ကိုယ်၀န်မရနိုင်ခြင်းရဲ့ အကြောင်းရင်းများ

ကိုယ်၀န်မရနိုင်ခြင်းရဲ့ အကြောင်းရင်းများ

0
286
- Advertisement -

သင်ရဲ့ ဆရာ၀န် ရောဂါရှာဖွေနိုင်မည့် ဇီ၀ဗေဒဆိုင်ရာ အချက်များအပြင် ကိုယ်၀န်ဆောင်ခြင်းကို နှောင့်နှေးစေနိုင်တဲ့ အခြားအခြေအနပေါင်းများစွာ ရှိနေပါတယ်။ သင်ကိုယ်တိုင် ”ငါဘာကြောင့် ကိုယ်၀န်မရနိုင်တာလဲ”လို့ ပြန်မေးကြည့်ဖြစ်မယ်ဆိုရင် အောက်ပါ ဖြစ်နိုင်ခြေများဖြင့် တိုက်ကြည့်ပါ။

၁။ ကျန်းမာရေးနှင့် မညီညွှတ်တဲ့ အစားအစာများ စားခြင်း

သင့်အနေနဲ့ကိုယ်၀န်ဆောင်ဖို့အတွက် စည်းကမ်းတကျ အစားအသောက်တွေကို ရှောင်ဖို့ မလိုပါဘူး။ ဒါပေမယ့် စနစ်တကျ စားဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဆိုလိုတာက အဆီများ၊ သကြားများနှင့် အရက်များကို ဖြတ်တောက်ဖို့ လိုအပ်ပါလိမ့်မယ်။ သင့်အနေနဲ့ မစားရမနေနိုင်ဖြစ်နေရင် သင်ရဲ့ စားသုံးမှု အတတ်နိုင်ဆုံး လျှော့ချဖို့ လိုအပ်ပါတယ်။ အကြော်အစားအစာတွေ၊ ဘာဂါ ဒါမှမဟုတ် ပီဇာတွေအများကြီးသူတွေဟာ တစ်ပါတ်လျှင် အကြိမ်ပေါင်းများစွာ သားအိမ်ရောဂါများ ပိုမိုအန္တရာယ်ရှိလာနိုင်ပါတယ်။ ဒါဟာ သင်ကိုယ်၀န်ဆောင်ဖို့ ခက်ခဲစေတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ သင့်ကျန်းမာရေးကို တိုးတက်စေဖို့ နှင့် ကိုယ်၀န်ဆောင်ဖို့ အကောင်းဆုံးအခြေအနေအတွက် သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် အခွံမာသီး စသည်ဖြင့်ပေါ့။

၂။ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း

အားကစားဟာ သင့်ကျန်းမာရေးအတွက်ကောင်းသော်လည်းပဲ ကိုယ်၀န်ဆောင်ခြင်းကို တားဆီးနိုင်ပါတယ်။ ပထမဦးစွာ သင်ရဲ့ ခန္ဓာကိုယ်နှင့် ကြွက်သားများအနားယူဖို့ နှင့် ပြန်လည်ထူထောင်ဖို့ အချိန်လိုအပ်သောကြောင့် နေ့စဥ်နေ့တိုင်း လေ့ကျင့်ခြင်း မပြုလုပ်သင့်ပါ။ သင်ပုံမှန်ထားမယ်ဆိုရင် အကောင်းဆုံးနည်းလမ်းကတော့ တစ်ပတ်လျှင် သုံးကြိမ်လေ့ကျင့်ခန်းလုပ်ခြင်းဖြစ်ပါတယ်။

၃။ မကြာခဏလိင်ဆက်ဆံခြင်း

စုံတွဲတစ်တွဲအနေနဲ့ ကလေးယူဖို့ ဆုံးဖြတ်တဲ့အခါ သူတို့အနေနဲ့ နေ့တိုင်း လိင်ဆက်ဆံဖို့လိုတယ်လို့ ထင်ကြပါလိမ့်မယ်။ သို့ပေမယ့် ဒါဟာ အမြဲမဖြစ်သင့်ပါဘူး။ ဒါ့ကြောင့် အတော်လေးစိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်ပါတယ်။ လိင်ဟာ သင်ရဲ့ နေ့စဥ် လုပ်ဆောင်မှုစာရင်းမှာ တာ၀န်တစ်ခု (သို့) ပစ္စည်းတစ်ခုဖြစ်ဖို့ မလိုပါဘူး။ သုတ်ပိုးဟာ ၇၂နာရီ ရှင်သန်နိုင်ပါတယ်။ ဒါ့ကြောင့် သုတ်ပိုးအစားထိုးဖို့ နှစ်ရက်(သို့ ) သုံးရက်တစ်ကြိမ်သာ ဖြစ်သင့်ပါတယ်။

၄။ BMI နိမ့်ကျခြင်း

ခန္ဓာကိုယ် အညွှန်းကိန်းနိမ့်ကျခြင်းက ကိုယ်၀န်ဆောင်ခြင်းပြဿနာအပါအ၀င် ကျန်းမာရေးပြဿနာများစွာ ဖြစ်စေနိုင်ပါတယ်။ စွန့်စားမှုတွေ သားအိမ်ရောဂါများမှ မျိုးမပွားခြင်း၊ ကိုယ်၀န်ပျက်ကျခြင်း၊ အချိန်မတိုင်မှီ ကလေးမွေးဖွားခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ နေ့တိုင်းမှန်ကန်သော ကယ်လိုရီပမာဏရရန် အလွန်အရေးကြီးပါတယ်။ သင့်လိုအပ်ချက်နှင့်အညီ တိကျသော အစားအစာတစ်ခုတည်ဆောက်နိုင်ဖို့ အာဟာရပညာရှင်နှင့် ဆွေးနွေးတိုင်ပင်ပါ။

၅။ စိတ်ဖိစီးမှုများခြင်း

စုံတွဲတစ်တွဲဟာ ကိုယ်၀န်ရဖို့ ကြိုးစားနေတဲ့ အချိန်မှာ တင်းမာမှုတွေကို တိုးပွားစေနိုင်ပြီးအငြင်းပွားမှုများ မကြာခဏဖြစ်လာနိုင်ပါတယ်။ သင့်အလုပ်က ဖိစီးမှုတွေများနေမယ်ဆိုရင် ဒီအလုပ်ကို ဆက်လုပ်ဖို့ စဥ်းစားသင့်ပါပြီ။ ကိုယ်၀န်ရဖို့ ကြိုးစားသောအခါ အေးဆေးနေရန်နှင့် ပျော်မွေ့ရန် အရေးကြီးပါတယ်။ ၆လကနေ ၈လအတွင်း စီစဥ်ပြီးတော့ သန္ဓေမတည်ဘူးဆိုရင် သင့်ဆရာ၀န်နှင့် ရက်ချိန်းယူသင့်ပါပြီ။

Chit_May_May

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here