ကိုယ်၀န်ပျက်ပြီးနောက် ၀မ်းနည်းပူဆွေးခြင်းရဲ့ အရေးပါမှု

ကိုယ်၀န်ပျက်ပြီးနောက် ၀မ်းနည်းပူဆွေးခြင်းရဲ့ အရေးပါမှု

0
76

သင့်အနေနဲ့ သင့်ဆုံးရှုံးမှုရဲ့ နာကျင်မှုကို ငြင်းဆန်မယ်ဆိုရင် သင့်ရဲ့ နာကျင်မှုက နာတာရှည်ဖြစ်စေနိုင်ပါတယ်။ ကိုယ်၀န်ပျက်ကျပြီးနောက် ၀မ်းနည်းပူဆွေးခြင်းကို ခွင့်ပြုတာဟာ ကုစားနည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ မမွေးသေးသော ကလေးဆုံးရှုံးခြင်းကို တွေ့ကြုံခံစားရတဲ့ အမျိုးသမီးတစ်ဦးကြုံတွေ့ရနိုင်သော အဆိုးရွားဆုံးအခြေအနေတစ်ခုဖြစ်ပါတယ်။ ကိုယ်၀န်ပျက်ကျပြီးနောက် အဖြစ်အပျက်ကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ငိုကြွေး၀မ်းနည်းရသောအချိန်ကို ခွင့်ပြုခြင်းကို အခြေခံကျပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်အကျိုးဆက်တွေကို ဆိုးဆိုးရွားရွားမခံစားရစေဖို့ ၀မ်းနည်းပူဆွေးမှုဖြစ်စဥ်ကို ဖြတ်သန်းရန် လိုအပ်ပါတယ်။

ကိုယ်၀န်ပျက်ကျခြင်း

အကြောင်းပြချက်အချို့ ၊ အခြေအနေတစ်ချို့ကြောင့် ခေတ်သစ်လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာ ပဋိသန္ဓေဆုံးရှုံးမှုကို တိတ်ဆိတ်စွာ ဆက်လက်ခံစားနေကြရပါတယ်။ ကိုယ်၀န်ပျက်ကျခြင်းက ကံမကောင်းတာကြောင့်မို့လို့မဟုတ်ပဲ ကိုယ်၀န်လေးခါဆောင်လျှင် တစ်ယောက်ကို အကျိုးသက်ရောက်စေတာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်၀န်ပျက်ကျတဲ့ အမျိုးသမီးနှင့် သူတို့၀န်းကျင်မှာ ရှိတဲ့ သူတွေက ဒီအချက်ကို ဖုံးကွယ်ထားလေ့ရှိကြပါတယ်။ ဒါ့ကြောင့်မို့လို့ အမျိုးသမီးများဟာ ဒီကံမကောင်းတဲ့ အတွေ့အကြုံကို ကိုင်တွယ်ဖြေရှင်းကြတဲ့အခါ ရင်းနှီးသောမိတ်ဆွေတွေကိုအမြဲရှာဖွေရင်ဖွင့်ဖို့ ကြိုးစားကြတယ်။ နောက်ပိုင်းမှာတော့ သူတို့ကို သူတို့အမှားလုပ်မိပြီလို့ ထင်ပြီး တိတ်ဆိတ်စွာ ပြန်နေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါတွေက သံသရာကို ပိုကြာရှည်စေပါတယ်။

ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု

ကိုယ်၀န်ပျက်ကျတယ်ဆိုတာ အချိန်တိုအတွင်းမှာ ကြီးမားတဲ့အပြောင်းအလဲကြီးတစ်ခုနှင့် ရင်ဆိုင်ရခြင်းဖြစ်ပါတယ်။ ဒါထက်ပိုသော အပြောင်းအလဲတွေကတော့ သင်ကြိုတင်ပြင်ဆင်ခြင်းမရှိသော အပြောင်းအလဲတွေ ဖြစ်ပါတယ်။ ပထမဆုံး အမျိုးသမီးများဟာ ကိုယ်၀န်ပျက်ကျခြင်းရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုတွေနှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဓိကဟော်မုန်းအပြောင်းအလဲများနှင့် ဖြစ်ပေါ်လာတဲ့ မနှစ်မြို့ဖွယ်လက္ခဏာများ ပါ၀င်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ အဆင့်တွင် ကိုယ်၀န်ပျက်ကျခြင်းဟာ အကြိမ်ကြိမ်နောက်ပြန်လှည့် စဥ်းစားတဲ့ အခါတိုင်း မကြာခဏ ၀မ်းနည်းပက်လက်ဖြစ်စေပါတယ်။ ကလေးတစ်ဦးသေဆုံးသွားခြင်းက သူမရဲ့ ဘ၀သစ်မှာ ရင်းနှီးမြှပ်နှံဖို့ မျှော်လင့်ချက်အိမ်မက်တွေပါ သေဆုံးသွားခြင်း ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ခန္ဓာကိုယ်နာကျင်မှုဖြစ်စဥ်ကိုသာမက သူမရဲ့ မိခင်ဖြစ်ခြင်းအခန်းကဏ္ဍကိုလည်း ဆုံးရှုံးစေပါတယ်။

