မိဘေတြအေနနဲ႔ ကိုယ့္ရဲ႕သားသားမီးမီးေတြကို အေစာပိုင္းအသက္အရြယ္မွာ ေဘးကင္းလံုၿခံဳမႈဆိုင္ရာ စည္းကမ္းတစ္ခ်ိဳ႕ သင္ေပးထားဖို႔ အေရးႀကီးပါတယ္။ ကိုယ့္သားသမီးရဲ႕ ေကာင္းက်ိဳးခ်မ္းသာနဲ႔ ပတ္သတ္ၿပီး အလိုလို စိုးရိမ္ပူပန္တတ္ၾကတာက မိဘေတြရဲ႕ ထံုးစံပါပဲ။ အထူးသျဖင့္ ကေလးေတြရဲ႕ ရုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆုိင္ရာ လံုၿခံဳစိတ္ခ်မႈႏွင့္ ပတ္သတ္လာတဲ့အခါ စိုးရိမ္ပူပန္မႈ အဓိကျဖစ္ရပါတယ္။
မိဘေတြဆိုတာ သူတို႔ကေလးေတြကို တတ္ႏိုင္သေလာက္ ရင္အုပ္မကြာ ေထာက္ပံ့ကူညီခ်င္ၾကသူခ်ည္းပါပဲ။ ဒါေပမယ့္ ဒီကူညီမႈဟာ အရမ္းကာကြယ္လြန္းတာ မျဖစ္ဖို႔ အေရးႀကီးပါတယ္။ ကေလးဟာ သူတို႔ကိုယ္တိုင္ အေျခအေနတစ္ခ်ိဳ႕နဲ႔ ရင္ဆိုင္ၿပီး ႀကီးျပင္းရပါလိမ့္မယ္။ ဒါ့ေၾကာင့္ ဒီလံုၿခံဳမႈဆိုင္ရာစည္းမ်ဥ္းေတြက ကေလးေတြအတြက္ အခက္အခဲနဲ႔ ႀကံဳလာတဲ့အခါ အသံုးဝင္တဲ့ tools ေတြျဖစ္လာမွာပါ။
သင့္ကေလးရဲ႕ အေစာပိုင္းအသက္အရြယ္မွာ သင္ေပးရမယ့္ ေဘးကင္းလံုၿခံဳမႈဆိုင္ရာ စည္းကမ္းမ်ား
၁။ သင့္ကေလးဟာ အထူးသျဖင့္ အိမ္မွာ တစ္ေယာက္တည္းက်န္ခဲ့တဲ့အခ်ိန္ တစ္ေယာက္ေယာက္က တံခါးလာေခါက္တဲ့အခါ တံခါးဖြင့္မေပးရဘူးဆိုတာ သိထားဖို႔ အေရးႀကီးပါတယ္။ ဖုန္းလည္း ဒီအတိုင္းပါပဲ။ caller ID ရွိတာမဟုတ္ရင္ မေျဖတာ အေကာင္းဆံုးပါပဲ။
၂။ သင့္ကေလးကို အထူးသျဖင့္ အႏိုင္က်င့္ခံရမႈရဲ႕ပစ္မွတ္ျဖစ္လွ်င္ သူတို႔လိုအပ္တဲ့အခ်ိန္မွာ အကူအညီေတာင္းတတ္ဖို႔ သင္ေပးပါ။ ဒီျပႆနာက တခ်ိဳ႕ေၾကာက္တတ္တဲ့ ကေလးေတြအတြက္ ငယ္ရြယ္တဲ့အခ်ိန္မွာ ႀကံဳရႏိုင္ပါတယ္။ တသီးတသန္႔ေနတတ္တဲ့ကေလးေတြဟာ ကေလးအခ်င္းခ်င္း အႏိုင္က်င့္ခံရသူ ျဖစ္လာႏိုင္ပါတယ္။ အကူအညီေတာင္းျခင္းဟာ ေပ်ာ့ညံ့ျခင္းရဲ႕ လကၡဏာတစ္ခုမဟုတ္ေၾကာင္း သင့္ကေလးသိဖို႔ အေရးႀကီးပါတယ္။
၃။ သူတို႔ရဲ႕ခႏၶာကိုယ္ကို သူတို႔ကိုယ္တိုင္ကလြဲၿပီး ဘယ္တစိမ္းကိုမွ ထိေတြ႕ခြင့္ မေပးသင့္ဘူးဆိုတာ ကေလးကို သင္ေပးပါ။ ေပြ႕ဖက္ျခင္း၊ နမ္းျခင္းႏွင့္ ၾကင္နာစြာေထြးေပြ႕ျခင္းက သူတို႔သိထားၿပီးသားသူေတြသာ ျဖစ္သင့္ပါတယ္။
