ကလေးရှိတဲ့ မိဘတိုင်း နားလည်နိုင်တဲ့ နံနက်ခင်းအခြေအနေများ

0
341
- Advertisement -

ကလေးငယ်တွေရှိတဲ့ မေမေတို့အတွက် မနက်ခင်းဟာ အမြဲတမ်းကော်ဖီနှင့်အတူ မစတင်ပါဘူးနော်။ မေမေတို့ကလေးရဲ့ မနက်စာစားခါနီးမှ စားနေကျမုန့် ကုန်သွားပြီဆိုတဲ့သတင်း ဒါမှမဟုတ်မေမေတို့ကလေးဆိုးလေး ကျောင်းမှာ ပြဿနာရှာထားလို့ ကျောင်းဆရာမဆီက တိုင်တန်းတဲ့ ဖုန်းကောလ် တစ်ခုနှင့်အတူ စတင်နိုင်ပါတယ်နော်။ မေမေတို့ရဲ့ကလေးဟာ အိမ်စာမလုပ်ရသေးကြောင်း၊ ဒီနေကျောင်းယူနီဖောင်း ဝတ်ရမယ်ဆိုတဲ့အကြောင်း ကျောင်းကိုရောက်မှ ကျောင်းတတ်ဖို့ မိနစ်အနည်းငယ်အလိုမှာ ပြောလာတာ ကြုံဖူးကြမှာပါနော်။ မေမေတို့အတွက် မနက်ခင်းအခိုက်အတန့်က ဘယ်လိုခက်ခဲကြောင်းကို ဖော်ပြထားတဲ့ ရုပ်ပြလေးတွေကို မျှဝေလိုက်ပါတယ်။ မေမေတို့နဲ့ အများကြီးတိုက်ဆိုင်မယ် ထင်ပါတယ်။

၁။ မနက်စာစားဖို့ သဘောတူထားပြီးမှ တစ်ခုတည်းသော အစားအစာက ကုန်သွားသောအခါ

၂။ ကိစ္စတစ်ခုကို ဖြေရှင်းပြီးလို့ တပြိုက်နက်တည်း ဒုတိယတစ်ခုက ချက်ချင်းပေါ်လာ….ခဏလေးအတွင်းမှာ ၁၀ခုမကပေါ်လာနိုင်ပါတယ်.

- Advertisement -

၃။ သူတို့အကြိုက်ဆုံး အဝတ်အစားဆိုရင် အဝတ်လျှော်တောင်းထဲမှာ ရှိရင်တောင် ရအောင်ယူဝတ်တတ်ပါတယ်။

၎။ မနက်ခင်း အိမ်ထဲက တစ်ခုတည်းသော စခရင်ပေါ်မှာ ဘာကြည့်ရမလဲဆိုတာ ရွေးချယ်ဖို့ အရမ်းခက်ခဲပါတယ်။

၅။ ကျောင်းရှေ့တခါးဝရောက်မှ အိမ်စာပရောဂျက် မလုပ်ရသေးကြောင်း ပြောသောအခါ

၆။ ကလေးတွေ သူငယ်တန်းတတ်ဖို့ အဆင်သင့်ဖြစ်တဲ့အခါ
အိမ်မှာ သူတို့ရဲ့အဖိုးတန်လေးတွေကို ထားခဲ့ရမှာ ကြောက်သလို ?မိဘတွေကို မယုံကြည်သလို ခံစားရပါတယ်။

၇။ မိဘတိုင်းကြုံဖူးကြမှာပါ။ ရှုးရှုးပေါက်မလားမေးရင် မပေါက်ဘူးဖြေပြီး အပြင်သွားမယ်ဆိုမှ အင်အင်းပါမယ်ဆိုတာမျိုး….

၈။ ဖေဖေတို့အတွက် ကံမကောင်းတဲ့ရက်တွေပါ။ တူညီဝတ်စုံဝတ်ရပါမယ်ဆိုမှ တလွဲဝတ်ပေးခဲ့တာမျိုးလေ…

၉။ ကလေးကို ကျောင်းပို့တဲ့ တချို့အချိန်တွေဟာ ကလေးကို ပြန်ပေးဆွဲသူမဟုတ်ကြောင်း၊ တကယ့်မိဘဖြစ်ကြောင်း ဘေးကဖြတ်သွားတဲ့ သူတွေကို ရှင်းပြဖို့ လိုအပ်ကြောင်း ခံစားရစေပါတယ်။

၁၀။ အမေတွေဟာ ခင်ပွန်း၊ သားသမီးတွေကို ဦးစားပေးတတ်သူတွေပါ။ သူတို့ကျောင်းမသွားမချင်း၊ ရုံးမသွားမချင်း မနက်စာတောင် မစားဖြစ်တာ အမေအများစုကြုံရလေ့ရှိတဲ့ ကိစ္စလေးတစ်ခုပါ။

LM_Nandar

Chit_MayMay

LEAVE A REPLY

Please enter your comment!
Please enter your name here