Home Parenting Child Teaching ကူညီတတ်သော ကလေးတစ်ဦးအဖြစ်သို့ ဘယ်လိုပျိုးထောင်မလဲ

ကူညီတတ်သော ကလေးတစ်ဦးအဖြစ်သို့ ဘယ်လိုပျိုးထောင်မလဲ

0
ကူညီတတ်သော ကလေးတစ်ဦးအဖြစ်သို့ ဘယ်လိုပျိုးထောင်မလဲ

ကူညီတတ်သော ကလေးလေးဖြစ်စေနိုင်မယ့် ပျိုးထောင်နည်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

၁။ ကူညီတတ်သူတစ်ယောက်အဖြစ် စံပြပါ

သူတို့ရဲ့ အမေက သူတို့ရဲ့ အဖေကို ဂျာကင်ဝတ်ပေးတာလေးကစ ကူညီတာတွေကို ကလေးငယ်တွေမြင်တဲ့အခါ သူတို့လည်း အတုယူတတ်လာပါလိမ့်မယ်။ ဘာလို့ ဒီလိုလုပ်ပေးတာလဲလို့ မေးခွန်းတွေမေးလာတဲ့အခါ တစ်ယောက်ယောက်က အကူအညီလိုအပ်တိုင်း (သို့) အခက်အခဲလိုအပ်နေတိုင်း ကူညီရတယ်ဆိုတာကို တစ်ခါတည်း သင်ပြပေးပါ။ တစ်ခြားလူတစ်ယောက်ယောက်ရဲ့ နေ့ရက်တွေကို နည်းနည်းပိုလွယ်ကူစေခြင်းက ရိုးရှင်းကြောင်း ပြောပြပါ။

၂။ မောင်နှမတွေအချင်းချင်း ကူညီစေပါ

ကိုယ့်ရဲ့ အသိုင်းအဝိုင်းမှာ ကူညီတတ်သူဖြစ်မှသာ တစ်ခြားလူတွေကို ထောက်ပံ့ပေးသူဖြစ်ပါလိမ့်မယ်။ ငယ်ရွယ်တဲ့ မောင်လေး/ ညီမလေးတွေကို စာအုပ်ဖတ်ပြပြီး ကူညီစေပါ။ ကျောင်းသွားတဲ့အခါ အငယ်လေးတွေရဲ့ အင်္ကျီတွေ/ ဖိနပ်တွေ ဝတ်ဆင်ပြီး ကူညီစေပါ။ မောင်နှမအချင်းချင်းကူညီပေးခြင်းကလည်း ပိုမိုရင်းနှီးတာတွေဖြစ်စေနိုင်ပါတယ်။

၃။ ကလေးငယ်တွေ ကူညီတာ တွေ့တဲ့အခါ ချီးမွမ်းပါ

ကလေးတွေဟာ တောင်းဆိုလို့ ကူညီတာပဲဖြစ်ဖြစ်/ မတောင်းဆိုပဲ ကူညီတာပဲဖြစ်ဖြစ် ကူညီတာတွေတဲ့အခါ ကျယ်ကျယ်ပြန့်ပြန့်ကျေးဇူးတင်စကားပြောပါ။ ချီးမွမ်းပါ။ ပစ္စည်းတခုခုကောက်ပေးတိုင်း ကျေးဇူးတင်ပါ။

၄။ အိမ်မှုကိစ္စတွေကို ခွဲဝေပေးပါ

အိမ်မှုကိစ္စတွေကို ကလေးငယ်ရဲ့ အသက်အရွယ်အလိုက် ခွဲဝေပေးပါ။ သူတို့ရဲ့ ထမင်းပန်ကန်ကို ကိုယ်တိုင်ဆေးစေတာမျိုး၊ တံမြက်စည်းလှည်းခိုင်းတာမျိုး..စတဲ့ အခြေခံအိမ်မှုကိစ္စလေးတွေကို တာဝန်ခွဲပေးပါ။ ဒီအချက်က သူတို့ရဲ့တစ်ဘဝလုံးစာအတွက်လည်း အရေးကြီးပါတယ်။ ဋ

Lifestyle_Myanmar

Nyein_Thu

ref- coffeeandcarpool

LEAVE A REPLY

Please enter your comment!
Please enter your name here