Home Lotaya ကိုယ်ဝန်ဟာ မိန်းကလေးဖြစ်တယ်ဆိုတဲ့ လက္ခဏာများ (ဒဏ္ဍာရီနှင့် အချက်အလက်များ)

ကိုယ်ဝန်ဟာ မိန်းကလေးဖြစ်တယ်ဆိုတဲ့ လက္ခဏာများ (ဒဏ္ဍာရီနှင့် အချက်အလက်များ)

0
795

သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဖြစ်တယ်ဆိုရင် တစ်ချို့လူတွေဟာ မမွေးသေးတဲ့ baby လေးဟာ ယောင်္ကျားလေးဖြစ်မလား (သို့) မိန်းကလေးဖြစ်မလားဆိုတာကို ကြိုတင်ခန့်မှန်းတတ်တယ်ဆိုတာ သင်သိပြီးဖြစ်မှာပါ။ ကလေးရဲ့ လိင်အမျိုးအစားကို သိပ္ပံနည်းကျမဟုတ်တဲ့ နည်းလမ်းတွေနဲ့ ကြိုတင်ခန့်မှန်းခြင်းဟာ စိတ်ဝင်စားဖို့ကောင်းပေမယ့် သန္ဓေသားရဲ့ လိင်အမျိုးအစားကို ခွဲခြားဖို့ အသုံးပြုတဲ့ ဆေးဘက်ဆိုင်ရာ လုပ်ထုံးထုပ်နည်းတွေလိုတော့ ယုံကြည်အားထားလို့ မရပါဘူး။ ဒါပေမယ့် ဒီကနေ့မှာတော့ ဘေဘီမီးမီးလေးတစ်ယောက်ဖြစ်နေရင် ပြသတတ်တဲ့ လက္ခဏာတွေနဲ့ မျှဝေပေးမှာပါ။ ဒါပေမယ့် ဒီအရာတွေဟာ လူတွေယုံကြည်ထားပြီး လူအများလက်ခံထားကြတဲ့ ဒဏ္ဍာရီလေးတွေဖြစ်ပါတယ်။

ဘေဘီမီးမီးလေးဆိုရင် ပြသသော လက္ခဏာများ

၁။ သန္ဓေသားနှလုံးခုန်နှုန်းဟာ မြင့်တယ်

ကလေးလေးရဲ့ နှလုံးခုန်နှုန်းဟာ မြင့်နေတယ်ဆိုရင် တစ်မိနစ်မှာ ၁၄၀ -၁၆၀ ကြိမ်ခုန်နေတယ်ဆိုရင် သင်ဟာ ဘေဘီမီးမီးလေးကို ပိုင်ဆိုင်ထားရကြောင်း ညွှန်ပြနေတာဖြစ်ပါတယ်။ သိပ္ပံပညာရဲ့ လေ့လာမှုအရ ကလေးရဲ့ နှလုံးခုန်နှုန်းနှင့် လိင်အမျိုးအစားခွဲခြားမှုအကြား ဆက်စပ်မှုမရှိကြောင်း ဖော်ပြထားပါတယ်။ ပုံမှန်သန္ဓေသားတစ်ယောက်ဟာ ၁၂၀ – ၁၆၀ Bpm အတွင်းပဲ နှလုံးခုန်ပါတယ်။ နောက်ပြီး ပထမဆုံး သုံးလမှာ ဘေဘီသားသားလေးနှင့် ဘေဘီမီးမီးလေးလို့ နှလုံးခုန်သံတွေခွဲခြားလို့ မရသေးပါဘူး။

၂။ ကိုယ်ဝန်ဟာ ပိုကြီးခြင်း

အရွယ်ရောက်ပြီးသူတွေရဲ့ ယုံကြည်မှုအရ သင့်ဘေဘီလေးကို လွယ်ထားရတာ ပိုလေးလံပြီး ဗိုက်ပိုထွက်တယ်ဆိုရင် ဒီကိုယ်ဝန်ဟာ မိန်းကလေးဖြစ်မယ်လို့ သတ်မှတ်ထားကြပါတယ်။ ကလေးရဲ့ အလေးချိန်၊ သားအိမ်ကြီးထွားလာမှုတွေဟာ ကလေးရဲ့ လိင်အမျိုးအစားနဲ့ပတ်သက်တယ်ဆိုတဲ့ တိကျတဲ့သက်သေအထောက်အထားတွေတော့ မရှိသေးပါဘူး။