အလားတူပဲ သူတို႔ခႏၶာကိုယ္ရဲ႕အစိတ္အပိုင္းတခ်ိဳ႕ကို သူတို႔ယံုၾကည္ရတဲ့သူ၊ သိတဲ့သူေတြေတာင္ မထိေတြ႕သင့္ဘူးဆိုတာ သိထားဖို႔နဲ႔ ျဖစ္လာခဲ့ရင္ မိဘေတြကို ခ်က္ခ်င္းေျပာျပသင့္တယ္ဆိုတာ သိထားရပါမယ္။
၄။ ေနာက္ထပ္ ေဘးကင္းလံုၿခံဳမႈနဲ႔ပတ္သတ္တဲ့ စည္းမ်ဥ္းတစ္ခုက သူတို႔အိမ္လိပ္စာနဲ႔ မိဘေတြရဲ႕ဖုန္းနံပါတ္ကို ကေလးေတြအေသအခ်ာသိထားဖို႔ပါပဲ။ ကိုယ္ေနထိုင္တဲ့ ႏိုင္ငံရဲ႕အေရးေပၚဖုန္းနံပါတ္ကိုလည္း သူတို႔ကို သင္္ေပးထားသင့္ပါတယ္။
သင့္ကေလးဟာ အၿမဲတမ္းေလွ်ာက္သြားတတ္တဲ့သူဆိုရင္ သူတို႔အိမ္မျပန္တတ္တဲ့အခါ လူႀကီးေတြကို အကူအညီေတာင္းဖို႔နဲ႔ သူတို႔ရွိေနတဲ့ေနရာမွာသာ ေနသင့္တယ္ဆိိုတဲ့အေၾကာင္း သင္ပးတာက အိုင္ဒီယာေကာင္းတစ္ခုပါ။
၅။ သင့္ကေလးကို မီးပ်ိဳင့္ႏွင့္ လူကူးမ်ဥ္းၾကား အသံုးျပဳၿပီး လံုၿခံဳစိတ္ခ်စြာ လမ္းျဖတ္ကူးတတ္ေစဖို႔ သင္ေပးပါ။ လမ္းမျဖတ္ကူးခင္ ေဘးဘီႏွစ္ဖက္စလံုး ၾကည့္တတ္ဖို႔လည္း အေရးႀကီးပါတယ္။
၆။ သင့္ကေလးကို အမွန္နဲ႔ အမွားၾကားက ျခားနားခ်က္ကို သင္ေပးဖို႔ အေရးႀကီးပါတယ္။ လိႈ႕ဝွက္ခ်က္ဆိုတာ စိုးရိမ္စိတ္၊ ေၾကာက္စိတ္နဲ႔ စိတ္အေႏွာက္အယွက္ျဖစ္မႈကို ခံစားရေစတာေၾကာင့္ ဘယ္ေတာ့မွ လိ်ဳ႕ဝွက္ခ်က္မထားဖို႔ သူတို႔ကိုသင္ေပးပါ။ သားသမီးနဲ႔ မိဘၾကားက ဆက္ဆံေရးဟာ ပြင့္ပြင့္လင္းလင္းျဖစ္ရပါမယ္။
၇။ သင့္ကေလးဟာ အင္တာနက္ စတင္သံုးစြဲတဲ့အခါ သူစိမ္းေတြကို ဘယ္ေတာ့မွ စကားမေျပာဖို႔နဲ႔ အိမ္လိပ္စာကဲ့သို႔ ပုဂိၢဳလ္ေရးဆိုင္ရာ သတင္းအခ်က္အလက္ေတြကို အြန္လိုင္းမွာ မေဝမွ်သင့္ဘူးဆိုတာ သင္ေပးဖို႔ အရမ္းအေရးႀကီးပါတယ္။
၈။ သင့္ကေလးကို မိဘေတြရဲ႕ မိတ္ေဆြျဖစ္တယ္ဆိုရင္ေတာင္ သူစိမ္းေတြေနာက္ကို မလိုက္ဖို႔ သင္ေပးပါ။ အထူးသျဖင့္ မူႀကိဳအရြယ္ကေလးေတြကို အိမ္နီးနားခ်င္းနဲ႔ ႀကိဳခိုင္းတာမ်ိဳး မလုပ္မိေစဖို႔လည္းအေရးႀကီးပါတယ္။ ကိုယ္က နည္းနညး္ေနာက္က်မယ္ဆိုရင္ ဆရာမကိုဖုန္းဆက္ၿပီး ကေလးကိုမူႀကိဳမွာ ေစာင့္ခိုင္းတာ ျဖစ္သင့္ပါတယ္။
