖြစ်ပါတယ်။
အစေ့အဆန်များနှင့် အခွံမာသီးများ
အစေ့အဆန်များနှင့် အခွံမာသီးများက ရင်သားနှင့် သားအိမ်ကြွက်သားတွေကို ပြန်လည်ပြုပြင်ခြင်းနှင့် သန္ဓေသားတစ်ရှုးများ ဖွံ့ဖြိုးခြင်းမှာ အကူအညီပေးတဲ့ ပရိုတိန်းကြွယ်ဝသော အစားအစာများဖြစ်ပါတယ်။
အိုင်အိုဒင်းဆား
Iodized ဆားဟာ ကလေးရဲ့ အာရုံကြောစနစ်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အိုင်အိုဒင်းရဲ့ အဓိက အရင်းအမြစ်ဖြစ်ပါတယ်။
ဗီတာမင်ဒီ
ဗီတာမင်ဒီရဲ့ အဓိကအရင်းအမြစ်က နေရောင်ခြည်ပဲဖြစ်ပါတယ်။ အာဟာရထပ်ဖြည့်ထားသောနို့၊ ငါးသေတ္တာ၊ တူနာငါး၊ ကြက်ဥ၊ မှိုနှင့် စီရီရယ်ကဲ့သို့သော အစားအစာများက ဗီတာမင်ဒီကြွယ်ဝသော အစားအစာများဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်အတွင်း နေ့စဉ်စားသုံးရမယ့် အာဟာရအကြံပြုချက်များ

ကိုယ်ဝန်ဆောင်စဉ်အတွင်း ရှောင်ကြဉ်ဖို့လိုအပ်တဲ့ အစားအစာများ

ဒိန်ခဲပျော့- သူတို့မှာ listeria ဘက်တီးရီးယား ပါဝင်နိုင်ပါတယ်။
ကြက်ဥအစိမ်းများ- ကြက်ဥအစိမ်းများမှာ salmonella ဘက်တီးရီးယားများ ပါဝင်နိုင်လို့ ရှောင်ရှားသင့်ပါတယ်။
မကျက်တကျက်အသားများ- မကျက်တကျက် ချက်ထားတဲ့ အမဲသားနှင့် ကြက်သား/ဘဲသားတွေမှာ E. coli ပိုး၊ Campylobacter, salmonella, နှင့် Toxoplasma gondii ဘက်တီးရီးယားများ ပါဝင်နိုင်ပါတယ်။
ပြဒါးဓါတ်ပါဝင်မှုမြင့်မားသောငါးများနှင့် ငါးစိမ်းများ- tilefish၊ ငါးကွမ်းရှပ်ကဲ့သို့သော ပြဒါးဓါတ်ပါဝင်မှု မြင့်မားသောငါးများနှင့် ဆူရှီ၊ ဆာရှိမိကဲ့သို့ ငါးစိမ်းများကို ရှောင်ပါ။ ရေချိုဆော်လမွန်ငါး၊ bass ငါး၊ ထရောက်ငါး စတဲ့ ငါးတွေမှာ အဆိပ်အတောက် ဒြပ်ပေါင်းတွေဖြစ်တဲ့ PCB (polychlorinated biphenyls) မြင့်မားစွာပါဝင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
သတ်မှတ်အပူချိန်ထိ အပူပေး ပိုးမသတ်ထားတဲ့ နွားနို့၊ ဖျော်ရည်၊ ciderတို့မှာ အီကိုလီပိုး သို့မဟုတ် listeria ဘက်တီးရီးယားများ ပါဝင်နိုင်တာကြောင့် မသောက်ပါနဲ့။