၃။ အသားအရေနှင့် အရေပြားပြောင်းလဲခြင်း

တစ်ချို့လူတွေဟာ အသားအရေ အဆီပြန်လာတယ်၊ ဆံပင်တွေမွဲခြောက်ခြောက်ဖြစ်လာတယ်ဆိုရင် ကိုယ်ဝန်ဟာ ဘေဘီမီးမီးလေးအဖြစ် တွေးထင်တတ်ကြပြန်ပါတယ်။ မိန်းကလေးတွေဟာ မိခင်ရဲ့ ရဲ့ အလှအပကို ခိုးယူတတ်တယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုကြောင့်ပါ။ ဒါပေမယ့် သိပ္ပံနည်းကျသက်သေအထောက်အထားတွေတော့ မရှိပါဘူး။ ဆံပင်အရောင်နှင့် အရေပြားအရောင် ပြောင်းလဲခြင်းဟာ ဟော်မုန်းပြောင်းလဲခြင်းကြောင့် ဖြစ်နိုင်ပြီး အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်လည်း ကွဲပြားနိုင်ပါတယ်။

၄။ ကိုယ်ဝန်ဟာ အလယ်မှာစုနေခြင်း

ယုံကြည်မှုတစ်ခုအရ သင့်ဝမ်းဗိုက်က အရှေ့ကို ထွက်နေတယ်ဆိုရင် ၎င်းက ယောင်္ကျားလေးရှိနေခြင်းလက္ခဏာလို့ ပြောကြပါတယ်။ ဒီလိုမဟုတ်ဘဲ သင့်ဝမ်းဗိုက်အလေးချိန်က အလယ်မှာစုပြီး လုံးလုံးဝန်းဝန်းလေးဖြစ်နေမယ်ဆိုရင် မိန်းကလေးလို့ ဆိုကြပါတယ်။ ဒါကလည်း ဒဏ္ဍာရီတစ်ခုပါပဲ။ ကလေးဟာ အတွင်းမှာကြီးပြင်းလာတာနဲ့အမျှ ဗိုက်ဟာ အပြင်ကို ထွက်လာပြီး ကိုယ်ဟန်အနေအထား ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ သင့်ရဲ့ ကိုယ်ဝန်ဆောင်ပုံက သင့်ရဲ့ ခန္ဓာကိုယ်အမျိုးအစား၊ ကိုယ်အလေးချိန်နှင့် တစ်ခြားရုပ်ပိုင်းဆိုင်ရာအခြေအနေတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။

၅။ ရင်သားအရွယ်အစားပြောင်းလဲခြင်း

တစ်ခြားဒဏ္ဍာရီတစ်ခုကတော့ မီးမီးလေးလွယ်ထားရရင် ဘယ်ဘက်ရင်သားဟာ ညာဘက်ရင်သားထက် ပိုကြီးလာတဲ့ ပုံသဏ္ဍာန်ရှိတယ်လို့ ပြောကြပါတယ်။ ရင်သားပြောင်းလဲခြင်းဟာ ကိုယ်ဝန်ဆောင်တစ်ဦးရဲ့ အစောပိုင်းပြောင်းလဲမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါဟာ ဟော်မုန်းပြောင်းလဲခြင်းရဲ့ ရလဒ်တစ်ခုပါ။ မိခင်နို့တိုက်ကျွေးမှုအတွက် ပြင်ဆင်တဲ့ အနေနဲ့ ၎င်းတို့ဟာ ရောင်ရမ်းလေ့ရှိပါတယ်။ ဒါ့ကြောင့် ရင်သားအရွယ်အစားနှင့် ကလေးရဲ့ လိင်အမျိုးအစားနဲ့ ဆက်စပ်ခြင်းမရှိပါ။

Chit_May_May

Nyein_Thu

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here