ကိုယ့်သားသမီးကို ညဏ်ကောင်းထက်မြက်အောင် လုပ်ပေးနိုင်မယ့် နည်းလမ်း ၆ ခု

0
330
- Advertisement -

မိဘတိုင်းကတော့ ကိုယ့်သားသမီးကို သူများတွေထက်တော်စေတတ်စေချင်ကြတာပါပဲ။ ဒါကြောင့်လည်းမမွေးခင်တည်းက ကိုယ့်ကလေးကို အကောင်းဆုံးလူသားလေးဖြစ်လာအောင် အစားအသောက်အနေအထိုင်တွေဆင်ခြင် ကလေးအတွက် ကောင် းမွန်တဲ့ဆေးတွေသောက်နေကြတာပေါ့။

ပြောရမယ်ဆိုရင် မိဘတိုင်းက ကိုယ့်သားသမီးကို ဘုရားကပေးတဲ့ဆုလာဘ်လို ညဏ်အကောင်းဆုံး အထက်မြက်ဆုံးလူသားလေးတွေဖြစ်စေချင်ကြတာပါပဲ။ခုပြောပြချင်တားက မေမေတို့ရဲ့သားသမီးတွေကို ညဏ်အကောင်းဆုံးလူသားလေးတွေဖြစ်အောင်ငယ်ငယ်တည်းက ပြုစုပျိုးထောင်ပေးနိုင်မယ့် နည်းလမ်း 6 ခုအကြောင်းပဲဖြစ်ပါတယ်။ ကဲ.ဖတ်ကြည့်လိုက်ရအောင်နော်..

အိမ်တွင်းဥယျဉ်လေးတစ်ခုတည်ဆောက်ခိုင်းပါ

- Advertisement -

ဆိုလိုတာက ဥယျဉ်က အကြီးကြီးဖြစ်စရာမလိုပါဘူး။ အိမ်ထဲမှာပဲ သစ်ပင်လေးတွေစိုက်လို့ရအောင် မြေအိုးတွေ ခွက်ကြီးတွေ ထဲမှာ စိုက်ခိုင်းတာပါ။

အဲ့ဒီကနေတစ်ဆင့် အစေ့လေးတွေရဲ့ အဆင့်ဆင့်ရှင်သန်ကြီးထွားပုံတွေကို စောင့်ကြည့်ခိုင်းပါ။ သစ်စေ့လေးတွေက အညွန့်အညောက်လေးတွေစထွက်လာပီး အပင်လေးတစ်ပင်ရဲ့ဖြစ်တည်မှုက သူတို့ကို အတွေ့အကြုံတွေအများကြီးရစေသလို စဉ်စားတွေးခေါ်မှုတွေကိုလည်း ပေးပါလိမ့်မယ်။

သူတို့ကဒီကနေတစ်ဆင့် သစ်ပင်လေးကြီးထွားဖို့အတွက် သူတို့တာဝန်တွေကိုသိလာပြီး တာဝန်ယူမှုဆိုတာဘာလဲဆိုတာကို သိလာပါလိမ့်မယ်။ အချိန်မှန်မှန်ရေလောင်းဖို့ဆိုတဲ့ အချိန်ရဲ့အရေးကြီးမှုကိုလည်းသဘောပေါက်စေပါလိမ့်မယ်။ ဒါဟာ သူတို့ဦး နှောက်ကိုလေ့ကျင့်ပေးခြင်းတစ်မျိုးပါပဲ။

သူမရောက်ဖူးတဲ့နေရာတွေဆီမှာ လမ်းလျောက်ခိုင်းပါ

ဆိုလိုတာက သူ့ကိုဘယ်ခေါသွားမယ်ဆိုတာမပြောပဲ သစ်ပင်တွေဝေဆာနေတဲ့ စိမ်းလမ်းနေတဲ့ နေရာတစ်ခုခုကိုခေါသွားပြီးလ မ်းလျောက်ခိုင်းပါ။ ဒီခရီးနဲ့ပက်သက်ပြီး သူ့စွန့်စားမှုတွေ မြင်တွေ့ရတာတွေကို စာတစ်ပုဒ်ရေးခိုင်းပါ။ သင့်ကလေးရဲ့ တီထွင်ဖန်တီးနိုင်စွမ်း စိတ်ကူးတွေးနိုင်မှုတွေ တိုးတက်အောင်ပါ။ သူ့ရဲ့စူးစမ်းနိုင်မှုကိုလည်း တိုးတက်စေပါတယ်။

အိမ်ပြင်မှာပေးကစားပါ

ဒါအရေးကြီးပါတယ်။ ကလေးတွေကို အိမ်တွင်းအောင်းလေးမလုပ်ခိုင်းလိုက်ပါနဲ့။ အိမ်ပြင်ဘက်မှာ သူဆော့လို့ရတဲ့ ဂိမ်းတွေလုပ်ပေးပါ။ ဘောလုံးကန်တာ ကြိုးခုန်တာ ပြေးတိုင်းလိုက်တိုင်းကစားတာ ဘတ်စကတ်ဘော ကစားတာ ကြက်တောင်ရိုက်တာ စသဖြင့်ပေါ့။

စက်ဘီးအတူစီးပါ

စက်ဘီးအတူစီးရင် ကလေးကို ခေါင်းဆောင်လုပ်ခိုင်းပါ။ သူဘယ်ကနေဘာသွားမယ်ဆိုတဲ့ မြေပုံကို သူ့ခေါင်းထဲမှာ အလုပ်ပေးပါစေ။ဒါက မှတ်ညဏ်နဲ့သတိကို တိုးစေသလို ကြွက်သားတွေတောင့်တင်းလာနိုင်စေပါတယ်။

ပန်းခြံထဲသွားပါ

ပန်းခြံထဲမှာ လွတ်လပ်စွာဆော့ကစားပါစေ။ အထူးသဖြင့်လေ့ကျင့်ခန်းလုပ်လို့ရတဲ့ ပန်းခြံတွေဆိုပိုကောင်းပါတယ်။ ဘားခိုတာ လျောစီးတာ စသဖြင့်ပေါ့။ ဒါကသူ့ဘဝမှာ ယုံကြည်မှုကို တည်ဆောက်ပေးပါလိမ့်မယ်။ အရမ်းလိုက်မချုပ်ချယ်ပါနဲ့နော်.

စိုက်ခင်းတွေဆီခေါသွားပါ

စိုက်ခင်းတွေဆိုတာ စပျစ်သီး ပန်းသီး ခရမ်းချည်သီးစသဖြင့် အဲ့ဒီနေရာတွေပေါ့။ စိုက်ပျိုးရေးသမားတွေအကြောင်းနဲ့ အသီးအနံတွေအကြောင်း ပြောပြပါ။ ဘယ်ရာသီမှာ ဘယ်လိုအသီးတွေသီးတယ်။ ဘယ်လိုစိုက်ရတယ်စတာတွေပြောပြပါ။ တရစ္ဆာန်လေးတွေကို မိတ်ဆက်ပေးပါ။

ဆိုလိုတာက ဒါကကြက်ကလေး ဒါက ဘာလေးစသဖြင့်ပြောပြပါ။ ပြီးရင် သူတို့ရဲ့သဘာဝကိုပြောပြပါ။ ဒါဟာမှတ်သားညဏ်နဲ့စူးစမ်းလေ့လာတတ်မှုတွေကို ပေးပါလိမ့်မယ်။

ခုပြောပြခဲ့တဲ့အရာတွေက သူတို့ရဲ့ တီထွင်ဖန်တီးစိတ်၊ တာဝန်ယူတတ်စိတ်၊ တွေးတောစိတ်ကူးစိတ်၊ ကြွက်သားတောင့်တင်းမှုနဲ့ ကိုယ်ခန္ဓာကြီးထွားမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ သိန်းငှက်တစ်ကောင်လို စူးရှတဲ့ အမြင်ရှိအောင်လေ့ကျင့်မှု၊ ဂေဟစနစ်ကို လေ့လာတတ်မှု စတဲ့ ဦးနှောက်နဲ့ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးမှုအကျိးတရားတွေကို ရရှိပါလိမ့်မယ်နော်..တကယ်လုပ်နိုင်ကြပါစေနော်.

#Chit_may_May

#Mg_Htet

REF_Medium.com

LEAVE A REPLY

Please enter your comment!
Please enter your name here