ကလေးငယ် အိပ်စက်ခြင်းပြဿနာ(7)မျိုး နဲ့ ဖြေရှင်းဖို့အတွက် နည်းလမ်းများ
0
1409
- Advertisement -
- Advertisement -
ဖြေရှင်းနည်း :
ပထမဦးစွာအနေနဲ့သူတို့တောင်းဆိုချက် ကိုလွယ်လွယ်မလိုက်လျောလိုက်ပါနဲ့၊ မိဘတို့အနေနဲ့အလွယ်တကူ အလျှော့ပေး လိုက်လျောခြင်းက သားသမီးများအနေနဲ့မိဘတို့ရဲ့သြဇာနဲ့ လေးစားမှုနဲ့ ပက်သက်ပြီး မှားယွင်းတဲ့သင်ခန်းစာရရှိသွားမှာ ဖြစ်တယ်။အကယ်၍ သူတို့ဆက်ပြီးဆော့ခြင်းသေးကြောင်း တောင်းဆိုလာရင်တော့ ငြင်းပယ်မယ့် အစား မိနစ်အနည်းငယ်ပေးကစားပြီးမှ အိပ်ခိုင်းခြင်းက ကလေးငယ်တို့လည်းစိတ်ကျေနပ်စေ မှာဖြစ်တယ်။အဲ့ဒီ့အချိန်ပေးထားချိန်မှာလည်း မိဘများအနေနဲ့ကလည်း အခန်းမီးရောင်တွေကို မှိန်အောင် လျှော့ထား ခြင်းနဲ့သာယာငြိမ့်ညောင်းတဲ့သီချင်းသံစဉ်လေးများ ခပ်တိုးတိုးဖွင့်ပေးထားချင်းဖြင့်လည်း သူတို့ အိပ်ချင်လာအောင်တွန်းအားပေးမှာဖြစ်ပါတယ်။
2.ညလယ်တရေးနှိုးခြင်း
ဖြေရှင်းနည်း :
ဖြေရှင်းနည်း :
ဖြေရှင်းနည်း :
ဖြေရှင်းနည်း :
ဖြေရှင်းနည်း :
ဖြေရှင်းနည်း :
သင့်ရဲ့တစ်နှစ်အောက် ဘေဘီလေးကို မကျွေးသင့်သေးတဲ့ အစားအစာ (၁၀)မျိုး
Unicode
ကလေးငယ်အိပ်စက်ခြင်းပြဿနာ(7)မျိုး နဲ့ ဖြေရှင်းရန်နည်းလမ်းများ
ကလေးငယ် အိပ်ဆက်ခြင်း နဲ့ပက်သက်တဲ့ ပြဿနာတွေ ကဖြစ်လေ့ဖြစ်ထ ရှိပါတယ် ဒါကြောင့် သင်တို့အနေနဲ့ အရမ်းစိုးရိမ်စရာ မလိုပါ။တစ်ချိန်တည်း မှာပဲ ပေါ့ပေါ့တန်တန်မဖြေရှင်းသင့်ပါ၊ ကလေးငယ် တစ်ဦးအနေနဲ့တစ်နေ့ကိုအိပ်ချိန် 12နာရီရရှိရန်အလွန်အရေးကြီးပါတယ်။အဲ့ဒ့ီထက် လျှော့နည်းခဲ့ရင် နောက် ပိုင်းအသက်အရွယ်ကြီးလာတာနဲ့အမျှနာတာရှည်ရောဂါများအပေါ်ခုခံနိုင်စွမ်းအားနည်းလာပါမယ်။ကလေးငယ်များမှာဖြစ်လေ့ဖြစ်ထ ရှိတတ်တဲ့ အိပ်မပျော်တဲ့ပြဿနာ တွေနဲ့ ဖြေရှင်းပုံနည်းလမ်းအချို့ကိုဖော်ပြပေးလိုက် ပါတယ်။
1.အိပ်ရန်အချိန်တွင်ငြင်းဆန်နေခြင်း
ကလေးငယ်အများစုသည် အိပ်စက်ခြင်း ထက်သူတို့ဆက်ပြီးဆော့ ကစားရန်ကိုသာ စိတ်အားသန်နေ ကြပါတယ်။ဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ သူတို့မှာသူတို့ရဲ့ခန္ဓာကိုယ် ရဲ့လိုအပ်တဲ့အနားယူအိပ်ဆက် ရန်ကို နားလည်လောက်အောင်မရင့်ကျက် ကြသေးလို့ဖြစ်တယ်။တစ်ခါတစ်ရံမှာ သူတို့တွေကအိပ်ဆက်ရန်ကို အဆက်မပြတ် နေမကောင်းဖြစ်တဲ့ အထိ ငိုယိုငြင်းဆန်ကြ လိမ့်မယ်။