ပဲပင်ပေါက်အစိမ်းများမှာ E.coli salmonella ပိုးတွေ ပါဝင်နိုင်တာကြောင့် အစိမ်းတို့စားတာ မပြုလုပ်သင့်ပါဘူး။
သန္ဓေသားကြီးထွားမှုကို သက်ရောက်စေတာကြောင့် အရက်သောက်သုံးခြင်းကို ရှောင်ပါ။
နာနက်သီး၊ သင်္ဘောသီးစိမ်းကဲ့သို့သော အသီးများကိုရှောင်ပါ။
ဒါ့အပြင် ကိတ်များ၊ ပီဇာ၊ ပြည့်ဝဆီ ပမာဏမြင့်မားတဲ့အကြော်အစားအစာများ၊ စီးပွားဖြစ်ဘာဂါများကို စားသုံးမှု ကန့်သတ်ပါ။
ဆားနှင့် သကြားပါဝင်တဲ့ စွမ်းအားဖြည့်အချိုရည်တွေ သောက်သုံးမှုကို ကန့်သတ်ပါ။
တစ်နေ့ကို ၂-၃ခွက် သို့မဟုတ် ၂၀၀-၃၀၀ဂရမ်ထက်ပိုပြီး ကဖိန်းဓါတ်သောက်သုံးခြင်းက ကိုယ်ဝန်ပျက်ကျမှုကို ဖြစ်ပေါ်စေနိုင်တာကြောင့် ကန့်သတ်ပြီး သောက်ရပါမယ်။
ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ မှန်ကန်တဲ့အစားအစာ၊ မှန်ကန်တဲ့ပမာဏကို ရွေးချယ်ခြင်းက မရှိမဖြစ်အရေးပါပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင် ပထမလအတွက် အစားအသောက် အကြံပြုချက်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
ရေဓါတ်ကို ပြန်လည်ဖြည့်တင်းရန် အရည်များများသောက်ပါ။
ဗီတာမင်ကြွယ်ဝတဲ့ အစားအသောက်များကို နေ့စဉ်စားသုံးပါ။
မနက်စာ၊နေ့လည်စာ၊ညစာအပြင် ကြားကာလမှာ သရေစာ စားသုံးနိုင်ပါတယ်။
ရင်ပူစေတဲ့ ဆီပြန်နှင့် အစပ်အစားအစာများကို ရှောင်ပါ။
ကျန်းမာတဲ့ အစားအစာများကို စားသုံးခြင်းက သင့်ဘေဘီလေးကို ကျန်းမာစွာဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်အာဟာရဓါတ်များ ရရှိစေပါတယ်။ မှန်ကန်စွာ စားသုံးခြင်းအပြင် ကိုယ်ဝန်ဆောင်ဗီတာမင်ကိုလည်း သောက်သုံးခြင်းက အရေးပါပါတယ်။
LM_Nandar
Chit_MayMay
Source-momjunction
ZawGyi
ကိုယ္ဝန္ေဆာင္ ပထမလမွာ စားသုံးရမယ့္ အစားအစာႏွင့္ ေရွာင္ရွားရမယ့္ အစားအစာမ်ား
ကိုယ္ဝန္ေဆာင္ဖို႔ ႀကိဳးစားေနတဲ့ မိခင္ေလာင္းေတြႏွင့္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြအတြက္ ကိုယ္ဝန္ ပထမလအတြင္းမွာ ထည့္သြင္းစားသုံးရမယ့္အစားအစာနဲ႔ ေရွာင္ရွားရမယ့္ အစားအစာေတြကို မွ်ေဝေပးလိုက္ပါတယ္။
ေအာက္ပါအုပ္စုမ်ားထဲက အစားအစာေတြဟာ ကိုယ္ဝန္ေဆာင္ ပထမလမွာ စားသုံးရမယ့္ အစားအစာမ်ားျဖစ္ပါတယ္။
ေဖာလစ္အက္ဆစ္ႂကြယ္ဝတဲ့ အစားအစာ
အစိမ္းေရာင္ဟင္းသီးဟင္း႐ြက္မ်ား၊ ပဲပင္၊ ေထာပတ္သီး၊ ပဲနီေလး၊ လိေမၼာ္ေဖ်ာ္ရည္၊ ပဲႏွင့္ စီရီရယ္အစားအစာတြက ေဖာလစ္အက္ဆစ္ႂကြယ္ဝတဲ့ အစားအစာမ်ား ျဖစ္ပါတယ္။ ေဖာလစ္အက္ဆစ္က သေႏၶသား၏ ဦးေႏွာက္ႏွင့္ ေက်ာ႐ိုး ဖြံ႕ၿဖိဳးတိုးတတ္မႈအတြက္ မရွိမျဖစ္အာဟာရဓါတ္ျဖစ္ပါတယ္။ ဒါက ကိုယ္ဝန္ေဆာင္စဥ္အတြင္း ေသြးဖြဲ႕စည္းျခင္းမွာ ကူညီေပးၿပီး ကေလးေတြမွာ အာ႐ုံေၾကာႁပြန္ခ်ိဳ႕ယြင္းမႈကို တားဆီးေပးပါတယ္။
ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းမ်ား
ဒိန္ခ်ဥ္ႏွင့္ ခ်ိစ္ကဲ့သို႔ေသာ ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းမ်ားဟာ ကယ္လစီယမ္ရဲ႕ အရင္းအျမစ္ေကာင္းတစ္ခုျဖစ္ပါတယ္။ ကယ္လစီယမ္က သေႏၶသားႏွလုံးႏွင့္ အာ႐ုံေၾကာလုပ္ေဆာင္ခ်က္မ်ားအတြက္ မရွိမျဖစ္ အေရးပါၿပီး အ႐ိုး၊ သြားႏွင့္ ႂကြက္သားမ်ား သန္မာဖြံ႕ၿဖိဳးျခင္းမွာ အကူအညီေပးပါတယ္။
သစ္သီးမ်ားႏွင့္ ဟင္းသီးဟင္း႐ြက္မ်ား
ေဂၚဖီထုပ္၊ ပန္းေဂၚဖီစိမ္း၊ စေတာ္ဘယ္ရီ၊ citrusႏွင့္ ဘရပ္ဆဲလ္ပင္ေပါက္မ်ားမွာ ကေလးရဲ႕ သြားႏွင့္အ႐ိုး ဖြံ႕ၿဖိဳးမႈအတြက္ မရွိမျဖစ္လိုအပ္တဲ့ ဗီတာမင္စီႂကြယ္ဝပါတယ္။ ဝမ္းခ်ဳပ္ျခင္းကိုသက္သာေစဖို႔ႏွင့္ အူလႈပ္ရွားမႈကို ပုံမွန္ျဖစ္ေစဖို႔ သင့္အစားအစာထဲမွာ အုတ္ဂ်ဳံ၊ ေပါင္မုန္႔ညိဳ၊ ပဲေတာင့္ရွည္မ်ား၊ သစ္သီးမ်ားႏွင့္ ဟင္းသီးဟင္း႐ြက္မ်ား ကဲ့သို႔အမွ်င္ဓါတ္ႂကြယ္ဝတဲ့ အစားအစာမ်ားကို ထည့္သြင္းပါ။
အဆီနည္းတဲ့ အသားမ်ား
ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္းမွာ ေသြးအားနည္းတာက သေႏၶသားဖြံ႕ၿဖိဳးမႈကို ထိခိုက္ေစႏိုင္ပါတယ္။ ေသြးအားနည္းတဲ့အခါ သေႏၶသားဆီကို ပို႔ေနက်ျဖစ္တဲ့ ေအာက္စီဂ်င္ေတြကို ေသြးနီဆဲလ္က သယ္ပို႔ႏိုင္ျခင္း နည္းသြားပါတယ္။ အဆီနည္းတဲ့ အသားမ်ားက ေဟမိုဂလိုဘင္ အားေကာင္းေစျခင္းမွာ အကူအညီေပးတဲ့ သံဓါတ္ႏွင့္ ပ႐ိုတိန္းႂကြယ္ဝေသာ အစားအစာမ်ားျဖစ္ပါတယ္။
အေစ့အဆန္မ်ားႏွင့္ အခြံမာသီးမ်ား
အေစ့အဆန္မ်ားႏွင့္ အခြံမာသီးမ်ားက ရင္သားႏွင့္ သားအိမ္ႂကြက္သားေတြကို ျပန္လည္ျပဳျပင္ျခင္းႏွင့္ သေႏၶသားတစ္ရႈးမ်ား ဖြံ႕ၿဖိဳးျခင္းမွာ အကူအညီေပးတဲ့ ပ႐ိုတိန္းႂကြယ္ဝေသာ အစားအစာမ်ားျဖစ္ပါတယ္။
အိုင္အိုဒင္းဆား
Iodized ဆားဟာ ကေလးရဲ႕ အာ႐ုံေၾကာစနစ္ႏွင့္ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈအတြက္ မရွိမျဖစ္လိုအပ္တဲ့ အိုင္အိုဒင္းရဲ႕ အဓိက အရင္းအျမစ္ျဖစ္ပါတယ္။
ဗီတာမင္ဒီ
ဗီတာမင္ဒီရဲ႕ အဓိကအရင္းအျမစ္က ေနေရာင္ျခည္ပဲျဖစ္ပါတယ္။ အာဟာရထပ္ျဖည့္ထားေသာႏို႔၊ ငါးေသတၱာ၊ တူနာငါး၊ ၾကက္ဥ၊ မႈိႏွင့္ စီရီရယ္ကဲ့သို႔ေသာ အစားအစာမ်ားက ဗီတာမင္ဒီႂကြယ္ဝေသာ အစားအစာမ်ားျဖစ္ပါတယ္။
ကိုယ္ဝန္ေဆာင္စဥ္အတြင္း ေန႔စဥ္စားသုံးရမယ့္ အာဟာရအႀကံျပဳခ်က္မ်ား
ကိုယ္ဝန္ေဆာင္စဥ္အတြင္း ေရွာင္ၾကဥ္ဖို႔လိုအပ္တဲ့ အစားအစာမ်ား
ဒိန္ခဲေပ်ာ့- သူတို႔မွာ listeria ဘက္တီးရီးယား ပါဝင္ႏိုင္ပါတယ္။
ၾကက္ဥအစိမ္းမ်ား- ၾကက္ဥအစိမ္းမ်ားမွာ salmonella ဘက္တီးရီးယားမ်ား ပါဝင္ႏိုင္လို႔ ေရွာင္ရွားသင့္ပါတယ္။
မက်က္တက်က္အသားမ်ား- မက်က္တက်က္ ခ်က္ထားတဲ့ အမဲသားႏွင့္ ၾကက္သား/ဘဲသားေတြမွာ E. coli ပိုး၊ Campylobacter, salmonella, ႏွင့္ Toxoplasma gondii ဘက္တီးရီးယားမ်ား ပါဝင္ႏိုင္ပါတယ္။
ျပဒါးဓါတ္ပါဝင္မႈျမင့္မားေသာငါးမ်ားႏွင့္ ငါးစိမ္းမ်ား- tilefish၊ ငါးကြမ္းရွပ္ကဲ့သို႔ေသာ ျပဒါးဓါတ္ပါဝင္မႈ ျမင့္မားေသာငါးမ်ားႏွင့္ ဆူရွီ၊ ဆာရွိမိကဲ့သို႔ ငါးစိမ္းမ်ားကို ေရွာင္ပါ။ ေရခ်ိဳေဆာ္လမြန္ငါး၊ bass ငါး၊ ထေရာက္ငါး စတဲ့ ငါးေတြမွာ အဆိပ္အေတာက္ ျဒပ္ေပါင္းေတြျဖစ္တဲ့ PCB (polychlorinated biphenyls) ျမင့္မားစြာပါဝင္တာေၾကာင့္ ေရွာင္ၾကဥ္သင့္ပါတယ္။
သတ္မွတ္အပူခ်ိန္ထိ အပူေပး ပိုးမသတ္ထားတဲ့ ႏြားႏို႔၊ ေဖ်ာ္ရည္၊ ciderတို႔မွာ အီကိုလီပိုး သို႔မဟုတ္ listeria ဘက္တီးရီးယားမ်ား ပါဝင္ႏိုင္တာေၾကာင့္ မေသာက္ပါနဲ႔။
ပဲပင္ေပါက္အစိမ္းမ်ားမွာ E.coli salmonella ပိုးေတြ ပါဝင္ႏိုင္တာေၾကာင့္ အစိမ္းတို႔စားတာ မျပဳလုပ္သင့္ပါဘူး။
သေႏၶသားႀကီးထြားမႈကို သက္ေရာက္ေစတာေၾကာင့္ အရက္ေသာက္သုံးျခင္းကို ေရွာင္ပါ။
နာနက္သီး၊ သေဘၤာသီးစိမ္းကဲ့သို႔ေသာ အသီးမ်ားကိုေရွာင္ပါ။
ဒါ့အျပင္ ကိတ္မ်ား၊ ပီဇာ၊ ျပည့္ဝဆီ ပမာဏျမင့္မားတဲ့အေၾကာ္အစားအစာမ်ား၊ စီးပြားျဖစ္ဘာဂါမ်ားကို စားသုံးမႈ ကန္႔သတ္ပါ။
ဆားႏွင့္ သၾကားပါဝင္တဲ့ စြမ္းအားျဖည့္အခ်ိဳရည္ေတြ ေသာက္သုံးမႈကို ကန္႔သတ္ပါ။
တစ္ေန႔ကို ၂-၃ခြက္ သို႔မဟုတ္ ၂၀၀-၃၀၀ဂရမ္ထက္ပိုၿပီး ကဖိန္းဓါတ္ေသာက္သုံးျခင္းက ကိုယ္ဝန္ပ်က္က်မႈကို ျဖစ္ေပၚေစႏိုင္တာေၾကာင့္ ကန္႔သတ္ၿပီး ေသာက္ရပါမယ္။
ကိုယ္ဝန္ေဆာင္စဥ္အတြင္းမွာ မွန္ကန္တဲ့အစားအစာ၊ မွန္ကန္တဲ့ပမာဏကို ေ႐ြးခ်ယ္ျခင္းက မရွိမျဖစ္အေရးပါပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ဝန္ေဆာင္ ပထမလအတြက္ အစားအေသာက္ အႀကံျပဳခ်က္အနည္းငယ္ကို ေဖာ္ျပေပးလိုက္ပါတယ္။
ေရဓါတ္ကို ျပန္လည္ျဖည့္တင္းရန္ အရည္မ်ားမ်ားေသာက္ပါ။
ဗီတာမင္ႂကြယ္ဝတဲ့ အစားအေသာက္မ်ားကို ေန႔စဥ္စားသုံးပါ။
မနက္စာ၊ေန႔လည္စာ၊ညစာအျပင္ ၾကားကာလမွာ သေရစာ စားသုံးႏိုင္ပါတယ္။
ရင္ပူေစတဲ့ ဆီျပန္ႏွင့္ အစပ္အစားအစာမ်ားကို ေရွာင္ပါ။
က်န္းမာတဲ့ အစားအစာမ်ားကို စားသုံးျခင္းက သင့္ေဘဘီေလးကို က်န္းမာစြာဖြံ႕ၿဖိဳးဖို႔အတြက္ မရွိမျဖစ္အာဟာရဓါတ္မ်ား ရရွိေစပါတယ္။ မွန္ကန္စြာ စားသုံးျခင္းအျပင္ ကိုယ္ဝန္ေဆာင္ဗီတာမင္ကိုလည္း ေသာက္သုံးျခင္းက အေရးပါပါတယ္။
LM_Nandar
Chit_MayMay
Source-momjunction