Home Lotaya ကိုယ်၀န်ဆောင်နေစဥ် ခရီးသွားခြင်း

ကိုယ်၀န်ဆောင်နေစဥ် ခရီးသွားခြင်း

ကိုယ်၀န်ဆောင်နေစဥ် ခရီးသွားခြင်

0
498

ကိုယ်၀န်ဆောင်နေစဥ် ခရီးသွားခြင်းနှင့် ပတ်သက်ပြီးတော့ သင်သိထားသင့်တဲ့ အချက်တွေကို သိပါသလား။ ကိုယ်၀န်ဆောင်နေစဥ် ခရီးသွားတာဟာ သူတို့နှင့် သူတို့ကလေးတွေအတွက် လုံခြုံမှုရှိမရှိ အမျိုးသမီးတွေက မကြာခဏတွေးကြတယ်။ ခရီးသွားတဲ့အခါ အန္တရာယ်ကင်းပြီး ပျော်စရာကောင်းဖို့အတွက် ကိုယ်၀န်ဆောင်အမျိုးသမီးတွေအနေနဲ့ တစ်ချို့ကိစ္စလေးတွေအတွက် စဥ်းစားဖို့ အရေးကြီးပါတယ်။ ကြိုတင်ကာကွယ်မှုများက လက်ရှိကိုယ်၀န်အဆင့်နှင့် မိခင်ရဲ့ ကျန်းမာရေးအခြေအနေနှင့် သယ်ယူပို့ဆောင်ရေးနည်းလမ်းပေါ်မှာ မူတည်ပါတယ်။ ခရီးသွားဖို့ အကောင်းဆုံးအချိန်ကတော့ သင်ဘယ်အချိန်မှာ ပထမသုံးလပတ်၀င်မယ်ဆိုတာကို စဥ်းစားသင့်ပါတယ်။ အောက်မှာ ဆက်ပြီး ပြောပြပေးပါ့မယ်။

ပထမသုံးလပတ်

ပထမသုံးလပတ်မှာ သင်ခရီးရှည်မသွားသင့်ပါဘူး။ အကြောင်းကတော့ ကိုယ်၀န်ပျက်ကျခြင်းတွေ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ကာလမို့ပါ။ နောက်တစ်ခုက ပထမသုံးလပတ်မျာ ရောဂါလက္ခဏာတွေဟာ ပိုမိုပြီးတော့ ပြင်းထန်ပါတယ်။ ပျို့ခြင်း ၊ အန်ခြင်းနှင့် အဆင်မပြေမှုတွေက ဘယ်လိုခရီးကို ဖြစ်စေနိုင်ပါတယ်။

ဒုတိယသုံးလပတ်

သင်ကိုယ်၀န်ဆောင်နေတဲ့ အချိန်မှာ ခရီးသွားဖို့ လိုအပ်မယ်ဆိုရင် ဒုတိယသုံးလပတ်က အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ပထမသုံးလပတ်အတွင်း ဖြစ်တတ်တဲ့ စိတ်အနှောက်အယှက်ဖြစ်စေသော ရောဂါလက္ခဏာများ ပျောက်ကွယ်သွားပါတယ်။ ကိုယ်၀န်ပျက်ကျမှုကိုလည်း သိသိသာသာ လျှော့ချပေးပါတယ်။ သင့်အနေနဲ့ သင့်ကိုယ်၀န်ကို ရက်သတ္တပတ်များအတွင်း ရေတွက်လျှင် ဒုတိယ၁၂လမှရက်သတ္တပတ် ၁၂မှ ၂၈အထိကြာပါတယ်။ သင် လများအတွင်း ကိုယ်၀န်ကို စောင့်ကြည့်နေလျှင်၄လမှ ၆လအထိ ကြာပါတယ်။ သင့်ရဲ့ ဒုတိယသုံးလပတ်အတွင်းမှာ သင်ရဲ့ ၀မ်းဗိုက်က ကြီးထွားဦးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင်မျှမျှတတနှင့် အဆင်ပြေစွာ ခရီးသွားနိုင်ပါလိမ့်မယ်။ သင့်အစီအစဥ်တွေနဲ့ ပတ်သက်ပြီး သင့်ရဲ့ မီးယပ် အထူးကုဆရာ၀န်နှင့် စစ်ဆေးသင့်ပါတယ်။

