0
350
ကလေးမွေး
- Advertisement -
၁။ အသံအပြောင်းအလဲများ
- Advertisement -
ကလေးတစ်ယောက်ကို မွေးဖွားပေးခြင်းက အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ ကြီးမားတဲ့ ဖြစ်ရပ်တစ်ခုသာမဟုတ်ဘဲ ဆယ်ကျော်သက်ဘဝအဆင့်ကဲ့သို့ အရေးပါတဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမှာ ကြီးမားတဲ့ အဆင့်လည်းဖြစ်တယ်လို့ ဦးနှောက်နဲ့အာရုံကြောဇီဝပညာရှင် Craig Kinsley ကမှတ်ချက်ချခဲ့ပါတယ်။
Chit_MayMay
Unicode
ကလေးမွေးဖွားပြီးနောက် အမျိုးသမီးတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ ဖြစ်ပျက်တဲ့ မထင်မှတ်ထားသော အပြောင်းအလဲ (၇)ခု
အမျိုးသမီးတစ်ယောက်ရဲ့ဘဝဟာ ကလေးမွေးဖွားပြီးနောက်မှာ အကြီးအကျယ် ပြောင်းလဲပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကလေးမွေးပြီးရင် ကိုယ့်ကိုကိုယ်နဲ့ ကလေးအတွက်ပါ တာဝန်ယူရတာကြောင့် ဖြစ်ပါတယ်။ ဒီလို ကြီးမားတဲ့ အပြောင်းအလဲတွေက ငယ်ရွယ်တဲ့မိခင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်ပါတယ်။ မေမေတို့ရေ…ဒီကမ္ဘာကြီးကို လူသားအသစ်တစ်ယောက် မွေးဖွားပေးခဲ့ပြီးနောက်မှာ အမျိုးသမီးတစ််ယောက်ရဲ့ခန္ဓာကိုယ်က ဘယ်လိုအပြောင်းအလဲတွေဖြစ်လာလဲဆိုတာကို လေ့လာကြည့်ရအောင်နော်။
၁။ အသံအပြောင်းအလဲများ
ကလေးတစ်ယောက်ကို မွေးဖွားခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့အသံဟာ အပြောင်းအလဲတွေ ရှိလာပါတယ်။ အသံက နိမ့်ကျလာတယ်၊ ပိုငြီးငွေ့ဖွယ်ကောင်းလာပါတယ်။ ဒါကတော့ Sussex တက္ကသိုလ်မှ သိပ္ပံပညာရှင်များရဲ့ ကောက်နုတ်ချက်ဖြစ်ပါတယ်။ ကလေးမွေးပြီး နောက်တစ်နှစ်မှာ အမျိုးသမီးသမီးတစ်ယောက်ရဲ့အသံဟာ ၎င်းရဲ့ကနဦးကြိမ်နှုန်းကို ပြန်ရပါတယ်။
သုတေသီများက ဒီပြောင်းလဲမှုတွေဟာ ဟော်မုန်းအပြောင်းအလဲများကြောင့် ဖြစ်ပွားတယ်လို့ အတည်ပြုထားပါတယ်။ လိင်ဟော်မုန်းတွေရဲ့ အဆင့်က ကလေးမွေးဖွားပြီးနောက် အကြီးကျယ်လျော့နည်းတာကြောင့် ဖြစ်ပါတယ်။ ဒါက အသံကြိုးများကို သက်ရောက်မှုရှိနိုင်ပါတယ်။ သိပ္ပံပညာရှင်များရဲ့အဆိုအရ ကလေးမွေးဖွားထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အမြင့်ဆုံးအသံ အမြင့့်က 44HZ သို့မဟုတ် 2.2 semitones သို့ ကျဆင်းပါတယ်။ ဒါက ခန့်မှန်းခြေအားဖြင့် 2 piano notes နှင့် ညီမျှပါတယ်။
