ကေလးေတြကို ဂီတတူရိယာ ေလ့က်င့္သင္ၾကားေပးျခင္းရဲ႕ အက်ိဳးေက်းဇူးမ်ား

0
37

ဂီတကုထုံးဟာ စိတ္က်ေရာဂါကို သိသိသာသာ က်ဆင္းေစၿပီး စိတ္ဓါတ္ကို ျမႇင့္တင္တဲ့ေနရာမွာ ကူညီေပးတယ္လို႔ သုေတသနစာတမ္းမ်ားက ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ ဂီတသင္ခန္းစာမ်ားက ေလျဖတ္ေဝဒနာရွင္ေတြကို ျပန္လည္က်န္းမာေစပါတယ္။ ငယ္စဥ္ကေလးဘဝထဲက ဂီတေလ့က်င့္ေပးျခင္းက အနာဂတ္မွာ မွတ္ဉာဏ္ခ်ိဳ႕တဲ့မႈ ျဖစ္ျခင္းကေန ကာကြယ္ေပးေၾကာင္း သက္ေသအေထာက္အထားမ်ားလည္း ရွိပါတယ္။

ဒါ့ေၾကာင့္ ယေန႔အခ်ိန္မွာ ေမေမတို႔ရဲ႕ကေလးကို ဘာ့ေၾကာင့္ ဂီတတူရိယာေပးသင့္သလဲဆိုတဲ့ အေၾကာင္းရင္း (၈)ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ညႇိႏႈိင္းေဆာင္႐ြက္မႈ (coordination)ကို ပိုေကာင္းေစပါတယ္

ဂီတတူရိယာတစ္ခု တီးခတ္ေနစဥ္မွာ လက္လႈပ္ရွားမႈေတြကို ျမင္ရတာေၾကာင့္ ဦးေႏွာက္က note ေတြကိုဘာသာျပန္ေပးပါတယ္။ ဒီဖလွယ္မႈကို ေတးသြား tempo ရဲ႕ျမန္ႏႈန္းမွာ ေတြ႕ရွိႏိုင္ပါတယ္။ ဒီညႇိႏႈိင္းေဆာင္႐ြက္မႈက သိျမင္မႈဆိုင္ရာ လုပ္ငန္းေဆာင္တာမ်ားကို ပိုမိုေကာင္းမြန္ေစပါတယ္။

၂။ အၾကားအာ႐ုံကို ပိုမိုေကာင္းမြန္ေစပါတယ္

music ကိုေလ့လာသင္ယူျခင္းက အသံတစ္ခုခ်င္းစီကို သီးျခားခြဲတတ္ေစဖို႔ ကူညီေပးပါတယ္။ သိပၸံပညာရွင္မ်ားက ဂီတသမားေတြဟာ ဆူညံတဲ့ပတ္ဝန္းက်င္တစ္ခုမွာ sounds ႏွင့္ voicesကို တိက်စြာ အလြယ္တကူခြဲျခားသိရွိႏိုင္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

၃။ စိတ္ဖိစီးမႈကို သက္သာေစပါတယ္

ဂီတတီးခတ္ျခင္းက စိတ္ဖိစီးမႈကို အာ႐ုံေျပာင္းသြားေစပါတယ္။ အမွန္က စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ေပးတဲ့ အျပဳသေဘာေဆာင္ေသာ လုပ္ေဆာင္မႈေပၚမွာ အာ႐ုံစိုက္ထားတာေၾကာင့္ ျဖစ္ပါတယ္။ ဒါက ေသြးတိုးကိုလည္း ေလ်ာ့က်ေစၿပီး အိပ္မေပ်ာ္ျခင္းႏွင့္ စိတ္က်ေရာဂါကို သက္သာေစပါတယ္။

၄။ အသက္ရႈစနစ္တစ္ခုလုံးကို အားေကာင္းေစပါတယ္

ေလတူရိယာတီးခတ္ျခင္းႏွင့္ သီခ်င္းဆိုျခင္းမွာ ရင္ဝမ္းျခားႂကြက္သားကေန နက္ရႈိင္းစြာ အသက္ရႈမႈ လိုအပ္ပါတယ္။ ဒါက အဆုတ္ေတြနဲ႔ အသက္ရႈလမ္းေၾကာင္းဆိုင္ရာစနစ္ကို အားေကာင္းလာေစႏိုင္ပါတယ္။ ဥပမာ- ဘာဂ်ာမႈတ္ျခင္းက အဆုတ္ေရာဂါလကၡဏာမ်ားကိုေတာင္ သက္သာေစပါတယ္။

