ကမာၻေပၚမွာ အေအာင္ျမင္ဆံုး၊ အခ်မ္းသာဆံုးနဲ႔ လူေတြကို အလႊမ္းမိုးႏိုင္ဆံုး ပုဂၢိဳလ္ေတြျဖစ္လာၾကဖို႔အတြက္ ဘယ္အရာေတြက အေရးႀကီးတာလဲ။ ဒီလိုေမးခြန္းကို နည္းပညာလုပ္ငန္းေတြ၊ ဂီတနယ္ပယ္ေတြ၊ စီးပြားေရးေအာင္ျမင္သူေတြျဖစ္ၾကတဲ့ ဘလ္ဂိတ္၊ စတိဗ္ေဂ်ာ့စ္၊ မာ့က္ ဇူကာဘတ္ တို႔ႏွင့္ အျခားေအာင္ျမင္ေက်ာ္ၾကားသူေတြမွာေတာ့ တိက်တဲ့အေျဖကိုယ္စီ ရွိၾကပါတယ္။ ဒါေပမယ့္ ဒီလိုပုဂၢိဳလ္ေတြအေၾကာင္းကို ေလ့လာတဲ့အခါ သူတို႔ရဲ႕မိဘေတြဟာ အရမ္းကိုစည္းကမ္းတင္းက်ပ္ၾကေၾကာင္း အံ့ၾသဖြယ္ေတြ႔ရပါလိမ့္မယ္။
ယေန႔မွာေတာ့ ကမာၻေပၚက အေအာင္ျမင္၊ အေက်ာ္ၾကားဆံုးပုဂၢိဳလ္ေတြက သူတို႔ရဲ႕ကေလးျပဳစုပ်ိဳးေထာင္နည္း ေတြကိုမွ်ေ၀ေပးပါတယ္။ စတိဗ္ေဂ်ာ့စ္ နဲ႕အျခားေအာင္ျမင္တဲ့ပုဂၢိဳလ္ေတြဆီက အၾကံဥာဏ္ကို ရရွိတာ သင္ႏွစ္သက္ပါလိမ့္မယ္။

Bill Gates
ေဘလ္ဂိတ္ဟာ မိုက္ခ႐ိုေဆာ့ဖ္ ေကာ္ပိုေရးရွင္းကို ပူးတြဲတည္ေဆာက္ခဲ့သူျဖစ္ၿပီး ၁၉၉၅ ခုႏွစ္ကေန ၂၀၁၇ အထိ ကမာၻ႔အခ်မ္းသာဆံုးပုဂၢိဳလ္အျဖစ္ Forbes မဂၢဇင္းမွာ သမိုင္းတြင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဘလ္ဂိတ္ဟာ ပရဟိတလုပ္ငန္းေတြမွာ သိသာထင္ရွားတဲ့ ပုဂၢိဳလ္အျဖစ္ ကမာၻေပၚမွာ ၾသဇာလႊမ္းမိုးသူတစ္ေယာက္ျဖစ္ပါတယ္။ သူ႔မွာ ကေလးသံုးေယာက္ရွိၿပီး မိုက္ခ႐ိုေဆာ့ဖ္ရဲ႕ တည္ေထာင္သူအျဖစ္ သူ႕ရဲ႕ဘ၀မွာ မိသားစုဟာ တန္ဖိုးအႀကီးမားဆံုး ျဖစ္ပါတယ္လို႔ သူက၀န္ခံထားပါတယ္။ သူကမိဘအုပ္ထိန္းမႈႏွင့္ပတ္သတ္ၿပီး ” မိသားစုခရီးအတူတူထြက္တာေတြ၊ အတူတူေႏြးေႏြးေထြးေထြး ေျပာဆိုတာေတြကေန မိသားစုအစဥ္အလာ တစ္ခု ျဖစ္လာပါတယ္။ ဒါေၾကာင့္ ညစာစားတဲ့အခါ မိသားစုအတူတူ ၀ိုင္းဖြဲ႕စားသင့္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ အေတြးေတြကို မွ်ေ၀ျခင္းဟာ ႀကီးမားတဲ့အေျပာင္းအလဲေတြကို ျဖစ္ေစပါတယ္” လို႔သူကအၾကံေပးပါတယ္။

Steve Jobs
စတိဗ္ေဂ်ာ့စ္ဟာ Apple ရဲ႕တည္ေထာင္သူျဖစ္ၿပီး သူ႔မွာ သားတစ္ေယာက္နဲ႔ ေခ်ာေမာလွပတဲ့ သမီးသံုးေယာက္ ရွိပါတယ္။ သူဟာသူ႔ရဲ႕မိသားစုကို အခ်စ္ဆံုးအျဖစ္၀န္ခံၿပီး ကေလးေတြကို အုပ္ထိန္းတဲ့ေနရာမွာ စည္းကမ္းတင္းက်ပ္တဲ့ အေဖတစ္ေယာက္လည္း ျဖစ္ပါတယ္။ စတိဗ္ေဂ်ာစ္ဟာ သူ႔ရဲ႕ကေလးေတြကို “No iPad” မူ၀ါဒကိုခ်မွတ္ထားခဲ့ပါေသးတယ္။ ဒါဟာဘာေၾကာင့္လဲဆိုေတာ့ သူဟာဘယ္ေလာက္ပဲ ခ်မ္းသာတဲ့ပုဂၢိဳလ္ျဖစ္ပါေစ ကေလးေတြဟာ ေပ်ာ္ရြင္စရာေကာင္းတဲ့ ကေလးဘ၀နဲ႔သာ ထိုက္တန္ေၾကာင္း၊ iPad နဲ႕ ေခတ္ေပၚအသံုးအေဆာင္ပစၥည္းေတြကို ကေလးေတြကို ေန႔စဥ္ေပ်ာ္ရြင္မႈေတြကေန အာ႐ံုေျပာင္းသြားေစတယ္လို႔ သူကယူဆပါတယ္။
