ကိုရိုနာဗိုင်းရပ်စ်(Covid-19)အကြောင်း ကလေးတွေနှင့်အတူ ဆွေးနွေးမျှဝေခြင်း

0
122
- Advertisement -

ကလေးတွေက အထူးသဖြင့် Covid-19ကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်တဲ့ ရောဂါတစ်မျိုးကို မသိတာဟာ သဘာဝကျပါတယ်။ ဒါက ပုံမှန်ပါပဲ။ သေချာတာတစ်ခုကစိုးရိမ်တာ ကောင်းပါတယ်။ ဒါပေမယ့် ကလေးသူငယ်တွေပါဝင်တဲ့ လူအများစုအတွက် ကောင်းမွန်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတွေကို ဆက်လက်ထိန်းသိမ်းထားပြီးတော့ လက္ခဏာရှိတဲ့မည်သူမဆို (၆)ပေအကွာအဝေးလုံခြုံတဲ့နေရာမှာ နေထိုင်ဖို့ လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေကို သူတို့ရဲ့ ကလေးတွေနှင့်အတူ ”Covid-19 ”ကို မျှဝေဆွေးနွေးပေးဖို့အခါ ဒီအချက် (၃)ချက်ကို အာရုံစိုက်ဖို့ ကျွန်တော်တို့အကြံပြုချင်ပါတယ်။

၁။ အချက်အလက်များ

Coronavirusဟာ ဗိုင်းရပ်စ်အသစ်တစ်ခုမဟုတ်ပေမယ့် Strainအသစ် (Covid-19)ကတော့ ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးပါဘူး။ သတင်းကောင်းက ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူအများစုဟာ အပြည့်အဝပြန်လည်ကျန်းမာလာပေမယ့်လည်း သက်ကြီးရွယ်အိုတွေနဲ့ အခြားကျန်းမာရေးပြဿနာရှိသူတွေအတွက်မူ ၎င်းက ခက်ခဲနိုင်ပါတယ်။ ဒီ Coronavirusအသစ်ရဲ့ လက္ခဏာတွေကတော့- ဖျားခြင်း၊ ချောင်းဆိုးခြင်း နှင့် အသက်ရှူကြပ်ခြင်းတို့ပဲ ဖစ်ပါတယ်။

- Advertisement -

၂။ ကျန်းမာသန်စွမ်းသန့်ရှင်းရေး

ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် ကူးစက်လွယ်တာကြောင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ကျွန်တော်တို့ နေ့စဥ်ပြုလုပ််ဖို့ ဆက်လက်အကြံပြုထားတဲ့အချက်တွေ ရှိပါတယ်။ အဲဒါတွေက လက်ကိုမကြာခဏဆေးကြောပါ။ အထူးသဖြင့် Toilet ဝင်ပြီးတိုင်း၊ အစာမစားခင်နှင့် အစာစားပြီးတိုင်း ၊ ချောင်းဆိုးနှာချေပြီးတိုင်း လက်ဆေးပါ။ အိမ်မှာ နေပါ။ အခြားမည်သူ့မှ မကူးစက်စေဖို့ သင်ကိုယ်တိုင်နေမကောင်းဖြစ်လျှင် နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်သွားပါ။ အထူးသဖြင့် သင့်ကလေးအား ပုံမှန်ဗီတာမင်များ အပြည့်အဝကျွေးခြင်း၊ ဗီတာမင် C ကဲ့သို့သော ကိုယ့်ခံအားမြှင့်ဂုဏ်သတ္တိတွေနှင့်အတူ Maskတွေကို အသုံးပြုဖို့လည်း အကြံပြုထားပါတယ်။

၃။ ကြိုတင်ပြင်ဆင်ခြင်း

တကယ်လို့ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ရမယ့်အရာက အိမ်တွင်းစီမံကိန်းတွေရှိခြင်းနှင့် မိသားစုတွေအတွက် ပစ္စည်းတွေ အပြည့်အဝသိုလှောင်ဖို့ (ဥပမာ-အစားအစာ၊ ရေ၊ ကိုယ်ရေးကိုယ်တာစောင့်ရှောက်မှုပစ္စည်းများ)ရှိခြင်းက ပိုကောင်းပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကြုံတွေ့ရတဲ့အခါ သင့်ကလေးကို ဒီစီမံကိန်းမှာ ထည့်သွင်းဖို့နှင့် အတူတကွပူးပေါင်းဖို့ တောင်းဆိုပါ။

Chit_May_May

Nyein_Thu

Ref-psychologytoday

LEAVE A REPLY

Please enter your comment!
Please enter your name here