၅။ ကိုယ္ခံစြမ္းအားကို အားေကာင္းေစပါတယ္

ဂီတတူရိယာတစ္ခု တီးခတ္ဖို႔ သင္ယူျခင္းက ကိုယ္ပိုင္ဂီတဖန္တီးဖို႔ မၾကာခဏလႈံ႕ေဆာ္ေပးပါတယ္။ ဒါက ကိုယ္ခံစြမ္းအားတုံ႔ျပန္မႈကို ျမႇင့္တင္ေပးႏိုင္ၿပီး ဗိုင္းရပ္ေတြကို ပိုၿပီးထိေရာက္စြာ တိုက္ဖ်က္ေပးႏိုင္ပါတယ္။ ေနာက္ထပ္အေၾကာင္းရင္းက စိုးရိမ္စရာ စိတ္ဖိစီးမႈေတြကို ကိုယ္ခံစြမ္းအားစနစ္က ထုတ္ပစ္လိုက္တာေၾကာင့္ စိတ္ဖိစီးမႈအဆင့္ကို ေလ်ာ့က်ေစႏိုင္ပါတယ္။

၆။ ဦးေႏွာက္ function ကို ထက္ျမက္ေစပါတယ္

တူရိယာတစ္ခု တီးခတ္ျခင္းက အမွန္တကယ္ ဦးေႏွာက္ေလ့က်င့္ခန္းတစ္ခု ျဖစ္ပါတယ္။ ဂီတသမားေတြဟာ မွတ္ဉာဏ္ျပႆနာရွိခဲလွ ပါတယ္။ အမွန္က ဂီတတီးခတ္ျခင္းက စိတ္ပိုင္းဆိုင္ရာ စြမ္းေဆာင္ရည္ကို တိုးတတ္ဖို႔ ကူညီေပးတာေၾကာင့္ ျဖစ္ပါတယ္။ ဂီတက အယ္ဇိုင္းမာေရာဂါနဲ႔ ဉာဏ္ခ်ိဳ႕တဲ့မႈေရာဂါရဲ႕ တိုးတတ္မႈကို ေႏွးေကြးေစႏိုင္ပါတယ္။

၇။ စာဖတ္ျခင္း skills ကို ျပန္လည္ေကာင္းမြန္ေစပါတယ္

ဂီတႏုတ္ေတြ ဖတ္ျခင္းဟာ ဦးေႏွာက္ထဲမွာ အာ႐ုံေၾကာဆက္သြယ္မႈေတြကို အသစ္ဖန္တီးဖို႔ ကူညီေပးပါတယ္။ ဒါ့ေၾကာင့္ ကေလးတစ္ေယာက္အတြက္ စာဖတ္ဖို႔နဲ႔ တျခားသတင္းအရင္းအျမစ္ေတြကေန information မွတ္သားဖို႔ ပိုလြယ္ကူတာ ျဖစ္ပါလိမ့္မယ္။

၈။ အိုင္က်ဴရမွတ္ကို တိုးပြားေစပါတယ္

ေလ့လာမႈမ်ားက ဦးေႏွာက္ရဲ႕လႈပ္ရွားမႈဟာ ဂီတေလ့က်င့္မႈၿပီးတဲ့ေနာက္မွာ တိုးပြားေၾကာင္း ျပသခဲ့ပါတယ္။ ဂီတသင္ခန္းစာကို ရက္သတၱပတ္အနည္းငယ္မွာ ေလ့လာတာေတာင္ အိုင္က်ဴကို တိုးေစႏိုင္ပါတယ္။ ဒါက ကေလးရဲ႕ ေလ့လာမႈမွာ ကူညီေပးတဲ့ မွတ္ဉာဏ္ တိုးလာတာေၾကာင့္လည္း ျဖစ္ပါတယ္။ ပညာေရးဆိုင္ရာေအာင္ျမင္မႈႏွင့္ ဂီတသင္ခန္းစာမ်ားအၾကား ခ်ိတ္ဆတ္မႈတစ္ခု ရွိပါတယ္။ ဒါ့ေၾကာင့္ ေမေမတို႔ရဲ႕ကေလးကို မွတ္ဥာဏ္ပိုၿပီးေကာင္းေအာင္ ဖုန္းေတြ ေပးသံုးမယ့္္အစား တူရိယာတစ္ခုခု သင္ေပးတာက ပိုေကာင္းပါတယ္ေနာ္။

#Chit_MayMay

#LM_Nandar

Unicode

ကလေးတွေကို ဂီတတူရိယာ လေ့ကျင့်သင်ကြားပေးခြင်းရဲ့ အကျိုးကျေးဇူးများ
ဂီတကုထုံးဟာ စိတ်ကျရောဂါကို သိသိသာသာ ကျဆင်းစေပြီး စိတ်ဓါတ်ကို မြှင့်တင်တဲ့နေရာမှာ ကူညီပေးတယ်လို့ သုတေသနစာတမ်းများက ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဂီတသင်ခန်းစာများက လေဖြတ်ဝေဒနာရှင်တွေကို ပြန်လည်ကျန်းမာစေပါတယ်။ ငယ်စဉ်ကလေးဘဝထဲက ဂီတလေ့ကျင့်ပေးခြင်းက အနာဂတ်မှာ မှတ်ဉာဏ်ချို့တဲ့မှု ဖြစ်ခြင်းကနေ ကာကွယ်ပေးကြောင်း သက်သေအထောက်အထားများလည်း ရှိပါတယ်။
ဒါ့ကြောင့် ယနေ့အချိန်မှာ မေမေတို့ရဲ့ကလေးကို ဘာ့ကြောင့် ဂီတတူရိယာပေးသင့်သလဲဆိုတဲ့ အကြောင်းရင်း (၈)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ညှိနှိုင်းဆောင်ရွက်မှု (coordination)ကို ပိုကောင်းစေပါတယ်
ဂီတတူရိယာတစ်ခု တီးခတ်နေစဉ်မှာ လက်လှုပ်ရှားမှုတွေကို မြင်ရတာကြောင့် ဦးနှောက်က note တွေကိုဘာသာပြန်ပေးပါတယ်။ ဒီဖလှယ်မှုကို တေးသွား tempo ရဲ့မြန်နှုန်းမှာ တွေ့ရှိနိုင်ပါတယ်။ ဒီညှိနှိုင်းဆောင်ရွက်မှုက သိမြင်မှုဆိုင်ရာ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေပါတယ်။

၂။ အကြားအာရုံကို ပိုမိုကောင်းမွန်စေပါတယ်
music ကိုလေ့လာသင်ယူခြင်းက အသံတစ်ခုချင်းစီကို သီးခြားခွဲတတ်စေဖို့ ကူညီပေးပါတယ်။ သိပ္ပံပညာရှင်များက ဂီတသမားတွေဟာ ဆူညံတဲ့ပတ်ဝန်းကျင်တစ်ခုမှာ sounds နှင့် voicesကို တိကျစွာ အလွယ်တကူခွဲခြားသိရှိနိုင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၃။ စိတ်ဖိစီးမှုကို သက်သာစေပါတယ်
ဂီတတီးခတ်ခြင်းက စိတ်ဖိစီးမှုကို အာရုံပြောင်းသွားစေပါတယ်။ အမှန်က စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့ အပြုသဘောဆောင်သော လုပ်ဆောင်မှုပေါ်မှာ အာရုံစိုက်ထားတာကြောင့် ဖြစ်ပါတယ်။ ဒါက သွေးတိုးကိုလည်း လျော့ကျစေပြီး အိပ်မပျော်ခြင်းနှင့် စိတ်ကျရောဂါကို သက်သာစေပါတယ်။

၄။ အသက်ရှုစနစ်တစ်ခုလုံးကို အားကောင်းစေပါတယ်
လေတူရိယာတီးခတ်ခြင်းနှင့် သီချင်းဆိုခြင်းမှာ ရင်ဝမ်းခြားကြွက်သားကနေ နက်ရှိုင်းစွာ အသက်ရှုမှု လိုအပ်ပါတယ်။ ဒါက အဆုတ်တွေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာစနစ်ကို အားကောင်းလာစေနိုင်ပါတယ်။ ဥပမာ- ဘာဂျာမှုတ်ခြင်းက အဆုတ်ရောဂါလက္ခဏာများကိုတောင် သက်သာစေပါတယ်။

၅။ ကိုယ်ခံစွမ်းအားကို အားကောင်းစေပါတယ်
ဂီတတူရိယာတစ်ခု တီးခတ်ဖို့ သင်ယူခြင်းက ကိုယ်ပိုင်ဂီတဖန်တီးဖို့ မကြာခဏလှုံ့ဆော်ပေးပါတယ်။ ဒါက ကိုယ်ခံစွမ်းအားတုံ့ပြန်မှုကို မြှင့်တင်ပေးနိုင်ပြီး ဗိုင်းရပ်တွေကို ပိုပြီးထိရောက်စွာ တိုက်ဖျက်ပေးနိုင်ပါတယ်။ နောက်ထပ်အကြောင်းရင်းက စိုးရိမ်စရာ စိတ်ဖိစီးမှုတွေကို ကိုယ်ခံစွမ်းအားစနစ်က ထုတ်ပစ်လိုက်တာကြောင့် စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေနိုင်ပါတယ်။

၆။ ဦးနှောက် function ကို ထက်မြက်စေပါတယ်
တူရိယာတစ်ခု တီးခတ်ခြင်းက အမှန်တကယ် ဦးနှောက်လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဂီတသမားတွေဟာ မှတ်ဉာဏ်ပြဿနာရှိခဲလှ ပါတယ်။ အမှန်က ဂီတတီးခတ်ခြင်းက စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတတ်ဖို့ ကူညီပေးတာကြောင့် ဖြစ်ပါတယ်။ ဂီတက အယ်ဇိုင်းမာရောဂါနဲ့ ဉာဏ်ချို့တဲ့မှုရောဂါရဲ့ တိုးတတ်မှုကို နှေးကွေးစေနိုင်ပါတယ်။

၇။ စာဖတ်ခြင်း skills ကို ပြန်လည်ကောင်းမွန်စေပါတယ်
ဂီတနုတ်တွေ ဖတ်ခြင်းဟာ ဦးနှောက်ထဲမှာ အာရုံကြောဆက်သွယ်မှုတွေကို အသစ်ဖန်တီးဖို့ ကူညီပေးပါတယ်။ ဒါ့ကြောင့် ကလေးတစ်ယောက်အတွက် စာဖတ်ဖို့နဲ့ တခြားသတင်းအရင်းအမြစ်တွေကနေ information မှတ်သားဖို့ ပိုလွယ်ကူတာ ဖြစ်ပါလိမ့်မယ်။

၈။ အိုင်ကျူရမှတ်ကို တိုးပွားစေပါတယ်
လေ့လာမှုများက ဦးနှောက်ရဲ့လှုပ်ရှားမှုဟာ ဂီတလေ့ကျင့်မှုပြီးတဲ့နောက်မှာ တိုးပွားကြောင်း ပြသခဲ့ပါတယ်။ ဂီတသင်ခန်းစာကို ရက်သတ္တပတ်အနည်းငယ်မှာ လေ့လာတာတောင် အိုင်ကျူကို တိုးစေနိုင်ပါတယ်။ ဒါက ကလေးရဲ့ လေ့လာမှုမှာ ကူညီပေးတဲ့ မှတ်ဉာဏ် တိုးလာတာကြောင့်လည်း ဖြစ်ပါတယ်။ ပညာရေးဆိုင်ရာအောင်မြင်မှုနှင့် ဂီတသင်ခန်းစာများအကြား ချိတ်ဆတ်မှုတစ်ခု ရှိပါတယ်။ ဒါ့ကြောင့် မေမေတို့ရဲ့ကလေးကို မှတ်ဉာဏ်ပိုပြီးကောင်းအောင် ဖုန်းတွေ ပေးသုံးမယ့််အစား တူရိယာတစ်ခုခု သင်ပေးတာက ပိုကောင်းပါတယ်နော်။

Chit_MayMay

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here