ကလေးတွေကို ကိုယ်ထိလက်ရောက်အပြစ်ပေးခြင်းရဲ့ ဆိုးရွားသော အကျိုးသက်ရောက်မှုများ

0
194
- Advertisement -

ကလေးတွေအပေါ် ကိုယ်ထိလက်ရောက် အပြစ်ပေးခြင်းရဲ့ အကျိုးဆက်များက negative သက်ရောက်မှုတွေရှိပါတယ်။ အသက် ၂နှစ်ထက်ပိုပြီးငယ်တဲ့ကလေးဖြစ်ရင် ပိုပြီးတော့တောင် ပြင်းထန်စေနိုင်ပါတယ်။ မွေးကင်းစကလေးတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အပြစ်ဒဏ်ကို child abuse အဖြစ် ခွဲခြားထားပါတယ်။
ကလေးတွေကို ရိုက်နှက်တာ ၊ကိုယ်ထိလက်ရောက်အပြစ်ပေးတာကို ပုံမှန်လို့ ထင်နေကြတဲ့ မိခင်၊ ဖခင်အတော်များများ ရှိပါတယ်။

ကိုယ်ထိလက်ရောက်အပြစ်ပေးတာက (abuse) အလွဲသုံးစားလုပ်တာလား?

မိဘတွေက ကလေးကို နာကျင်မှာစိုးလို့ သတိပေးတာ၊ တစ်ချက်တည်းရိုက်တာဆိုရင်တောင် ကိုယ်ထိလက်ရောက် ရိုက်ပြီး အပြစ်ပေးတာက (abuse) အလွဲသုံးစားလုပ်တာဖြစ်ပါတယ်။ ကလေးအခွင့်အရေးပေါ်မှာ ကုလသမဂ္ဂကွန်ဗင်းရှင်းက ကလေးနဲ့ ဆယ်ကျော်သက်များမှာ ကိုယ်ထိလက်ရောက် အပြစ်ပေးတဲ့ ဘယ်ပုံစံမဆို အကာအကွယ်ရရှိခွင့် ရပိုင်ခွင့်ရှိတယ်လို့ အခိုင်အမာသက်သေထူခဲ့ပါတယ်။

- Advertisement -

ကမ္ဘာပေါ်မှာ နိုင်ငံအတော်များများက UN Convention ကိုလက်မှတ်ရေးထိုးခဲ့ကြပေမယ့် ၄၅နိုင်ငံသာလျှင် ကလေးတွေနဲ့ ဆယ်ကျော်သက်ရဲ့ ကိုယ်ထိလက်ရောက်အပြစ်ပေးမှုကို တားမြစ်တဲ့ ဥပဒေများ ထုတ်ခဲ့ကြပါတယ်။

မိဘတစ်ချို့က ကိုယ်ထိလက်ရောက်အပြစ်ပေးတာကို ဘာ့ကြောင့်ယုံကြည်ကြပါသလဲ?

ကိုယ်ထိလက်ရောက်အပြစ်ပေးခြင်းနှင့်အတူ ကြီးပြင်းလာတဲ့ မိဘတွေဟာ ဒီလိုအပြစ်ပေးတာက ကလေးကောင်းစားဖို့၊ သူတို့ဘဝ ရည်မှန်းချက်တွေ အောင်မြင်ဖို့နှင့် သူတို့ကို စိတ်ဒဏ်ရာမရစေတဲ့ အကြမ်းဖက်မှုအမျိုးအစားလို့ ဆိုကြပါလိမ့်မယ်။ တချို့က သူတို့မိဘတွေ ဒီနည်းလမ်းနဲ့သူတို့ကို ပျိုးထောင်ခဲ့တာကို တန်ဖိုးထားပြီးတော့တောင် ပြောကြပါလိမ့်မယ်။

ကလေးဆိုတာ သူတို့ဥာဏ်မီသလောက် သူတို့လုပ်ချင်တာကို စမ်းသပ်လုပ်ကြည့်ချင်ကြတဲ့ သူတွေပါ။ တစ်ခုခုလုပ်လိုက်တယ်ဆိုပါစို့။ သူတို့မှားခဲ့ရင် အမှားထဲက သင်ခန်းစာယူတတ်အောင် မိဘက ရှင်းပြသင်ကြားပေးရပါမယ်။ အဲလိုမဟုတ်ပဲ ရိုက်လိုက်မယ်ဆိုရင် ကလေးက မိဘကို ရွံ့ကြောက်ဖြစ်သွားနိုင်သလို ကလေးရဲ့ ဥာဏ်ရည်ကိုလဲ တုံးအောင်လုပ်လိုက်သလိုဖြစ်သွားပါလိမ့်မယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေက (dysfunctional families)ဖရိုဖရဲဖြစ်နေတဲ့မိသားစုရဲ့ အဖြစ်အများဆုံးသွင်ပြင်လက္ခဏာတစ်ခုဖြစ်ပါတယ်။ တစ်ချို့မိသားစုတွေဟာ စီးပွားရေးက အဆင်မပြေ၊ ဖခင်ဖြစ်သူက အရက်သောက် ဒီလိုနဲ့ ကလေးတွေအပေါ်မှာ အပြစ်ပုံချပြီး ရိုက်နှက်တာတွေ၊ အိမ်တွင်းအကြမ်းဖက်တာတွေ ဖြစ်လာပါတယ်။

