ကိုယ်၀န်ဆောင်နေစဥ် ရှောင်ကြဥ်ရမယ့်အရာများ

ကိုယ်၀န်ဆောင်နေစဥ် ရှောင်ကြဥ်ရမယ့်အရာများ

0
207
- Advertisement -

ကိုယ်၀န်ဆောင်နေစဥ်အတွင်း အနာဂတ်မိခင်လောင်းတစ်ယောက်အနေနဲ့ သူမရဲ့ အခြေအနေတွေနဲ့ အညီ ကာယလေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ အကြံပြုထားပါတယ်။ သင်နှင့် သင့်ကလေးရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့ ရှောင်ရှားသင့်သော အရာအချို့ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အစားအသောက်နှင့် သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ လူမှုရေးအပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်လေးတွေကို ဒီကနေ့ ပြောပြသွားမှာပါ။ မမွေးသေးသော ကလေးများက ပျက်စီးလွယ်ပြီး မိခင်ရဲ့ စောင့်ရှောက်မှုအပေါ်မှာ မူတည်ပါတယ်။

၁။ အရက်

ကိုယ်၀န်ဆောင်အမျိုးသမီးတိုင်း အရက်ကို ရှောင်ရှားသင့်ပါတယ်။ ကလေးငယ်ဟာ သူမသုံးသော အရာများအတွက် ချက်ကြိုးမှတဆင့် ရရှိမှာ ဖြစ်ပါတယ်။ အရက်သောက်သော အနာဂတ်မိခင်များက ကလေးဘ၀ရဲ့ အန္တရာယ်ဖြစ်စေပြီး syndromရောဂါခံစားရစေပါတယ်။ အရက်ဟာ အန္တရာယ်ဘယ်လောက်ရှိတယ်ဆိုတာ မခန့်မှန်းနိုင်သေးသော်လည်း လုံး၀ရှောင်ကြဥ်ရန် အကောင်းဆုံးဖြစ်ပါတယ်။ အရက်ဟာ ရုပ်ပိုင်းဆိုင်ရာနှင့် ညဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ထားပြီး သန္ဓေသားအတွင်းရှိ အခြားမသန်စွမ်းမှုတွေအထိ ဖြစ်စေနိုင်ပါတယ်

၂။ စီးကရက်

ကိုယ်၀န်ဆောင်နေစဥ်အတွင်း ဆေးလိပ်ဖြတ်သင့်ပါတယ်။ ဆေးလိပ်က မည်သူတစ်ဦးတစ်ယောက်အတွက်မဆို အဆိပ်ဖြစ်စေသောအရာဖြစ်တဲ့အတွက် သန္ဓေသားအတွက် ပိုပြီးထိခိုက်မှုရှိစေပါတယ်။ ကိုယ်၀န်ဆောင်အမျိုးသမီးတွေအနေနဲ့ ဆေးလိပ်သောက်သည့် လူတွေရဲ့ အနားမှာတာင်မှ မနေသင့်ပါဘူး။ ဆေးလိပ်သောက်ခြင်းက ကိုယ်၀န်ပျက်ကျခြင်း၊ သွေးထွက်ခြင်း၊ ဒါ့အပြင် ကာဗွန်မိုနောက်ဆိုဒ် နှင့် အခြားဓာတုပစ္စည်းအသုံးပြုမှုက ရုတ်တရက် မွေးကင်းစ ကလေးသေဆုံးမှုလက္ခဏာအတွက် အန္တရာယ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ပန်းနာရင်ကျပ်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအပြင် ကြီးထွားမှုနှေးကွေးခြင်း၊ ကလေးဟာ အမိ၀မ်းထဲမှာ ရှိနေစဥ် သူတို့ရရှိတဲ့ နီကိုတင်း (သို့) ဆေးရွက်ကြီးတွေကြောင့် ကလေးငယ်ကို ရောဂါလက္ခဏာတွေ တစ်ပြုံကြီးနဲ့ မွေးဖွားလာတတ်ကြပါတယ်။

၃။ ဓာတုပစ္စည်းများ

ဆိုးဆေးများ၊ သန့်စင်ဆေးများ (သို့) လေသန့်ဆေး ကဲ့သို့သော ဓာတုပစ္စည်းများ အဆိပ်အတောက်ဖြစ်စေသော ထုတ်ကုန်များဟာ မိခင်နှင့် ကလေးနှစ်ဦးစလုံးအတွက် အန္တရာယ်ရှိပါတယ်။ သူတို့ဟာ ပျို့ချင်ခြင်း၊ မူးယစ်ခြင်း (သို့) မူး၀ေခြင်းများ ဖြစ်ပေါ်စေနိုင်သောကြောင့် မတော်တဆမှုတွေကို ရှောင်ရှားရန်နှင့် တံဆိပ်တွေကို ဖတ်ဖို့ လိုအပ်ပါတယ်။ ဓါတ်မှန်ရိုက်ခြင်းက သန္ဓေသားဖွံ့ဖြိုးမှုကိုလည်း အကျိုးသက်ရောက်မှုရှိစေပါတယ်။

၄။ ပြင်းထန်သော လေ့ကျင့်ခန်းများ

ကိုယ်၀န်ဆောင်နေစဥ် အကျိုးသက်ရောက်မှုမြင့်မားသော လေ့ကျင့်ခန်းများကို ဆန့်ကျင်သင့်ပါတယ်။ အထိုင်များသော လူနေမှုပုံစံကလည်း အလားတူအန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် သင့်ကို ကျန်းမာစေပြီး သင့်ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံမှန်လေ့ကျင့်ခန်းများသာ ပြုလုပ်သင့်ပါတယ်။

၅။ နေရောင်ခြည်နှင့် စိတ်ဖိစီးမှု

ကိုယ်၀န်ဆောင်နေစဥ်ကာလအတွင်း နေရောင်ခြည်နှင့် ကြာရှည်စွာ ထိတွေ့ခြင်းမှ ရှောင်ရှားသင့်ပါတယ်။ အရေပြားက ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုအချိန် လျှော့ချဖို့နှင့် နေရောင်ကာကွယ်ဆေး အသုံးပြုဖို့ လိုအပ်ပါတယ်။ ရေပူ ရေနွေးငွေ့တွေဟာ တစ်ချို့အမျိုးသမီးတွေအတွက် ပြင်းထန်သော မောခြင်းနှင့် မူး၀ေခြင်းများ ဖြစ်စေနိုင်ပါတယ်။ ဒါဟာ သင့်ကလေးရဲ့ ဦးနှောက်အာရုံကြောစနစ်ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးသက်ရောက်စေနိုင်သော အန္တရာယ်များစွာရှိနေပါတယ်။

Chit_May_May

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here