သို့သော် ဒီပြောင်းလဲမှုမှာ တခြားရှင်းလင်းချက်ကောင်းကောင်း ရှိပါသေးတယ်။ ကျွမ်းကျင်သူများက အသံနိမ့်တဲ့သူတွေဟာ ရင့်ကျက်ပြီး ပိုပြီးအရည်အခင်းရှိတယ်လို့ ယုံကြည်ကြပါတယ်။ အမျိုးသမီးတွေဟာ မိခင်တစ်ယောက်ရဲ့ အခန်းကဏ္ဍသစ်ကို ကျင့်သားရဖို့အတွက် သူတို့ရဲ့ အသံသြဇာကို ပြောင်းလဲနိုင်တာ ဒါ့ကြောင့်ပါပဲ။
၂။ စိုးရိမ်စိတ်တွေ တိုးပွားလာပါတယ်
အများစုက ငယ်ရွယ်တဲ့မိခင်တွေကို စိတ်အေးအေးထားပြီး နေထိုင်သင့်တယ်လို့ ပြောကြပေမယ့် လက်တွေ့မှာတော့ မဖြစ်နိုင်ပါဘူး။ အများအားဖြင့် ကလေးတစ်ယောက်မွေးပြီးတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကလေးငိုနေရင် (or) ကလေးမငိုရင်၊ ကလေးအရမ်းအိပ်လျှင်(or) ကလေးအလုံအလောက် မအိပ်ရင် စသဖြင့်အရာရာတိုင်းကို စိုးရိမ်စိတ် ၊ ကြောက်စိတ်တွေ ဖြစ်လာပါတယ်။ သို့သော် ဒါတွေက ပုံမှန်ပါပဲ။ ကလေးမွေးပြီးနောက်မှာ မိခင်ရဲ့စိုးရိမ်စိတ်အဆင့် တိုးခြင်းကို ထိန်းသိမ်းပေးတဲ့ အောက်ဆီတိုဆင် ဟော်မုန်း ထွက်ရှိပါတယ်။
အောက်ဆီတိုဆင် ဟော်မုန်းက ကလေးမွေးပြီးနောက်မှာ စတင်ထုတ်ပေးပါတယ်။ ဒါက ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆန့်ခဲ့တဲ့သားအိမ်ကို ကျုံ့သွားစေဖို့ ကူညီပေးပါတယ်။ progesterone လို့ခေါ်တဲ့ တခြားဟော်မုန်းက အာရုံကြောစနစ်ရဲ့ အနားယူမှုအတွက် တာဝန်ယူပေးပါတယ် ။ ဒီအခြေအနေကို ကူညီပေးနိုင်ပေမယ့် ၎င်းက ကလေးမွေးပြီးနောက်မှာ အနိမ့်ဆုံးအဆင့်ကို ရောက်သွားပါတယ်။
အားသာချက်တစ်ခုရှိပါတယ်။ oxytocin ကို အချစ်ဟော်မုန်းလို့လည်းခေါ်ပြီး ၎င်းက သူတို့ရဲ့မွေးကင်းစကလေးဆီသို့ ဦးတည်ပြီး မယုံကြည်နိုင်လောက်သော နူးညံ့ကြင်နာမှုတွေ ခံစားရစေနိုင်ပါတယ်။ ဒီဟော်မုန်းဟာ မိခင်တွေရဲ့ စိတ်ပူပန်လွန်ခြင်းကို လျှော့ချပေးပြီး ရင်းနီးမှုကို တိုးတက်စေတာမို့ ကလေးမွေးပြီး စိုးရိမ်ပူပန်မှုတွေက အရမ်းကြီးမခံစားရပါဘူးနော်။ ဒီခံစားချက်က စိုးရိမ်ပူပန်ရကျိုးနပ်ပါတယ်။
၃။ ဦးနှောက်က ပိုမိုကောင်းမွန်စွာ အလုပ်လုပ်ပါတယ်
သိပ္ပံပညာရှင်များက အမျိုးသမီးတွေဟာ ကလေးမွေးပြီးနောက်မှာ ပိုပြီးစမတ်ကျလာကြောင်း တွေရှိခဲ့ပါတယ်။ ဦးနှောက်က ကလေးရဲ့လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့အတွက် ပိုကြီးလာပါတယ်။ ဒါက ငယ်ရွယ်တဲ့မိခင်တွေဟာ ကလေးမရှိတဲ့ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်များထက် ဘာ့ကြောင့် အလုပ်ကောင်းကောင်းပိုလုပ်နိုင်တယ်ဆိုတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ စိတ်ခံစားမှုတွေကို ခံနိုင်ရည်ရှိိခြင်းက ဆုံးဖြတ်ချက်တွေကို ချမှတ်ခြင်းမှာ ပိုပြီးထိရောက်နိုင်ပြီး ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါ မတူညီတဲ့ မဟာဗျူဟာတွေကို engage လုပ်နိုင်စွမ်းရှိတယ်လို့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းနဲ့ ကိုယ်ဝန်ဆောင်ပြီးနောက် အမျိုးသမီးတစ်ယောက်ရဲ့ ဦးနှောက်ကို လေ့လာနေသူ ကယ်လီလမ်းဘတ် ကပြောပါတယ်။