ရိုက်နှက်ခြင်းရဲ့ အကျိုးဆက်တွေအနေနဲ့ မိဘနှင့်သားသမီးအကြား ချစ်ခင်လေးစိတ်လေးတွေ ပျောက်ပြီး ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလုပ်လာတတ်ပါတယ်။
မိဘအများစုက ကလေးတွေကို ရိုက်နှက်အပြစ်ပေးပြီးရင် စိတ်မကောင်းတဲ့ ခံစားမှုကို ခံစားရပေမယ့် ဒီလိုရိုက်နှက်ဆုံးမတာက နည်းမှန်လမ်းမှန်လို့ ယုံကြည်ကြပါတယ်။

ကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက် အပြစ်ပေးမှု ဘာဖြစ်လို့ လုပ်တာလဲ?
ငိုနေတဲ့ကလေးတစ်ယောက်ဟာ အရမ်းပင်ပန်းပါတယ်။ မိခင်အနေနဲ့ ကလေးမွေးဖွားပြီးနောက်ပိုင်း ညဘက်မအိပ်ရတာ၊ နေ့ဘက်မှာ ကလေးကို ဂရုစိုက်ရတာ ၊ ကလေးရဲ့လိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းနေရခြင်းရဲ့ အဆုံးမရှိသော နေ့ရက်များက ဘယ်သူမဆို သည်းခံမှု ပျောက်ဆုံးစေနိုင်ပါတယ်။

ဒါပေမယ့် ရောင်ပြန်ဟပ်ဖို့လိုပါတယ်။ ကလေးတစ်ယောက်ကို ရိုက်လိုက်ခြင်းက အငိုရပ်သွားမယ်လို့ သင်တကယ်ထင်ပါသလား?
ကြမ်းတမ်းတဲ့ ဆုံးမခြင်းက ကလေးကို စိတ်ဒဏ်ရာ ရရှိစေပါတယ်။ ကလေးက အိပ်ချင်လို့ ဂျီကျပြီး ငိုတယ်ဆိုပါစို့။ ဒီအချိန်မှာ ကလေးကို ရိုက်လိုက်ရင် ကလေးဟာ အသားနာမှာကြောက်တဲ့အတွက် သူတို့ဗိုက်ဆာလို့၊ အိပ်ချင်လို့ဆိုရင်တောင် ငိုမှာ မဟုတ်တော့ပါဘူး။ သူတို့ရဲ့လိုအင်ဆန္ဒတွေကို ချိုးနှိမ်ပြီး ကလေးဟာ နာကျင်မှုနဲ့ စိတ်ဖိစီးမှုကို နေသားတကျ ဖြစ်လာပါတယ်။ သူတို့ရဲ့ natural impules ကပြစ်ဒဏ်ကိုသာ ဖိတ်ခေါ်တာကြောင့် သူတို့ကိုယ်သူတို့ မယုံကြည်တော့ပါဘူး။

ကိုယ်ထိလက်ရောက် အလွန်အမင်း ပြစ်ဒဏ်ပေးခြင်းက မယုံနိုင်လောက်အောင် ဆိုးရွားတဲ့ အကျိုးဆက်များ ရှိနိုင်ပါတယ်။ ဖွံ့ဖြိုးဆဲကလေးတစ်ယောက်ဟာ အရမ်းကိုနူးညံ့ပါတယ်။ ဆိုးရွားတဲ့ ထိခိုက်မှုက အပေါ်မှာဖော်ပြထားသလို စိတ်ခံစားမှု စိတ်ဒဏ်ရာများအပြင် ဇီဝကမ္မနဲ့ အာရုံကြောဆိုင်ရာ အဆင့်ဆင့်ကို ဖြစ်ပွားနိုင်ပါတယ်။
ရိုက်နှက်ခြင်းက အရွယ်ရောက်သူတစ်ယောက်ကို မပြင်းထန်စေပေမယ့် ကလေးတစ်ယောက်အတွက်တော့ မတူပါဘူး။ စိတ်ထိခိုက်တဲ့ဒဏ်ရာက ဥပမာ အာရုံကြောကို ထိခိုက်စေနိုင်ပါတယ်။