” ကၽြန္ေတာ့္ရဲ႕ ကေလးေတြကို iPad သံုးခြင့္မျပဳခဲ့ဘူး။ ဒီလိုပစၥည္းေတြထက္ တကယ့္ဘ၀ထဲက ေပါင္းသင္းဆက္ဆံေရးေတြကို ပိုၿပီးခ်စ္ဖို႔အတြက္ ကၽြန္ေတာ္ႀကိဳးစားခဲ့ပါတယ္။ ဒါဟာ ဘာေၾကာင့္လဲဆိုေတာ့ မိသားစုေတြဟာ ညေနပိုင္း အတူတူစကားေျပာတဲ့အခ်ိန္ေတြ၊ ညစာစားတဲ့အခ်ိန္ေတြကို တန္ဖိုးထားလို႔ပါပဲ။

Mark Zuckerberg
မာ့က္ ဇူကာဘတ္ဟာ ေဖ့စ္ဘြတ္ကို တည္ေထာင္ခဲ့သူျဖစ္ၿပီး ေအာင္ျမင္တဲ့ကြန္ျပဴတာ ပ႐ိုဂရမ္သမားတစ္ေယာက္ ျဖစ္ပါတယ္။ သူဟာခ်စ္စရာေကာင္းတဲ့ သမီးႏွစ္ေယာက္ရဲ႕ ဖခင္တစ္ေယာက္ျဖစ္ၿပီးတာ့ သူတို႔ေတြႀကီးျပင္းလာတဲ့အခါ သူတို႔ေတြရဲ႕ ေမွ်ာ္မွန္းခ်က္ကို သူတို႔ေတြကိုယ္တိုင္ရွာေဖြဖို႔ ကူညီေပးခ်င္ပါတယ္လို႔ သူကေျပာခဲ့ပါတယ္။ သူကသူ႕ရဲ႕သမီးေတြကို ဘယ္လိုသင္ၾကားလဲဆိုေတာ့
” ေမွ်ာ္မွန္းခ်က္ဆိုတာဟာ စစ္မွန္တဲ့ေပ်ာ္ရြင္မႈေတြကို ဖန္တီးေပးႏိုင္တဲ့ အရာတစ္ခုျဖစ္ပါတယ္။ ေမွ်ာ္မွန္းခ်က္ဟာ သင့္ကိုယ္တိုင္ႀကီးမားတဲ့ အရာေတြကို ပိုင္ဆိုင္ႏိုင္ေစတဲ့ ခံစားခ်က္တစ္ခုၿပီးေတာ့ လိုအပ္ခ်က္တိုင္းအတြက္ ပိုေကာင္းတဲ့ အရာကိုဦးေဆာင္ႏိုင္ေစမယ့္ အရာတစ္ခုျဖစ္ပါတယ္” လို႔သူက အၾကံေပးခဲ့ပါတယ္။

Barack Obama
အေမရိကန္ႏိုင္ငံရဲ႕ သမၼတေဟာင္းတစ္ေယာက္ျဖစ္သူ ဘားရက္အိုဘားမားဟာ ႏိုင္ငံေခါင္းေဆာင္ေကာင္း တစ္ေယာက္ျဖစ္ခဲ့႐ံုသာမက သားသမီးေတြအေပၚ အရမ္းအေလးအနက္ထားတဲ့ ဖခင္ေကာင္းတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူ႕မွာ သမီးႏွစ္ေယာက္ရွိၿပီး ” ကၽြန္ေတာ္တို႔ေတြဟာ နားလည္တဲ့သူေတြ ျဖစ္တဲ့အတြက္ ကေလးေတြကို အိမ္မွာ သူတို႔စိတ္ထဲကအတိုင္း ေျပာဆိုဖို႔ သင္ၾကားထားေပးပါတယ္။ ကေလးေတြကုိ ယခုလိုသင္ၾကားေပးျခင္းဟာ သူတို႔အတြက္ အရမ္းကိုအေရးႀကီးၿပီး ငယ္ရြယ္တဲ့ကေလးေတြရဲ႕ စကားသံဟာ အလြန္အဖိုးတန္ေၾကာင္း” အၾကံေပးခဲ့ပါတယ္။

Richard Branson