၉။ ကေလးကို ေဘးကင္းစြာ ကစားဖို႔ သင္ေပးသင့္ပါတယ္။ ခၽြန္ထက္တဲ့ အရာေတြနဲ႔ မစားဖို႔နဲ႔ ပါးစပ္ထဲကို ေသးငယ္တဲ့အရာေတြ မထည့္ဖို႔ သင္ေပးပါ။
ေဘးကင္းလံုၿခံဳေရး စည္းမ်ဥ္းေတြအျပင္ ကေလးေတြကို သူတို႔စတင္ခဲ့တဲ့အရာေတြကို အၿပီးသတ္ဖို႔ သင္ေပးသင့္ပါတယ္။
ဒီနည္းလမ္းေတြက သင့္ကေလးကို အျခားသူေတြ လႊမ္းမိုးခံရျခင္းမရွိဘဲ ၊ သူတို႔နဲ႔ပတ္သတ္ၿပီး တျခားသူေတြ ဘာေျပာလဲ? ဘာေတြးမလဲဆိုတဲ့ စိုးရိမ္မႈေတြ မရွိဘဲ သူတို႔ကိုယ္သူတို႔ လုပ္ေဆာင္တတ္ဖို႔ သင္ယူပါလိမ့္မယ္။
သင့္ကေလးေတြကို သင္ေပးမယ့္ safety rules ေတြက ရွင္းရွင္းလင္းလင္းနဲ႔ က်ိဳးေၾကာင္းဆီေလ်ာ္မႈ ရွိရပါမယ္။ သင္ေပးတဲ့အႀကံျပဳခ်က္ေတြက သင္ကိုယ္တုိင္လိုက္နာရမွာျဖစ္သလို သင္ေျပာတဲ့အရာေတြကလည္း တသမတ္တည္း ျဖစ္သင့္ပါတယ္။
#Lifestyle_Myanmar
#LM_Nandar
Unicode
ကလေးတွေ သိထားသင့်တဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းကမ်းများ
မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသားမီးမီးတွေကို အစောပိုင်းအသက်အရွယ်မှာ ဘေးကင်းလုံခြံုမှုဆိုင်ရာ စည်းကမ်းတစ်ချို့ သင်ပေးထားဖို့ အရေးကြီးပါတယ်။ ကိုယ့်သားသမီးရဲ့ ကောင်းကျိုးချမ်းသာနဲ့ ပတ်သတ်ပြီး အလိုလို စိုးရိမ်ပူပန်တတ်ကြတာက မိဘတွေရဲ့ ထုံးစံပါပဲ။ အထူးသဖြင့် ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြံုစိတ်ချမှုနှင့် ပတ်သတ်လာတဲ့အခါ စိုးရိမ်ပူပန်မှု အဓိကဖြစ်ရပါတယ်။
မိဘတွေဆိုတာ သူတို့ကလေးတွေကို တတ်နိုင်သလောက် ရင်အုပ်မကွာ ထောက်ပံ့ကူညီချင်ကြသူချည်းပါပဲ။ ဒါပေမယ့် ဒီကူညီမှုဟာ အရမ်းကာကွယ်လွန်းတာ မဖြစ်ဖို့ အရေးကြီးပါတယ်။ ကလေးဟာ သူတို့ကိုယ်တိုင် အခြေအနေတစ်ချို့နဲ့ ရင်ဆိုင်ပြီး ကြီးပြင်းရပါလိမ့်မယ်။ ဒါ့ကြောင့် ဒီလုံခြံုမှုဆိုင်ရာစည်းမျဉ်းတွေက ကလေးတွေအတွက် အခက်အခဲနဲ့ ကြံုလာတဲ့အခါ အသုံးဝင်တဲ့ tools တွေဖြစ်လာမှာပါ။
သင့်ကလေးရဲ့ အစောပိုင်းအသက်အရွယ်မှာ သင်ပေးရမယ့် ဘေးကင်းလုံခြံုမှုဆိုင်ရာ စည်းကမ်းများ
