ကလေးတစ်ယောက် အရွယ်ရောက်လာတဲ့အချိန်မှာ ထိခိုက်တတ်တဲ့ မိဘအုပ်ထိန်းမှု အမှား ၈ ချက်
0
268
- Advertisement -
မိဘတိုင်းကတော့ သားသမီးတွေကို ပျော်ရွင်စွာမှုတွေ အောင်မြင်မှုတွေနဲ့ ကြီးပြင်းလာစေဖို့ ပြုစုပျိုးထောင်ကြမှာပါ။ ဒါပေမယ့် သတိမထားမိတဲ့ အမှားတချို့ကြောင့် ကလေးကြီးလာတဲ့အချိန်မှာ မကောင်းတဲ့အကျိုးဆက်တွေကို သက်ရောက်တတ်စေပါတယ်။
၁။ အချစ်ကို ဘယ်တော့မှမဖော်ပြတတ်ဖူ
လူရယ်လို့ဖြစ်လာရင် အမေနဲ့အဖေဖြစ်သူဟာ ဘဝမှာအရေးအကြီးဆုံးပုဂ္ဂိုလ်တွေအဖြစ် ကလေးတွေက အလိုလိုခံယူပြီးသားပါ။ ဒါပေမယ့် မိဘတွေက သူတို့ကိုမချစ်ဖူးလို့ ခံစားမိတဲ့အခါ သူတို့ရဲ့ ကိုယ့်ကိုယ်ကို ချစ်ခင်တန်ဖိုးထားမှုဟာ လျော့ကျလာပြီး မျက်နှာခွဲစိတ်ကုသမှုကဲ့သို့သော ကိုယ့်ကိုယ်ကိုပြောင်းလဲဖို့ ကြိုးစားမှုတွေ ဖြစ်လာပါတယ်။ အခြားတစ်ခုက သူတို့သားသမီးတွေရလာတဲ့အချိန်မှာ သူတို့ရဲ့အချစ်တွေအားလုံးကို ပုံအပ်ဖို့ကြိုးစားရင်း အလွန်အကျူးထိန်းချုပ်မှုတွေကြောင့် သူတို့ရဲ့ကလေးတွေဟာလည်း မပျော်ရွင်တဲ့ ခံစားမှုတွေ ခံစားရနိုင်ပါတယ်။
၂။ အရာအားလုံးကိုထိန်းချုပ်ဖို့ ကြိုးစားတဲ့အခါ
ထိန်းချုပ်မှုတွေ မပါပဲနဲ့ မိဘနဲ့သားသမီး relationship ကိုထူထောင်ဖို့ မဖြစ်နိုင်ဘူးလို့ မဆိုလိုပေမယ့် အရာရာတိုင်းကို လိုက်လံပြီးထိန်းချုပ်နေတာကိုတော့ မှားတယ်လို့ ဆိုပါရစေ။ မိဘတွေတခါတလေ မေ့လျော့တတ်တာက ယခုလိုအပြုအမူတွေကြောင့် ကလေးအရွယ်ရောက်လာတဲ့အခါ သူတို့အတွက်သာ အရာအားလုံးကို လုပ်ဆောင်တတ်တဲ့ သူတွေဖြစ်လာစေပါတယ်။ ကိစ္စတိုင်းကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်တော့ပဲ ကိုယ့်အတွက်သာကိုယ်ကြည်တဲ့ သူတွေဖြစ်လာစေနိုင်တာကြောင့် သတိထားဖို့လိုပါတယ်။
- Advertisement -
၃။ ကလေးရဲ့ဆုံးဖြတ်နိုင်စွမ်းကို ပိတ်ပင်တတ်ခြင်း
မိဘက ကလေးရဲ့ကိစ္စ အရာအားလုံးကို လိုက်ပြီးဆုံးဖြတ်ပေးနေတတ်ခြင်းဟာလည်း ကလေးရဲ့လွတ်လပ်မှုတွေ ပျောက်ဆုံးစေပါတယ်။ ကလေးရဲ့အရွယ်အလိုက် သူတို့ချသင့်တဲ့ ဆုံးဖြတ်ချက်တွေကို သူတို့ကိုယ်တိုင်ချဖို့ ကလေးတိုင်းလိုအပ်ပါတယ်။ ယခုလိုမိဘက အရာအားလုံးလိုက်လံဆုံးဖြတ်ပေးနေခြင်းကြောင့် ကြီးလာတဲ့အခါ သူတို့ဘာလိုချင်တယ်ဆိုတာကို မသိနိုင်တော့ပဲ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းတွေ၊ ဆုံးဖြတ်ချက်ချမှုတွေ ပျောက်ဆုံးတတ်ပါတယ်။
၄။ မကြာခဏ ကလေးတွေရှေ့မှာ ဒေါသထွက်ပြတဲ့အခါ
မိဘတွေက ကလေးတွေရဲ့ရှေ့မှာမကြာခဏ ရန်ဖြစ်တတ်တဲ့အခါ ကလေးရဲ့စိတ်မှာ အရာရာကိုအပြစ်တင်ဖို့ဆိုတဲ့ စိတ်စွဲသွားစေပါတယ်။ ကြီးလာတဲ့ အခါမှာလည်း မိဘတွေရဲ့စရိုက်အတိုင်း ပြုမှုတတ်တာကြောင့် ကလေးတွေရဲ့ရှေ့မှာ ရန်ဖြစ်တာကို ရှောင်ကျဉ်သင့်ပါတယ်။