တတိယသုံးလပတ်

အခုကာလကို ရောက်လာတဲ့အခါ ကိုယ်အလေးချိန်တက်ပြီး သွက်လက်မှုနည်းသွားပါတယ်။ သင်ဟာ ပင်ပန်းနွမ်းနယ်နေတယ် ခံစားရပြီး ရပ်နေတဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ အဆင်မပြေနိုင်သော ဘယ်လို ခရီးကို မဆို မသွားသင့်တော့ပါဘူး။ ဒီအချိန်မှာ သင်ရဲ့ ဆေးကုသမှုမှတ်တမ်းနှင့် အရေးပေါ်အခြေအနေနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို လက်၀ယ်ထားသင့်ပါပြီ။ တစ်ချိန်တည်းမှာပင် ဆေးကုသမှု ခံယူရန် ခက်ခဲစေသော ၀ေးလံသော နေရာများကို ရှောင်ပါ။

ဘာနဲ့ ခရီးသွားမလဲ

လေယာဥ်- တစ်ချို့က လေယာဥ်နှင့် ခရီးသွားတဲ့ အခါ ကိုယ်၀န်ပျက်ကျခြင်း၊ အချိန်မတန် မီးဖွားခြင်း ကို ဖြစ်စေနိုင်တယ်လို့ ယုံကြည်ကြပေမယ့်လည်း လေယာဥ်ပျံအခန်းများက ပတ်၀န်းကျင်အခြေအနေများပေါ်မှာ မူတည်ပါတယ်။ လေထုဖိအား၊ အပူချိန်၊ အောက်စီဂျင်နှင့် ပတ်သက်သော ပြဿနာတွေ ကတော့ မရှိပါဘူး။ ကိုယ်၀န်ဆောင်အမျိုးသမီးတွေကတော့ လမ်းတစ်လျှောက်ထိုင်ခုံများကို ရွေးချယ်သင့်ပါတယ်။ ၃၆ပတ်ကနေပြီးတော့ ကိုယ်၀န်ဆောင် အမျိုးသမီးတွေကို လေယာဥ်စီးခွင့် မပြုပါဘူး။
ကား-ကားနဲ့ ခရီးသွားတဲ့အခါ ကိုယ်၀န်ဆောင်တွေအနေနဲ့ နှစ်နာရီတစ်ခါ မတ်တပ်ရပ်သင့်ပါတယ်။ သင့်ရဲ့ ခါးပတ်ကို သင့်ရဲ့ ခါးအောက်မှာသာ ထားပါ။ ကိုယ်၀န်ဆောင်အမျိုးသမီးတွေဟာ ရက်သတ္တပတ် ၃၂ပတ်အထိသာ ကားစီးသင့်ပါတယ်။ အန္တရာယ်များကို ရှောင်ကြဥ်ဖို့ နောက်ဆုံးကိုယ်၀န်ဆောင်ရက်သတ္တပတ်များအတွင်း ကားနှင့် ၀ေး၀ေးရှောင်ပါ။
မီးရထား- အထူးသဖြင့် အမြန်နှုန်းရထားများ၊ သူတို့ရဲ့ လှုပ်ရှားမှုတွေက ပုံမှန်ဖြစ်တယ်။ ပတ်ပတ်လည်လမ်းလျှောက်ဖို့ အခန်းတစ်ခန်းအဖြစ် ရေချိုးခန်းလည်း ပါ၀င်ပါတယ်။

အရေးတကြီးလိုအပ်ချက်များ

ဘယ်နေရာကို သွားသွား လမ်းတစ်လျှောက် ရေယူပါ။ သင့်ခရီးစဥ်အတွင်း ရေဓါတ်ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ သက်တောင့်သက်သာ ၀တ်ဆင်ပါ။ သွေးလည်ပတ်မှုကို လျှော့ချနိုင်မယ့် အ၀တ်အစားမျိုး ၀တ်ဆင်ပါ။ အစားအသောက် ရွေးစရာမလိုပါဘူး။ လမ်းလျှောက်ပါ။အခြေအနေအရ ကိုယ်၀န်ဆောင် အမျိုးသမီးများဟာ ခြေထောက်တွေကို ဆန့်ပြီး လည်ပတ်စေပါ။ မည်သို့ပင် ဖြစ်စေကာမူ သင့်ရဲ့ ဆရာ၀န်နှင့် အမြဲတမ်းစစ်ဆေးပါ။ ကိုယ်၀န်ဆောင် တစ်ခုချင်းစီက ကွဲပြားခြားနားပြီး ၊ ကိုယ်၀န်ဆောင်နေစဥ် ခရီးသွားခြင်းက သင်နှင့် သင့်ကလေးအတွက် လုံခြုံမှုရှိမရှိ ကို ပြောပြဖို့ အကောင်းဆုံးဆရာ၀န်တစ်ဦး ဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

sources-Youaremom

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here