ငိုကြွေးပူဆွေးခြင်းရဲ့ ခံစားမှု

၀မ်းနည်းပူဆွေးခြင်းဟာ ကြီးမားသောစိတ်ခံစားမှုများစွာနှင့်အတူ ရောက်လာပါတယ်။ အောက်မှာ ပေးထားတဲ့ အချက်အလက်တွေကို လေ့လာကြည့်ပါ။
အပြစ်ရှိတယ်လို့ ခံစားရခြင်း- အပြစ်ရှိတယ်ဆိုတာ ကိုယ်၀န်ပျက်ကျတာနဲ့ မကြာခဏခံစားရလေ့ရှိတဲ့ စိတ်ခံစားမှုတွေထဲက တစ်ခုပါ။ အဖြစ်အပျက်များကို နားလည်ရန်ကြိုးပမ်းနေတဲ့ မိခင်များဟာ သတိထားမှုမရှိခြင်းကြောင့် သူတို့ကိုယ် သူတို့ မကြာခဏ အပြစ်တင်ကြတယ်။
ညံ့ဖျင်းမှု (သို့) ပျက်ကွက်မှုလို့ ခံစားရခြင်း- တိတ်ဆိတ်စွာ နေတဲ့ အမျိုးသမီးများဟာ သူတို့ရဲ့ ကိုယ်၀န်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ မစွမ်းနိုင်သောင်ကြောင့် တစ်ခြားအမျိုးသမီးများထက် စွမ်းဆောင်နိုင်မှု နည်းပါးတယ်လို့ ခံစားရလေ့ရှိကြတယ်။
၀မ်းနည်းခြင်း၊ အထီးကျန်ခြင်းနှင့် နားလည်မှု ကင်းမဲ့ခြင်း- ၀မ်းနည်းပူဆွေးခြင်းနေသာ မိခင်နှင့် နီးစပ်သူတွေဟာ ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာကို မသိတာကြောင့်ပါ။ သူမကို အားတက်စေဖို့ သူတို့ကြိုးစားတဲ့ နေရာမှာ အခြေအနေကို ရှင်းလင်းစေဖို့ ကြိုးစားခြင်းဖြင့် သူမရဲ့ နာကျင်မှုကို သူမတစ်ဦးတည်းပင် ပို၍ခံစားရတယ်။
ဒုက္ခဆင်းရဲနှင့် စိုးရိမ်ပူပန်မှု- ကိုယ်၀န်ပျက်ကျခြင်းကို ကြောက်ရွှံ့တာဟာ ပုံမှန်အတိုင်းပဲဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ နောက်တစ်ကြိမ် ကိုယ်၀န်မဆောင်နိုင်မှာ စိုးရိမ်ပူပန်ကြပါတယ်။

၀မ်းနည်းပူဆွေးပြီး ဘယ်လိုရှေ့ဆက်ကြမလဲ
သင့်ခံစားချက်တွေအတွက် လိုအပ်သရွေ့ ခွင့်ပြုပါ- သင့်ပတ်၀န်းကျင်က လူတွေ နားမလည်ဘူးဆိုရင်တောင် ဒီဖြစ်ရပ်မှာ ပါ၀င်တဲ့ စိတ်ခံစားမှုများအားလုံးကို သင်ကိုယ်တိုင်ကမူ ခွင့်ပြုဖို့ လိုအပ်ပါတယ်။
နာကျင်မှုကို ဖုံးကွယ်ဖို့ မကြိုးစားပါနဲ့- နောက်တစ်ကြိမ်ကိုယ်၀န်ဆောင်ခြင်းသို့ အလျင်စလို မသွားရန်နှင့် တစ်ခြားကိစ္စရပ်များမှာ သင့်စိတ်ကို မလှုပ်ရှားစေဖို့ နာကျင်မှုတွေကို မဖုံးကွယ်ပါနဲ့။
ကိုယ့်ကိုယ်ကို ဖော်ထုတ်ပါ- သင်ချစ်မြတ်နိုးရသူတွေ၊ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောပါ။ သင်ခံစားနေရသောအရာများနှင့်သင့်အတွေးများကို မျှ၀ေနိုင်သော အထောက်အကူပြုအဖွဲ့ကို ရှာဖွေပါ။
ရိုးရာနှုတ်ဆက်ပွဲလေး ပြုလုပ်ပါ- မမွေးသေးသော ကလေးတစ်ဦးသေဆုံးခြင်းအတွက် တရား၀င်အသုဘမရှိနိုင်ပေမယ့် တစ်ခြားနည်းဖြင့် “goodbye”လို့ ပြောဖို့ အရေးကြီးပါတယ်။ သင့်ဘ၀ရဲ့ ရောက်မလာခဲ့တဲ့ ကလေးအတွက် နာမည်ပေးခြင်းဖြင့် သင့်ဘ၀ရဲ့ အမှတ္တရလေးတစ်ခုအဖြစ် ကူညီပေးနိုင်ပါတယ်။
လူတိုင်းမှာ သူတို့တွေရဲ့ အချိန်အတွက် ၀မ်းနည်းငိုကြွေးရတဲ့ အချိန်ကာလ ရှိကြောင်း သတိရပါ။ အချိန်နည်းနည်းလေးကြာပြီး နောက်ပိုင်းမှာ သင်ဟာ စိတ်လှုပ်ရှားမှုပိုင်းမှာ တိုးတက်မှု မရှိဘူး ခံစားလာရတဲ့အခါ ဒါမှမဟုတ် ကိုယ့်ဘာသာ မလုပ်နိုင်တော့ဘူးလို့ ခံစားရတဲ့အခါ ပညာရှင်တစ်ယောက်ရဲ့ အကူအညီ ယူဖို့ မတွန့်ဆုတ်ပါနဲ့။

LEAVE A REPLY

Please enter your comment!
Please enter your name here