ဖြေရှင်းနည်း :
ပထမဦးစွာအနေနဲ့သူတို့တောင်းဆိုချက် ကိုလွယ်လွယ်မလိုက်လျောလိုက်ပါနဲ့၊ မိဘတို့အနေနဲ့အလွယ်တကူ အလျှော့ပေး လိုက်လျောခြင်းက သားသမီးများအနေနဲ့မိဘတို့ရဲ့သြဇာနဲ့ လေးစားမှုနဲ့ ပက်သက်ပြီး မှားရွင်း တဲ့သင်ခန်းစာရရှိသွားမှာ ဖြစ်တယ်။အကယ်၍ သူတို့ဆက်ပြီးဆော့ခြင်းသေးကြောင်း တောင်းဆိုလာရင်တော့ ငြင်းပယ်မယ့် အစား မိနစ်အနည်းငယ်ပေးကစားပြီးမှ အိပ်ခိုင်းခြင်းက ကလေးငယ်တို့လည်းစိတ်ကြေနပ်စေ မှာဖြစ်တယ်။အဲ့ဒီ့အချိန်ပေးထားချိန်မှာလည်း မိဘများအနေနဲ့ကလည်း အခန်းမီးရောင်တွေကို မှိန်အောင် လျှော့ထား ခြင်းနဲ့သာယာညိမ့်ညောင်းတဲ့သီချင်းသံစဉ်လေးများ ခပ်တိုးတိုးဖွင့်ပေးထားချင်းဖြင့်လည်း သူတို့ အိပ်ချင်လာအောင်တွန်းအားပေးမှာဖြစ်ပါတယ်။
2.ညဉ့်လယ်တရေးနှိုးခြင်း
တစ်ချို့ကလေးငယ်တွေဟာ ညဉ့်လယ်တွေမှာ တစ်ရေးနှိုးတတ်ကြပြီး အထိတ်တလန့် ဖြစ်ကာငိုတတ် ကြပါ တယ်။ဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ သူတို့အိပ်ရေးဝသွားလို့ ဒါမှမဟုတ် အကြောင်းတစ်စုံတစ်ရာကြောင့် လန့်နှိုးလာတာဖြစ် နိုင်ပါတယ်။အဲ့လိုနှိုးလာတဲ့အချိန်မှာ သူတို့အနားမှာ တစ်စုံတစ်ယောက် ရှိမနေရင် စိတ်အားငယ်ကြောက်လန့်မှုများ ဖြစ်ကာငိုနေတတ်ကြပါတယ်။
ဖြေရှင်းနည်း :
သင့်ကလေးအားပြန်လည်အိပ်ပျော်စေရန် နှစ်သိမ့်ပေးခြင်း ကြောပြင်ကိုညှင်သာစွာပုတ်ပေးခြင်း တို့ဖြင့် စိတ်ငြိမ် စေရန်ကူညီပေးပါ။သူတို့ကြိုက်နှစ်သက်သော အမွှေးပွရုပ်လေးများ ပေးထားခြင်းဖြင့်လည်း စိတ်တည် ငြိမ်အောင်အထောက်အကူပြုနိုင်ပါတယ်း။
3.စောစောစီးစီးနှိုးနေတတ်ခြင်း
သင့် ကလေးငယ်မနက်ခင်းနေထွက်ချိန်စောစောစီးစီးနှိုး နေတတ်ပါသလား။ဒါဟာ ကလေးငယ်များ အရွယ် ရောက်လာ ဒါနဲ့ဖြစ်လေ့ ဖြစ်ထရှိပါတယ်။သို့သော်ဒီ အကြောင်းအရာတစ်ခုထဲကြောင့်ပဲ စောစောစီးစီးနှိုးနေ ကြတာမဟုတ်ဘဲတခြား အကြောင်းအရင်းများကြောင့်လဲဖြစ်နိုင် ပါသေးတယ်။တစ်ခါတစ်ရံမှာ သူတို့ဗိုက်ဆာ တာကြောင့် ဒါမှမဟုတ် အိပ်ပျော်နေစဉ် အခက်အခဲများ(ဥပမာ- ပိုးကောင်ကိုက်ခံရခြင်း) တို့ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ဒါ့အပြင် အခြားအနှောင့်အယှက်များ ဖြစ်သော ပြင်ပဆူညံသံများ နှင့် အခန်းအတွင်း နေထိုးနေခြင်းတို့ကလည်း ကလေးငယ်တို့အိပ်ဆက်နေခြင်းကိုအနှောင့်အယှက် ပေးနိုင်ပါသေးတယ်။