ကလေးတစ်ယောက်ကို မွေးဖွားပေးခြင်းက အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ ကြီးမားတဲ့ ဖြစ်ရပ်တစ်ခုသာမဟုတ်ဘဲ ဆယ်ကျော်သက်ဘဝအဆင့်ကဲ့သို့ အရေးပါတဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့့ဖြိုးမှုမှာ ကြီးမားတဲ့ အဆင့်လည်းဖြစ်တယ်လို့ ဦးနှောက်နဲ့အာရုံကြောဇီဝပညာရှင် Craig Kinsley ကမှတ်ချက်ချခဲ့ပါတယ်။
၄။ ခန္ဓာကိုယ်ဟာ နောက်ကိုယ်ဝန်အတွက် အဆင်သင့်ဖြစ်လာပါတယ်
အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ်က ကိုယ်ဝန်ဆောင်စဉ်အတွင်း အကြီးအကျယ်လျော့ကျလာပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ဟာ ကိုယ်ဝန်ပျက်ကျခြင်းနှင့်မျိုးခြား သန္ဓေသားဆဲလ်တွေကို ပယ်ချခြင်းကနေ ခန္ဓာကိုယ်ကို တားဆီးနိုင်ဖို့အတွက် လိုုအပ်ပါတယ်။ မိခင်ရဲ့ ကိုယ်ခံစွမ်းအားစနစ်က မလျော့ကျစေဘဲ သားအိမ်အတွင်းရှိ သန္ဓေသားရဲ့အသက်ကို တာဝန်ယူပေးရတာတော့ Tဆဲလ်တွေပဲဖြစ်ပါတယ်။ ဒီဆဲလ်တွေက ကလေးမွေးဖွားပြီးနောက် ၄နှစ်ကနေ ၅နှစ်ကြာ မိခင်ရဲ့ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေပီး သူတို့ဟာ နောက်ကိုယ်ဝန်ဆောင်တဲ့ ကိစ္စမှာ တတ်နိုင်သမျှ ခန္ဓာကိုယ်ကို မြန်မြန် စည်းရုံးလှုံှုဆော်ဖို့ အဆင်သင့်ဖြစ်နေကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပါတယ်။
အမျိုးသမီးတစ်ယောက်ဟာ သားဦးကိုယ်ဝန်ဆောင်စဉ်အတွင်း ကြီးမားတဲ့ အားထုတ်မှုနှင့် ခက်ခဲစွာ အလုပ်လုပ်ရချိန်မှာ သူတို့ရဲ့ ကိုယ်ခံစွမ်းအားစနစ်က အပြည့်အဝအဆင်သင့်ဖြစ်ခဲ့တာကြောင့်ပဲ ဒုတိယကလေးကို မွေးဖို့ ဘာကြောင့် အများကြီးပိုလွယ်ခဲ့တယ်ဆိုတဲ့ အကြောင်းရင်းပါပဲ။
၅။ ကလေးနှင့်အတူ ဆက်သွယ်မှုက physical level တစ်ခုပေါ်မှာ ဖွဲ့စည်းပါတယ်
၎င်းရဲ့မိခင်နှင့်အတူ physical ဆက်သွယ်မှုရှိတဲ့ ကလေးတစ်ယောက်ဟာ မွေးပြီးနောက်မှာ မရပ်တန့်သွားပါဘူး။ ကနေဒါအယ်လ်ဘာတာတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ကလေးတွေရဲ့ဆဲလ်များဟာ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ အလုပ်လုပ်နိုင်၊ ကျန်ရှိနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ သူတို့က