၁။ သင့်ကလေးဟာ အထူးသဖြင့် အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့အချိန် တစ်ယောက်ယောက်က တံခါးလာခေါက်တဲ့အခါ တံခါးဖွင့်မပေးရဘူးဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ ဖုန်းလည်း ဒီအတိုင်းပါပဲ။ caller ID ရှိတာမဟုတ်ရင် မဖြေတာ အကောင်းဆုံးပါပဲ။
၂။ သင့်ကလေးကို အထူးသဖြင့် အနိုင်ကျင့်ခံရမှုရဲ့ပစ်မှတ်ဖြစ်လျှင် သူတို့လိုအပ်တဲ့အချိန်မှာ အကူအညီတောင်းတတ်ဖို့ သင်ပေးပါ။ ဒီပြဿနာက တချို့ကြောက်တတ်တဲ့ ကလေးတွေအတွက် ငယ်ရွယ်တဲ့အချိန်မှာ ကြံုရနိုင်ပါတယ်။ တသီးတသန့်နေတတ်တဲ့ကလေးတွေဟာ ကလေးအချင်းချင်း အနိုင်ကျင့်ခံရသူ ဖြစ်လာနိုင်ပါတယ်။ အကူအညီတောင်းခြင်းဟာ ပျော့ညံ့ခြင်းရဲ့ လက္ခဏာတစ်ခုမဟုတ်ကြောင်း သင့်ကလေးသိဖို့ အရေးကြီးပါတယ်။
၃။ သူတို့ရဲ့ခန္ဓာကိုယ်ကို သူတို့ကိုယ်တိုင်ကလွဲပြီး ဘယ်တစိမ်းကိုမှ ထိတွေ့ခွင့် မပေးသင့်ဘူးဆိုတာ ကလေးကို သင်ပေးပါ။ ပွေ့ဖက်ခြင်း၊ နမ်းခြင်းနှင့် ကြင်နာစွာထွေးပွေ့ခြင်းက သူတို့သိထားပြီးသားသူတွေသာ ဖြစ်သင့်ပါတယ်။
အလားတူပဲ သူတို့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတချို့ကို သူတို့ယုံကြည်ရတဲ့သူ၊ သိတဲ့သူတွေတောင် မထိတွေ့သင့်ဘူးဆိုတာ သိထားဖို့နဲ့ ဖြစ်လာခဲ့ရင် မိဘတွေကို ချက်ချင်းပြောပြသင့်တယ်ဆိုတာ သိထားရပါမယ်။
၄။ နောက်ထပ် ဘေးကင်းလုံခြံုမှုနဲ့ပတ်သတ်တဲ့ စည်းမျဉ်းတစ်ခုက သူတို့အိမ်လိပ်စာနဲ့ မိဘတွေရဲ့ဖုန်းနံပါတ်ကို ကလေးတွေအသေအချာသိထားဖို့ပါပဲ။ ကိုယ်နေထိုင်တဲ့ နိုင်ငံရဲ့အရေးပေါ်ဖုန်းနံပါတ်ကိုလည်း သူတို့ကို သင််ပေးထားသင့်ပါတယ်။
သင့်ကလေးဟာ အမြဲတမ်းလျှောက်သွားတတ်တဲ့သူဆိုရင် သူတို့အိမ်မပြန်တတ်တဲ့အခါ လူကြီးတွေကို အကူအညီတောင်းဖို့နဲ့ သူတို့ရှိနေတဲ့နေရာမှာသာ နေသင့်တယ်ဆိိုတဲ့အကြောင်း သင်ပးတာက အိုင်ဒီယာကောင်းတစ်ခုပါ။