ဖြေရှင်းနည်း :
မိဘများအထူးသဖြင့် အမေများအနေနဲ့ပုံမှန်အားဖြင့် သင်တို့ရဲ့ကလေးငယ်စောစောနှိုးမနေစေခြင် ကြပါ။ ဒါမှသာ နေ့စဉ်အိမ်မှုကိစ္စများ သူတို့အိပ်နေစဉ်မှာ ကိုစိတ်ဖြောင့်ဖြောင့်လုပ်ဆောင်နိုင် မှာဖြစ်တယ်။သင်တို့ ဒီလိုဖြစ်စေခြင် တယ်ဆိုရင်တော့ အရင်ဆုံးသင်တို့ကလေးငယ် ရဲ့လိုအပ်သော အိပ်ချိန်နာရီ ဘယ်လောက် ရှိတယ် ကိုစစ်ဆေးသင့်ပါတယ်။လိုအပ်တဲ့ အိပ်ချိန်ကို သိပါကညဘက်အိပ်ချိန်ကို ၁နာရီ သို့မဟုတ် ၂နာရီ လောက်နောက်ဆုတ်လိုက်ခြင်းက မနက်ခင်းစောစီးစွာ နှိုးနေခြင်းက တားဆီးနိုင်မှာဖြစ်ပါတယ်။
4.နေ့လယ်ခင်းတစ်မှေးအိပ်ချိန်ကိုရှောင်ရှားခြင်း
နေ့လည်ခင်း တစ်မှေးမှေးခြင်း က သင့်ကလေးငယ်ကို တစ်နေ့တာလုံးစိတ်ကြည်လင်နေစေမှာပါ။မိဘများ အနေနဲ့က ဒီအချက်ကိုနားလည်မှာ ဖြစ်ပေမယ့် ကလေးငယ်များကတော့ သင်တို့ကဲ့သို့ နားလည်ခြင်မှ နားလည်မှာပါ။သူတို့ အနေနဲ့ နေ့လည်ခင်းတစ်မှေးအိပ်ဆက် တာကို ငြင်းဆန်ကြခြင်းကဒီလိုအနား ယူလိုက်တာက သူတို့ပိုပြီးဆော့ကစားနိုင်တာကို မသိရှိလို့ပဲ ဖြစ်တယ်။
ဖြေရှင်းနည်း :
ဒီလိုအခြေအနေမှာ သင့်ကလေးငယ် တို့ကို အတင်းအကျပ် အိပ်စေတာက အထောက်အကူမဖြစ်ပါ။ဒီလို လုပ်ခြင်းထက် သူတို့ကိုမနက်ခင်းပိုင်း တွေမှာ လှုပ်လှုပ်ရှားရှားဖြစ်နေအောင် ပန်းခြံတို့ ကစားကွင်းတို့ကို ရံဖန်ရံခါ ခေါ်သွားတာတို့ကို လုပ်ဆောင်သင့်ပါတယ်။ဒါမှ သူတို့တွေ ပင်ပန်းပြီး အိပ်ခြင်လာကြမှာဖြစ်တယ်။
5.အိပ်ရန်ကြောက်ရွံ့နေခြင်း
သင်တို့ကြုံဖူးမှာပါ, တစ်ခါတစ်ရံမှာ ကလေးငယ်တို့သည် အခန်းအလင်းရောင် နည်းသော သို့မဟုတ် မှောင် သော အခန်းထဲမှာ တစ်ယောက်ထဲ အိပ်ဖို့ ကြောက်လန့်နေတတ် ပြီး အမှောင်ထုကြောင့် စိတ်ခြောက်ခြား ကာ မအိပ်ရဲ ဖြစ်နေတတ်ကြတာတွေပါ။ကြောက်လန့်စရာ များကို ကြုံတွေ့ တွေ့မြင်ဖူးလို့ မကောင်းဆိုးဝါး နဲ့ တစ္ဆေ သရဲကြောက်လန့်ဖြစ်ပေါ်ခြင်း နဲ့ အနိုင်ကျင့်ခံ ရဖူးသော အကြောင်းအရင်းတို့ကြောင့်လည်း တစ်ယောက်ထဲ အိပ်ရန်ကြောက်လန့်နေတာဖြစ်တယ်။
ဖြေရှင်းနည်း :
အိပ်မက်ဆိုးများမက်ခြင်းကလည်း ကလေးအရွယ်တွေ မှာအဖြစ်များ ပါတယ်။ဒီလိုအဖြစ်မျိုး ကြုံတွေ့ပါက သူတို့စိတ်အေးအေးချမ်းချမ်းဖြင့် အိပ်နိုင်ရန် ချော့သိပ်ပေးခြင်းကိုပြုလုပ် ပေးသင့်ပါတယ်။အိပ်ရာမဝင်ခင် သူတို့စိတ်ပျော်ရွှင်ကြည်နူး ပြီး အိပ်ပျော်စေရန် ပျော်စရာ ပုံပြင်များ နှင့် ရဲရင့်သော သူရဲကောင်းတို့ အကြောင်း ကိုအိပ်ရာဝင်ပုံပြင်များ အဖြစ်ပြောပြခြင်းတို့ အပြင် သူတို့စိတ်ချလက်ချ အိပ်ပျော်စေအောင် အခန်းကိုစစ်ဆေး ပြခြင်းတို့လည်းပြုလုပ် ပေးသင့်တယ်။သူတို့ရဲ့ စိတ်ကူးရင်ကြောက်လန့်မှု ကိုလည်း သတ္တိရှိရှိရင်ဆိုင်အနိုင်ယူ တတ်အောင်အားပေးသင့်ပါတယ်။
6.အိပ်ပျော်ရန်ကြာနေခြင်း
မိဘများအနေနဲ့ ကလေးကိုချော့သိပ် နေစဉ် ကလေးထက် အရင် အိပ်ပျော် သွားတာ မျိုးကြုံဖူးမှာပါ။ပုံမှန်အား ဖြင့်် ကလေးငယ်တစ်ယောက် အိပ်ပျော်ရန် ကြာချိန်မှာ ၁၅မိနစ် နဲ့ မိနစ်၂၀ အတွင်းဖြစ်ပါတယ်။တကယ်လို့ အဲ့ဒီ့ အချိန်ထက် ကျော်လွန်ပြီး နာရီ်နဲ့ချီကြာနေပြီ ဆိုရင် ကလေးမှာ ကျန်းမာရေး သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ရင့်ကြက် ခြင်းတို့မှာ ပြဿနာရှိနေ နိုင်ပါတယ်။
ဖြေရှင်းနည်း :
အရင်ဆုံး သင့်ကလေးရဲ့ အိပ်ချိန်မကြာခဏ ပြောင်းလဲမှု ရှိမရှိကို စစ်ဆေးပါ၊ ညနေခင်းပိုင်း အိပ်ချိန်နဲ့ ညဘက် အိပ်ချိန် တို့ နီးကပ်နေလားကိုပါ စောင့်ကြည့်ပါ။တကယ်လို့ နီးကပ်နေပါ က ညနေခင်းပိုင်းအိပ်ချိန် ကိုရှေ့တိုး သင့်ပါတယ်။အကောင်းဆုံးကတော့ ကလေးငယ်ရဲ့အိပ်ချိန်ဇယား ဆွဲထားပေးခြင်းပဲဖြစ်ပါတယ်။သင့် ကလေးရဲ့ အိပ်ခန်းအတွင်း အနှောင့်အယှက်ဖြစ်စေမယ့်ဆူညံသံ နဲ့ အလင်းရောင် တို့ကိုအတတ်နိုင်ဆုံးလျော့နည်း အောင် လုပ်ဆောင်ထားသင့်ပါတယ်။
7.အစားအသောက်ကြောင့်အိပ်ရေးပျက်ခြင်း
ကလေးအားလုံးမှာခံနိုင်ရေအား တစ်ယောက်နဲ့ တစ်ယောက်မတူကြပါ။တစ်ချို့ကအစာကိုလွယ်ကူ ကြေညပ် အောင်ဝါးစားနိုင်သော်လည်း တစ်ချို့မှာ ဝါးရန်ပင် အခက်အခဲရှိ နေတတ်ကြပါတယ်။တစ်ဆက်တည်း မှာဘဲ အစာမကြေ တာကြောင့် ဗိုက်နာခြင်း နဲ့ နေထိုင်ရမအီမသာ ဖြစ်ခြင်းတို့ကြောင့် အိပ်ရန်အခက်အခဲတွေ ကြုံတွေ့နေရတတ်ပါတယ်။ဒီလို အိပ်ရေးပျက်ခြင်းတွေက ကလေးငယ်တို့ရဲ့ စိတ်မကြည်မလင်ဖြစ်ပြီး စိတ်ဆတ်တာတွေ နဲ့ စိတ်အလိုမကြ တာတွေဖြ စ်လာတတ်ကြပါတယ်။
ဖြေရှင်းနည်း :
သင့်ရဲ့ကလေးငယ် အထက်ပါအကြောင်း အရာများကြောင့် အိပ်ရန်အခက်အခဲ ရှိနေဘာက သက်ဆိုင်ရာ ကလေးအထူးကုဆရာဝန် နှင့် တိုင်ပင် ဆွေးနွေးသင့် ပါတယ်။ဆရာဝန် ညွှန်ကြားပေးသော သောက်ဆေးများ ဖြင့် ဝေဒနာကိုသက်သာအောင်ကူညီနိုင်ပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here