Richard Branson ဟာ ေအာင္ျမင္တဲ့စီးပြားေရး လုပ္ငန္းရွင္တစ္ေယာက္ျဖစ္ၿပီး Virgin Group ကိုတည္ေထာင္ကာ ကုမၸဏီေပါင္း ၄၀၀ ေက်ာ္ကိုထိန္းခ်ဳပ္ေနသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ရစ္ခ်က္မွာ သားတစ္ေယာက္၊ သမီးႏွစ္ေယာက္ရွိပါတယ္။ သူ႕ရဲ႕ အလုပ္မ်ားမႈေတြနဲ႔ ပင္ပန္းမႈေတြ ကိုေျဖေဖ်ာက္ဖို႔ အတြက္ မိသားစုကို အခ်ိန္ေပးတတ္သူလည္း ျဖစ္ပါတယ္။ သူ႕ရဲ႕ ကေလးေတြကိုု ျပဳစုပ်ိဳးေထာင္ဖို႔အတြက္ အၾကံေပးခ်က္က ” ဆုတ္ယုတ္မႈဟာ မေကာင္းတဲ့အေတြ႕အၾကံဳသက္သက္ေတာ့ မဟုတ္ပါဘူး၊ အမွားေတြကေနတဆင့္ သင္ယူရပါမယ္။ လူေတြဟာ က်႐ႈံးတဲ့အရာေတြမွာပဲ ေနထိုင္တတ္ၿပီး အျခားအရးႀကီးတဲ့ အရာေတြအေပၚ စြမ္းအင္ေတြ မသံုးစြဲတာဟာ ဘ၀အတြက္ အႀကီးဆံုးအမွားတစ္ခုျဖစ္ပါတယ္။ ကၽြန္ေတာ့္ရဲ႕ကေလးေတြကို အဲလိုလူေတြရဲ႕ အမွားေတြကေနတဆင့္ သင္ယူေစခ်င္ပါတယ္လို႔” အၾကံေပးခဲ့ပါတယ္။

LM_Naung_Naung
Lifestyle_Myanmar
Ref-Fabiosa
Unicode
ကလေးတွေကို ပြုစုပျိုးထောင်ခြင်းနှင့် ပတ်သတ်၍ ကမ္ဘာပေါ်က အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တချို့ရဲ့ အကြံပေးစကားများ
ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး၊ အချမ်းသာဆုံးနဲ့ လူတွေကို အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်တွေဖြစ်လာကြဖို့အတွက် ဘယ်အရာတွေက အရေးကြီးတာလဲ။ ဒီလိုမေးခွန်းကို နည်းပညာလုပ်ငန်းတွေ၊ ဂီတနယ်ပယ်တွေ၊ စီးပွားရေးအောင်မြင်သူတွေဖြစ်ကြတဲ့ ဘလ်ဂိတ်၊ စတိဗ်ဂျော့စ်၊ မာ့က် ဇူကာဘတ် တို့နှင့် အခြားအောင်မြင်ကျော်ကြားသူတွေမှာတော့ တိကျတဲ့အဖြေကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် ဒီလိုပုဂ္ဂိုလ်တွေအကြောင်းကို လေ့လာတဲ့အခါ သူတို့ရဲ့မိဘတွေဟာ အရမ်းကိုစည်းကမ်းတင်းကျပ်ကြကြောင်း အံ့သြဖွယ်တွေ့ရပါလိမ့်မယ်။
ယနေ့မှာတော့ ကမ္ဘာပေါ်က အအောင်မြင်၊ အကျော်ကြားဆုံးပုဂ္ဂိုလ်တွေက သူတို့ရဲ့ကလေးပြုစုပျိုးထောင်နည်း တွေကိုမျှဝေပေးပါတယ်။ စတိဗ်ဂျော့စ် နဲ့အခြားအောင်မြင်တဲ့ပုဂ္ဂိုလ်တွေဆီက အကြံဉာဏ်ကို ရရှိတာ သင်နှစ်သက်ပါလိမ့်မယ်။
Bill Gates