တစ်ချို့ကလေးအမေတွေက ကလေးရဲ့လက်ကို ဆောင့်ဆွဲပြီး လက်ဝါးနဲ့ ရိုက်နှက်တတ်ကြပါတယ်။ ရိုက်တဲ့အခါ အများစုက ကလေးရဲ့ဇက်ပိုး၊ ကျောကုန်း၊ တင်ပါး၊ လက်တွေကိုရိုက်နှက်တတ်ကြပါတယ်။ ဒီလိုရိုက်နှက်ခြင်းက ကလေးမှာ အရိုးအဆစ်လွဲတာတွေ၊ အရွက်၊ ကြွက်သားဒဏ်ရာရတာတွေဖြစ်စေပါတယ်။ ကလေးငယ်တစ်ယောက်ကို လှုပ်ရမ်းခြင်းကလည်း သူတို့ရဲ့လည်ပင်း၊ ကြွက်သားတွေက ဦးခေါင်းကို အပြည့်အဝ မထောက်ပံ့နိုင်သေးတာကြောင့် အရမ်းအန္တရာယ်ရှိပါတယ်။ ဒါက ဦးနှောက်ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်းတို့ကို ဖြစ်ပေါ်စေတဲ့အပြင် အသက်ဆုံးရှုံးခြင်းကိုတောင် ဖြစ်စေနိုင်ပါတယ်။

ကိုယ်ထိလက်ရောက်အပြစ်ပေးခြင်းက ကလေးတစ်ယောက်ရဲ့အပြုအမှုကို ပြင်ပေးမှာ မဟုတ်ပါဘူး။ အဲ့ဒီအစား ကိုယ်ထိလက်ရောက်အပြစ်ပေးတဲ့သူကို တဲ့သူကို ကြောက်လို့သာ စည်းကမ်းလိုက်နာတာ၊ မိဘကွယ်ရာမှာ လုပ်ချင်တာလုပ်တဲ့ ကလေး ဖြစ်လာစေပါတယ်။

အကျိုးဆက်တွေက ဒီထက်တောင် ပိုကြီးနိုင်ပါတယ်။ ကလေးတစ်ယောက်ရဲ့ အပြုအမှုကို ပြင်ပေးဖို့ အကြမ်းဖက်နည်းကိုသုံးလျှင် ကလေးဟာ အကြမ်းဖက်တာက အကောင်းဆုံးနည်းဗျုဟာလို့ ထင်သွားပါလိမ့်မယ်။ ပြဿနာဖြေရှင်းတဲ့အခါ၊ လိုချင်တာ တစ်ခုခုရှိတဲ့အခါ ကလေးက အကြမ်းဖက်တာက တရားမျှတတယ်လို့ သင်ယူသွားပါလိမ့်မယ်။ သူတို့ဟာ အာဏာရှိတဲ့အနေအထားဆိုရင် အားနည်းတဲ့သူတွေ သို့မဟုတ် အကူအညီမဲ့သူတွေကို နိုင့်ထက်စီးနင်း ပြုလာနိုင်ပါတယ်။ မိသားစုထဲမှာ အကြီးက အငယ်ကို နိုင့်ထက်စီးနင်း ပြုတာမျိုး၊ အကြမ်းဖက်တာမျိုးကို တွေ့မြင်တဲ့အခါ သင့်ကလေးတွေ ဘာလိုချင်တာလဲဆိုတာ သိဖို့မေးသင့်ပါတယ်။ သူတို့ငယ်ရွယ်စဉ်အခါမှာ ကိုယ်ထိလက်ရောက် မကြာခဏအပြစ်ပေးခြင်းက အရွယ်ရောက်လာတဲ့အခါ မလုံခြုံမှု၊ ကြောက်ရွံမှု တွေခံစားရနိုင်ပြီး အညိုးအတေးကြီးသူ၊ အကြမ်းဖက်တတ်သူ ဖြစ်လာနိုင်ပါတယ်။

သူတို့ကို ပျော်ရွင်တဲ့ လူကြီးတွေအဖြစ် ကြီးပြင်းစေချင်လျှင် သင့်ကလေးကို ကျွေးမွေးပြုစုစောင့်ရှောက်တဲ့အခါ၊ သူတို့ရဲ့ပညာရေးမှာ အကြမ်းဖက်မှုမပါဖို့ အရေးကြီးပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-steptohealth

LEAVE A REPLY

Please enter your comment!
Please enter your name here