သားယောကျ်ားလေးမွေးဖွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဦးနှောက်တွေကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ဒီကိစ္စများရဲ့ 63%မှာ အထီးဆဲလ်များကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဆိုပါသုတေသီများက ကလေးရဲ့ဆဲလ်တွေဟာ မိခင်ရဲ့ခန္ဓာကိုယ်ထဲသို့ placental အတားအဆီးမှတဆင့် ထိုးဖောက်င်ရောက်နိုင်ပြီး အဲ့ဒီမှာ အလုပ်ဆက်လုပ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ဦးနှောက်ထဲမှ အထီးဆဲလ်များဟာ အယ်လ်ဇိုင်းမားရောဂါအန္တရာယ်ကို လျော့နည်းကျဆင်းစေနိုင်ပါတယ်။
၆။ ခန္ဓာကိုယ်ကို အသစ်တဖန် ရရှိစေပါတယ်
သန္ဓေသားရဲ့သွေးကြောင့် မိခင်ရဲ့ခန္ဓာကိုယ်ထဲမှာ regeneration ဖြစ်စဉ်ကို စတင်ပါတယ်။ တစ်ချို့က တစ်သားမွေး တစ်သွေးလှလို့ ဆိုကြတာဖြစ်ပါတယ်။ သန္ဓေတည်ဆဲလ်များက ကိုယ်ဝန်ဆောင်မိခင်ကို အနာသက်သာစေသလို ဆိုးရွားတဲ့ အနာရောဂါတွေကိုတောင် တားဆီးပေးနိုင်ပါတယ်။ ဥပမာအားဖြင့် ကုသမှုရပ်တန့်ထားတဲ့ အသည်းရောင်စီပိုးရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ရဲ့အသည်းအသားစ စစ်ဆေးမှုမှာ တိုးတတ်မှုကို ပြသခဲ့ပါတယ်။ သိပ္ပံပညာရှင်များက သူမအသည်းဆဲလ်များရဲ့ အရင်းအမြစ်ဟာ သန္ဓေသားရဲ့ဆဲလ်တွေဖြစ်ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် သိပ္ပံပညာရှင်များက အသက်ကြီးမှ ကလးတွေမွေးတဲ့ အမျိုးသမီးဟာ တခြားသူတွေထက် ပိုကြာကြာနေထိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။တစ်ချိန်တည်းမှာပင် သားဦးကိုယ်ဝန်အသက်အရွယ်နဲ့ ကလေးမွေးဖွားမှုက အမျိုးသမီးတွေမှာ ဘဝသက်တမ်း ကိုဆက်နွယ်မှုမရှိဘူးလို့ ဆိုပါတယ်။
၇။ ကင်ဆာရဲ့အန္တရာယ်ကို လျော့နည်းစေပါတယ်
အချို့သောကင်ဆာအမျိုးအစားတွေကနေ အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ ယန္တရားက အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ကလေးမွေးဖွားပြီးနောက် ခလုတ်ပွင့်ပါတယ်။ ဥပမာ- အသက်ငယ်ငယ်မှာ ကလေးမွေးဖွားပေးတဲ့ အမျိုးသမီးတစ်ယောက်မှာ သားအိမ်ကင်ဆာနဲ့ သားဥအိမ်ကင်ဆာရရှိခြင်းရဲ့အန္တရာယ်ကို လျော့ကျစေပါတယ်။ အန္တရာယ်က လစေ့ကိုယ်ဝန်ဆောင်တိုင်းနှင့်အတူ လျော့နည်းစေပါတယ်။ အသက် ၂၅နှစ်မတိုင်ခင် မိခင်ဖြစ်လာပြီး ကလေးကို မိခင်နို့တိုက်တဲ့မိန်းကလေးတွေ ဟာ ရင်သားကင်ဆာဖြစ်နိုင်ချေ လျော့နည်းပါတယ်။
Chit_MayMay
LEAVE A REPLY
Please enter your comment!
Please enter your name here