အခုချိန်မှာ တစ်ကမ္ဘာလုံးဆိုင်ရာက လူသားတွေအားလုံး အင်မတန်ကြောက်ရွံ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်အကြောင်းကို သင့်ရဲ့သားသမီး၊ တူ၊ တူမတွေကို ဘယ်လိုမျိုးပြောပြ၊ ရှင်းပြရမလဲဆိုပြီး ခေါင်းရှုပ်နေတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဒီလိုမျိုး အရေးကြီးလှတဲ့ ကိစ္စရပ်ကြီးတစ်ခုကို အစပျိုးပြီးပြောပြနိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ ကလေးစိတ်ရောဂါကုဆရာဝန်ကြီးတွေ ပြန်လည်ဝေမျှထားတဲ့ အကြံကောင်းလေးတွေကို မှတ်သားပြီး ကလေးတွေနားလည်မယ့်ပုံစံ၊ အခြေအနေမျိုးနဲ့ သင်ပြပေးလိုက်ပါ။

ကမ္ဘာတစ်ဝှမ်းကို ရိုက်ခတ်နေတဲ့ ရောဂါတစ်ရပ်ဖြစ်တာကြောင့် လူကြီးတွေဖြစ်တဲ့ မိဘတွေတောင်မှ အကြောက်ကြီးနေရပါတယ်။ ဒီလိုမျိုး ကိစ္စနဲ့ပတ်သက်ပြီး မိဘတွေက ပေါ့ပေါ့တန်တန်တွေးနေတယ်ဆိုရင် ကလေးတွေကလည်း အရေးလုပ်မှာမဟုတ်တော့ပါဘူး။ မိဘတွေရဲ့ စကားလုံးတွေကို နားထောင်သလောက်နီးပါး အပြုအမူတွေကိုလည်း အထူးသတိထားကြတာကြောင့် ရှေ့ဆောင်လမ်းပြလုပ်ပေးရပါမယ်။ ဘယ်ကပြန်လာလာ၊ ဘာကိုကိုင်ပြီးပြီး လက်ကိုသေချာစနစ်တကျဆေးကြောတာ၊ အိပ်ရေးဝဝအိပ်၊ အစာအာဟာရညီမျှအောင် စားသုံးခြင်းဖြင့် ကိုယ်ခံအားကောင်းအောင် ကြိုးစားပြပါ။

WHO နှင့် The Centers for Disease Control and Prevention တို့လို ထိပ်သီးနေရာနှစ်ခုကနေပြီး ဗဟုသုတ၊ အချက်အလက်တွေကို မှတ်သားပြီးတော့ ကိုရိုနာဗိုင်းရပ်စ်အကြောင်းကို ကလေးတွေနဲ့ ပြန်လည်မျှဝေနိုင်ပါတယ်။
• အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပြီဆိုရင် ပေါ်ပေါက်လာတဲ့ လက္ခဏာတွေက ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားရှိခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ဖြစ်ပါတယ်။
• ဒီလက္ခဏာတွေကို ကြုံတွေ့ရတဲ့ ဘယ်သူမဆို ဆေးရုံ၊ ဆေးခန်းတွေကို သွားရောက်ပြသသင့်ပြီး တခြားဘယ်သူ့ဘယ်သူကိုမှ ကူးစက်မှုမရှိစေဖို့အတွက် Mask တပ်ဖို့နှင့် အိမ်မှာပဲ နေဖို့အင်မတန်အရေးကြီးပါတယ်။
• ကိုရိုနာဗိုင်းရပ်စ်ဟာ လူသားတွေ ချောင်းဆိုးခြင်း၊ နှာချေခြင်းကနေ အဓိကပြန့်ပွားနေတဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာရတာပါ။
• လက်ကို နည်းစနစ်ကျကျ မကြာမကြဆေးကြောခြင်း၊ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို လက်မဆေးဘဲ ထိကိုင်တာမျိုး မလုပ်ခြင်းတို့က ကိုရိုနာဗိုင်းရပ်စ်ဖြစ်မယ့် အခြေအနေတွေကို လျော့ချရာရောက်ပါတယ်။
#Chit_May_May
#Thinzar
Ref- verywellfamily