ကိုယ်၀န်ဆောင်နေစဥ် ငိုကြွေးတဲ့အခါ သန္ဓေသားဘယ်လိုခံစားရမလဲ

0
664
- Advertisement -

ကိုယ်၀န်ဆောင်မိခင်တွေရဲ့ ခံစားမှုနှင့် အတွေ့အကြုံအဖြစ်အပျက်တွေဟာ ကလေးနဲ့တိုက်ရိုက်ဆက်စပ်နေပါတယ်။ အခုလိုအချိန်မှာ သင်ဟာ သူ့ရဲ့အရာအားလုံးဖြစ်ပါတယ်။ သိပ္ပံပညာတွေရဲ့အဆိုအရ ကိုယ်၀န်ဆောင်နေစဥ်အတွင်းမှာ သင့်ကလေးက သင့်ခံစားရတဲ့ခံစားချက်နှင့် တူညီတဲ့ပြင်းထန်မှုရှိတယ်လို့ ပြသခဲ့ပါတယ်။ သင်၀မ်းနည်းကြေကွဲပြီးတော့ ငိုကြွေးတဲ့အခါမှာလည်း သင့်ကလေးဟာအလားတူပဲခံစားရပါလိမ့်မယ်။ ၀မ်းနည်းပူဆွေးမှုနှင့် ၀ေဒနာတွေအားလုံးကို သူခံစားရပါလိမ့်မယ်။

ကိုယ်၀န်ဆောင်နေတဲ့ကာလအတွင်းမှာ သင့်ကလေးဟာ သူ့ဘ၀အတွက်ကြိုတင်ပြင်ဆင်နေပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ Curt A .Sandmanရဲ့ လေ့လာတွေ့ရှိချက်တွေအရ ကလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုက မိခင်ရဲ့ ကလေးမမွေးခင်နှင့် မွေးအပြီးစိတ်ခံစားမှုအခြေအနေတွေမှာ မူတည်တယ်လို့ ဆိုပါတယ်။
ဒီလေ့လာမှုမှာပဲ ကလေးငယ်ဟာ မိခင်ရဲ့သားအိမ်အတွင်းမှာ သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ တက်ကြွစွာပါ၀င်တဲ့သူဖြစ်ကြောင်းတွေ့ရပါတယ်။

အချင်းက ၀မ်းနည်းခြင်းရဲ့ဟော်မုန်းအချက်ပြမှုကို ခံယူတယ်

ကလေးငယ်ဟာ တဖြည်းဖြည်းကြီးထွားလာတာနဲ့အမျှ သူ့အမေဆီကနေပြီးတော့ မက်ဆေ့ချ်တွေအမြဲရပါတယ်။ သူမနှလုံးသားရဲ့အသံ ဒါမှမဟုတ် သူမ၀မ်းဗိုက်အနားမှာတီးခတ်ခဲ့တဲ့တေးဂီတသံစဥ်တွေအထိပါပဲ။ တကယ်လို့ မိခင်က အလွန်စိတ်သောကရောက်တာမျိုး (သို့) အကြီးအကျယ်စိတ်ဓာတ်ကျတာမျိုးဖြစ်မယ်ဆိုရင် ကလေးငယ်ကလည်းပဲ ထပ်တူတွေ့ကြုံခံစားရပါလိမ့်မယ်။

ဒီစိတ်ခံစားမှုတွေဟာ သူ့ရဲ့တစ်သက်တာ ကြီးမားလှတဲ့အစိတ်အပိုင်းအတွက် ကလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုကို သက်ရောက်ပါတယ်။ ရေရှည်မှာ စိတ်ဓာတ်ကျတတ်တဲ့အမျိုးသမီးဟာ အာရုံကြောဆိုင်ရာ ပြဿနာတွေနဲ့ စိတ်ရောဂါဆိုင်ရာပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ Sandmanက ပြောပါတယ်။
အကောင်းဆုံးနည်းဗျူဟာကတော့ ကိုယ်၀န်ဆောင်နေစဥ်မှာဖြစ်တဲ့ စိတ်ကျရောဂါဆိုတာကုသနိုင်တဲ့ရောဂါဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီးတွေဟာ ကလေးမမွေးခင်မှာ စိတ်ရောဂါစစ်ဆေးမှု (သို့) အကဲဖြတ်မှုတွေက မရှိသလောက်ပါပဲလို့ စိတ်ပညာရှင်တွေက ပြောခဲ့ပါတယ်။

ကိုယ်၀န်ဆောင်နေစဥ်မှာ မိခင်တစ်ဦးအနေနဲ့ အကောင်းဆုံးလုပ်နိုင်တဲ့အရာတစ်ခုက မျှတမှုရှိတဲ့ စိတ်ခံစားမှုအခြေအနေတွေနဲ့ ကလေးကိုစနစ်တကျကြီးထွားစေနိုင်ဖို့ အတွက် စိတ်အေးအေးထားတတ်ဖို့ပဲဖြစ်ပါတယ်။ လေ့လာမှုတွေအရ ကလေးကိုအများဆုံးထိခိုက်စေနိုင်တဲ့အရာမှာမိခင်ရဲ့ စိတ်နေစိတ်ထားပြောင်းလဲမှုဖြစ်ပါတယ်။
အကောင်းဆုံးကတော့ သင်နဲ့သင့်ကလေးကြားက ရင်းနှီးတဲ့နှောင်ကြိုးကိုဖန်တီးပေးနေတဲ့အလွန်အရေးကြီးတဲ့အဆင့်မှာ စိတ်အေးအေးထားဖို့ သေချာစေပါ။ စိတ်ဖိစီးမှုနှင့် အပျက်သဘောဆောင်တဲ့ခံစားချက်တွေကို ရှောင်ရှားပါ။ အဲ့လိုဖြစ်စေဖို့ သင့်အနေနဲ့တရားအားထုတ်ခြင်း၊ အပန်းဖြေခြင်း၊ လေ့ကျင့်ခန်းနှင့် ယောဂစတဲ့အရာတွေကို ကြိုးစားပြီးတော့ ပြုလုပ်နိုင်ပါတယ်။ သင့်ပတ်၀န်းကျင်ကလူတွေက သင့်ကိုစိုးရိမ်ပူပန်မှုတွေနဲ့ ၀မ်းနည်းမှုတွေကို ကျော်လွှားနိုင်ဖို့ ကူညီပါလိမ့်မယ်။

Chit_May_May

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here