ဘေလ်ဂိတ်ဟာ မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းကို ပူးတွဲတည်ဆောက်ခဲ့သူဖြစ်ပြီး ၁၉၉၅ ခုနှစ်ကနေ ၂၀၁၇ အထိ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် Forbes မဂ္ဂဇင်းမှာ သမိုင်းတွင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဘလ်ဂိတ်ဟာ ပရဟိတလုပ်ငန်းတွေမှာ သိသာထင်ရှားတဲ့ ပုဂ္ဂိုလ်အဖြစ် ကမ္ဘာပေါ်မှာ သြဇာလွှမ်းမိုးသူတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ကလေးသုံးယောက်ရှိပြီး မိုက်ခရိုဆော့ဖ်ရဲ့ တည်ထောင်သူအဖြစ် သူ့ရဲ့ဘဝမှာ မိသားစုဟာ တန်ဖိုးအကြီးမားဆုံး ဖြစ်ပါတယ်လို့ သူကဝန်ခံထားပါတယ်။ သူကမိဘအုပ်ထိန်းမှုနှင့်ပတ်သတ်ပြီး ” မိသားစုခရီးအတူတူထွက်တာတွေ၊ အတူတူနွေးနွေးထွေးထွေး ပြောဆိုတာတွေကနေ မိသားစုအစဉ်အလာ တစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် ညစာစားတဲ့အခါ မိသားစုအတူတူ ၀ိုင်းဖွဲ့စားသင့်ပြီး တစ်ယောက်နဲ့တစ်ယောက် အတွေးတွေကို မျှဝေခြင်းဟာ ကြီးမားတဲ့အပြောင်းအလဲတွေကို ဖြစ်စေပါတယ်” လို့သူကအကြံပေးပါတယ်။
Steve Jobs
စတိဗ်ဂျော့စ်ဟာ Apple ရဲ့တည်ထောင်သူဖြစ်ပြီး သူ့မှာ သားတစ်ယောက်နဲ့ ချောမောလှပတဲ့ သမီးသုံးယောက် ရှိပါတယ်။ သူဟာသူ့ရဲ့မိသားစုကို အချစ်ဆုံးအဖြစ်ဝန်ခံပြီး ကလေးတွေကို အုပ်ထိန်းတဲ့နေရာမှာ စည်းကမ်းတင်းကျပ်တဲ့ အဖေတစ်ယောက်လည်း ဖြစ်ပါတယ်။ စတိဗ်ဂျောစ်ဟာ သူ့ရဲ့ကလေးတွေကို “No iPad” မူဝါဒကိုချမှတ်ထားခဲ့ပါသေးတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ သူဟာဘယ်လောက်ပဲ ချမ်းသာတဲ့ပုဂ္ဂိုလ်ဖြစ်ပါစေ ကလေးတွေဟာ ပျော်ရွင်စရာကောင်းတဲ့ ကလေးဘဝနဲ့သာ ထိုက်တန်ကြောင်း၊ iPad နဲ့ ခေတ်ပေါ်အသုံးအဆောင်ပစ္စည်းတွေကို ကလေးတွေကို နေ့စဉ်ပျော်ရွင်မှုတွေကနေ အာရုံပြောင်းသွားစေတယ်လို့ သူကယူဆပါတယ်။
” ကျွန်တော့်ရဲ့ ကလေးတွေကို iPad သုံးခွင့်မပြုခဲ့ဘူး။ ဒီလိုပစ္စည်းတွေထက် တကယ့်ဘဝထဲက ပေါင်းသင်းဆက်ဆံရေးတွေကို ပိုပြီးချစ်ဖို့အတွက် ကျွန်တော်ကြိုးစားခဲ့ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ မိသားစုတွေဟာ ညနေပိုင်း အတူတူစကားပြောတဲ့အချိန်တွေ၊ ညစာစားတဲ့အချိန်တွေကို တန်ဖိုးထားလို့ပါပဲ။
Mark Zuckerberg
မာ့က် ဇူကာဘတ်ဟာ ဖေ့စ်ဘွတ်ကို တည်ထောင်ခဲ့သူဖြစ်ပြီး အောင်မြင်တဲ့ကွန်ပြူတာ ပရိုဂရမ်သမားတစ်ယောက် ဖြစ်ပါတယ်။ သူဟာချစ်စရာကောင်းတဲ့ သမီးနှစ်ယောက်ရဲ့ ဖခင်တစ်ယောက်ဖြစ်ပြီးတာ့ သူတို့တွေကြီးပြင်းလာတဲ့အခါ သူတို့တွေရဲ့ မျှော်မှန်းချက်ကို သူတို့တွေကိုယ်တိုင်ရှာဖွေဖို့ ကူညီပေးချင်ပါတယ်လို့ သူကပြောခဲ့ပါတယ်။ သူကသူ့ရဲ့သမီးတွေကို ဘယ်လိုသင်ကြားလဲဆိုတော့