၅။ မဖြစ်နိုင်တာတွေကို တောင်းဆိုတတ်ရင်
ကလေးတစ်ယောက်ဟာ သူတို့ကိုယ်တိုင် လူကြီးတစ်ယောက်အဖြစ်သို့ ရောက်လာတဲ့အချိန်မှာ မိဘတွေရဲ့စကားတွေ၊ အပြုအမူတွေအတိုင်း ပြုလုပ်တတ်ကြပါတယ်။ တကယ်လို့ သူတို့မအောင်မြင်တဲ့အခါ သူတို့ဟာအရှုံးသမားတွေဖြစ်ကြောင်း စတင်စဉ်းစားလာတတ်ပါတယ်။ သူတို့တွေဟာ အောင်မြင်မှုတွေကို စူးစိုက်ထားတတ်ပြီး သူတို့အကောင်းဆုံးတွေ မပိုင်ဆိုင်ရတဲ့အခါတိုင်း မပျော်ရွင်မှုတွေ ခံစားရစေပါတယ်။ ပြီးတော့ အခြားမိသားစုဝင်တွေရဲ့ ပျော်ရွင်မှုတွေကိုပါ တားမြစ်စေတတ်ပါတယ်။
၆။ အလွယ်နည်းနဲ့ အဆင်ပြေအောင်လေ့ကျင့်ပေးတဲ့အခါ
မိဘတွေဟာ မကြာခဏဆိုသလို ကလေးကိုတီဗွီကြည့်ဖို့၊ ဂိမ်းဆော့ဖို့ စသဖြင့်သူတို့ကိုမနှောက်ယှက်ရင်ပြီးရော လုပ်ခိုင်းထားတတ်ကြပါတယ်။ တစ်ခါတစ်လေ ယခုလိုပြုလုပ်တာဟာ သိပ်အရေးမကြီးပေမယ့် အမြဲတမ်းယခုလို ပြုလုပ်နေရင်တော့ ကလေးကြီးလာတဲ့အချိန်မှာ သူတို့ရဲ့ကိုယ်ပိုင်စိတ်ကူး လိုအပ်ချက်နဲ့ တန်ဖိုးတွေကို သိရှိလိုက်နာဖို့ ခက်ခဲနိုင်ပါတယ်။
၇။ ကလေးကိုလုံလောက်တဲ့ အာရုံစိုက်မှုတွေ မပေးတဲ့အခါ
ကလေးတစ်ယောက်ရဲ့ ပျော်ရွင်တဲ့ဘဝကို ပိုင်ဆိုင်ဖို့ဆိုတာ ဖခင်တစ်ယောက်ရဲ့ ဂရုစိုက်မှုကလည်း လိုအပ်ပါသေးတယ်။ တကယ်လိ့ု ဖခင်ရဲ့ဂရုစိုက်မှုတွေ ကောင်းမွန်စွာမရရှိတဲ့အခါ သူတို့ဖခင်နေရာရောက်လာတဲ့အချိန်မှာလည်း ဖခင်ကောင်းတစ်ယောက်ရဲ့ အမူအကျင့်ကောင်းတွေပျောက်ဆုံးပြီး သူတို့ရဲ့သားသမီးတွေကို ယခုလိုပဲပြန်လည် ဆက်ဆံပါလိမ့်မယ်။
၈။ ကလေးရဲ့ခံစားချက်တွေကို ဘေးချိတ်ဖို့ ကြိုးစားတဲ့အခါ
တစ်ခါတစ်လေမှာ ကလေးတွေဟာ သူတို့ကိုလူကြီးတွေက ပေါကြောင်သူတွေအဖြစ် မြင်ရင် စိတ်မသက်မသာဖြစ်တတ်ကြပါတယ်။ မိဘတွေက သားသမီးရဲ့ခံစားချက်ကို ဘေးချိတ်ထားပြီး ယောကျ်ားလေးဆိုရင်မငိုနဲ့၊ ငိုတာကိုရပ်လိုက်၊ စိတ်ဆိုးစရာမလိုဘူး စသဖြင့် သူတို့ရဲ့ခံစားချက်ကို ပြောင်းလဲဖို့ကြိုးစားတဲ့အခါ မကောင်းတဲ့အကျိုးဆက်တွေကို ကြုံလာနိုင်ပါတယ်။ ယခုလိုအခြေအနေများစွာနဲ့ ကြီးပြင်းလာတဲ့အခါမှာတော့ သူတို့ရဲ့ခံစားချက်ကို အခြားသူတွေအား မမျှဝေနိုင်တော့ပဲ မမျှော်လင့်ပဲပေါက်ကွဲမှုတွေ၊ ဒေါသကြီးမှုတွေကို ဖြစ်စေတတ်ပါတယ်။
LM_Naung_Naung
Chit_May_May
Source- Brightside
ကလေးတွေမှာ လုံလောက်တဲ့ အိပ်ချိန်မရှိတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်များ
ကလေးတစ်ယောက် အရွယ်ရောက်လာတဲ့အချိန်မှာ ထိခိုက်တတ်တဲ့ မိဘအုပ်ထိန်းမှု အမှား ၈ ချက်
၁။ အချစ်ကို ဘယ်တော့မှမဖော်ပြတတ်ဖူး
LM_Naung_Naung
Chit_May_May
Source- Brightside
LEAVE A REPLY
Please enter your comment!
Please enter your name here