၅။ သင့်ကလေးကို မီးပျိုင့်နှင့် လူကူးမျဉ်းကြား အသုံးပြုပြီး လုံခြံုစိတ်ချစွာ လမ်းဖြတ်ကူးတတ်စေဖို့ သင်ပေးပါ။ လမ်းမဖြတ်ကူးခင် ဘေးဘီနှစ်ဖက်စလုံး ကြည့်တတ်ဖို့လည်း အရေးကြီးပါတယ်။
၆။ သင့်ကလေးကို အမှန်နဲ့ အမှားကြားက ခြားနားချက်ကို သင်ပေးဖို့ အရေးကြီးပါတယ်။ လှို့ဝှက်ချက်ဆိုတာ စိုးရိမ်စိတ်၊ ကြောက်စိတ်နဲ့ စိတ်အနှောက်အယှက်ဖြစ်မှုကို ခံစားရစေတာကြောင့် ဘယ်တော့မှ လျို့ဝှက်ချက်မထားဖို့ သူတို့ကိုသင်ပေးပါ။ သားသမီးနဲ့ မိဘကြားက ဆက်ဆံရေးဟာ ပွင့်ပွင့်လင်းလင်းဖြစ်ရပါမယ်။
၇။ သင့်ကလေးဟာ အင်တာနက် စတင်သုံးစွဲတဲ့အခါ သူစိမ်းတွေကို ဘယ်တော့မှ စကားမပြောဖို့နဲ့ အိမ်လိပ်စာကဲ့သို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို အွန်လိုင်းမှာ မဝေမျှသင့်ဘူးဆိုတာ သင်ပေးဖို့ အရမ်းအရေးကြီးပါတယ်။
၈။ သင့်ကလေးကို မိဘတွေရဲ့ မိတ်ဆွေဖြစ်တယ်ဆိုရင်တောင် သူစိမ်းတွေနောက်ကို မလိုက်ဖို့ သင်ပေးပါ။ အထူးသဖြင့် မူကြိုအရွယ်ကလေးတွေကို အိမ်နီးနားချင်းနဲ့ ကြိုခိုင်းတာမျိုး မလုပ်မိစေဖို့လည်းအရေးကြီးပါတယ်။ ကိုယ်က နည်းနညး်နောက်ကျမယ်ဆိုရင် ဆရာမကိုဖုန်းဆက်ပြီး ကလေးကိုမူကြိုမှာ စောင့်ခိုင်းတာ ဖြစ်သင့်ပါတယ်။
၉။ ကလေးကို ဘေးကင်းစွာ ကစားဖို့ သင်ပေးသင့်ပါတယ်။ ချွန်ထက်တဲ့ အရာတွေနဲ့ မစားဖို့နဲ့ ပါးစပ်ထဲကို သေးငယ်တဲ့အရာတွေ မထည့်ဖို့ သင်ပေးပါ။
ဘေးကင်းလုံခြံုရေး စည်းမျဉ်းတွေအပြင် ကလေးတွေကို သူတို့စတင်ခဲ့တဲ့အရာတွေကို အပြီးသတ်ဖို့ သင်ပေးသင့်ပါတယ်။
ဒီနည်းလမ်းတွေက သင့်ကလေးကို အခြားသူတွေ လွှမ်းမိုးခံရခြင်းမရှိဘဲ ၊ သူတို့နဲ့ပတ်သတ်ပြီး တခြားသူတွေ ဘာပြောလဲ? ဘာတွေးမလဲဆိုတဲ့ စိုးရိမ်မှုတွေ မရှိဘဲ သူတို့ကိုယ်သူတို့ လုပ်ဆောင်တတ်ဖို့ သင်ယူပါလိမ့်မယ်။
သင့်ကလေးတွေကို သင်ပေးမယ့် safety rules တွေက ရှင်းရှင်းလင်းလင်းနဲ့ ကျိုးကြောင်းဆီလျော်မှု ရှိရပါမယ်။ သင်ပေးတဲ့အကြံပြုချက်တွေက သင်ကိုယ်တိုင်လိုက်နာရမှာဖြစ်သလို သင်ပြောတဲ့အရာတွေကလည်း တသမတ်တည်း ဖြစ်သင့်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar