ကိုယ်ဝန်ရနိုင်ချေပိုမိုမြင့်မားစေမယ့် နည်းလမ်း (၅) ခု

0
148
- Advertisement -

လက်ထပ်ပြီးနောက်ပိုင်းဘဝကတော့ ယောက်ျားလေးအတွက်ရော၊ မိန်းကလေးအတွက်ပါ စိန်ခေါ်မှုအပြည့်နဲ့ ရင်ဆိုင်ရမယ့်အချိန်ကာလပါပဲ။ သူတို့နှစ်ယောက်ရှေ့ဆက်ရမယ့်ဘဝမှာ ဆည်းလည်းလေးတွေ ထပ်မံဖန်တီးမလား ဒါမှမဟုတ် နှစ်ယောက်တည်းကမ္ဘာကို ရှေ့ဆက်မလားဆိုတာကို စဥ်းစားဆုံးဖြတ်ရမှာဖြစ်ပြီး အချို့လင်မယားတွေကတော့ ကလေးလိုချင်တာတောင်မှ ခက်ခက်ခဲခဲကြိုးစားနေရတဲ့ လင်မယားတွေရှိပါတယ်။ အဲ့ဒါကြောင့်လည်း ဒီနေ့မှာတော့ သားသားမီးမီးလေးတွေကို မျှော်လင့်တောင့်တနေတဲ့ စုံတွဲတွေအတွက် ကိုယ်ဝန်ရနိုင်ချေပိုမိုမြင့်မားစေမယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ မိသားစုဘဝကိုစတင်ဖို့ အချိန်မဆွဲပါနဲ့။
အမျိုးသမီးတွေဟာ အရွယ်ရလာတာနဲ့အမျှ သူတို့ရဲ့ခန္ဓာကိုယ်က မျိုးပွားဥထုတ်လုပ်နိုင်စွမ်းက လျော့ကျလာပြီး ဒါကကလေးယူဖို့ အချိန်ဆွဲနေတဲ့လင်မယားတွေအတွက် သတိထားရမယ့်အချက်ပါ။ တစ်ဖက်မှာလည်း ကလေးပြုစုစောင့်ရှောက်စရိတ်အတွက် လုံလုံလောက်လောက်စုဆောင်းထားသင့်ပြီး လင်မယားနှစ်ယောက်ရဲ့ အသက်အရွယ်နဲ့မျိုးရိုးဗီဇတွေအရလည်း ကလေးယူဖို့ အချိန်ဆွဲသင့်၊ မဆွဲသင့်ကို သေသေချာချာကြိုတင်စဥ်းစားထားသင့်ပါတယ်။

 ၂။ အစားအသောက်တွေကို သေချာဂရုစိုက်ပါ။
ကိုယ်ဝန်လိုချင်တယ်ဆိုရင် သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေ အထူးသဖြင့် ကိုက်လန်၊ ရွှေဖရုံသီး၊ ခရမ်းချဥ်သီး၊ သလဲသီး၊ ပန်းသီး၊ လိမ္မော်သီး နဲ့ ကီဝီသီးတို့လို ဟင်းသီးဟင်းရွက်တွေကို ဂရုတစိုက်စားသုံးပေးသင့်ပါတယ်။ ဒါတွေက ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက်လည်း လိုအပ်တဲ့ဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။ ကိုယ်ကကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုထိခိုက်စေမယ့် အဆီများတဲ့အစားအသောက်တွေကို ရှောင်ရှားသင့်ပါတယ်။

၃။ စိတ်ဖိစီးမှုမဖြစ်အောင် နေထိုင်ပါ။
ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေ မခံစားရအောင် ကြိုးစားနေထိုင်သင့်ပြီး ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာကိုပါ တတ်နိုင်သလောက် အပန်းပြေအောင်ကြိုးစားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေခံစားရတာကလည်း ကိုယ်ဝန်ပျက်ကျတာမျိုးတွေဖြစ်စေနိုင်ပြီး ကိုယ်ဝန်မဆောင်ခင်မှာလည်း မိသားစုနဲ့လူမှုရေးဆိုင်ရာပြဿနာတွေမှာ လင်မယားနှစ်ယောက်လုံးမပါဝင်မိအောင် အတတ်နိုင်ဆုံးကြိုးစားသင့်ပါတယ်။ စိတ်ဖိစီးမှုတွေမဖြစ်အောင်လို့ ယောဂကျင့်တာမျိုး ဒါမှမဟုတ် တရားထိုင်တာမျိုးတွေကိုလည်း ပြုလုပ်ပေးလို့ရပါတယ်။

၄။ နေထိုင်မှုပုံစံကို ပြောင်းလဲပါ။
ကိုယ်ဝန်ရဖို့ကြိုးစားနေချိန်မှာ ကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံအားလုံးကို လုံးဝပြောင်းလဲပစ်ဖို့ လိုအပ်ပြီး လင်မယားနှစ်ယောက်တည်းမှာ တစ်ယောက်ကဆေးလိပ်အရမ်းသောက်တတ်သူတစ်ယောက် ဒါမှမဟုတ် အရက်အရမ်းသောက်တတ်သူတစ်ယောက်ဖြစ်မယ်ဆိုရင် ဒါတွေကိုချက်ချင်းရပ်တန့်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချက်အလက်တွေက ကိုယ်ဝန်ရဖို့အခွင့်အရေးကိုလျော့ကျစေပြီး ကိုယ်ဝန်ရနိုင်မယ့်အဆင့်မှာလည်း မျိုးပွားဥနှုန်းထုတ်လုပ်မှုတွေကို လျော့ကျစေလို့ပါပဲ။

၅။ မကြာခဏလိင်ဆက်ဆံပါ။
ကိုယ်ဝန်ရဖို့အတွက်ဆိုရင်တော့ ဒါက မဖြစ်မနေ လုပ်ဆောင်သင့်တဲ့အရာပါပဲ။ ဘယ်နေ့၊ ဘယ်အချိန်မှ လိင်ဆက်ဆံမလဲဆိုတာမျိုး မရွေးချယ်သင့်ဘဲ နေ့စဥ်၊ နေ့တိုင်း ဒါမှမဟုတ် လင်မယားနှစ်ယောက်လုံး အချိန်ရတဲ့အခါတိုင်း လိင်ဆက်ဆံရင်း ကိုယ်ဝန်ရရှိဖို့ကြိုးစားသင့်ပါတယ်။ ဒီကိစ္စမှာ အသေးစိတ်ဖြစ်ဖို့ မလိုအပ်ပါဘူး။ တကယ်လို့ လင်မယားနှစ်ယောက်လုံးဒီအချက်တွေကို သေချာစနစ်တကျလိုက်နာပြီး အချိန်ကာလတစ်ခုကြာတဲ့အထိ ကိုယ်ဝန်မရသေးဘူးဆိုရင်တော့ နီးစပ်ရာကျွမ်းကျင်တဲ့ဆရာဝန်နဲ့အတူ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ကုသမှုတွေကို စနစ်တကျခံယူသင့်ပါတယ်လို့ အကြံဥာဏ်ပေးလိုက်ရပါတယ်။

#HM
#ChitMayMay
Source: magforwomen
Chit May May မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးတွေကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here