” မျှော်မှန်းချက်ဆိုတာဟာ စစ်မှန်တဲ့ပျော်ရွင်မှုတွေကို ဖန်တီးပေးနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ မျှော်မှန်းချက်ဟာ သင့်ကိုယ်တိုင်ကြီးမားတဲ့ အရာတွေကို ပိုင်ဆိုင်နိုင်စေတဲ့ ခံစားချက်တစ်ခုပြီးတော့ လိုအပ်ချက်တိုင်းအတွက် ပိုကောင်းတဲ့ အရာကိုဦးဆောင်နိုင်စေမယ့် အရာတစ်ခုဖြစ်ပါတယ်” လို့သူက အကြံပေးခဲ့ပါတယ်။
Barack Obama
အမေရိကန်နိုင်ငံရဲ့ သမ္မတဟောင်းတစ်ယောက်ဖြစ်သူ ဘားရက်အိုဘားမားဟာ နိုင်ငံခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ခဲ့ရုံသာမက သားသမီးတွေအပေါ် အရမ်းအလေးအနက်ထားတဲ့ ဖခင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့မှာ သမီးနှစ်ယောက်ရှိပြီး ” ကျွန်တော်တို့တွေဟာ နားလည်တဲ့သူတွေ ဖြစ်တဲ့အတွက် ကလေးတွေကို အိမ်မှာ သူတို့စိတ်ထဲကအတိုင်း ပြောဆိုဖို့ သင်ကြားထားပေးပါတယ်။ ကလေးတွေကို ယခုလိုသင်ကြားပေးခြင်းဟာ သူတို့အတွက် အရမ်းကိုအရေးကြီးပြီး ငယ်ရွယ်တဲ့ကလေးတွေရဲ့ စကားသံဟာ အလွန်အဖိုးတန်ကြောင်း” အကြံပေးခဲ့ပါတယ်။
Richard Branson
Richard Branson ဟာ အောင်မြင်တဲ့စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး Virgin Group ကိုတည်ထောင်ကာ ကုမ္ပဏီပေါင်း ၄၀၀ ကျော်ကိုထိန်းချုပ်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ရစ်ချက်မှာ သားတစ်ယောက်၊ သမီးနှစ်ယောက်ရှိပါတယ်။ သူ့ရဲ့ အလုပ်များမှုတွေနဲ့ ပင်ပန်းမှုတွေ ကိုဖြေဖျောက်ဖို့ အတွက် မိသားစုကို အချိန်ပေးတတ်သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ကလေးတွေကိုု ပြုစုပျိုးထောင်ဖို့အတွက် အကြံပေးချက်က ” ဆုတ်ယုတ်မှုဟာ မကောင်းတဲ့အတွေ့အကြုံသက်သက်တော့ မဟုတ်ပါဘူး၊ အမှားတွေကနေတဆင့် သင်ယူရပါမယ်။ လူတွေဟာ ကျရှုံးတဲ့အရာတွေမှာပဲ နေထိုင်တတ်ပြီး အခြားအရးကြီးတဲ့ အရာတွေအပေါ် စွမ်းအင်တွေ မသုံးစွဲတာဟာ ဘဝအတွက် အကြီးဆုံးအမှားတစ်ခုဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ကလေးတွေကို အဲလိုလူတွေရဲ့ အမှားတွေကနေတဆင့် သင်ယူစေချင်ပါတယ်လို့” အကြံပေးခဲ့ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
Ref-Fabiosa